ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်းစိန်ပြော

မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီ အင်္ဂလိပ်ပိုင်းက တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။ အဲဒီ တွေ့ ဆုံ မေးမြန်း ခန်းမှာ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ ပြည်သူ လူထုက အနာဂတ် မြန်မာ နိုင်ငံရဲ့ သမ္မတ အဖြစ် မြင်ချင် ကြတယ် ဆိုရင် သူ့အနေနဲ့ လက်မခံ နိုင်စရာ မရှိဘူးလို့ ဘီဘီစီ အင်္ဂလိပ်ပိုင်း ကိုပြောပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘီဘီစီ အင်္ဂလိပ်ပိုင်း နဲ့ တွေ့ ဆုံခဲ့တဲ့ သမ္မတဦးသိန်းစိန်

ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်းစိန်ပြော  ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်းစိန်ပြော Reviewed by သစ်ထူးလွင် on 09:28 Rating: 5

14 comments:

sheetody said...

လွန်ခဲ့တဲ့ ၉၀ ခုနှစ်ကတည်းက
လိုလားခဲ့တာပါ။အခုလည်းအတူတူပါပဲ။
နောင်လည်းထိုနည်းတူပါပဲ
အမေစု ကျန်းမာပါစေ။

Bill said...

ကဲ..
သမ္မတ ဦးသိန်းစိန်ကတော့.....မှန်ရာကိုပြောနေပြီ.......

kawliya said...

ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုတစ်ရပ်လုံးသာမက တပ်မတော်သားအားလုံးကလည်း ထောက်ခံပါတယ်။ ကျွန်တော်လည်းတပ်မတော်သားတစ်ဦးမို့ ရဲရဲပြောရဲပါတယ်။ တပ်မတော်ကအမိန့်နှင့် အုပ်ချုပ်နေတာမို့ ဘယ်သူ့မှမပြောရဲတာပါ။ (kzt)

Anonymous said...

ပြည့်စုံသောစိတ်ကိုလေးစားမိပါတယ်။

Khant Zaw Hein said...

အဓိက ကဒါဘဲသိချင်နေတာ လူကောင်းဖို့ကအဓိကပါ
လူကောင်းကရှေ့ကသွားရင်းလူတော်တွေကိုကောက်သင်း
ကောက်ရွေးလို့ရပါတယ် ဒီမှာကတရားသူကြီးတွေကိုယ်တိုင်ကမတရားလုပ်နေတာကိုကအပေါ်ကလူတွေမကောင်းလို့ဖြစ်တာဒါကနမူနာပါ
ဂျာနယ်တွေကြောင့်လူတွေရဲ့စိတ်ဓါတ်မြင်လာကြတော့မှာ
ဂျာနယ်တွေကိုလွတ်လပ်စွာရေးပါစေ

Khant Zaw Hein said...

အဓိက ကဒါဘဲသိချင်နေတာ လူကောင်းဖို့ကအဓိကပါ
လူကောင်းကရှေ့ကသွားရင်းလူတော်တွေကိုကောက်သင်း
ကောက်ရွေးလို့ရပါတယ် ဒီမှာကတရားသူကြီးတွေကိုယ်တိုင်ကမတရားလုပ်နေတာကိုကအပေါ်ကလူတွေမကောင်းလို့ဖြစ်တာဒါကနမူနာပါ
ဂျာနယ်တွေကြောင့်လူတွေရဲ့စိတ်ဓါတ်မြင်လာကြတော့မှာ
ဂျာနယ်တွေကိုလွတ်လပ်စွာရေးပါစေ

James said...

အဘပြောင်မဖြစ်နိုင်တာကိုပြောလိုက်ခြင်းတာဖြစ်လိမ့်မယ်။
၂၀၀၈ ဖွဲ့ စည်းပုံမှာအတိအလင်းဘဲနိုင်ငံခြားသားများနှင့်လက်ထက်ထားသူများ၊
အစိုး၇အဖွဲ့ အစည်းထဲတွင်ပါဝင်ခြင်းမပြုရလို့ ဖေါ်ပြပြီးဖြစ်ပါတယ်။

Zarni Bwar said...

ဒါဆိုလည်း အခြေခံဥပဒေကြီးကို မြန်မြန်ပြင်လိုက်ပါ။ ပြည်သူကတော့ လိုလားပြီးသားပါ။ မေးနေစရာကိုမလိုပါဘူး။

Unknown said...

tt 9:26 P.M
ပြောစကားကို ဂုဏ်ယူမိပါသည်။

ဖိုးဖိုးကြီး said...

BBCအင်္ဂလိပ်အစီအစဉ်ပိုင်းမှာနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်အားတွေ့ဆုံမေးမြန်းခန်းမှာ-မေးသမျှဖြေထားတဲ့သမ္မတကြီး၏အဖြေများသည်သိပ်ကောင်းတဲ့စကားများဖြစ်ပါတယ်။ ပြည်သူလူထုကရွေးချယ်ခဲ့မယ်/လွှတ်တော်အဖွဲ့အစည်းများကထောက်ခံတယ်ဆိုရင်..၂၀၁၅..ခုနှစ်ရွေးကောက်တင်မြောက်သည့်သမ္မတ အဖြစ်ဒေါ်အောင်ဆန်းစုကြည်အနေနှင့်အရွေးခံနိုင်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတကြီးတို့သည်ယခုအချိန်တွင်လည်းအတူတကွလက်တွဲဆောင်ရွက်လျက်ရှိနေကြောင်း ၊ ဖြေကြားခဲ့သည်။ဒေါ်အောင်
ဆန်းစုကြည်သည်နိုင်ငံအတွက်အားကြိုးမာန်တက်ဆောင်ရွက်နေချိန်မှာ-အ
ချို့သောနိုင်ငံရေးသမားတို့သည်ဒေါ်အောင်ဆန်းစုကြည်၏အနီးအနားမှနေ
ပြီး၊နိုင်ငံရေးအမြတ်ထုတ်ကြမည့်အကျင့်စာရိတ္တမကောင်းမွန်သူတို့လည်းရှိနေကြပါသည်။ ဒီလိုလူမျိုးတွေကို-ဒေါ်အောင်ဆန်းစုကြည်အနေနှင့်သေချာစီစစ်
သင့်ပါသည်။ နိုင်ငံရေးသမားယောင်ယောင်/အချောင်ဝင်မည့်သူများရှိနေ
သည့်အတွက် (အမေစု) အနေနဲ့သတိချပ်သင့်ပါသည်။။။။။။။။။။။။။။
သမ္မတကြီးနောက်မှာ-ပြည်သူသန်း(၆၀)ရှိနေပါတယ်။ ဒီမိုကရေစီ စံနစ်
အောင်မြင်အောင်ဆက်လက်ကြိုးစားလျှောက်လှမ်းပါရန်နှင့်အတားအဆီးများ
ကိုလည်းပြတ်ပြတ်သားသားရှင်းလင်းပြီး၊ပန်းတိုင်ကိုမရောက်,ရောက်အောင်
သွားနိုင်လိမ့်မည်ဟုယုံကြည်ပါသည်။

HighLander said...

သမ္မတကြီးရဲ့သဘောထားကြီးမှု၊အမြော်အမြင်ကြီးမှုကိုလေးစားပါတယ်။ပြည်သူတွေရဲ့သဘောထားနဲ့တထပ်ထဲဆိုတာကိုပြလိုက်တဲ့အတွက်သမ္မတရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကိုထောက်ခံပါတယ်

Unknown said...

သိပ်လိုလားပါတယ်။စိတ်ဓာတ်ရော စွမ်းအားပါ ပြည့်စုံလို့ပါ။

Unknown said...

ဒီစကားမျိုးကြားရတာ သာမာန်ပြည်သူတစ်ယောက်အနေနဲ့  များစွာအားတက်မိပါတယ် နိုင်ငံသားတိုင်းကလည်း ကိုယ့်တပ်မတော်ကိုယ် အင်အားကြီးမားပြီးဂုဏ်သိက္ခ္ခာမြင့်မားတဲ့ တပ်မတော်အဖြစ် မြင်လိုတွေ့ လိုကြတာပါ အမိန့်နာခံခြင်းဟာတပ်မတော်ရဲ့  အသက်သွေးကြောဆိုပေမယ့် ကိုယ့်ကိုယ်ကျိုးစီးပွါးအတွက် မှားယွင်းတဲ့အမိန့် တွေပေးပြီး တပ်မတော်ကို ခါးပိုက်ဆောင်အဖွဲ့ အစည်း လက်ပါးစေအဖွဲ့ အစည်းတစ်ရပ်ဖြစ်စေခဲ့တဲ့ အာဏာရှင်တွေကိုတော့ မမေ့စေချင်ပါ ကျွန်တော်တို့ အားလုံးရဲ့ ကလေးတွေကိုံလုံခြုံ ကောင်းမွန်တဲ့ မျှော်လင့်ချက်ရှိတဲ့ဘဝတွေပေးခဲ့ကြရအောင်...

naingl linn zaw said...

ပြောင်းမယ် ပြောင်းမယ်နဲ့ ပြောတာကြာပေါ့ နောက်ငါးနှစ်လောက်တော့ဒီလိုဘဲသွားအုံးမယ်ထင်တာဘဲ ချွေးသိပ်ပြီး ဆက်သွယ်ရေးကဏ္ဍဘဲကြည့်ပါအုံး ပြောင်းလဲမပြောင်းဘူး ၀န်ကြီးနဲ့သူ့သူငယ်ချင်းဗိုလ်မှူးကြီးတင်ဝင်း ရတနာပုံတယ်လီပို့ CEO သူတို့ဘဲချုပ်ကိုင်ထားတယ်

Powered by Blogger.