ဘင်္ဂလီဆိုင်ခန်းများအား ပြောင်းရွှေ့ခိုင်းပြီးနောက် စစ်တွေမြို့မဈေးကြီး ပြန်ဖွင့်မည်

လွန်ခဲ့သည့်(၂)ပါတ်အကြာကတည်းကပိတ်ထားရသောစစ်တွေမြို့မဈေးကြီးကိုဇွန်လ(၄)ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရှိရရှိသည်။

“ဈေးအတွင်းမှာရှိတဲ့ဘင်္ဂလီတွေပိုင်တဲ့ဆိုင်ခန်းတွေကပစ္စည်းတွေကိုထုတ်လိုက်ပါပြီ၊ရခိုင်ဆိုင်ခန်းတွေပဲ ကျန်ပါတော့တယ်’’ဟု မြို့မဈေး အနီးမှ ဒေသခံတစ်ဦးကပြောသည်။

ယနေ့တွင်စစ်တွေမြို့မြို့မဈေး၌တာဝန်ရှိသူတို့အစည်းဝေးပြုလုပ်၍ဇွန်လ(၄)ရက်နေ့ဖွင့်လှစ်နိုင်ရန်ဆုံးဖြတ်ခဲ့ပြီးစစ်တွေမြို့မဈေး အတွင်းရှိဘင်္ဂလီဆိုင်ခန်းများမှပစ္စည်းများကိုပိုင်ရှင်များသို့ပေးအပ်ခဲ့ပြီးနောက်ဈးကို ပြန်လည်ဖွင့်လှစ်ရန် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

“မနက်ဖြန် မနက် ၈နာရီမှာ သံဃာတော်တွေပင့်ပြီးတော့ ဈေးကို ပရိတ်နာပါမယ်၊ နေ့လည်ပိုင်းလောက် မှာတော့ ဖွင့်ဖြစ်ဖို့ များပါတယ်၊အခု စည်ပင်က လူကြီးတွေနဲ့ ဈေးက တာဝန်ရှိသူတစ်ချို့ အစည်းဝေး လုပ်ကြ ပါတယ်”ဟု စစ်တွေမြို့မဈေးကြီးတွင် တာဝန်ကျရဲအရာ ရှိတစ်ဦးကပြောသည်။

လူမျိုးရေးအဓိကရုဏ်းများကြောင့်စစ်တွေမြို့ မြို့မဈေးကြီးကိုယခုလ (၈)ရက်နေ့က အရေးပေါ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

 “စစ်တွေအခြေနေမှာတည်ငြိမ်နေပါတယ်၊ပထမတော့ဈေးကိုဘင်္ဂလီတွေလာပြီးမီးရှို့မယ်ဆိုတဲ့သတင်းတွေထွက်လာကြောင့် မြို့မဈေးကို မဖွင့်ပါဘူး၊ အခုဆိုရင် မြို့မဈေးမှာဘင်္ဂလီဈေးဆိုင်ခန်းတွေက ပစ္စည်းတွေ ကို ပိုင်ရှင်တွေနဲ့ထုတ်ယူပြီး ဘင်္ဂလီတွေနေထိုင် တဲ့နေရာတွေဆီ ရွှေ့ပြောင်းလိုက်ပါပြီ၊ ဒါကြောင့် ဈေးဆိုင်ကို လည်းဖွင့်ဖို့အတွက်  တာဝန်ရှိသူတွေရဲ့ ညှိနှိုင်းဆုံးဖြတ်ချက်အရ  ဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ’’ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ဒေသခံအများစုကမူစစ်တွေမြို့မဈေးကြီးအမြန်ဖွင့်ရန် လိုလားနေကြကြောင်းသိရသည်။ လက်ရှိအချိန်တွင် စစ်တွေမြို့မဈေးကြီးအတွင်း လုံခြုံရေးချထားဆဲဖြစ်သည်။

“မေယုဈေးတော့ဖွင့်ထားပါပြီ မြို့မဈေးကြီးပဲဖွင့်ဖို့ကျန်ပါတော့တယ်’’ဟုမေယုဈေးတွင်း ဈေးရောင်းနေသူ ဦးလှဝင်းကပြောသည်။

မိုးဝေ (မြစ်မခ)
by Myit Makha Mediagroup
ဘင်္ဂလီဆိုင်ခန်းများအား ပြောင်းရွှေ့ခိုင်းပြီးနောက် စစ်တွေမြို့မဈေးကြီး ပြန်ဖွင့်မည် ဘင်္ဂလီဆိုင်ခန်းများအား ပြောင်းရွှေ့ခိုင်းပြီးနောက် စစ်တွေမြို့မဈေးကြီး ပြန်ဖွင့်မည် Reviewed by သစ်ထူးလွင် on 08:10 Rating: 5

No comments:

Powered by Blogger.