ရခိုင်ပြည်နယ်ပြဿနာများရေးသားဖော်ပြရာတွင် လှုံ့ဆော်သူများကို ဥပဒေကြောင်းအရ အရေးယူသွားမည်


ရန်ကုန် - ဇွန် ၁၀ | By Popular Myanmar News Journal

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ လွန်ကဲသောရေးသားဖော်ပြချက်များကိုတွေ့လာရသဖြင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်မှုကိုပျက်ပြားစေသည့် ရေးသားဖော်ပြမှုများ ဆက်လက်ပြုလုပ်ပါကတည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကပြောသည်။

ယနေ့ ဇွန်လ(၁၀)ရက်နေ့ ညနေ ၇ နာရီက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြည်တွင်း ပြည်ပ သတင်းဌာနများအား ခေါ်ယူတွေ့ဆုံကာ ထိုသို့သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မငြိမ်သက်မှုများဖြစ်ပေါ်လာစေရန် လှုံ့ဆော်သူများကိုလည်း ဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း၊

အရေးအကြီးဆုံးမှာ နိုင်ငံတော် အေးချမ်းသာယာရေးပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနှင့် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်တို့ပါတက်ရောက်ခဲ့ကြပြီး၊ ရခိုင်ပြည်နယ်သတင်းများနှင့်ပတ်သက်၍ စာပေစိစစ်ရေးသို့တင်ပြပြီး၊ စာပေစိစစ်၏ ညွှန်ကြားချက်များအတိုင်းသာ ဖော်ပြကြရန်ကိုလည်း မီဒီယာများအားပြောကြားခဲ့သည်။

မိုးမြင့်မြတ်-
ရခိုင်ပြည်နယ်ပြဿနာများရေးသားဖော်ပြရာတွင် လှုံ့ဆော်သူများကို ဥပဒေကြောင်းအရ အရေးယူသွားမည် ရခိုင်ပြည်နယ်ပြဿနာများရေးသားဖော်ပြရာတွင် လှုံ့ဆော်သူများကို ဥပဒေကြောင်းအရ အရေးယူသွားမည် Reviewed by သစ်ထူးလွင် on 22:56 Rating: 5

No comments:

Powered by Blogger.