လစဉ်လခယူ၍သင်ကြားနေကြသော ကျောင်းကျူရှင်များ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့ နယ်ရှိ အစိုးရအခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ်(၂၈)တွင် နေ့စဉ်ကျောင်းတွင်း စာသင်ချိန်၊ နံနက် (၉း၃၀)မှ ညနေကျောင်း ဆင်းချိန် (၃း၀၀)ပြီး နောက်တွင် ကျောင်းတွင်းတွင်၊ ကျောင်းအချိန်ပို သင်ကြားခြင်းဟု့ သတ်မှတ်၍ မူလတန်းအဆင့်မှ အလယ်တန်းအဆင့်အထိ မည်သည့် ကျောင်းသားကိုမဆို ကျောင်းသား တစ်ဦးလျှင် တစ်လလျှင် (၅၀၀၀) ကျပ်ဖြင့် တစ်နာရီခန့်မျှ၊နေ့စဉ် သင်ကြားလျှက်ရှိ ကြောင်း ကျောင်းသားမိဘ တဦးက Myanmar News Now ကို ပြောပါသည်။

အခြေခံပညာရေး ၀န်ကြီးဌာနမှ သတ်မှတ်ထားသည်မှာ၊ မူလတန်းအဆင့်အား အခမဲ့ပညာရေးစနစ် ဖြစ်သည်ဟု့ဆိုသော်လည်း  ရွှေပြည်သာမြို့နယ်ရှိ ထို အမှတ်(၂၈) မူလတန်းကျောင်းနှင့်၊ အခြားသော
မူလတန်းကျောင်းများ၊ အထက်တန်းကျောင်းများဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁)နှင့် အခြေခံပညာ မူလတန်းကျောင်း အမှတ်(၁၆)တို့တွင်လည်း  ပုံမှန်ကျောင်းဆင်းချိန် အပြီး နောက်တွင်ကျောင်းတွင်းတွင် ဆက်လက်၍ လစဉ်လခများဖြင့် ကျောင်းကျူရှင်ဟု သတ်မှတ်၍ သင်ကြားလျှက်ရှိ ကြပါသည်။

ထိုကျောင်းကျူရှင်များတွင် တက်ရောက်သော ကျောင်းသားများကိုသာ လစဉ်စစ်ဆေးသော လပတ် စာမေးပွဲများနှင့် နှစ်ဝက်စာမေးပွဲများ၏ မေးခွန်းများကို အတိအကျ ထုတ်ပေးပြီး ၊တစ်လလျှင် ငါးထောင် ဖြင့် လခပေး၇သော ထိုကျောင်းကျူရှင်သို့ မတက်ရောက်နိင်ကြသော၊ ချို့တဲ့နွမ်းပါးကြသည့် ကျောင်းသား များမှာမူ၊ မည်သည့်စာမေးပွဲ မေးခွန်းမျှမရရှာပဲ၊ စာမေးပွဲဖြေဆိုရာတွင်၊ ကျောင်း ကျူရှင် တက်ရောက်ကြသော၊ ကျောင်းသားများနှင့် အလွန်ပင်ကွာခြားနစ်နာကြရပါသည်ဟု ကျောင်းသားမိဘ တဦးက ပြောပြပါသည်။

သို့ပါ၍ အခြေခံပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း၊ စာသင်ကျောင်း အတွင်းတွင်၊ ကျောင်းသားများထံမှ့ လခယူ၍ သင်ကြားနေကြခြင်းကို ထိရောက်စွာ တားမြစ်အရေးယူသင့်ပါကြောင်း ကျောင်းသားမိဘများကို Myanmar News Now ကို ပြောဆိုပါသည်။


လစဉ်လခယူ၍သင်ကြားနေကြသော ကျောင်းကျူရှင်များ လစဉ်လခယူ၍သင်ကြားနေကြသော ကျောင်းကျူရှင်များ Reviewed by သစ်ထူးလွင် on 21:21 Rating: 5

16 comments:

Unknown said...

ဒါမိုးတွေကနေရာတိုင်းမှာကျောင်းတိုင်းမှာ

တော်တော်များနေပြီ

ကျောင်းမှာမသင် အိမ်ရောက်မှသင်

ဒါတွေပဲကြည့် အကုန်ကွက်တိ

ဘာသာစုံအမှတ်တစ်ရာရတဲ့ကျောင်းသားတွေ

အများကြီး အတန်းထဲမှာ အဆင့်(1)ရတဲ့ကျောင်းသား

အယောက်(40)တဲ့ တော်လိုက်ကြတာ

ဘွဲ့ရပညာမတတ်များမွေးထုတ်ပေးနေသော

ပညာရေးဝန်ကြီးဌာနကြောင့်

သားသမီးတွေမတတ်မှာ တွေးပူပြီး

အပြင်မှာလက်ကြိတ်ထိုးခိုးသင်ရသေးတယ်

လပတ်စာမေးပွဲမေးခွန်းတွေအပြင်ရောက်

မေးခွန်းတွေချသင် thinking သင်ကြားရေးကို

နားမလည်တဲ့ပညာရေးဝန်ထမ်းတွေ လစာတောင်

တိုးလိုက်သေးတယ်

Khant Zaw Hein said...

ကျေင်းအုပ်ကြီးနဲ့ဆရာ၊ဆရာမများကစိတ်ဓာတ်ကပျက်ပြားနေတော့အတုမြင်အတတ်သင်သကဲ့သို့တပည့်များ၏စိတ်ဓာတ် များပျက်ပြားမှာကိုစိုးရိမ်ရတယ်။အခုခေတ်ကဆရာမများကအမြီး ကျက်အမြီးစားခေါင်းကျက်ခေါင်းစားခေတ် မဟုတ်ဘဲဂျပန်ဆူရှိလိုအစိမ်းလိုက်စားတဲ့ခေတ်ရောက်နေပြီ
ဆရာ၊ဆရာမတွေလောဘတွေသတ်လိုက်ပါဦး မရှိဆင်းရဲသားတွေရဲ့ဘဝကိုငှဲ့ကြည့်ပါဦးအရိုးကိုစွပ်ပြုတ်လး တော့
သောက်ခွင့်ပေးလိုက်ပါဉီးဗျာ

MgNyiChit said...

ဒီလို သတင်းမျိုးတွေကို သတင်းအဖြစ် ဖော်ပြအသိပေးနေတာ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုကျောင်းကလေးတွေက သေးသေးကလေးတွေပါ။ တစ်နည်း ပြောရရင် ၅၀၀၀ ဆိုတာ ဒီနေ့ဒီအချိန်မှာ တော်တော် သက်သာတဲ့ ကျူရှင်လခပါ။ ဒါပေမဲ့ မတတ်နိုင်တဲ့ မိဘတွေ များတဲ့ ပတ်ဝန်းကျင် ဆိုတော့လည်း ဒီလို အသိပေးတဲ့ သတင်းမျိုး ထွက်လာတာ ထွက်သင့်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံးတက္ကသိုလ် အတော်ဆုံး ကျောင်းသူကျောင်းသားတွေ ပညာသင်ယူနေပါတယ်ဆိုတဲ့ ရန်ကုန်ဆေးတက္ကသိုလ် ၁ လို နေရာမျိုးမှာတောင် ပါမောက္ခတွေ ကိုယ်တိုင် ကိုယ်သင်တဲ့စာကို ခုနက ကျူရှင်လခရဲ့ အဆ ၂၀ ကနေ အဆ ၁၀၀ လောက် ယူပြီး သင်နေကြတာပါ။ အဝေးသင်ဌာနဖွင့်ထားတဲ့ တက္ကသိုလ်တွေ၊ ပိုက်ဆံရှိ လူတန်းစားတွေ အထားများတဲ့ နိုင်ငံအ၀ှမ်းက ကျောင်းတွေမှာလည်း ဒီထက်မကတဲ့ တရားမ၀င် ပညာသင်ကြားမှုတွေ ဥပဒေကို ပြုစုသူတွေ၊ ဥပဒေကို ကိုင်တွယ်ပြီး ဖြေရှင်းပေးနေသူတွေ ပြစ်မှုအဖြစ်သတ်မှတ်ပြီး စီရင်ချက် ချနေသူတွေ အချို့ ကိုယ်တိုင်သော်လည်းကောင်း (တက္ကသိုလ်တွေမှာ ဖွင့်တဲ့ ဒီပလိုမာလို သင်တန်းမျိုး စတာတွေ တက်ရောက် သင်ယူနေသူတွေ)၊ သူတို့ ကိုယ်တိုင် မဟုတ်တောင်မှ သူတို့ရဲ့ သားသမီး မြေးမြစ်တွေဟာ အဲဒီလို တရားမ၀င်တဲ့ သင်ကြားမှု သင်ယူမှုမျိုးတွေ၊ အတန်းအောင်ရေး အဆင့်ကောင်းရေး၊ ထူးချွန်မှုဆိုင်ရာ အရွေးချယ်ခံရရေးတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာတွေဟာ ဆယ်စုနှစ်နဲ့ ချီပြီး အမြစ်တွယ်နေတာပါ။ ဒါကို ဒီလို သတင်းမျိုးလေးကြောင့် သတင်းမီဒီယာတွေရဲ့ လှုံ့ဆော်မှုကို တုန့်ပြန်တဲ့အနေနဲ့ အရေးယူပေးတာမျိုး လုပ်လိုက်ရင် နောက်ဖေး လမ်းကြားထဲက ထဘီ ခိုးတဲ့ သူခိုးပဲ ငတ်တစ်လှည့် ပြတ်တစ်လှည့် ဖြစ်မှာပါပဲ။ ပညာပေးတဲ့ အစီအစဉ်မျိုးလည်း ဖြစ်လာမှာ မဟုတ်ဘဲ လူ့ပတ်ဝန်းကျင်မှာ လူအများနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ အားငယ်နေရတဲ့ မိသားစု တစ်စု တိုးလာတာပဲ အဖတ်တင်မှာပါ။ ဒါပေမဲ့ ပန်ကာအောက်မှာ ထိုင်ပြီး နှပ်နေတဲ့ သူခိုးကတော့ ယပ်ခတ်ပြီး ထမင်းစားနေနိုင်မှာပါ။ (မောင်သာရရဲ့ ကဗျာကို ကိုးကားပါသည်။) ခုနက ပြောခဲ့တဲ့ အကြီးစား ကျူရှင်ပြနေသူတွေ ပညာရေးအတွက် လာဘ်ပေး လာဘ်ယူ လုပ်နေသူတွေကတော့ အခု ကျနေတဲ့ ကားဈေးနဲ့အတူ ကားသစ်ကလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင် ၀ယ်စီးပြီး လေချွန်နေကြမှာပါ။ ဒါကြောင့် သက်ဆိုင်ရာလို့တစ်မျိုး အထက်က လို့တစ်မျိုး ကျီး ဘုတ်မြှောက် ဘုတ် ကျီးမြှောက် လုပ်နေတဲ့ အစိုးရမင်းများက အစိုးရတစ်ဖွဲ့လုံး ၀န်ထမ်းအဖွဲ့အစည်းအားလုံး လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး လုပ်ဆောင်တဲ့ ကဏ္ဍနဲ့အတူ ပညာရေးဌာနကြီး တစ်ခုလုံး (အလွတ်သင် ကျောင်းတွေပါမကျန် တရားဝင် ဖွင့်လှစ်ထားတဲ့ ကျူရှင်တွေအားလုံး) စစ်ဆေးပြုပြင်မှုတွေ လုပ်သင့်တယ်လို့ အတိအကျ ပြောလိုက်ပါတယ်။ ပြီးတော့မှု အားနည်းချက် အနည်းအများအလိုက် ပညာပေးတာတွေ ကန့်သတ်တာတွေ အပြစ်ပေးတာတွေကို ရန် ငါ သူ မခွဲခြားဘဲ၊ အဂတိလေးပါး မလိုက်ဘဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

သန့်နေဝင်း said...

သိပ်ကောင်းတဲ့ comment ပါဘဲ။ နောင်လည်း ဒါမျိုးလေးတွေ ရေးပေးပါဦး။

truth said...

ဆရာ/မတွေဆိုတာ အနန္တောအနန္တ ၅ ပါးထဲမှာပါတယ်

လစာနဲ့မလုံလောက်လို့ စားဝတ်နေရေးအတွက် ကျူရှင်

ပြကောင်းပြလိမ့်မယ်။ ကလေးတွေအပေါ်မှာထားတဲ့

စေတနာကတော့ ယခုကော့မက်ရေးနေသူအားလုံး

ထက်တော့ ပိုမှာပါ။ ကိုယ့်ကလေးရဲ့ ဥာဏ်အရည်သွေး

ကိုပြန်ဆန်းစစ်ပြီးမှ အပြစ်တင်သင့်/မသင့်ဆုံးဖြတ်

ရင်ပိုကောင်းမှာပါ။ ဒီမိုကရေစီဆိုပေ့မယ့် အနန္တော

အနန္တ ၅ ပါးတို့ကို တော့အလေးထားရိုသေရမှာပါ။

Unknown said...

အလက(၄)ရွှေပြည်သာ လည်းပါတယ်ဗျို့
မုန့်ဈေးတန်းမှာတောင် အပြင်ဈေးသည်မထားပဲ ဆရာမတွေ ကိုယ်တိုင်ဈေးရောင်းနေကြတယ်ဗျာ
ပြီးတော့ ကျောင်းမတက်ခင် ကျောင်းရှေ့လမ်းမပေါ်ကဈေးသည်တွေဆီက
ဈေးကောက်ကောက်တာလည်း ဆရာမတွေပါပဲ
အဲဒီလို ဆရာမတွေကို အရေးယူပေးစေချင်ပါတယ်

Unknown said...

ကောင်းတယ်

ဒီလိုသတင်းရေးတင်တော့ ဒီလို comment တွေနဲ့

ပိုပြည့်စုံသွားတယ်

ကျောင်းတော်တော်များတယ် ဒီလိုဆရာမျိုးတွေနဲ့သင်နေရတာ

ကူညီပါအုံး ၀န်ကြီး ရယ်

ဒေါ်စုပြောသလိုလုပ်ကြည့်ပါလား

ပညာရှင်တွေခေါ်ပြီးတိုင်ပင်ဆွေးနွေး

အဖြေထွက်တဲ့အထိပေါ့

စနှစ်တွေခဏခဏပြောင်းတာ ပညာရေးကိုထိခိုက်တယ်

ဒါ့ကြောင့်မမှားအောင်သေသေချာချာလုပ်မှရတော့မယ်

kyi Lay Nge said...

ရွှေပြည်သာက ကျောင်းအကြာင်းဖတ်လိုက်ရလို့ မြောက်ဒဂုံကျောင်းတော်တော်များများမှာလည်း ဆရာ/ဆရာမတွေက နှစ်စကတည်းက ကလေးတွေကို ကျူရှင်တက်ဖို့ပြောပြီး၊ ကျူရှင်တက်တဲ့ကျောင်းသားနဲ့ မတက်တဲ့ကျောင်းသား အရမ်းခွဲခြားပါတယ်။ ကျူရှင်မတက်တဲ့ ကျောင်းသားဆို စာမေးပွဲအတွက် လေ့ကျင့်ခန်းပေးရင်တောင် အပြည့်အ၀မဟုတ်ဘဲ သဘောလောက်သာပေးပြီး၊ ကျူရှင်တက်တဲ့ ကျောင်းသားထဲမှာတောင် ရိုးရိုးဆိုရင် ကျပ် ၃၀၀၀၊ ရှယ်ဆိုရင် ကျပ် ၁၀၀၀၀ ပါ။ တစ်သောင်းကိုတော့ အမှတ် ၁၀၀ ဖိုးအပြည့်သင်ပေးပါတယ်။ စာရွက်တွေကို မိတ္တူဆွဲပြီး ထပ်တလဲလဲသင်ပေးပါတယ်။ ကျောင်းမှာဆိုရင် တစ်ချို့ဆရာမတွေက သင်္ချာကို အခန်း ၃ ခန်းလောက်ကျော်သင်ထားပါတယ်။ ကျက်စာတွေကိုလည်း မှန်မှန်မသင်ဘဲ သင်တဲ့နေ့မှ အများကြီးပေးလိုက်တာမျိုး၊ စာမချပေးဘဲ ဒီတိုင်းကူးခိုင်း လိုက်တာမျိုးတွေအမြဲလုပ်ပါတယ်။ သင်္ချာဆိုရင်လည်း သေသေချာချာရှင်းမပြဘဲ ကူးခိုင်းတာကပဲ များနေပါတယ်။ ကလေးတွေဘာနားလည်ခဲ့လဲမေးရင် ဘာမှနားမလည်ခဲ့ပါဘူး။ ကျူရှင်မနေတဲ့ကလေးတွေကို ကိုယ့်အိမ်က သင်ပေးရပါတယ်။ ဒါကြောင့်ဆရာမတွေ ဘယ်ဘာသာကိုဘယ်လိုသင်တယ်၊ ဘယ်ဘာသာကိုကျော်သင်တယ်။ ဘယ်ဘာသာကို ပြီးစလွယ်ဘဲ ကူးခိုင်းလိုက်တယ်ဆိုတာကို အမြဲသိနေတာပါ။ ဘယ်လိုဘဲ အိမ်ကလေ့ကျင့်ပေးပေး၊ ကျူရှင်က ကလေးတွေကို ကွက်တိပေးထားတာကြောင့် အမှတ်တွေ ၊ အဆင့်တွေကိုတော့ မမီနိုင်ပါဘူး။ ဒါပေမဲ့ ကျူရှင်တက်တဲ့ကလေးတွေလည်း တကယ်မတတ်ပါဘူး။ စာမေးပွဲအောင်တာ၊ အဆင့်ရတာဘဲရှိပါတယ်။ တစ်ပွဲထိုးပညာရေးစနစ်ဖြစ်နေပါတယ်။ ဆရာ/ဆရာမတွေက ကျူရှင်တစ်ခုတည်းကိုဘဲစိတ်ဝင်စားရာက ကျောင်းကကျောင်းသားတွေဆိုစေတနာလုံးဝမရှိတဲ့ပုံဖြစ်နေပါတယ်။
ဒါဟာ အခုပြောတဲ့ရွှေပြည်သာကျောင်းမှ၊ မြောက်ဒဂုံကျောင်းမှမဟုတ်ဘဲ ပညာရေးစနစ်ချို့ယွင်းနေတဲ့ ရန်ကုန်မြို့ရဲ့ ကျောင်းတော်တော်များများမှာဖြစ်နေတာပါ။ ယခုအခါ ဆရာ/ဆရာမများကိုလည်း နိုင်ငံတော်မှ ရာထူးများလည်းတိုးမြှင့် ပေးထားပါတယ်။ လစာနည်းလို့ဆိုရင်လည်း အခြားဝန်ကြီးဌာနများစွာမှာ လစာအပြင် အခြားအောက်ဆိုဒ်လုံးဝမရှိဘဲ မိမိဝင်ငွေဖြင့်သာ ဖြစ်အောင် ရပ်တည်နေကြရတဲ့ ၀န်ထမ်းတွေလည်း အများကြီးပါ။ ယခုအခါ စနစ်ပြောင်းကာလလည်းဖြစ်နေတဲ့အတွက့် ဌာနဆိုင်ရာတာဝန်ရှိသူများးမှ ကျောင်းတိုင်းကိုစိစစ်ပြီး ဆိုးဝါးစွာပျက်ယွင်းနေတဲ့ ကျောင်းပညာရေးစနစ်ကို အမြန်ဆုံးပြုပြင်သင့် ပါကြောင်းနှင့် ကျောင်းသူကျောင်းသားတိုင်း အမှန်တစ်ကယ်စာတတ်မြောက်စေလိုကြောင်း ဆန္ဓပြုလိုက်ပါတယ်။

Anonymous said...

ကောင်းပါတယ် ယူပါစေ

ipman said...

မစားလောက်လို့လုပ်နေကြသူတွေရှိသလို၊ခောတ်ရေစီးကြောင်းလိုက်ပြီးစားပေါက်
ထွင်လုပ်စားသူတွေလဲရှိနေပါတယ်။ဒါကကြီးကြပ်သူအရာထမ်းတွေအပေါ်မှုတည်
ပါတယ်။ခုသမ္မတကြီးကညွှန်ချုပ်တွေပြောင်းပြီးထိန်းဘို့ကြိုစားတယ်လို့ထင်ပါတယ်။စောင့်ကြည့်ရမှာပေါ့သူ့ညွှန်ချုပ်တွေကသူမှာသလိုတိတိကျကျလုပ်မလား။အ
ရင်လုတွေလိုအပြောင်းအရွေ့တွေမှာမတန်တဆတောင်းပြီးကိုယ်ကျိုးရှာမလား။
စောင့်ကြည့်နေပါ့မယ်။အရင်စားတဲ့သူတွေတော့နယ်ကိုပြောင်းပြီးလွှင့်လိုက်ပါပြီ။

Unknown said...

ဆရာဆရာမတစ်ရောက်ရဲ့လစာအမျာစုံးရှစ်သောင်းကိုးသောင်းကျူရှင်ပြရင်
ကျောင်သား၂၀အတွက်၁၀၀၀၀၀စုစုပေါင်းတစ်ရှစ်သောင်းကိုးသောင်းလောက်
ဆရာဆရာမတွေမိသားစုဒီငွေလောက်နဲ့ထိန်းနိုင်သလားကျွ
န်တော်တို့ဘဝရုန်းကန်နေရတာကလေးတွေကိုစာကောင်းကောင်းမသင်နိုင်ဘူး

ငွေ၅၀၀၀နဲ့ကလေးပညာရေးရင်းသင့်ပါတယ်အိမ်ရှင်မတွေနှစ်လုံးတစ်ရက်၂၀၀၀
၃၀၀၀ထိုးနေတာငွေ၅၀၀၀နဲ့ဆရာဆရာမတွေချမ်းသာမသွားပါဘူး

MG MG said...

လက်ရှိပညာရေးစနစ်ကိုအကြီးအကျယ်ဝေဖန်နေကြတဲ့သူတွေနည်းနည်းလေး
စဉ်းစားကြည့်ပေးဖို့ပါ ဟိုအရင်စနစ်ဟောင်းမှာပညာသင်ကြားခဲ့တဲ့သူတွေ
အင်္ဂလိပ်စာကို5တန်းရောက်မှစသင်ခဲ့ကြတာပါ အခုခေတ်ကလေးတွေက
သူငယ်တန်းကစသင်နေကြပြီ တတ်ကျွမ်းတာချင်းကွာသွားတာပေါ့..ဒါမျိုး
ကောင်းတာလေးတွေလည်းပြောကြပါအုန်း..မျက်မှန်စိမ်းတပ်ပြီးကြည့်နေကြ
ရင် မြင်သမျှစိမ်းနေမှာဘဲဆိုတာ သတိချပ်ကြစေချင်လို့ပါ

လရိပ်မောင် said...

အပြင်ကျူရှင်တွေကောင်းစားစေချင်လို့လား၊ ဆရာတွေသင်ပေးထားတဲ့ ပညာနဲ့ ဆရာတွေထမင်းလုတ်ကို ပုတ်ချချင်လို့လားဗျာ...

Myat Thu said...

ဟုတ်တယ်ဗျို့ တစ်နိုင်ငံလုံးကိုအစကနေပြန်ပြင်
ရမှာ အဲဒိတော့တစ်နည်းဘဲရှိတယ် ၅ နှစ်အ
ထက်အကုန်သတ် အစကပြန်စမယ်

Unknown said...

5000ဆိုတာ...အရမ်းကို သေးလွန်းတဲ့ငွေပမာနပါ...ကျူရှင်ဆိုတာအားလုံးပပျောက်ရင်ကောင်းတာပေါ့..ဒါပေမယ်...ဒီလို.မပပျောက်ပဲ..ရေးတဲ့သီတင်းကြောင့်..ဆရာဆရာမတွေအပေါ်မှာရှိတဲံ့..ယုံကြည်မှုပျောက်တာတော့မကောင်းဘူးပေါ့နော်..ဆရာမတွေ မသင်ပေမယ့် ကျောင်းနားမှာမှိးပြီးသင်နေတဲ့.ကျူရှင်ဆရာမ တွေက..ကျောင်းကဆရာမတွေကို မထိမျက်မြင် လုပ်တော့ မကောင်းဘူးပေါ့နော်...ကျမတို.ကကိုတိုင်လဲ ဆရာမဆိုရိုသေတယ်...သားသမီးကိုလဲသင်ပေးတယ်လေ...

Royal Rose said...

အထက်က Truth ရေးထားတဲ့ comment လေးကို လူတိုင်းဖတ်သင့်ပါတယ်။ အလွန်ကောင်းတဲ့ comment လေးပါ။
နောက်လည်း မသိနားမလည်သေးသူတွေကို ဒီလို comment လေးတွေနဲ့
ဆုံးမပေးပါဦး။ အစိုးရကျောင်းမှ ဆရာ၊ ဆရာမများ၏ စေတနာအစစ်အမှန်ကို
နားမလည်သောသူတွေ အပြင် ပုဂ္ဂလိကကျောင်းများမှာသွားတက်ကြည့်ကြပါ။
ကျူရှင်သင်တယ် ဆိုတာကလည်း ဆရာ၊ဆရာမ တွေဟာ သူတို့ရဲ့ကိုယ်ပိုင်အချိန်တွေကို ဖဲ့ပြီးသင်ပြကြတာပါ။ ဘယ်သူကိုမှ မြူဆွယ်တက်ခိုင်းတာမဟုတ်ပါဘူး။ မိဘတွေက သူတို့သဘောနဲ့သူတို့ ကလေးကို လာအပ်ကြတာပါ။ ဆရာ၊ ဆရာမတွေအနေနဲ့က ကိုယ့်မိသားစုနဲ့ အားလပ်ချိန်မှာ အတူနေချင်ကြမှာပါဘဲ။ အဲဒီ့အစား ကလေးတွေကို အနီးကပ်သင်ကြားပေးခြင်းဖြင့် ထိရောက်စွာ သင်ကြားခြင်းစနစ် ဖြစ်နိုင်မယ်ဆိုတာသိလို့ ကျူရှင်ဆိုတာဖြစ်လာတာပါ။ ဒီလောက်နဲ့မပြီးသေးပါဘူး။

Powered by Blogger.