အသက် ၂၂ နှစ်အောက် အာရှဖ လားခြေစစ် ပွဲများ၏ နောက်ဆုံး အခြေအနေ

ရန်ကုန်၊ ဇွန်- ၂၉
အာရှဘော လုံးအဖွဲ့ချုပ် (AFC)က ပထမဆုံး အကြိမ်ကျင်း ပမည့် AFC U-22 အာရှဖလား အတွက်ခြေ စစ်ပွဲစဉ် များကို အုပ်စု(၇) စုခွဲ၍ ယခုနှစ်ဇွန်လ အတွင်း ကျင်းပလျက်ရှိသည်။ ရန်ကုန်တွင် ကျင်းပလျက်ရှိသည့် အုပ်စုတွင် ပွဲစဉ်သုံးပွဲ ယှဉ်ပြိုင်အပြီး တောင်ကိုရီးယားနှင့် အိမ်ရှင်မြန်မာအသင်းတို့သည် ရမှတ်(၇)မှတ်စီ တူညီနေသော်လည်း တောင်ကိုရီးယားအသင်းက (ဂိုးကွာခြားချက်)ဖြင့် အုပ်စုကို ဦးဆောင်ထားသည်။

အဆိုပါပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များကို အာရှနိုင်ငံပေါင်း ၄၁ နိုင်ငံမှ အသက် ၂၂ နှစ်အောက် လူ ငယ်ဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး၊ အသင်းခြောက် သင်းပါ အုပ်စုခြောက်ခုနှင့် အသင်း ငါးသင်းပါ အုပ်စုတစ်ခု စုစုပေါင်းအုပ်စု (၇)ခု ခွဲဝေထားသည်။ အုပ်စုတစ်ခုစီမှ ပထမ၊ ဒုတိယအသင်း စုစုပေါင်း ၁၄ သင်းနှင့် အုပ်စု အားလုံးမှအကောင်းဆုံးတတိယရသည့်တစ်သင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ် သည်။

ဇွန်လ ၁၆ ရက်မှ ၂၄ ရက် အထိ နီပေါနိုင်ငံတွင် ယှဉ်ပြိုင်က စားခဲ့သည့် အုပ်စု(D)တွင် ဂျော်ဒန်နှင့် ဥဇဘက်ကစ္စတန်အသင်းတို့သည် အစောဆုံးခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်သည်။ ယင်း အုပ်စုတွင် အိမ်ရှင်နီပေါ၊ ဂျော်ဒန်၊ ဥဇဘက်ကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ယီမင်အသင်း ငါးသင်းပါဝင်ခဲ့ပြီး ဂျော်ဒန်အသင်းက လေးပွဲစလုံးအ နိုင်ရကာ ရမှတ် ၁၂ မှတ်ဖြင့် အုပ်စုပထမရရှိခဲ့သည်။ ဥဇဘက်ကစ္စတန်နှင့် ယီမင်အသင်းတို့မှာ ရ မှတ် (၇)မှတ်စီ တူညီသော်လည်း ဂိုးကွာခြားချက်အရ ဥဇဘက်ကစ္စတန်အသင်းက အုပ်စုဒုတိယနေ ရာဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ခြေစစ်ပွဲအုပ်စု( A,B,C,F,G)များကို ဇွန်လ ၂၃ ရက်မှ ဇူလိုင်လ ၃ ရက် အထိ ကျင်းပလျက်ရှိသည်။ ဇွန် လ ၂၉ ရက်ထိ ပွဲစဉ်များအပြီး တွင် အုပ်စု (A) မှ အီရတ်၊ ယူအေအီး၊ အုပ်စု- B မှ ဆီးရီးယား၊ ဆော် ဒီအာရေးဗီးယား၊ အုပ်စု (C) အီရန်၊ ကာတာ၊ အုပ်စု (F) မှ တရုတ်၊ မြောက်ကိုရီးယားအသင်းများက အုပ်စုပွဲစဉ်များတွင် ရမှတ်အများဆုံးရကာ ဦးဆောင်လျက်ရှိသည်။

အဆိုပါအသင်းများအနက် အုပ်စု (B) မှ ဆီးရီးယား၊ ဆော်ဒီအာရေးဗီးယား၊ အုပ်စု (F) မှ တရုတ်၊ မြောက်ကိုရီးယားအသင်း များသည် သုံးပွဲကစားပြီးချိန်၌ ရမှတ်(၉)မှတ်ဖြင့် တတိယနေရာမှ အသင်းများထက် ခြောက်မှတ်အသာရရှိကာ ခြေစစ်ပွဲအောင်ရန်အ ခြေအနေကောင်းနေသည်။

အုပ်စုတတိယအကောင်းဆုံး အသင်းအဖြစ် ဇွန်လ ၂၉ ရက်အ ထိ အုပ်စု (D) မှ ယီမင်အသင်းက ရမှတ် (၇)မှတ်၊ အုပ်စု (G) မှ မလေးရှားအသင်းနှင့် အုပ်စု (C) မှ ကူဝိတ်အသင်းတို့က ရမှတ်(၆)မှတ် စီဖြင့် ရေပန်းစားလျက်ရှိသည်။

သြစတြေးလျ၊ နာမည်ကျော် အသင်းများဖြစ်သော ဂျပန်နှင့် အင်ဒိုနီးရှား၊ မကာအို၊ စင်ကာပူ၊ တီမောအသင်းများ ပါဝင်သည့် အုပ်စု(E) ပွဲစဉ်များကိုမူ ကျန်အုပ်စုခြေစစ်ပွဲများပြီးချိန် လာမည့် ဇူလိုင်လ ၅ ရက်မှ ၁၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။

အသက် ၂၂ နှစ်အောက် အာရှလူငယ်ဘောလုံးပြိုင်ပွဲသည် AFC မှ ကျင်းပလျက်ရှိသည့် သက် တမ်းအလိုက် ပြိုင်ပွဲများတွင် အသက်အမြင့်ဆုံး သတ်မှတ်ချက် ပြိုင်ပွဲဖြစ်သည်။ လက်ရွေးစင်အ သင်းများ ပါဝင်ယှဉ်ပြိုင်သည့် အာရှဖလားပြိုင်ပွဲနောက် ဒုတိယအ မြင့်ဆုံးပြိုင်ပွဲဟု သတ်မှတ်နိုင်သည်။

၂၀၁၄ ဇန်န၀ါရီလတွင် ကျင်းပမည့် AFC U-22 နောက်ဆုံးအ ဆင့်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် အိမ်ရှင်နိုင်ငံကိုမူ ထုတ်ပြန်ကြေ ညာခြင်း မရှိသေးပေ။

7Day News Journal

မြန်မာ-တောင်ကိုရီးယားပွဲစဉ် သရေရလဒ်ဖြင့် ပြီးဆုံးသွားပြီးနောက် တွေ့ရသည့် မြန်မာအသင်းကစားသမားအချို့
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

အသက် ၂၂ နှစ်အောက် အာရှဖ လားခြေစစ် ပွဲများ၏ နောက်ဆုံး အခြေအနေ အသက် ၂၂ နှစ်အောက် အာရှဖ လားခြေစစ် ပွဲများ၏ နောက်ဆုံး အခြေအနေ Reviewed by သစ်ထူးလွင် on 16:46 Rating: 5

No comments:

Powered by Blogger.