ဒုသမ္မတဦးဥာဏ်ထွန်း ခရီးစဉ်အတွက် သုံးခွမြို့ လမ်းဘေးရှိ ဆိုင်ခန်းများအားလုံး အတင်းအဓမ္မဖျက်သိမ်းခံရ

သုံးခွမြို့  စည်ပင် ဦးစီးမှုး
ဒုတိယ သမ္မတကြီးနှင့် အဖွဲ့အား သုံးခွမြို့  နေပြည်သူများမှ လှိုက်လှဲစွာကြိုဆိုပါ၏။ သို့သော်.........

          လွန်ခဲ့သော ငါးရက်ခန့်မှ  စ၍(၂၅-၈-၂၀၁၂) စနေနေ့တွင် ဒုတိယ
သမ္မတကြီး ဦးဥာဏ်ထွန်း နှင့် အဖွဲ့ဝင်များ သုံးခွမြို့နယ် အပါအ၀င် ခရမ်းမြို့
နယ်များသို့ ပြည်သူများ၏ အခက်အခဲများနှင့် လိုအပ်ချက်များ ကိုသိရှိရန် အတွက်လာရောက်မည် ဖြစ်ကြောင်း သတင်းရသဖြင့် သုံးခွနေပြည်သူများမှ
မိမိတို့၏ဒေသ အတွင်း ဘက်စုံဖွံဖြိုး တိုးတက်မှုများ ဖြစ်ပေါ်လာမည်ကို
 တွေးဆမိ၍ လှိုက်လှဲ ၀မ်းသာဖြစ်မိ ပါသည်။

    (၂၃-၈၂၀၁၂) ကြာသပတေးနေ့မှ စတင်၍ သုံးခွမြို့နယ် အုပ်ချုပ်ရေးမှူးမှ ကွပ်ကဲကာ မြို့နယ်စည်ပင် သာယာရေး ဦးစီးမှူးနှင့် လက်အောက် ခံဝန်ထမ်း များမှ တစ်ခါမှ မကြုံဖူးသော မြို့ နယ် သန့် ရှင်းသပ်ရပ်ရေး အတွက် မြို့ နယ်နေ လူထု မှ အံ့သြရလောက်အောင် အားသွန်ခွန်စိုက် နေ့  ည မပြတ် စီမံ ဆောင်ရွက် ခဲ့ကြကြောင်း မျက်မြင်တွေ့ရှိ ၍ ပြည်သူလူထု မှ အားရကျေနပ်မိပါသည်။

          သို့ သော်........... ထိုဝမ်းသာကျေနပ်မှုမှာ အချိန်ပိုင်းလောက်သာ ခံစားခဲ့ရ ပါသည်။
အကြောင်းမှာ ဒုတိယ သမ္မတကြီးနှင့်အဖွဲ့သွားရာလမ်းတလျှောက် ရှိ မရှိဆင်းရဲ သား ဈေးဆိုင်ငယ် များ ကိုအတင်းအဓမ္မ ဖျက်သိမ်းခိုင်း ခဲ့သည်။ ယင်းဈေး ဆိုင်ငယ်လေးများနှင့် ရောင်းချနေရ သော ဈေးသည်များသည် မရှိဆင်းရဲသား၊ တစ်နေ့ လုပ်တစ်နေ့ စား ကျောမွဲလူတန်းစား များဖြစ် ပါသည်။

 မြို့ နယ်စည်ပင်သာယာ ဦးစီးမှူးနှင့်အဖွဲ့ ထိုသို့  အတင်းအဓမ္မဖျက်သိမ်း ခိုင်း သည်ကို မျက်မြင်တွေ့  ရှိသော မြို့ နေ လူထု မှာထိုဈေးသည်များအား ဂရုဏာ သက်မိပြီး ပျော်ရွင်ခဲ့ ရသော စိတ်ခံစား မှု များ အစား ဒေါသ စိတ်များ ဖြစ်ပေါ်ခဲ့ရပါသည်။

          ယခုလို ဒီမိုကရေစီ စနစ်ကိုကျင့်သုံးနေ သောအချိန်အခါ၌ နိုင်ငံတော်သမ္မတကြီးနှင့် အကြီးအကဲများ  က ဆင်းရဲမွဲတေမှု ပပျောက်ရေး အထူးအလေးထားဆောင်ရွက်နေ ချိန်တွင် နိုင်ငံ နှင့်အ၀ှမ်း အောက်ခြေရှိ အကျင့်ပျက်ဝန်ထမ်းများ သည်ခေတ်နောက်ပြန် ရှေးရိုးစွဲ ကိုယ်ကျိုး ရှာ ၍ ပြည်သူလူထု အပေါ် နိုင်လို မင်းထက် ယနေ့ တိုင်ပြုကျင့် နေ သည်ကို တွေ့ ရှိ နေရဆဲ ဖြစ်ပါသည်။

ကိုကိုချစ်(သုံးခွ)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်