ပြည်သူ့လွှတ်တော် ၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ နှင့် ဥပဒေ ပညာရှင်များတွေ့ဆုံပွဲ

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက် အအုံတွင် ယနေ့ ကျင်းပသော ပြည်သူ့ လွှတ်တော် ၊တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ နှင့် ဥပဒေ ပညာရှင်များ တွေ့ဆုံပွဲတွင် တွေ့ရသော သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်း စုကြည် နှင့် သူရဦးအောင်ကို
ဒေါ်အောင်ဆန်း စုကြည် အမှာ စကား ပြောကြားစဉ်
သူရ ဦးအောင်ကို နှင့် ဒေါ်အောင်ဆန်း စုကြည်တို့အား တွေ့ဆုံပွဲတွင် တွေ့ရစဉ်
စက်တင်ဘာလ ၈ ရက်နေ့  ယနေ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင်
ကျင်းပပြုလုပ်သည့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် ဥပဒေ ပညာရှင်များ တွေ့ဆုံပွဲ တွင် ဒေါ်အောင်ဆန်း စုကြည်က အမှာ စကားပြော ကြားရာမှာ တရားဥပဒေ စိုးမိုးရေးသည် လက်ရှိ အခြေ အနေ၌ ပြည်သူတို့၏ ယုံကြည်ထားမှု ၊ ပြည်သူ အများ၏ အကြား ရောက်ရှိနေသာ ဥပဒေ ကိစ္စရပ်များ ။ ကော်မတီဥက္ကဌ အနေဖြင့် လုပ်ငန်းများကို စတင် လုပ်ဆောင် သည့်အခါ ခေတ် အဆက်ဆက် ဖြတ်သန်းခဲ့သော ၊ ရင့်ကျက်မှုရှိသော ပုဂ္ဂိုလ် များထံမှသင်ယူ လိုသော ကိစ္စများရှိနေသောကြောင့် ယခုကဲ့သို့ တွေ့ဆုံပွဲကို ဖိတ်ခေါ်ကျင်းပ ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကာကွယ်ရေး၊ ပြည်ထဲရေး အစရှိသည့် ဌာနများကိုလည်း ဖိတ်ခေါ်ထားကြောင်း၊ ပြည်သူများ ၄င်းတို့ ၏ အခွင့် အရေး ကို သိရှိ နားလည် ရန်နှင့် ထို အခွင့်ရေး ကို ကာကွယ်ခြင်း အားဖြင့် ဥပဒေကို မြင့်တင်ပေးနိုင် မည်ဖြစ်ကြောင်း သို့မှသာ တရားဥဒေ စိုးမိုးရေး အတွက် ပြည့်ဝစွာ လုပ်ကိုင် ဆောင်ရွက် သွားနိုင်မည်ဟု ထင်ကြောင်း ပြောကြားသွားသည်။

ယင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နှင့် ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့မှ အမှာ စကားပြောကြားပြီး၊ တိုင်းရင်း သားရေးရာ ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဥပဒေ ပညာရှင်များ တက်ရောက်လာကြ ကြောင်းသိရသည်။

Popular Myanmar News Journal
သူရဦးရွှေမန်း မိန့်ခွန်းပြောကြားနေစဉ်

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်