စစ်တပ်ထောက်ခံစာနဲ့ နွားမှောင်ခိုးကား ဖမ်းမိ

စက်တင်ဘာလ (၇)ရက်နေ့ က မကွေးတိုင်း ဒေသကြီး ချောက်မြို့ နယ် စမ်းစု နွားပွဲဈေးမှ ၀ယ်ယူလာသော နွားအကောင်(၂၀)ကို  ၁ဂ/ ၂၅၀၄   (၁၂)ဘီးကားဖြင့် တင်ဆောင် ၍ လာစဉ် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့ နယ် ဥက္ကံမြို့ သို့  အရောက်တွင် ဖမ်းဆီးမိကြောင်း Myanmar News Now မှ သတင်းရရှိပါတယ်။

အဆိုပါ နွားတွေမှာ သပွတ်ကုန်းရွာမှ ကိုစိုးနိုင် ပိုင်ဆိုင်သော နွား ချော နွားလှ ခိုင်း နွား များဖြစ်ပြီး ဖူးကြီး  ဆခခ(၄) တပ် တစ်တပ် မှ ဗိုလ်ကြီး တစ်ဦးသည် စစ်တပ်ထောက်ခံချက် တစ်ခု ဖြင့်   ကယ်ရီ လုပ်၍ သယ်ဆောင်လာတာလို့ သိရပါတယ်။

ဥက္ကံ မြို့ သို့  အရောက် မနက် (၄) နာရီ ခန့် မှာ တိုင်တန်းသူ တစ်ဦး ကြောင့် ဥက္ကံမြို့ ဘွက်ကုန်း စစ်ဆေးရေး ဂိတ်တွင် ဖမ်းမိသွားခြင်း ဖြစ်ပါတယ်။

ယခုအခါ  ကယ်ရီလုပ်သည့် စစ်ဗိုလ်ကြီး အပါအ၀င် ကားမောင်း ဒရိုင်ဘာ၊ စပါယ်ယာ၊ နွားထိန်း လုပ်သား (၂)ဦး အား ဥက္ကံ မြို့  ရဲစခန်းက ၈(၁)/ ၈(၃) ပုဒ်မ နှင်. အရေးယူ ထားကြောင်း Myanmar News Now မှ  စုံစမ်းသိရှိရပါတယ်။

ဖမ်းဆီးရမိသည့် နွားမှောင်ခိုးကား

ဖမ်းဆီးရမိသည့် နွားမှောင်ခိုးကား

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်