မြိတ်NLDနှင့် မြိတ် ဆရာဝန် လူငယ်များ၏ mobile clinic အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကွန်ယက်

*မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့်  မြိတ်မြို့ရှိ ဆရာဝန် လူငယ်များ၏ mobile
clinic အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကွန်ယက်* အဖွဲ့သည် ပထမဆုံး ခြေလှမ်း အဖြစ် (၂၆.၈.၂၀၁၂ တွင် တနင်္သာရီတိုင်း မြိတ်မြို့ နယ်  ကျောက်ဖြူတောင် ကျေးရွာရှိ မင်္ဂလာဇေယျုံ ဘုန်းတော်ကြီး ပညာ သင်ကျောင်းတွင် ပညာသင် ကြားနေသော မိဘမဲ့ ကလေးများနှင့် ကျောင်းသား/သူ ၁၇၀ တို့အား သံချဆေး ကျွေးခြင်း၊ လိုအပ်သော vitamin အား ဆေးများ တိုက်ကျွေးခြင်းနှင့် အထွေထွေ ရောဂါများအား ကုသပေးခြင်း၊ သွေးလွန် တုပ်ကွေး ရောဂါမှ ကာကွယ်နိုင်ရန် super-tab ခြင်ထောင်စိမ် ဆေးပြားများ ပေးအပ် လှူဒါန်းခြင်းကို ပြုလုပ်ခဲ့ပါတယ်။

ယင်းနောက် ၄င်းကွန်ယက် အဖွဲ့ဝင်များသည် ကျောက်ဖြူ တောင်ကျေးရွာရှိ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသော သက်ကြီး ရွယ်အိုများနှင့် ရွာသူ/သား ၁၀၀ ကျော်ခန့်ကို အခမဲ့ဆေးဝါးများ ကုသပေးခဲ့ ကြပါတယ်။

၎င်းအဖွဲ့သည် တစ်ပါတ်လျှင် တစ်ကြိမ်ကျ ဆေးဝါးကုသမှု လိုအပ်နေသော နေရာများသို့ သွားရောက် ကုသပေးရန် စီစဉ်ထားကြောင်း သိရပါသည်။

Myanmar News Now



ကျန်းမာရေး စောင့်ရှောက်မှု ကွန်ယက် အဖွဲ့ ဝင်များ

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်