မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး ပါတီစာစောင်အပိတ်ခံရ၊ အာမခံကြေးငွေပါ သိမ်းဆည်း

ဦးတင်မောင်အေး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ မှ ပါတီဝင်များ၊ပြည်သူများ
၊ပြည်တွင်းပြည်ပမီဒီယာများသိစေရန် အသိပေး သတင်းထုတ်ပြန်ခြင်း
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ထုတ်ဝေလျှက်ရှိသော
ဒိုင်ဗားစတီး စာစဉ် အမှတ်(၁၉) ၂၅.၇.၂၀၁၂ ရက်နေ့ထုတ်
အား ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၊
ပုံနှိပ်သူများ၊ထုတ်ဝေသူများ မှတ်ပုံတင်နှင့်စာပေစိစစ်ဖြန့်
ချိရေး လုပ်ငန်းကြီးကြပ်မှုဗဟိုအဖွဲ့ အမိန့်အမှတ် (၁/၂၀၁၂)ဖြင့်
အရေးယူကြောင်း၊အပိုဒ်(၄)ပိုဒ် ပါရှိပြီး အပိုဒ်(၂)ပါန/သ
၀၆၈ ဖြငိ့ ပုံနှိပ်ထုတ်ဝေသော၂၀၁၂ ခုနှစ်၊ဇူလိုင်လ (၂၅)ရက်နေ့ထုတ်
ဒိုင်ဗားစတီး(Diversity)စာစဉ် (၁၉)တွင် နိုင်ငံရေးပါတီနှင့်
သက်ဆိုင်ခြင်းမရှိသော အကြောင်းအရာများကို
ရေးသားထည့်သွင်းဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည် အချက်နှင့်ညွှန်ကြားချက်(၄၂) ပါစည်းကမ်းချက်များကိုချိုးဖောက်သဖြင့် အာမခံကြေးငွေကျပ်ငါးသိန်း(၅၀၀၀၀၀/ိ)အား နိုင်ငံတော်ဘဏ္ဍာငွေ
အဖြစ်သိမ်းဆည်းလိုက်သည် ဟုဖော်ပြထားပါသည်။

အာမခံငွေအားသိမ်း ဆည်းခံရသဖြင့် ပါတီမှစာစဉ်ဆက်လက်ထုတ်ဝေနိုင်ရန်အတွက်
ငွေလိုအပ်သွားပါသည်၊သို့ပါသဖြင့်စာစဉ်များဆက် လက်ထုတ်ဝေနိုင်ရေး အတွက် ပါတီမှထိုငွေကြေးရရှိရန်ကြိုးစားသွားမည်ဖြစ်ပြီး နိုင်ငံရေး အရ လက်ရှိပါတီမှဆောင်ရွက်နေသောကိစ္စရပ်များကိုလည်းဆက်လက်
 ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်ဒီမိုကရေစီနည်းလမ်းကျကျနိုင်ငံ
သားများနှငိ့အတူဆက်လက်ပြီးဥပဒေများထွက်ပေါ်လာရေးအတွက်
လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကြေညာအပ်ပါသည်။

ပါတီ၏လွှဲအပ်ချက်အရ

ဦးတင်မောင်အေး
အထွေထွေအတွင်းရေးမှူး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး ပါတီစာစောင်အပိတ်ခံရ၊ အာမခံကြေးငွေပါ သိမ်းဆည်း မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး ပါတီစာစောင်အပိတ်ခံရ၊ အာမခံကြေးငွေပါ သိမ်းဆည်း Reviewed by သစ်ထူးလွင် on 18:34 Rating: 5

No comments:

Powered by Blogger.