လွှတ်တော်နိုင်ငံရေးနှင့်လွှတ်တော်ပြင်ပနိုင်ငံရေးကို ပိုမိုထိရောက်စွာ ချိတ်ဆက်လုပ်ဆောင်နိုင်ရန် ယနေ့ ဇူလိုင်(၃)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်း အဝေးဆုံးဖြတ်ချက်များအရ ကော်မတီ(၂)ရပ်ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။
ဒီချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဥရောပခရီးစဉ်သတင်းစာရှင်းလင်းပွဲအပြီး နေ့လည် (၁၁း၀၀) မှ (၁၂း၃၀)အထိ တစ်နာရီခွဲကြာကျင်းပပြီးနောက် လွှတ်တော်ရေးရာကော်မတီ နှစ်ခုဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်။
အဆိုပါကော်မတီများမှာ လွှတ်တော်လုပ်ငန်းကော်မတီနှင့် လွှတ်တော်ဆိုင်ရာကော်မတီတို့ဖြစ်သည်။
လွှတ်တော်လုပ်ငန်းကော်မတီအား ကြားဖြတ်ရွေးကောက်ပွဲမှ လွှတ်တော်အတွင်း ရောက်ရှိသွားသည့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ်များပါဝင်ပြီး လွှတ်တော်ဆိုင်ရာ ကော်မတီတွင် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သော အလုပ်အမှုဆောင်များအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းကာ ဦးဥာဏ်ဝင်းက ဦးဆောင်ခြင်းဖြစ်သည်။
ယနေ့ပြုလုပ်သည့် ဥရောပခရီးစဉ်သတင်းစာရှင်းလင်းပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးအားဆက်လက်ကျင်းပခဲ့ခြင်းဖြစ်သည်။
(မြစ်မခ)
by Myit Makha Mediagroup
ဒေါ်အောင်ဆန်းစုကြည်ပါဝင်သော လွှတ်တော်လုပ်ငန်းကော်မတီဖွဲ့စည်း
Browse › Home ›
မြန်မာ့သတင်း
» ဒေါ်အောင်ဆန်းစုကြည်ပါဝင်သော လွှတ်တော်လုပ်ငန်းကော်မတီဖွဲ့စည်း
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။





