ပြည်သူ လူထုထံမှ ငွေကြေး လိမ်လည် ကောက်ခံ နေသော ကောင်းမွန်ကုမ္ပဏီ

မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖုန်းမော်ရွှေ (ယခင် တ.ယ.က ဥက္ကဌဟောင်း)
အစုရှယ်ယာ ထည့်ဝင်ထားသော ကောင်းမွန် ဆောက်လုပ်ရေး ကုမ္ပဏီသည်
ရေနံချောင်းမြို့နှင့် နတ်မောက်မြို့ မှ မကွေးသို့သွားသောလမ်းတွင်
မကွေးမြို့သို့ မရောက်မှီ  (၇)မိုင် ခန့်အကွာတွင် လမ်းအသုံးပြုခ
ကောက်ခံရေးစခန်း ဖွင့်လှစ်ပြီး ဆိုင်ကယ် (၁)စီးလျှင် (၁၀၀)ကျပ်နှုန်းဖြင့်
မြို့ဝင်ကြေးများကို တောင်းခံလျက်ရှိပါသည်။

မကွေးမြို့သို့မရောက်မှီ ၇မိုင်၅ဖာလုံတွင် နည်းပညာတက္ကသိုလ်(မကွေး)
ကံပြားကျေးရွာ (အရှေ့ရွာ /အနောက်ရွာ)၊ ၅မိုင်၆ဖာလုံတွင်ကံလှရွာ၊
၎မိုင်၃ဖာလုံတွင် ဒဟတ်ကန်ကျေးရွာ၊ စသည့် ဖြင့် အနီးတ၀ိုက်တွင်
ကျေးရွာများစွာရှိပါသည် ။

ကံပြားအရှေ့ကျေးရွာ နှင့် ကံလှကျေးရွာ နှစ်ရွာ
ကြားတွင် ကျန်းမာရေးဝန်ကြီးဌာန မှ ဖွင့်လှစ်ထားသော
ဆေးတက္ကသိုလ်(မကွေး)နှင့် သင်ကြားရေးဆေးရုံကြီး(မကွေး)
တို့တည်ရှိပါသည်။ကောင်းမွန်ကုမ္ပဏီ၏ လမ်းအသုံးပြုခနှင့်
မြို့ဝင်ကြေးကောက်ခံသော စခန်းမှာ သင်ကြားရေးဆေးရုံကြီး မရောက်မီ
(၁)ဖာလုံခန့်အကွာတွင် တည်ရှိပါသည်.။

လမ်းအသုံးပြုခနှင့် မြို့ဝင်ကြေးကောက်ခံသော စခန်းအပြင်ဘက်တွက်ရှိသော
ကံပြားကျေးရွာ(အရှေ့)၊ကံပြားကျေးရွာ(အနောက်)၊ ကံသာကြီးကျေးရွာ၊ ကံသာလေး
ကျေးရွာ၊ ညောင်ပင်ရွာ၊ ကျစ်ဆုံမွှေးကျေးရွာ စသည့်ကျေးရွာများမှ
ရွာသူ/ရွာသားများသည် ကျန်းမာရေး ကိစ္စအကြောင်းကြီးငယ် ရှိလျှင်
မကွေးမြို့တွင်းတွင်ရှိသော ပြည်သူ့ဆေးရုံကြီး(မကွေး) သို့ မသွားရောက်ဘဲ
ငွေကုန်ကြေးကျ သက်သာသော သင်ကြားရေးဆေးရုံကြီး(မကွေး) သို့သာ အားကိုးတကြီး
သွားရောက်ကုသ ကြရပါသည်။

 မကွေးမြို့ ထဲသို့ မသွားပဲ မြို့ပြင်တွင်ရှိသော
သင်ကြားရေးဆေးရုံသို့ သွားရောက်ရာတွင် ကောင်းမွန်ကုမ္ပဏီမှ မြို့ဝင်ကြေးဟု
အမည်တပ်ပြီး  ဆိုင်ကယ်(၁)စီးလျှင် (၁၀၀) ကျပ်နှုန်းဖြင့် ကောက်ခံသည်ကို
ပေးဆောင်နေကြရပါသည်။

       ထို့အပြင် ဒေသတွင်းကျေးရွာများ ဖြစ်သည့် ကံလှ ကျေးရွာ ဒဟတ်ကံကျေးရွာ
များသို့ ဒေသတွင်းကိစ္စများဖြင့်သွားရောက်ရာတွင်လည်း  သွားရောက်ရာတွင်လည်း
မြို့ဝင်ကြေးအဖြစ်ပေးဆောင်ကြရပါသည်။

ကံပြားကျေးရွာမှ တောင်သူများသည် မိမိတို့သီးနှံများစိုက်ပျိုးထားသော
စိုက်ပျိုးမြေများသို့သွားရောက် ကြရာတွင်လည်း ဆိုင်ကယ်ဖြင့်သွားရောက်ပါက
မြို့ဝင်ကြေးကောက်ခံခြင်းကို ခံကြရပါသည်။

       ထိုသို့ မြို့ထဲသို့ မသွားသော ဆိုင်ကယ် များကို မြို့အပြင်(၇မိုင်)
ခန့် မှ တနေ့လျှင်ပျမ်းမျှ ဆိုင်ကယ်အစီးရေ (၈၀၀) မှ (၁၀၀၀) ခန့်ကို
မြို့ဝင်ကြေးဟု အမည်တပ်ပြီး  အများပြည်သူများထံမှ ငွေကို
လိမ်လည်ကောက်ခံနေခြင်းကို အရေးယူဆောင်ရွက်ပေးနိုင်သော အကြီးအကဲ
များသိရှိစေရန်နှင့် အများပြည်သူများသိရှိစေရန် သစ်ထူးလွင်မှ တဆင့် ဖော်ပြပေး လိုက်ပါသည်။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်