မြန်မာ အစိုးရ ပြန်ကြားရေး Website အတိုက်ခံရ



ရန်ကုန်၊ သြဂုတ် ၈

မြန်မာနိုင်ငံ အစိုးရ၏ တရားဝင် Website ဖြစ်သော ပြန်ကြားရေး ဝန်ကြီးဌာန၏ Website ကို သြဂုတ်လ ၇ ရက်နေ့တွင် အတိုက်ခိုက် ခံခဲ့ရကြောင်း အင်တာနက် အသုံးပြုသူ များက ဆိုသည်။

ကျွန်တော် နေ့လည်ပိုင်းလောက် ဝင်ကြည့်တာ မရတော့ဘူး။ အဲ့ဒီဆိုက်ကို ခေါ်လိုက်ရင် အမဲရောင် နောက်ခံ စာမျက်နှာနဲ့ အခုလက်ရှိ ဖြစ်နေတဲ့ ပြဿနာ အကြောင်းနဲ့ ပတ်သက်တာကို ရေးထားတယ်ဟု အင်တာနက် အသုံးပြုသူ အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။

အဆိုပါ အတိုက်ခံရမှုသည် ယခုလအတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံး အားကစား အသင်း၏ Facebook စာမျက်နှာဖြစ်သော Myanmar National Football Team ကိုလည်း Phantom Crews မှဟတ်ခဲ့ကြောင်း ၎င်း Phantom Crews၏ Facebook စာမျက်နှာမှ သိရသည်။

ကျွန်တော့် အင်တာနက်ဆိုင် Page ထဲကို တစ်ရက် Azara Aishah ဆိုတဲ့ အကေင့်က Chat Box ထဲပို့တယ်။ ပို့တာက Is this your? ဆိုပြီး သူ့ရဲ့  Fun Page ဆိုပြီးပို့တာ။ ကျွန်တော် နှိပ်လိုက်တော့ Facebook Login Page ကိုရောက်သွားတယ်။ ကြည့်လိုက်တော့ အဲ့ဒီဆိုက် ကနေ ဆိုတော့ ကျွန်တော် ၀င်ပြီး မသုံးတော့ဘူး။ နောက်မှ သူငယ်ချင်းတွေကပြောတာ Phishing Site လို့ပြောတယ်။ ကံကောင်းတယ်လို့ ဆိုရမှာပေါ့ ဟု အင်တာနက် ဆိုင် ပိုင်ရှင်တစ်ဦးဖြစ်သူ အမျိုးသား တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် Cyber Police နှင့် Cyber Law တို့ရှိရန် လိုအပ်ကြောင်း၊ အကယ်၍ ရှိခဲ့ပါက အရေးယူ၍ ရကြောင်း အိုင်တီ ကျွမ်းကျင်သူ ပညာရှင်တစ်ဦးက ဆိုသည်။

ယခုနှစ် ဇွန်လအတွင်း ကလည်း bangladesh Cyber Army ကလည်း မြန်မာနိုင်ငံ၏ အစိုးရ Website များနှင့် ပြည်တွင်း Website များကိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးဌာန Website ဆိုတာက ဝန်ကြီးဌာနတွေကို ကိုယ်စားပြုပါတယ်။ သူတို့အနေနဲ့ DDoS အတိုက်ခံရရင် အဆင့် ၁ ဘာလုပ်မယ်။ ၂ အနေနဲ့ဘာလုပ်မယ် ဆိုတာကို ရှိကို ရှိရပါမယ်။ အဲ့ဒီ လုပ်ထုံး လုပ်နည်း တွေကိုလည်း သူတို့အနေနဲ့ ကျွမ်းကျင် ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ အိုင်တီအကြောင်း နဲနဲပဲ သိတဲ့သူကိုတောင်မှ လွယ်လွယ်ကူကူ လုပ်လို့ရအောင် ထုတ်ပေး ထားသင့်တယ်။ ဘာလို့လဲဆိုတော့ အခု Ministryofinformation.gov.mm ဆိုက် အတိုက်ခံ ရတာကလည်း တိုက်တဲ့သူက မြန်မာစာသာ တတ်တဲ့သူ ဖြစ်ရင် ကြေညာချက်တွေကို ပြောင်းရေး သွားတာနဲ့ ပြဿနာက အများကြီး တက်သွား နိုင်ပါတယ် ဟု Myanmar Soft-Gate Technology ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးရန်နောင်စိုးက ဆိုသည်။

ယင်းအပြင် အချိန်မရွေး ဆက်သွယ်နိုင်သော ကျွမ်းကျင် ဝန်ထမ်းများ အချိန်ပြည့် ရှိရန် လိုအပ်ကြောင်းကိုလည်း ၎င်းက အကြံပြု ပြောဆိုခဲ့သည်။

The Voice Weekly
မြန်မာ အစိုးရ ပြန်ကြားရေး Website အတိုက်ခံရ မြန်မာ အစိုးရ ပြန်ကြားရေး Website အတိုက်ခံရ Reviewed by သစ်ထူးလွင် on 11:22 Rating: 5

No comments:

Powered by Blogger.