မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ကျန်ရှိ

ရန်ကုန်၊ သြဂုတ် ၂

သမ္မတဦးသိန်းစိန် အရပ်သား အစိုးရအဖွဲ့ လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် သုံးကြိမ်ထုတ်ပြန်ခဲ့သည့် တိုင်အောင် အကျဉ်းထောင် အသီးသီးတွင် မလွတ်မြောက်သေးသော နိုင်ငံရေး အကျဉ်းသား ၃၀၂ဦးနှင့် အထက်ကျန်ရှိနေသေးကြောင်း ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများ စာရင်းကို ပြုစုနေသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးထွန်းကြည်က ပြောကြားသည်။

ရန်ကုန်မြို့နှင့်မန္တလေးမြို့တော်ရှိ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား အများစု ကျန်ရှိနေသေးပြီး လူသိများသော နိုင်ငံရေးသမားများ ဖြစ်သည့် လိုင်ကော် အကျဉ်းထောင်တွင် ကျနေသည့် ကိုမြင့်အေး ( HRDP) လူအခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၊ X2O သင်္ကြန် ရေကစားမဏ္ဍပ်
ဖောက်ခွဲမှုအဖြစ် ကိုဖြိုးဝေအောင်တို့ ကျန်ရှိနေသေးကြောင်း ၄င်းက ရှင်းပြသည်။

ကိုဖြိုးဝေအောင်သည် ယခု အင်းစိန်ဆေးရုံးတွင် အသဲကင်ဆာ နောက်ဆုံးအဆင့်ဖြင့်ရောက်ရှိနေပြီး အောက်ပိုင်း သေဆုံးနေပြီဖြစ်ကြောင်း၊မိသားစုက အကန့်အသတ်ဖြင့် တွေ့ဆုံခွင့်ရပြီး ၄င်း၏ နောက်ဆုံး အခြေအနေတွင် မိသားစုနှင့်အတူ နွေးနွေးထွေးထွေး နေခွင့်ပေးသင့်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ.အစည်းအသီးသီးမှ အဖွဲ့ဝင်အချို့သည် မြန်မာနိုင်ငံ၏ အကျဉ်းထောင်အသီးသီးတွင်ရှိနေသေးခြင်းသည် ဒီမိုကရေစီ အစိုးရ ဖော်ဆောင်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးများအတွက် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောကြားသည်။

လက်ရှိ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၃၅၀ကျော်၏ ၃ပုံ ၂ပုံသည် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဘ၀များ ချို့တဲ့ နွမ်းပါးလျက် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းအချို့က ပြောကြားသည်။

The Voice Weekly
မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ကျန်ရှိ မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ကျန်ရှိ Reviewed by သစ်ထူးလွင် on 17:42 Rating: 5

No comments:

Powered by Blogger.