ဒကာမ နဲ့ Kissing ရိုက်..ပေါင်ကိုပွတ်..ချဲဂဏာန်းပေး.ဒါလား ရဟန်း

မန္တလေးတိုင်း ၊ ရမည်းသင်းမြို့နယ် ရှိ သက်ကြားအို ရဟန်းတစ်ပါးသည် သာသနာ ကို အရေခြုံပြီး ၄င်း၏ တဏှာကြောမီး အတွက် ချဲထီ ဂဏာန်း ဝါသနာပါသော ခပ်တုံးတုံး ခပ်နုံနုံ အရှက်ကင်းမဲ့သော မိန်းမတို့နှင့် သမီးရီးစားသဖွယ် ခါးဖက် ၊နို့ကိုင် ၊ နှုတ်ခမ်းချင်း တေ့စုပ် နမ်းကာ ပေါင်ပွတ်နေပြီး ချဲဂဏာန်းများ ပေးနေလျှက်ရှိပါသည် ။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

ညဥ့်နက် သန်းခေါင်လည်း မိန်းမများနှင့်စည်းကားနေပြီး အချို့ မာတုဂါမများဆိုလျှင် မနက်မိုးလင်းမှ ဆံပင်ဖို့းရိုး ဖားယားနှင့် ပြန်သွားကြ ကြောင်းလည်း သိရပါသည် ။

ထို့သို့သော သာသနာ အဖျက်သမား ရဟန်းအိုကြီးကို မဟာသံဃာ နာယကအဖွဲ့မှ ဦးဆောင် ဆရာတော်ကြီးများ နှင့် သာသနာရေး ဝန်ကြီးဌာန တို့ ပူးပေါင်းပြီး သင်္ဃန်းချွတ်ကာ ရဟန်းဘောင်မှ သော်လည်းကောင်း လူ့ဘောင်အတွင်းမှာပါ မထားအပ်သောကြောင့်  ဖယ်ရှားပေးနိုင်ပါရန် တင်ပြလိုက်ပါရပါသည် ။

Myanmar News Now





ဒကာမ နဲ့ Kissing ရိုက်..ပေါင်ကိုပွတ်..ချဲဂဏာန်းပေး.ဒါလား ရဟန်း ဒကာမ နဲ့ Kissing ရိုက်..ပေါင်ကိုပွတ်..ချဲဂဏာန်းပေး.ဒါလား ရဟန်း Reviewed by သစ်ထူးလွင် on 13:06 Rating: 5

14 comments:

dateba.myo said...

အသက်ကြီးမှရိက္ခာယူတာနေမှာပေါ့.. သာသနာတော်ကိုပျက်အောင်လုပ်ခြင်းပါ။ကောင်မတွေကအကျင့်ပျက်မိန်းမတွေလား၊သာသနာဖျက်မိန်းမဆိုတာလား၊မိန်းမယုတ်လား။အဲဒီကောင်မတွေဟာတိုင်းပြည်မှာတောင်မထားသင့်ဘူး။သူတို.ကိုလဲအရေးယူပေးပါ။

Unknown said...

ဒီအဖြစ်အပျက်က လွန်ခဲ့တဲ့(၇)နှစ်လောက်က မိတ္ထီလာမြို့မှာ ဖြစ်ခဲ့တာပါ။ ရမည်းသင်းမှာ မဟုတ်ပါဘူး..။ဒီအမှုနဲ့ပဲ အဲဒီဘုန်းကြီး မိတ္ထီလာထောင်မှာ ပြစ်ဒဏ်ကျခံပြီးပြီ။ ဒီမိန်းမတွေက (၂)လုံးဂဏန်း (၃)လုံးဂဏန်းတွေရဘို့အတွက်နဲ့ ကျန်တဲ့ အလုံးတွေပါလက်ခံနေတာနေမှာပေါ့..။ကြည့်ရတဲ့သူတောင်ရှက်မိတယ်..။အခုလည်းပဲ အဲဒီဘုန်းကြီး မိတ္ထီလာမြို့နယ်ထဲ မှာ ဆက်လှုပ်ရှားနေတယ်...။

Unknown said...
This comment has been removed by the author.
honey said...

ဘုန်းကြီးအစစ်မဟုတ်လို့သာသနာကိုစော်ကားနေကြတာ
ဒီလူယုတ်မာကိုအမြန်ဆုံးအရေးယူပြီး
အဲ့လိုမိန်းမညံ့တွေကိုလည်းဖမ်းသင့်တယ်။။
စိတ်ပျက်ဖို့ကောင်းတယ်။သာသနာထိခိုက်မည့်သတင်းကို
မတင်ကြပါနဲ့...စသုံးလုံးကိုတိုင်ပြီးတခါတည်းဖမ်းခိုင်းလိုက်
ရင်ကောင်းသေးတယ်..အဲ့ဒီအိုနာကျိုးကန်းကြီးကို
လူဝတ်လဲခိုင်းလိုက်အရေးယူပေးပါ။

Unknown said...

တော်တော်စိတ်ပျက်စရာကောင်းတာပဲ
သာသနာအရေခြုံပြီး လုပ်ချင်တိုင်းလုပ်နေတာ
ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုပ်တယ်
အဲလိုလုပ်ချင်လည်းလူထွက်လုပ်ပါလား
ငါ့တို့ဘာသာ။ သာသနာကိုထိခိုက်တယ်ဟေ့

Monywa said...

ပြည်သူ

ကောင်းကြသေးရဲ့လား.. ဟဲ့ ဘယ်သူတွေ .. ဘာလုပ်နေကြတာလဲ..

အရေးယူ ပြီးစီးမှု အမြန်တင်....

Unknown said...

သတင်းကိုအခုလိုတင်ပြီးထိရောက်စွာအရေးမယူနိုင်ဘူးဆိုရင် ဘာသာခြားတွေ က ဒို့ဘာသာကို အထင်သေးတာပဲအဖတ်တင်မယ်...

ုကိုငယ် said...

အဲ့ဒီ အခွေက2004/2005 လောက်ကပါကြာနေပါပြီဗျာ။ ဒီလိုပုံမျိုးတွေတင်ပြီး သာသနာတော်ကို အကြည်ညိုမပျက်စေချင်ဘူး။

khant said...

ဒီလိုလိမ်ညာမှုတွေများနေတော့ သာသနာကို ညှိုးနွမ်းစေပြီး စစ်မှန်တဲ့ရဟန်းတွေရဲ့ဂုဏ်ပုဒ်ကိုထိခိုက်စေတဲ့အပြင် အခြားဘာသာတရားတွေက အထင်သေးပုတ်ခတ်နိုင်တဲ့အတွက် .့ပြီးတော့စစ်မှန်တဲ့ရဟန်းတွေအပေါ် ကိုယ့်သာသာလုမျိုးများကပါ ဘာသာတရားအပေါ်ကြည်ညိုလေးစားမှုအားယုတ်လျော့ပါးလာပြီး ဗုဒ်ဓဘာသာကိုပါ ညှိုးနွမ်းပျောက်ကွယ်စေနိုင်လို့ သံဃာ့နာယကအဇွဲ့များရဲ့ဥပဒေနဲ့အညီ အမြန်ဆုံး အရေးယူပေးပါ

Unknown said...

သက်ဆိုင်ရာတွေဘာလုပ်နေလဲ မြန်မြန်အရေယူကြပါ
နောက် ဒီပုံကိုလဲ ၀က်ဆိုဒ်မှာမတင်သင့်တော့ပါဘူး ဘာသာခြားတွေအတွက်
ကိုယ့်ဘာသာပိုပြီတော့ အထင်သေးကြမှာပါ

Unknown said...

မြန်မာတစ်ယောက်အနေနဲ့၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ သာသနာကို ငြိုးနွမ်းမယ့် သတင်းတွေကို တက်နိုင်သလောက် မတင်ပါနဲ့လို့ မေတ္တာရပ်ခံပါရစေဗျာ။

Unknown said...

တောထွက် ရဟန်းကြီး နေမှာပါ
တောင်ပြန်တော.ထွက် သာနာဖျက်တဲ. ငယ်ငယ်တုန်းက ရွာက ဘူန်းဘုန်းပြောတာကြားဖူးတယ် ။ စာလဲ မတတ် ဝိနည်းလဲ မသိ။ လေ.လဲမလေ.လာ ။ဆိုတော.ပိုဆိုးတာပေါ. သာနာထဲကိုလဲဘဝ အခြေအနေမကေင်းလိုရောက်လာတယ်။ သာသနာမှာ ဘူရားပေးတာ စားနေတော.လဲ ကောင်းကောင်းမနေ။လုပ်ချင်တာလျောက်လုပ်တယ် ။ လေဘစောတိုက်ပြီး နှစ်လူံးသုံးလူံးလိုက်နေတဲ. မိန်းမတွေကလဲ ။ တို.ဆရာတော်ပြောသလို နားခေါင်းတာမပါရင် ချီးတောင် စားမယ်.ရုပ်တွေ။ သာသနာဖျက်တွေကိုျြမန်မြန်အရေးယူပြ၊ီးထောင်ချပစ်ပါ ။ နောက်ပြီး ဒီသတင်းကလဲ ကြာပါပြီလို.သိရတယ် ။
ကိုယ်ဘာသာသာသနာကို ဒီလို အတုအယောင်တွေကြောင်. အထင်မသေးရအောင် အမြင်မမှားရအောင် မတင်ပါနဲ.တော. လို.မေတ္တာရပ်ခံပါတယ် ကို သစ်ထူးလွင် ။ ခင်ဗျား ဗုဒ္ဓဘာသာဆိုရင်ပေါ. ဗုဒ္ဓဘာသာမဟုတ်ရင်လဲ
မဟုတ်ရင်လဲ ဘာသာတစ်ခုကို အထင်သေးစေမယ်.အပြုမျိုူး မသိခင်ပြုမိပေမယ်. သိတဲ.အခါမှာ
ခင်ဗျားလို ပညာတတ်တစ်ယေက်မနေနဲ. မပြုသင်.ပါဘူး။ အားလုံးကလဲ တောင်းဆိုနေပြီလေ ထပ်ဆင်.တောင်းဆိုပါတယ်ဗျာ

Unknown said...

အဲဒီ သာသနာ ဖျက်ရဟန်းတုကို သက်ဆိုင်ရာ မြို့နယ်သံဃာ့နာယကအဖွဲ့က အရေးတယူလုံ့လစိုက်ဖေါ်ထုတ် ရှင်းလင်းလသင့်ပါတယ် ဒါမှလည်း သာသနာတော် အဓွန့် ရှည်တည်တန့်ခိုင်မြဲအောင် ဆောင်ရွက်ရာ ရောက်မယ် အနီးအနားက ကိုးကွယ်နေကြတဲ့ ဒကာဒကာမ တွေ ကလည်း သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ်ဆိုပြီး ဥပေက္ခာပြု မနေကြပါနဲ့ ဒါဟာသာသနာကို ဖျက်နေတာ ဥပေက္ခာပြုနေတာဟာလဲ သာသနာဖျက်နေမှုကို သွယ်ဝိုက်သောနည်းနဲ့ အားပေးအားမြှောက်ပြုရာရောက်နေပါတယ် သာသနာဖျက်တွေကိုဖေါ်ထုတ်အရေးယူခြင်းဟာ သာသနာကိုသန့်ရှင်းအောင် သာသနာတော်အကျိုးကို ဆောင်ရွက်ရာ ရောကပါတယ် သိသိကြီးနဲ့ မသိချင်ယောင်ဆောင် လျစ်လျူရှု မနေကြပါနဲ့ ကိုယ့်အမျိုးဘာစာ သာသနာ ကို စောင့်ရှောက်ရမှာ ကိုယ့်တာဝန် ဖြစ်တာကြောင့် ကိုယ့်တာဝန်ကို ကျေပြွန်အောင် ဆောင်ရွက်တာသာဖြစ်တ


သာသနာတော်အဓွန့်ရှည်တည်တန့်ခိုင်ြဲမဲပါစေ

Unknown said...

Oh !it is so ugly for us.

Powered by Blogger.