ကူးတို့လှေနစ်မြုပ်မှုကြောင့် လူ ၁၃ ဦးသေဆုံး

မကွေး၊ စက်တင်ဘာ - ၈

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် စက်တင်ဘာ ၄ ရက် နံနက် ၁၁ နာရီခန့်က ကျောချောင်း ၊ ကမ်းပါးဖြူ လှေဆိပ်မှ အခြားတစ်ဖက်သို့ ဖြတ်ကူးသည့် ကူးတို့လှေတစ်စီး တိမ်းမှောက်မှုကြောင့် လှေပေါ်ပါသူ ခရီးသည် ၄၁ ဦးအနက် ၁၃ ဦး သေဆုံးခဲ့သည်။

လှေတိမ်းမှောက်မှုဖြစ်စဉ်တွင် ၂၈ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး သေဆုံးသူများအတွက်မကွေးတိုင်းဒေသကြီးနှင့် မြို့နယ်
အုပ်ချုပ်ရေးအဖွဲ့များက သေဆုံးသူတစ်ဦးလျင် ထောက်ပံ့ငွေ ၃၈၇၅၀၀ကျပ်၊ ဆန်သုံးအိတ်နှင့် အင်္ကျီသုံးထည်စီ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လှေဝန်ထမ်း (၉)ဦးအား သက်ဆိုင်ရာမှ အရေးယူရန် ပြင်ဆင်လျက်ရှိပြီး တိမ်းမှောက်သွားခဲ့သည့် လှေမှာ ယင်းနေ့က လူ ၄၁ ဦးအပြင် ဆိုင်ကယ်(၅)စီးကိုပါ တင်ဆောင် မောင်းနှင်ခဲ့ခြင်းကြောင့် အလေးချိန် များပြားလွန်းသဖြင့်လည်းတိမ်းမှောက်ရခြင်ဖြစ်ကြောင်း
ဒေသခံသတင်းထောက်က သတင်းပေးပို့သည်။

"အဲဒီလှေဆိပ်က ပြဿနာရှိတယ်ဗျ။ လိုင်စင်ကိစ္စတွေ ဘာတွေပေါ့။ လှေတစ်စီးကို ဘယ်လောက်ပဲ တင်ရမယ်ဆိုပေမယ့် လိုက်နာမှု မရှိကြဘူး။ တချို့ဆိပ်ကမ်းတွေကတော့ လှေတစ်စီးကို လူဆယ်ဦးနဲ့ ဆိုင်ကယ်သုံးစီးပဲ တင်ရမယ် ဆိုတာမျိုးတွေတော့ ရှိတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူများတွင် အနီးအနားမှဒေသခံများ ၊ဌာနဆိုင်ရာဝန်ထမ်းများ လှေသမားများနှင့် ကျောင်းဆရာမ စသည်တို့ပါဝင်ကြောင်းသိရသည်။

7Day News Journal

လှေနစ်မြုပ်ရာအနီးသို့လာရောက်ကြည့်ရှူသူများ။
(ဓါတ်ပုံ-ဒေသခံတစ်ဦး)

လှေနစ်မြုပ်ရာအနီးသို့လာရောက်ကြည့်ရှူသူများ။
(ဓါတ်ပုံ-ဒေသခံတစ်ဦး)

လှေနစ်မြုပ်ရာတွင်ပါဝင်ခဲ့သူများ၏ မိသားစုဝင်များ။
(ဓါတ်ပုံ-ဒေသခံတစ်ဦး)

အခင်းဖြစ်ပြီးစ တိမ်းမှောက်ခဲ့သည့်လှေအား
ကမ်းစပ်တစ်နေရာတွင်တွေရစဉ်။
(ဓါတ်ပုံ-ဒေသခံတစ်ဦး)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်