စက်မှုဇုန်(၃)ခုတွင် အလုပ်သမား ဆန္ဒပြမှုများ တစ်ပြိုင်တည်းဖြစ်ပေါ်

ရန်ကုန်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ စက် မှုဇုန်(၃)ခု၌ ယနေ့မနက်မှ စတင်ကာ အလုပ်သမား ဆန္ဒပြမှုများ တပြိုင်တည်း ဖြစ်ပေါ် နေကြောင်း သိရသည်။

ယင်းဆန္ဒပြမှုဖြစ်စဉ် များသည် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံဆိပ် ကမ်းမြို့နယ်တို့တွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။ စာချုပ်ပါ အချက်များကို အလုပ်များက ချိုးဖောက်ခြင်း၊ သမဂ္ဂများ ကိုအသိ အမှတ် မပြုခြင်း၊ ဖြန်ဖြေရေး အဖွဲ့များ ဖွဲ့စည်းရာတွင် ဘက်လိုက်မှုများ ရှိနေခြင်း ကြောင့် အလုပ် သမားဆန္ဒပြပွဲများ ပြန်လည်ပေါ် လာခြင်းဖြစ် ကြောင်းအလုပ်သမား အရေး ဆောင်ရွက်နေ သူများက သုံး သပ်ကြသည်။

''အရင်ကဆန္ဒပြပွဲ တွေကြောင့်အလုပ် ရှင်နဲ့အလုပ်သမားနှစ်ဖက်ညှိနှိုင်းပြီး စာချုပ် တွေချုပ်ခဲ့ကြတယ်။ စာချုပ်ပါ အချက်တွေကို မလိုက်နာဘူး ။ပေါ်ပေါက်လာ တဲ့အလုပ်သမားသမဂ္ဂတွေကိုအသိအမှတ် မပြုဘဲ ပယ်ဖျက်ဖို့ကြိုးစား ကြတယ်။နောက် ပြီးအချိန်ပိုအလုပ်ချိန်လျော့ခိုင်း တဲ့အတွက် အချိန်ပိုကြေး ဘဲလျော့ ရမှာ ကိုအခြားဟာ တွေပါလျော့တဲ့အတွက်လစာ နည်းသွားလို့ မကျေနပ်ဘဲအခုလို ဆန္ဒပြမှု တွေပြန်ဖြစ် လာတာ''ဟုအလုပ်သမားအခွင့်အရေးလှုပ် ရှားသူများမှရှေ့နေတစ်ဦးကပြောသည်။

ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ အာရှနဂါးစက်ရုံတွင် အလုပ်သမားအဖွဲ့နှစ်ဖွဲ့ရှိ ပြီးအလုပ်ရှင် ဘက်မှ ဖွဲ့စည်း ထားသော အလုပ်သမားအဖွဲ့ကကျန်အဖွဲ့ ကိုပယ်ဖျက် ပေးရန်တောင်းဆို သဖြင့် မပြေလည် မှုများ ဖြစ်နေကြောင်းသိရသည်။

''ကျွန်မတို့အဖွဲ့ဖွဲ့ပြီးတော့မှ supervisor တွေ၊ Leader တွေကဦးဆောင်ပြီးအ ဖွဲ့တစ်ဖွဲ့ထပ်ဖွဲ့တယ်။ သူတို့အဖွဲ့ထဲ က သူတွေကို ဒံပေါက်ကျွေးတာ။ထီးပေးတာ တို့လုပ်ပြီး စည်းရုံးတယ်။Leader တွေဆို တော့ကြောက် လို့ဝင်တဲ့သူတွေ လည်းရှိတယ်။ကျွန်မတို့ အဖွဲ့သူတွေကို သူတို့အဖွဲ့ ထဲရောက်အောင် စည်းရုံးပြီး တော့ ကျွန်မတို့ အဖွဲ့ကိုပယ်ဖျက်ပေးဖို့အလုပ်သမားရုံးက သူတွေကိုခေါ်တယ်။ အလုပ် သမား ရုံးကလူ ကြီးတွေလာ လို့မေးတော့ နင့်အလုပ်နင်လုပ် ငါ့အလုပ်ငါလုပ် မယ်ဆိုပြီး ပြောတယ်။ ဒါ ကြောင့် အခုကျွန်မတို့အဖွဲ့ အလုပ်ခွင်ကိုပြန်မဝင်ဘဲနေနေ တယ်''ဟုအာရှနဂါးအထည် ချုပ်မှအ လုပ်သမား အဖွဲ့ ခေါင်းဆောင်တစ် ဦးကပြောသည်။

ဆန္ဒပြပွဲများပြီးနောက်ချုပ်ဆို သည့်အလုပ်ရှင်၊အလုပ်သမားသဘောတူစာ ချုပ်များကို လိုက်နာမှု မရှိခြင်း သည်အလုပ် သမားဆန္ဒပြမှုများထပ်မံပေါ်ပေါက်လာနိုင် ပြီးသက်ဆိုင်ရာဝန်ကြီး ဌာနမှ အောက်ခြေ ဝန်ထမ်းများ၏ဆောင်ရွက်ချက်များမှာယခင် အတိုင်းပင်ရှိနေ သည်ဟု အလုပ်သမား အရေး ဆောင်ရွက် နေသူများ ထံမှသိရသည်။ ဆန္ဒပြမှုများမှာလှိုင်သာယာ စက်မှုဇုန်တွင်မြူး နှင့်စူး အထည်ချုပ် ၊ ရွှေ ပြည်သာ စက်မှုဇုန်တွင်စန္ဒာကားစက် ရုံတို့ ဖြစ်ကြောင်းသိရသည်။

အေးမြမြထွန်း - Yangon Media Group



အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်