ရမည်းသင်းမြို့တွင် ရဲတပ်ဖွဲ့ဝင်များမှ မတရားရိုက်နှက် စစ်ဆေးခြင်းကြောင့်လူတစ်ဦးသေဆုံး
မန္တလေးတိုင်း ရမည်းသင်းမြို့၊ မြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ၏
မတရား။ ရိုက်နှက်စစ်ဆေးခြင်းကြောင့် ရမည်းသင်းမြို့၊ ကျောင်းတိုက်စုရပ်နေ
အသက် (၃၈)နှစ်ရှိ (ဘ) ဦးအေး၏သားဖြစ်သူ
ကိုကျော်မိုးနိုင်သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။
ရဲချုပ်ဦးကျော်ကျော်ထွန်းတို့အား ပေးပို့ထားသော မူရင်းစာအတိုင်း
ပြည်တွင်းသတင်းစိတ်ဝင်စားသူများနှင့် မတရားမှုပပျောက်ရေးနှင့်
တရားဥပဒေစိုးမိုးရေးကို လိုလားသူများအားလုံး သိရှိစေရန် တင်ပြအပ်ပါသည်။
သေဆုံးသူ၏ဓါတ်ပုံနှင့် သေဆုံးသူမိသားစု၏ဓါတ်ပုံများကိုလည်း
ပူးတွဲတင်ပြအပ်ပါသည်။ သေဆုံးမှုမှာ 1.6.2012 တွင်ဖြစ်ပွားခဲ့သော်လည်း
ယခုအချိန်ထိ စုံစမ်းစစ်ဆေးမှုများလုံးဝမပြုလုပ်ရသေးကြောင်း သိရှိရပါသည်။
Myanmar News Now
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်း အပုဒ် (၃၀)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
30 Days Stats
Sponsors
သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ
အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်
တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ
ကျန်းမာရေးနှင့် ဖျော်ဖြေရေး
အင်္ဂလိပ်သတင်းများ