ဟိုတယ်နှင့်ခရီးသွားစီမံခန့် ခွဲမှု့ ဘာသာရပ်ပို့ချရာတွင် အင်္ဂလန်မှ နံပါတ် (၁)အဆင့် တက္ကသိုလ် University of Surrey မှ ပညာသင်ထောက်ပံကြေးကမ်းလှမ်းပြီ

http://crowneducation.nazuka.net/?p=4069
Hospitality and Tourism degrees အဆင့်တွင် UK ၏ နံပါတ် (၁) သတ်မှတ်ခံရသော University of Surrey မှ ပညာသင်ထောက်ပံ့ကြေးအဖြစ် ပေါင် ၂၅၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပညာသင်ထောက်ပံ့ကြေးမှာ  University of Surrey ၏ Foundation နှင့် ညီမျှသော International Study Center တွင်တက်ရောက်မည့် ကျောင်းသူကျောင်းသားများကို ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊ စစ်တမ်းကောက်ယူမှုများအရ University of Surrey တွင်ကျောင်းပြီးသောကျောင်းသားကျောင်းသူများမှာ (၆)လအတွင်း အလုပ်အကိုင်ရရှိမှုနှုန်း ၉၄.၈% ရှိကြောင်း  Higher Education University Guide 2012 တွင်ဖေါ်ပြပါရှိသည်၊၊ ဗြိတိန်နိုင်ငံရှိတက္ကသိုလ်များအားပေးအပ်လေ့ရှိသော ဂုဏ်သရေအရှိဆုံးဆုတစ်ခုဖြစ်သည့် Queen’s Anniversary Prize အား University of Surrey ၏ marine researcher များက ၂၀၁၁ ခုနှစ်တွင် ထပ်မံရရှိခဲ့သည်။ ရေကောင်းရေသန့်ရရှိရေးစနစ်၊ ရေဆိုးရေညစ်သန့်စင်ရေးစနစ်နှင့် အခြားအရေး ပါသောနယ်ပယ်များတွင် University of Surrey ၏ သုတေသနလုပ်ငန်းများသည် ပထမတန်းစားအဖြစ် အသိအမှတ်ပြုခံရသောကြောင့် အဆိုပါဆု ကိုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။  University of Surrey သည် Guildford မြို့လယ် ခေါင်မှ ၁၅မိနစ်ခန့် ခြေလျင်အကွာအဝေးတွင်ရှိပြီး၊ London မှ မိနစ် ၄၀ ခန့် ရထားဖြင့်ခရီးသွား အကွာအဝေးတွင် တည်ရှိပါသည်။

University of Surrey တွင် Business, Economics, Law and Politics International Foundation Year ၊ Engineering, Science and Mathematics International Foundation Year နှင့် Economics Pre-Masters ဘာသာရပ်များကိုလေ့လာသင်ယူနိုင်ပြီး၊ တက္ကသိုလ်သို့ ဝင်ခွင့် တိုက်ရိုက်လျှောက်ထားပါက ၀င်ခွင့်ရရှိရန် ခက်ခဲလေ့ရှိကာ University of Surrey Campus တွင်နိုင်ငံတကာကျောင်းသားများအတွက် အထူးရည်ရွယ်ဖွင့်လှစ် ထားသော International Study Centre မှတဆင့်တက်ရောက်ပါက ၀င်ခွင့်ပိုမိုလွယ်ကူနိုင်ပါသည်၊၊

(၁၀)တန်းအောင်မြင်ပြီးသူများ International Foundation Year  မှစတင်တက်ရောက်နိုင်ပြီး၊ Terms (၃)ခု လေ့လာသင်ယူရ မည်ဖြစ်ကာ၊ Study Skills, Academic subjects, Project Study, English Language Training အပါအ၀င် သက်ဆိုင်ရာအထူးပြုဘာသာရပ်များကို သင်ယူ ရမည်ဖြစ်သည်၊၊ Business, Economics, Law and Politics International Foundation Year ၏ ပညာသင်စရိတ်(၁)နှစ်စာမှာ £11,985 ကုန်ကျမည်ဖြစ်ပြီး၊ Engineering Science and Mathematics International Foundation Year မှာ £12,600 ကုန်ကျမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် IELTS (သို့မဟုတ်) TOEFL မှ လွဲ၍ တခြားမည်သည့် စာမေးပွဲမှ   ဖြေစရာမလိုဘဲ CROWN Education ၏ Partner အဖွဲ့အစည်းဖြစ်သော Study Group မှ တစ်ဆင့် International Foundation Year သို့ တိုက်ရိုက် တက်ရောက်ခွင့်ရရှိနိုင်ပါသည်။ Pre-Masters in Economics အတွက် ပညာသင်စရိတ်မှာ £12,750 ကုန်ကျမည်ဖြစ်သည်။ Intake များကို စက်တင်ဘာလနှင့် ဇန်န၀ါရီလများတွင် ခေါ်ယူလေ့ရှိသည်။ ကျောင်းသားကျောင်းသူများအနေဖြင့် Foundation Year တက်ရောက်ပြီးနောက်၊ တက္ကသိုလ်ဒုတိယနှစ်အောင်မြင်ပြီးချိန်တွင် UK ၏ နာမည်ကျော်လုပ်ငန်းစုကြီးများဖြစ်ကြသည့် Motorola Solutions၊ Four Seasons Hotel Hampshire စသည်တို့နှင့် ချိတ်ဆက်လျက် အလုပ်သင်အဖြစ်လုပ်ကိုင်နိုင်သည့်အတွက် ကျောင်းပြီးအလုပ်အကိုင်အခွင့်အလမ်းများတွင် အထောက်အပံ့ကောင်းပေးနိုင်ပါသည်။

 Foundation Year ပြီးမြောက်ပါက တက်ရောက်နိုင်သော Degree များ -

 • BSc Accounting and Financial Management

• BSc Applied Psychology and Sociology

• BSc Business and Retail Management

• BSc Business Economics

• BSc Business Economics with Finance

• BSc Business Management

• BSc Business Management and English for International Communications

• Bsc Criminology and Sociology

• BSc Economics

• BA Film Studies with Creative Writing

• BA Film Studies

• BSc International Hospitality & Tourism Management

• BSc International Hospitality Management

• BA International Politics

• BA International Politics and Englishfor International Communication

• LLB Law

• LLB Law with Criminology

• LLB Law with International Studies

• BSc Media Studies

• BA Politics with Policy Studies

• BSc Psychology

• BSc Sociology

• BSc Sociology Culture and Media

• BA Theatre Studies

• BSc Tourism Management

• BEng or MEng Aerospace Engineering

• BEng or MEng Audio Media Engineering

• BSc Biochemistry (Medical)

• BSc Biochemistry (Neuroscience)

• BSc Biochemistry (Pharmacology)

• BSc Biochemistry (Toxicology)

• BSc Biochemistry

• BSc Biotechnology

• BEng or MEng Chemical and Bio-Systems Engineering

• BEng or MEng Chemical Engineering

• BSc or MChem Chemistry

• MChem Chemistry with Forensic Investigation

• BEng or MEng Civil Engineering

• BSc Computer Science

• BSc Computer Science & Engineering

• BSc Computing & Information Technology

• BEng Digital Media Engineering

• MEng Digital Media Engineering

• BEng Electronic Engineering

• MEng Electronic Engineering

• BEng Electronics & Computer Engineering

• MEng Electronics & Computer Engineering

• MEng Electronics with Satellite Engineering

• BSc Financial Mathematics

• BSc Food Science and Microbiology

• BSc Mathematics

• MMath Mathematics

• BSc Mathematics and Computing Science

• BSc Mathematics with Business Studies

• BSc Mathematics with Management

• BSc Mathematics with Statistics

• BEng Mechanical Engineering

• MEng Mechanical Engineering

• BEng or MEng Medical Engineering

• MChem Medicinal Chemistry

• BSc Microbial Genetics

• BSc Microbiology (Medical)

• BSc Microbiology

• BSc Nutrition and Food Science

• MPhys or BSc Physics

• MPhys or BSc Physics with Finance

• BSc Physics with Nuclear Astrophysics

• MPhys Physics with Nuclear Astrophysics

• MPhys or BSc Physics with Satellite Technology

• MEng or BSc Space Technology & Planetary Exploration

• Telecommunications Systems

နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာများဖြစ်သည့် IDCS (သို့မဟုတ်) အခြားဒီပလိုမာများ ရရှိထား သူများအနေဖြင့် Foundation Year ကို တက်ရောက်ရန် မလိုဘဲ တက္ကသိုလ်ပထမနှစ်ကို Direct entry လျှောက်ထားနိုင်ပါသည်။ ISC တွင် တက်ရောက်ရမည့် Pre-Masters in Economics ပရိုဂရမ်အောင်မြင်ပြီးပါက Master Degree ပရိုဂရမ်များဖြစ်သည့် MSc Economics၊ MSc Energy Economics and Policy၊ MSc International Economics၊ Finance and Development နှင့် MSc Business Economics and Finance တို့ကို University of Surrey တွင် ဆက်လက်တက်ရောက်နိုင်ပါသည်။

Foundation Year ၀င်ခွင့်ဆိုင်ရာ လိုအပ်ချက်များအနေဖြင့် မြန်မာနိုင်ငံမှ (၁၀)တန်းအောင်မြင်ပြီး၊ သို့မဟုတ် GCE ‘O’ အဆင့် ပြီးဆုံးထားသူများနှင့် IELTS 5 (သို့မဟုတ်) TOEFL 510 ရရှိထားသူများ လျှောက်ထားနိုင်ပါသည်။ Pre-Masters Program များအတွက် ဒီဂရီတစ်ခုနှင့် IELTS 6.0 ရရှိထားသူများ   လျှောက်ထားနိုင်ပါသည်၊၊ http://www.surrey.ac.uk သည် University of Surrey ၏ တရားဝင်လွှင်ပတင်ထားသည့် ၀က်ဘ်ဆိုက်ဖြစ်သည်။ ၄င်း ၀က်ဘ်ဆိုက်တွင် University of Surrey အကြောင်း၊ University of Surrey တွင် တက်ရောက်သင်ကြားနိုင်သည့်ဘာသာရပ်များအကြောင်းနှင့် သတင်းများကို ဖော်ပြထားရှိပါသည်။ ကျောင်းသားကျောင်းသူများအတွက် ကျောင်းလခများဖော်ပြထားရှိသည့်အပြင် တခြားမိမိလေ့လာစရာများကိုလည်း ကဏ္ဍအလိုက်ဖော်ပြထားရှိသည်။ ပညာသင်ဆုလျှောက်ထားရန် အသေးစိတ်အချက်အလက်များကို CROWN Education, Summit Parkview Hotel, အခန်း (၂၂၈/၂၂၉) ဖုန်း – ၀၉ ၅၀၈၅ ၁၈၅ နှင့် ၀၉ ၇၃၂ ၇၃၂ ၇၇ တွင်ဆက်သွယ်စုံစမ်းနိုင်ပါသည်၊၊
ဟိုတယ်နှင့်ခရီးသွားစီမံခန့် ခွဲမှု့ ဘာသာရပ်ပို့ချရာတွင် အင်္ဂလန်မှ နံပါတ် (၁)အဆင့် တက္ကသိုလ် University of Surrey မှ ပညာသင်ထောက်ပံကြေးကမ်းလှမ်းပြီ ဟိုတယ်နှင့်ခရီးသွားစီမံခန့် ခွဲမှု့ ဘာသာရပ်ပို့ချရာတွင် အင်္ဂလန်မှ နံပါတ် (၁)အဆင့် တက္ကသိုလ် University of Surrey မှ ပညာသင်ထောက်ပံကြေးကမ်းလှမ်းပြီ Reviewed by သစ်ထူးလွင် on 16:11 Rating: 5

No comments:

Powered by Blogger.