စစ်တွေမြို့ အင်ဘာလာရွာ မီးရှို့ အကြမ်းဖက်မှု မြင်ကွင်း (သတင်း-ဓါတ်ပုံများ)

အင်ဘာလာရွာမှ ဓားဒဏ်ရာရထားတဲ့ ရခိုင်အမျိုးသားတဦး
ယနေ့ ၁၂-၆-၂၀၁၂နေ့ နေ့လည် ၃း၀၀ နာရီအချိန်ခန့် စစ်တွေမြို့ပေါ် အင်ဘာလာဘင်္ဂါလီရွာမှ ဘင်္ဂါလီများသည် မိမိနေအိမ်များအားကိုယ်တိုင်မီးရှို့လုပ်ကြံထွက်ပြေးရာ အဆိုပါ မီးသည် ကျောင်းကြီးလမ်းဖက်နှင့် ကုန်တန်းရွာဖက်သို့အရှိန်အဟုန်ပြင်းထန်စွာဖြင့်
ချင်းပျံလမ်းတစ်လျှောက် ဆက်လက်လောင်ကျွမ်းနေခဲ့သည်။

ကုန်တမ်းရပ်ကွက်တွင်။ ကုန်တန်းရပ်ကွက်သူရပ်ကွက်သားများမှ မီးလောင်ကျွမ်းမှုကို တားဆီးကာကွယ်နေစဉ်တွင် ဘင်္ဂါလီများနှင့် ရပ်ကွက်နေ ရခိုင်များအဓိကရုဏ်း လည်းတပြိုင်တည်းဖြစ်ပေါ်ခဲ့သည်။

ထိုအချိန်တွင် ရဲတပ်ဖွဲ့မှရောက်ရှိလာပြီး ဗလာကျည်များနှင့် သေနပ်ဖေါက်ခြင်း၊ မိုးပေါ်သို့သေနပ်ဖြင့်ခြိမ်းခြောက်ထောင်ပစ်ခြင်းများပြုလုပ်ကာလူအုပ်စုကိုဖြိုခွင်းခဲ့သည်။

အင်ဘာလာရွာမှ ဒဏ်ရာရထားသူတဦး
ထိုစဉ်တွင် ပြည်သူ့ရဲတပ်ဖွဲ့ အမှန်တကယ် ကျည်များ သေနပ်ပစ်ခြင်းမဟုတ်သည်ကို
နားလည်ထားသည့် ဘင်္ဂါလီကုလားများမှ ကြီးမားသောလူအုပ်စုဖြင်း တဟုန်ထိုးဝင်ရောက် အကြမ်းဖက်တိုက်ခိုက်စဉ် ပြည်သူ့ရဲတပ်ဖွဲ့မှ ရင်ဆိုင်မှုမပြုလုပ်ရဲတော့ဘဲ တပ်နောက်ဆုတ်ခဲ့သည်။

 နောက်ဆုတ်နေစဉ်အတွင်း ရခိုင် ၁၀-ဦးမှာဒဏ်ရာရရှိပြီး ကုန်တန်းရပ်ကွက်နေဒေါ်မချေ၏
ခင်ပွန်းမှာ ဘယ်ဖက်ပခုံးနောက်ကျောဖက် တွင်ဓါးခုတ်ဒါဏ်ရာနှစ်ချက်ဖြင့် ပြင်းထန်းစွာ
ဒါဏ်ရာရှိခဲ့သည်။

 ယခုအခါ ပြည်သူ့ဆေးရုံတွင်အရေးပေါ်ဌာနသို့ ပို့ဆောင်ထားလျှက်ရှိပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်။ ရခိုင်နေအိမ် ၈၀-ခန့်နှင့် ဘင်္ဂါလီကုလားအိမ်ခြေ ၁၀၀-ခန့် မီးလောင်ကျွမ်းဆုံးရှုံးခဲ့ရကြောင်း စစ်တွေမြို့ ခံတဦးက Myanmar News Now ကို သတင်းပေး ပို့ ထားပါသည်။

အင်ဘာလာရွာ မီးရှို့ အကြမ်းဖက်မှု မြင်ကွင်း ဓါတ်ပုံများ








စစ်တွေမြို့ အင်ဘာလာရွာ မီးရှို့ အကြမ်းဖက်မှု မြင်ကွင်း (သတင်း-ဓါတ်ပုံများ) စစ်တွေမြို့ အင်ဘာလာရွာ မီးရှို့ အကြမ်းဖက်မှု မြင်ကွင်း (သတင်း-ဓါတ်ပုံများ) Reviewed by သစ်ထူးလွင် on 05:27 Rating: 5

No comments:

Powered by Blogger.