ဖြစ်ပွားခဲ့သည့်နေရာမှာ မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက် မိသားစုလမ်း အိမ်အမှတ် ၂၅ဘီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့အပါအ၀င် ရန်ကုန်တိုင်းဒေသကြီး ဒုစရိုက် နှိမ်နင်းရေးအဖွဲ့မှ တရားခံကိုဖမ်းမိနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
" ကလေးမလေးက ဒီနေ့ မနက် ၉ နာရီခွဲလောက်က အိမ်ကို တစ်ယေက်တည်း စက်ဘီးစီးပြီးတော့ပြန်လာ တာပါ။ နောက်၄၅မိနစ်လောက်ကြာတော့ သူရဲ့အမေ၊အဖေတွေ ပြန်လာပြီး သူတို့သမီးလေး ဒီလိုဖြစ်တာ ကိုတွေ့ရတာပါ " ဟု ယင်းပတ်ဝန်းကျင် အနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ရန်ကုန်တိုင်း(မ်) ဂျာနယ် သို့ ပြောကြား သည်။
သေဆုံးသူ စီးနင်းလာသော စက်ဘီး ၊ ဆွဲကြိုး နှင့် နားကပ် တစ်ဖက်မှာမူ ပျောက်ဆုံးလျက်ရှိကြောင်း သေဆုံးသူ၏ အဒေါ်ဖြစ်သူက ပြောသည်။ အခင်းဖြစ်ပွားချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေသဖြင့် ပတ်ဝန်းကျင်မှ လူအများမှာ အဆိုပါဖြစ်ရပ်ကို သိရှိခြင်း မရှိခဲ့ကြောင်း သိရသည်။
ဇေယျ - Yangon Media Group
![]() |
| သမိုင်းချောင်း စံချိန်တင်ရေကြီးတိုက်စားမှု ဖြစ်ပေါ် ၊ လူနေတိုက်ခန်း (၄) ခန်း ပြိုလဲ မှုမြင်ကွင်း |






