သမ္မတဦးသိန်းစိန် အမေရိကန်ရဲ့တားမြစ်စာရင်းက ပယ်ဖျက်

အမေရိကန် ပြည်ထောင် စုကို ရှေ့သီတင်း ပတ်ထဲ ရောက်လာဖို့ ရှိနေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် အပါ အ၀င် အစိုးရ တာဝန်ရှိသူ တချို့အပေါ် ပိတ်ပင် တားမြစ် ထားတာကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန က ဖယ်ရှားပေးလိုက်ပါတယ်။

အစိုးရအဖွဲ့ အကြီး အကဲဖြစ်သူ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ အပေါ် ကန့်သတ် ပိတ်ပင်ရမယ့် အထူး ပုဂ္ဂိုလ်တွေ အဖြစ် စာရင်း သွင်းထားရာက ပယ်ဖျက်ပေးလိုက်တဲ့ အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အမေရိကန် ပြည်ထောင် စု နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန် ရောက် လာချိန်မှာပဲ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးဖို့ ကတိပြုထားတဲ့ အမေရိကန်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ အမေရိကန် လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မှုတွေ လုပ်ကိုင်ခွင့် ပြုခဲ့တာပါ။

ဗွီအိုအေ (မြန်မာဌာန)


သမ္မတဦးသိန်းစိန် အမေရိကန်ရဲ့တားမြစ်စာရင်းက ပယ်ဖျက် သမ္မတဦးသိန်းစိန် အမေရိကန်ရဲ့တားမြစ်စာရင်းက ပယ်ဖျက်  Reviewed by သစ်ထူးလွင် on 06:59 Rating: 5

3 comments:

Unknown said...

သမ္မတကြီးနဲ့အတူလွှတ်တော်ဥက္ကဌကြီးတို့ကိုယ်စားအရမ်းကိုဂုဏ်ယူမိပါတယ်ခင်ဗျာ။

နေမင်းခန့်  said...

မိမိသည် နိုင်ငံတော်သမ္မတကြီး သမ္မတတာဝန် မထမ်းဆောင်မီကပင် လေးစားခဲ့ပြီးဖြစ်သည်.... ယခုကဲ့သို့ ကျပ်တည်းလှသောအပြောင်းအလဲများ၊ တစ်နိုင်ငံလုံးအတိုင်းအတာ နှင့် ယှဉ်လျှင် အမြင်မပွင့်သေးသော အခြေအနေတစ်ခုတိုင်း တွင်သုံးသပ်ဆုံးဖြတ်ချင့်ချိန်နိုင်စွမ်းနည်းသော လူဦးရေ အများစု အား ရှေ့ ဆောင်ရ်ျ ညင်သာစွာ ပြောင်းလဲ ဖေးမ လုပ်ဆောင်ပေးခဲ့ သော သမ္မကြီး၏ စိတ်ရှည်သည်းခံမှုနှင့် ဇွဲစေတနာ တို့ အား ပိုမိုကြည်ညိုလေးစားမိပါသည်....ယခုကဲ့သို့ အမေရိကန်နှင့်တကွ အနောက်အသိုင်းအဝန်း မှအချိန်တိုအတွင်းအသိအမှတ်ပြုလေးစားမှုတို့ အားလဲ ဂုဏ်ယူကြိုဆိုမိပါသည်.... သမ္မတကြီး သက်တော်ရာကျော်ရှည်ပါစေ

အမှန်တရား said...

သမ္မတကြီးသက်တော်ရာကျော်ရှည်ပါစေ။

Powered by Blogger.