ဝန်းသိုမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဌကို လာဒ်စားမှုနှင့် တရားစွဲ
 စစ်ကိုင်းတိုင်း ဒေသကြီး ဝန်းသိုမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဌ
ဦးအောင်မိုး(ဗက-ငြိမ်း)အား စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ မှအောက်ပါ
အချက်များကို မကျေနပ်၍ တရားစွဲဆို လိုက်ကြသည်။
(၁) စစ်မှုထမ်းဟောင်းအဖွဲ့ပိုင်နမ်းခမ်းဘူတာဆိုင်ခန်းအား မိမိသဘောဖြင့်
 ရောင်းချကိုယ်ကျိုးသုံးစွဲခြင်း။
(၂) စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တစ်ဦး၏ နာရေးထောက်ပံ့ငွေအား လက်မှတ်
အတု ထိုးလိမ်လည်ထုတ်ယူ ကိုယ်ကျိုးသုံးစွဲခြင်း။
(၃) တိုးမြှင့်ပင်စင်လစာ ခံစားသော စစ်မှုထမ်းဟောင်းများအား ဆောင်ရွက်ခ
ကျပ်၅ဝဝဝ/ိ-မှ ၁၅ဝဝဝ/ိ-ထိတောင်းခံခြင်း။
(၄) ဝန်းသိုဘူတာ ဆိုင်ခန်းမှအဖွဲ့ ရန်ပုံငွေပေးသွင်းငွေအား စာရင်းဖျောက်
လိမ်လည်၍ကိုယ်ကျိုးသုံးစွဲခြင်း။
(၅) စစ်မှုထမ်းဟောင်းဖော်ထုတ် အိမ်ယာအတွက် ခွင့်ပြုအကွက်(၈ဝ)
ချပေးရာ အကွက်(၂ဝဝ)ရိုက် ၍မြို့ပေါ်ရှိလုပ်ငန်းရှင်များအားရောင်းချခြင်း။ အမှန်တာဝန်ထမ်းဆောင်ခဲ့သူစစ်မှုထမ်းဟောင်းအခိျု့မှာငွေကြေး
 မတတ်နိုင်၍မြေကွက်မရရှိခြင်း။
နာရေးထောက်ပံ့ငွေ အလွှဲသုံးစားမှုအား တရားစွဲဆိုခဲ့ရာ ရောင်းချထား
 သော ပြေစာမူရင်းများ၊ ဦးအောင်မိုးလက်မှတ်အတုထိုးထားသော
ငွေပေးဘောင်ချာများအားတင်ပြခဲ့ပါလျက် ဝန်းသိုမြို့နယ်တရားရုံးမှ
အမှုအားပလပ်လိုက်ခြင်းအတွက် အဖွဲ့ဝင်များမှမကျေမနပ်ဖြစ်ကြသည်။   အမှုအားဆက်လက်တိုင်ကြားရန်အတွက်စီရင်ချက်အားတရားဝင်
ရေးကူးခွင့်လျှောက်ထားခဲ့ရာ ၄င်းတို့တင်ပြထားသောစာချုပ်နှင့်
 ငွေပေးပြေစာအားချန်လှပ်၍ကူးပေးခဲ့ကြောင်း၊  အဖွဲ့ဝင်များမှမေးမြန်းသောအခါမှသာထပ်မံ၍ရေးကူးခွင့်လျှောက်ထား
ကူးစေခဲ့ကြောင်းသိရသည်။
 စစ်မှုထမ်းဟောင်းအိမ်ယာဖော်ထုတ်ရာတွင်လည်း  ခွင့်ပြုထားသောစစ်မှုထမ်းဟောင်းအမည်စာရင်းများတင်ပြီး
 လုပ်ငန်းရှင်များအားရောင်းချထားကြောင်း ၊တစ်ကွက်လျှင်
ကျပ်ငါးသိန်းခန့်ပေါက်နေကြောင်း နှင့် ရောင်းချထားသော
 ငွေများအနက် ကျပ်သိန်းခုနှစ်ဆယ်အား အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနမှ ဒုဦးစီးမှူးမှ ရယူသုံးစွဲထားသည်ဟု ဦးအောင်မိုးမှ
 ပြောကြားကြောင်းသိရသည်။
Myanmar News Now
ဝန်းသိုမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဌကို လာဒ်စားမှုနှင့် တရားစွဲ ဝန်းသိုမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဌကို လာဒ်စားမှုနှင့် တရားစွဲ Reviewed by သစ်ထူးလွင် on 11:44 Rating: 5
No comments:
Powered by Blogger.