ရခိုင်ပြည်နယ်တွင် ကြဲစပါး စနစ်ကြောင့် ထွက်နှုန်း လျှော့ကျနိုင်

ရခိုင်ပြည်နယ်အတွင်း ကြဲစပါးစနစ်ကြောင့် တတစ်ဧက စပါးအထွက်နှုန်းများ လျှော့ကျနိုင်ကြောင်း စပါးစိုက်တောင်သူများထံက သိရှိရသည်။

အဆိုပါ ကြဲစပါးမျိုးစေ့စိုက်ပျိုးခြင်းစနစ်သည် တစ်ဧကလျှင် နို့ ဆီဘူးအလုံး(၅ဝ)ဆန့် တောင်း (၅ဝ)ထွက်သော်လည်း စိုက်စပါးမျိုးကဲ့သို့ တစ်ဧကတောင်း(၆ဝ)ခန့်  မထွက်ရှိနိုင်ကြောင်း စစ်တွေမြို့ မှစပါးစိုက်တောင်သူ ကိုမောင်အေးတင်က ဆိုသည်။

“ကြဲမျိုးစပါးစနစ်က စိုက်မျိုးစပါးစနစ်ထွေက်နှုန်းလောက်တော့ထွက်နှုန်းမကောင်းဘူး။ဒီတော့ ဒီနှစ်ထွက်နှုန်းကတော့ လျှော့နိုင် မှာပဲ။”ပာု ကိုမောင်အေးတင်က ပြောသည်။

အဆိုပါ ကြဲမျိုးစပါးများစိုက်ပျိုးရန် ရခိုင်ပြည်နယ်မှလယ်စိုက်တောင်သူများအား လယ်ယာစိုက်ပျိုး ရေးဘဏ်မှ တစ်ဧကလျှင် ကျပ်(၄ဝဝဝဝ)နှုန်း  ထုတ်ချေးပေးကြောင်းကိုလည်း သိရသည်။

ထိုပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲသော အခြေအနေများကြောင့် ဘင်္ဂလီရွာများနှင့် နီးသော လယ်စိုက်ဧကအချို့ တွင်လုံခြုံရေးစိတ်မချရခြင်းကြောင့်ဒေသအချို့တွင် စိုက်ပျိုးနိုင်ခြင်းမရှိကြောင်းကိုလည်း သိရသည်။

ယခုအချိန်ထိ ရခိုင်ပြည်နယ်တစ်ခုလုံးရှိ လယ်ယာစိုက်ပျိုးပြီးဧကမှာ(၁ဝ)သိန်း (၇)သောင်းနှင့် (၉၉)ဧက ရှိကြောင်းရခိုင်ပြည်နယ်လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရသည်။

“ကျွန်တော်တို့ ရခိုင်မှာ လျာထားချက် ဧက ၁၁ သိန်း ၂သောင်း ၅ထောင်ရှိပါတယ်။အခုစိုက်ဧက ၁ဝသိန်း ၇သောင်း ကျော်နေပါပြီ။”ပာု ရခိုင်ပြည်နယ်လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဋ္ဌာန မှ ပြည်နယ် ဦးစီးမှူးဦးခငိမောင်ဝင်းကပြောသည်။

ထိုပြင် မိုးရေချိန်မှာလည်း ပြီးခဲ့ သည် လအတွင်းက (၅)လက်မ မှ (၁၃)လက်မအကြားအထိရောက်ရှိခဲ့ သော်လည်းယခုအချိန်တွင် (၁)လက်မခွဲသာရှိတော့ကြောင်း ပြည်နယ်ဦးစီးမှူးထံက သိရသည်။

ခိုင်းနွား အခက်အခဲရှိသူများအတွက်လည်း လက်တွန်းထွန်စက်များအားအိန္ဒိယနိုင်ငံနှင့် ပြည်းတွင်း ဝန်ကြီးဌာနများဒေသဆိုင်ရာလုပ်ငန်ရှင်ကြီးများမှ လှုဒါန်းမှုများပြုလုပ်ခဲ့ကြရာထွန်စက်စုစုပေါင်း (၄၄)စီးခန့် လယ်သမားများထံ ပေးအပ်ခဲ့ပြီးကြောင်းကိုလည်း လယ်/ဆည်ပြည်နယ်ဦးစီးဋ္ဌာနက သိရသည်။

ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးနေသော စပါးမျိုးများမှာအထူးအထွက်ကောင်းများ၊ ပုလဲသွယ်မျိုးစပ်စပါးများ ၊ဆင်းသွယ် လက် ၊ရတနာတိုး၊ကျော်ဇေယျ၊ရွှေဝါထွန်းစသည်တို့ဖြစ်ကြောင်း ပုလဲသွယ်မျိုးစပ် စပါးမှာ ဧက (၁၂ဝဝဝဝ)ခန့်ရှိကြောင်း သိရသည်။

စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်