ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နှင့် သံတမန်များ စစ်တွေမြို့ ကို သွားရောက်လေ့လာ

ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နှင့် သံတမန်များ စစ်တွေမြို့ ကို သွားရောက်လေ့လာစဉ် ။ ဓါတ်ပုံ (မြ၀တီ)
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် သံတမန်လေ့လာရေးအဖွဲ့ဝင်များ စစ်တွေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပကတိအခြေအနေမှန်များအား သွားရောက်လေ့လာ ခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး၊ တာဝန်ရှိသူများနှင့် ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာအကြီးအကဲများသည် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သည့် ပကတိအခြေအနေမှန်များအား သြဂုတ် ၁ ရက် နံနက် ၈ နာရီက စစ်တွေမြို့ ပတ်ဝန်းကျင်တစ်လျှောက် သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီး ဒုက္ခသည်များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေးထားမှုအခြေအနေများကို သံတမန်အဖွဲ့များအား ရှင်းလင်းပြောကြားခဲ့ကြောင်း မြ၀တီ ဖေ့စ်ဘုတ် အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နှင့် သံတမန်များ စစ်တွေမြို့ ကို သွားရောက်လေ့လာ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နှင့် သံတမန်များ စစ်တွေမြို့ ကို သွားရောက်လေ့လာ Reviewed by သစ်ထူးလွင် on 10:41 Rating: 5

No comments:

Powered by Blogger.