မန်းတွင် ဓာတ်ဆီဆိုင်ဖွင့်လှစ်ခွင့်ပြုခြင်းနှင့်ပတ်သတ်၍ မန်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးရှင်းလင်း

မန်းတွင်ဓာတ်ဆီဆိုင်ဖွင့်လှစ်ခြင်း မန်းလျှပ်စစ်ဝန်ကြီးရှင်းလင်းပွဲ
မန္တလေးမြို့ ပေါ်အပါအ၀င် မန္တလေးတိုင်း ဒေသကြီးအတွင်း စက်သုံးဆီ အရောင်းဆိုင် များဖွင်လှစ် ရောင်းချခွင့် ပြုနေခြင်းနှင့် ပတ်သတ်၍ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဒေါက်တာ မြင့်ကြူက မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ဇူလိုင်လ ၂၄ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့၊ယခင် တ.ရ.က ရုံးဟောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ၀န်ကြီးက အစိုးရသစ်လက်ထပ် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရောင်းချခွင့်ပြုနေခြင်းနှင့် ပတ်သတ်၍ စက်သုံးဆီဆိုင် ရောင်းချခွင့်လိုင်စင်ချထားပေးမှု၊စက်သုံးဆီဆိုင်ဖွင့်လှစ်ခွင့် လိုင်စင်ရရှိရန် လိုအပ်သော အချက်များစသည်တို့ကို အသေးစိတ်ရှင်းလင်းပြောပြသည်။

 “မန္တလေးမြို့ပေါ်အပါအ၀င် မန္တလေးတိုင်းမှာ စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချပြီး လိုတယ်ဆိုရင် လျှောက်ထားနိုင်ပါတယ်။သက်ဆိုင်ရာဌာနတွေက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ကိုက်ညီရင် စက်သုံးဆီဖွင့်လှစ်ရောင်းချခွင့်ရပါမယ်” ဟု ၀န်ကြီးဒေါက်တာမြင့်ကြူက ပြောသည်။ စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချခွင့်ရရန်အတွက် အန္တရာယ်ကင်းရှင်းကြောင်းသက်ဆိုင်ရာမြို့နယ် ခရိုင်ထောက်ခံချက်၊မီးသတ်ဦးစီးဌာန ၏ ထောက်ခံချက်၊သတ္တုတွင်း ၀န်ကြီးဌာန၏ ထောက်ခံချက် ၁နှစ် ၀န်ကြီးဌာန၏ထောက် ခံချက်၊မြို့နယ် ၊ခရိုင် စည်ပင်ထောက်ခံချက် စသည့် မူလိုအပ်မည်ဖြစ်ပြီးစည်းကမ်းချက်တွင်းနှင့် ညီညွှတ်လျှင် ဓါတ်ဆီဆိုင်ဖွင့်လှစ်ရန်မည်သူမဆို လျှောက်ထားနိုင်ကြောင်းဝန်ကြီးကပြောသည်။ အခမ်းအနားသို့ ၀န်ကြီးနှင့်အတူ မန်းတိုင်းမီးသတ်ဦးစီးဌာနများ၊သတ္တုတွင်းဝန်ကြီး ဌာန၊စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့ရေနံနှင့် လောင်စာဆီတင်သွင်းရောင်းချမှုများ စစ်ဆေးရေးအဖွဲ့စသည့်စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချခွင့်ပြုရာတွင်သက်ဆိုင်သောဌာန ဆိုင်ရာ တာဝန်ရှိသူများလည်းတတ်ရောက်ခဲ့ကြပြီး ၄င်းတာဝန်ရှိသူများမှလည်း သက်ဆိုင်ရာ ၀န်ကြီးဌာနအလိုက် စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခွင့်ရရှိရေး လိုအပ်သော စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောပြခဲ့ကြသည်။

Popular Myanmar News Journal
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်