ကြို့ကုန်း ဖိနပ်စက်ရုံ ဆိုင်ခန်းပိုင်ရှင်များ ဆန္ဒ ဖော်ထုတ်မည်

ရန်ကုန်၊ သြဂုတ် ၁၈

ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အင်းစိန်လမ်းမကြီး၊ အမှတ်(၁) ဖိနပ်စက်ရုံရှိ ဆိုင်ခန်းများအား သြဂုတ်လ(၂၁)ရက် နောက်ဆုံးထားပြီး ဖယ်ရှား ထွက်ခွာ သွားရန် တောင်းဆိုမှုကြောင့် နစ်နာသူ အငှားဆိုင်ခန်း ပိုင်ရှင် ၁၇ ဦးက ဆန္ဒ ဖော်ထုတ်မည် ဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သူ ဦးလှရွှေက ပြောကြားသည်။

စက်မှုဝန်ကြီး ဌာန၊စက္ကူနှင့် အိမ်သုံးပစ္စည်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ကိုယ်စား ညွှန်ကြားရေးမှူး ဦးဟန်တင်က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

အဆိုပါ ဆိုင်ခန်းများကို ကျပ်သိန်း(၂၅) သိန်း ၀န်းကျင်ဖြင့် ၀ယ်ယူခဲ့ရပြီး နောက်ပိုင်းတွင် အငှားနေထိုင်သူ ပြေစာများဖြင့်သာ ထွက်ရှိခဲ့ကြောင်း၊ ဆိုင်ခန်း ငှားရမ်းခကို တစ်လ လျှင် ကျပ် (၄၈၀၀၀) နှုန်းဖြင့် ပေးချေရကြောင်း ဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သူ ဒေါ်မိုးမိုးအေး ကပြောကြားသည်။

ယခုအခါ ယင်းဆိုင်ခန်း မြေနေရာကို လုပ်ငန်းရှင် တစ်ဦးထံ လွှဲပြောင်း ရောင်းချ လိုသဖြင့် မူလက အဆောက်အဦ ဆောက်လုပ်ပြီး ငှားရမ်းခ ငွေများ စဉ်ဆက်မပြတ် ၀န်ကြီးဌာနသို့ ပေးသွင်းခဲ့သော နစ်နာသူ ဆိုင်ခန်း ပိုင်ရှင်တို့အား နစ်နာကြေး တစ်စုံတစ်ရာ ပေးခဲ့ခြင်း မပြုဘဲ နှင်ထုတ် ခဲ့ခြင်းဖြစ်သည်။

The Voice Weekly
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်