ရွာသား ၅ ဦး သေနတ်ပစ်ခံရ (ရုပ်/သံ)

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲတိုက်နယ်၊ ရှားခဲကျေးရွာ၌ စက်တင်ဘာ ၂၆ရက်နေ့တွင် သေနတ် (၅)ချက် ပစ်ခတ်ခံရပြီး ရွာသား (၅)ဦး ထိမှန်ခဲ့ကြောင်း သိရပါသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် ရွာသား ၂ ဦး သေဆုံးခဲ့ပြီး နောက်တရက်တွင် ဆေးရုံ၌ ၁ ဦး ထပ်မံသေဆုံး သွားခဲ့ပါသည်။ ကျန်ရှိသည့် သေနတ်ပစ်ခတ်ခံရသူ ကျော်ဇင်သက် နှင့် ဝင်းသန့်ကို ပုသိမ်ဆေးရုံမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ စက်တင်ဘာလ ၂၈ရက်နေ့ ည ၉း၀၀ နာရီအချိန်တွင် ရောက်ရှိလာကြောင်း သိရပါသည်။

 ဖြစ်ပွားသည့် အကြောင်းအရင်းကို သက်ဆိုင်ရာများနှင့် အတူလိုက်ပါလာသည့် ကာယကံရှင် မိသားစုများမှ တစုံတရာပြောကြားခြင်း မရှိသေးဘူးဟု သတင်းရရှိပါသည်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Burma VJ Media


ရွာသား ၅ ဦး သေနတ်ပစ်ခံရ (ရုပ်/သံ) ရွာသား ၅ ဦး သေနတ်ပစ်ခံရ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 02:22 Rating: 5

5 comments:

Burma Python said...

အဲဒါလည်းဧရာဝတီတိုင်းဒေသကြီးက ခရိုနီ အင်းလေလံပွဲစားတွေ
ရဲ့လက်ချက်ပါပဲဗျာ ဒီကောင်တွေဒေသအာဏာပိုင်နဲ့ပေါင်းလေလံ
ဆွဲဆင့်ကဲဆင့်ကဲပြန်ရောင်းစားတဲ့ဒဏ်ကိုတကယ်လုပ်တဲ့ငါးသမား
တွေခံရတာပဲ။ရဲကကောဘာလို့ပစ်တာလဲ။ဦးနေဝင်းရဲ့မိုးပေါ်ထောင်မပစ်ဘူးဆိုတာမျိုးလုပ်ပြနေတာလား။ရဲကိုတစက်မှမျက်နှာသာပေးဖို့မကောင်းဘူး။ပလက်ဖောင်းရရင်တက်အိပ်ပစ်မယ်ဆိုတဲ့ကောင်တွေ

zzmyoe said...

ကိုယ့်ပြည်သူကိုရက်ရက်စက်စက် သေနတ်နဲ့ပစ်တဲ့သူရော အမိန့်ပေးတဲ့ သူရော ကိုထိုက်တန်တဲ့ ပြစ်ဒဏ်စီရင်နိုင်အောင် တာဝန်ရှိသူတွေအနေနဲ့ ဖော်ထုတ်ပေးပါ၊

truelove said...

ရှားခဲအင်းအတွက် ပစ်ကြ၊ ခတ်ကြ၊ သေကြဆိုပဲ လေလံပွဲလုရာက အငြိုးလေး
တွေက စတာလို့ ဆိုပါတယ်။ တိုင်းလွှတ်တော်သတင်းလွှာမှာ အင်းရုံဖျက်တဲ့
ရုံးရင်းဆန်ခတ်မှု စုံစမ်းရေးအဖွဲ့ ကွင်းဆင်းတာ၊ လွှတ်တော်အထူးအစည်း
အဝေးမှာ ဖြစ်နိုင်ချေကို အစိုးရအဖွဲ့ကို ဆောင်ရွက်ပေးရန် ဖတ်ရပါတယ်။
ခုမှ ဘုံငါးဖမ်းကွက်သတ်မှတ်လိုက်ပြီဆိုတော့ သူခိုးပြေးမှ ထိုးကွင်းထ
စကားပုံကို သိပါတယ်နော်။

phyokyawlwin said...

အခုcommentရေးနေတဲ့လူတွေက.. အဲ့ဒိနားကဘယ်သူတွေပါလဲ..
သေသေချာချာ စုံစမ်းကြပါဦးလား.. သေနတ်မှန်တာတော့မှန်ကောင်းမှန်နိုင်တယ်..
.. တစ်ခြားကိစ်စတွေရှိဦးမှာပါ.. မကောင်းတဲ့ဘက်ကပဲမမြင်ကြပါနဲ့

Kokomg said...

ပလက်ဖောင်းမှာဘယ်သူကအိပ်ခြင်မှာလဲမင်းလဲအိပ်ခြင်လို့လား။တာဝန်နဲ့မို့လို့အိပ်နေရတာလေ။

Powered by Blogger.