ဝန်ကြီး၏ ဂရုဏာကြေး ကျပ် ၇ သိန်း အပေါ် မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ မသီတာထွေး မိခင် မေးခွန်းထုတ်

ရခိုင်ဝန်ကြီးများမှ ပေးအပ်သော ဂရုဏာကြေး ကျပ် (၇) သိန်းနှင့် ပတ်သက်ပြီး အတင်း အဓမ္မပြု ကျင့် သတ်ဖြတ်ခံလိုက်သော မသီတာထွေး၏ မိခင် ဒေါ်မမြက ငွေကို လက်မခံမီ ငွေပေးအပ်သော ၀န်ကြီးအား မေးခွန်း ထုတ်ခဲ့ကြောင်း သတင်း ရရှိသည်။
မသီတာထွေးသည် ယခုလို အဖြစ်ဆိုးနှင့် ကြုံခဲ့ရသည်။ (ဓါတ်ပုံ လေးဝတီ)

“ ဂရုဏာကြေး လာပေးတဲ့ ရခိုင်ဝန်ကြီးက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဖြစ်ပါတယ်။ သူက ကျပ် ၇ သိန်းကို မသီတာထွေး မိခင် ဒေါ်မမြကို ပေးပါတယ်။ အဲဒီငွေကို လက်မခံခင်မှာ ဒေါ်မမြက ဒီငွေတွေဟာ ကုလားတွေဆီက လျော်ကြေး ပေးတာလား ဆိုပီး ၀န်ကြီးကို မေးပါတယ်။ ဒါဆိုရင် ကျွန်မ မယူပါရစေနဲ့ ဆိုပြီး ပြောပါတယ်” ဟု အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူ လူကြီး တစ်ဦးမှ ပြောသည်။
ဝန်ကြီးက အဆိုပါ ငွေမှာ လူသတ် တရားခံ မိသားစုများက ပေးသောငွေ မဟုတ်ကြောင်း ပြောကြားပြီးမှ ငွေကို လက်ခံယူခဲ့သည်ဟု ဆိုသည်။
“ ၀န်ကြီးက ဒီငွေတွေဟာ သူတို့ ၀န်ကြီးတွေ စုပေါင်းပြီး ကူညီ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ကုလားတွေဆီက ပေးတဲ့ ငွေမဟုတ်ဘူးလို့ ရှင်းပြပါတယ်။ ဒါမှ ဒေါ်မမြက မျက်ရည်တွေကျပြီး ငွေကို လက်ခံပါတယ်” ဟု သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းသည် တစ်ခြား ပြည်နယ် နှင့် ခရိုင် အဆင့် လူကြီးများနှင့် အတူ အခင်း ဖြစ်ပွားပြီးနောက် ရမ်းဗြဲ့မြို့နယ် ကျောက်နီမော်ကျေးရွာသို့ ရောက်ရှိလာစဉ် အဆိုပါ ဂရုဏာကြေးကို မသီတာထွေး မိခင် ဒေါ်မမြအား ယမန်နေ့က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
၎င်းပြင် ၀န်ကြီးက ယခု သမီးသေဆုံးသွားမူနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဖြစ်စေလိုပါသလဲ ဟု မိခင် ဖြစ်သူ ဒေါ်မမမြကို မေးမြန်းခဲ့ကြောင်း၊ ဒေါ်မမြက ပြစ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို သူ့ သမီး အသေဆိုးနဲ့ သေဆုံးသလို သေဆုံး စေလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
“ ၀န်ကြီး တရား ဥပဒေနဲ့ အညီ ဖြစ်စေရပါမယ်။ ၀န်ကြီးက ၇ ရက် အချိန်ပေးပါ။ အမူနဲ့ အတူ တရားခံတွေကို ဖေါ်ထုတ်နေပါတယ်  ဆိုပီး ပြောဆိုသွားပါတယ် ” ဟု သူက ဆက်ပြောသည်။
ယခုအခါ အခင်း ဖြစ်ပွားရာ ကျောက်နီမော် ကျေးရွာပတ်ဝန်းကျင်တွင် ငြိမ်သက်နေပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားရအောင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် လူကြီးများ ရောက်ရှိနေပြီး လုံခြုံရေးကိုလည်း ကျေးရွာ တချို့တွင် တိုးမြှင့်ထားကြောင်း သိရသည်။

 မောင်အေး-(နိရဉ္စရာ)
ဝန်ကြီး၏ ဂရုဏာကြေး ကျပ် ၇ သိန်း အပေါ် မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ မသီတာထွေး မိခင် မေးခွန်းထုတ် ၀န်ကြီး၏ ဂရုဏာကြေး ကျပ် ၇ သိန်း အပေါ် မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ မသီတာထွေး မိခင် မေးခွန်းထုတ် Reviewed by သစ်ထူးလွင် on 00:28 Rating: 5

20 comments:

yein said...

ဲဤအမှု၏နောက်ဆက်တွဲအခြေအနေကိုနောက်ဆုံးထိဆက်လက်ဖေါ်ပြပေးပါရန်အဝေးရောက်မြန်မာများ၏မီးတောက်မတတ်ဖြစ်ပေါ်နေသောဒေါသများ
အတန်ငယ်ငြိမ်းစေခြင်းအလို့ငှာအနူးအညွတ်တောင်းဆိုအပ်ပါသည်
MNNအားကျေးဇူးတင်ပါသည်

shingyi said...

ပြစ်မှုတားဆီးေ၇းအတွက်ဥပဒေနဲ့အညီထိေ၇ာက်သောပြစ်ဒဏ်ကောင်းပါတယ်တ၇ာသူကြီးခင်ဗျား။

ဇင်မွန် said...

သမ္မတကြီးခင်ဗျား ..... ဒီမိုကရေစီစနစ်ဆီ ... သွားနေပြီဆိုလားသိရပါတယ်၊ ... ဒါဆို ... ၅၀၀၀/ တန်ဆင်းကဒ် ရမယ်ဆိုပြီး မဟုတ်ကဟုတ်က ပြောတဲ. ရွှေပြည်တံခွန်က ဦးလွင်နိုင်ဦး ကိုအရေးယူပေးပါ ၊ .............
ဒါမှမဟုတ်လည်း ၂၀၀၀၀၀/ (၂သိန်း)တန်ဆင်းကဒ်ရောင်းသူတွေကိုအရေးယူပေးပါ ၊
၂ သိန်းတန် ဆင်းကဒ်အတွက် သမ္မတကြီးပါ UNDER TABLE ရတယ်ဆိုတာဟုတ်ပါသလား ခင်ဗျာ ။

Ko San said...

ဒေါ်မမြ မှန်ပါတယ်.....

bu tin said...

အဲဒီ လုံခြုံရေးကို ကလားတွေရှိတဲ့နေရာမှာ အစကတည်းက တင်းကျပ်ချထားရမှာပါ..။အခု ရခိုင် တိုင်းရင်းသူကို မုဒင်းကျင့်သတ်ပစ်ပြီးမှ လုံခြုံရေးကို တိုးမြှင့် ချတားတယ်ဆိုတော့ ကလားတွေကို ထိမှာ စိုးလို့လား..။အစကတည်း က မလိုလားအပ်တဲ့ ပြသနား မဖြစ်ရအောင်..အဲလိုမျိုးနေရာတွေမှာ လုံခြုံရေး ရှိသင့်ပါတယ်...။အဲ လေ ရှိတဲ့ လုံခြုံရေး တွေကလည်း ဘီအီး မျက်နှာနှင့် ငမူးတွေချည်းပဲ ဆိုတော့..ကလားတွေက ဓနိရည် အရက် ၁၀၀ ဖိုး တိုက်ပြီး လုပ်ချင်တိုင်း လုပ်နေကြတာပဲမလား...။

မောင် said...

ရခိုင်တိုင်းရင်းသားများသာမက မြန်မာနိုင်ငံထဲမှာနေကြတဲ့ ဗမာ၊ မွန်၊ ကရင်၊ ကယား၊ ချင်း၊ ကချင်၊ ရှမ်း စတဲ့ တိုင်းရင်းသားအားလုံးကျေနပ်စေဘို့ လူမြင်ကွင်းမှာ သေဒဏ်စီရင်သင့်ပါတယ်။

ကျူးကျော်သူစော်ကားသူ ကုလားတွေလဲ နောင်ကျဉ်သွားအောင် မြင်သင့်ပါတယ်။

မြန်မာပြည်ထဲမှာ လူမျိုးခြား တယုတ်၊ ကုလားတွေ မြန်မာတိုင်းရင်းသားတွေကို စော်ကားခွင့်မရှိစေရန်သတိပေးလိုက်ခြင်းလဲ ဖြစ်ပါလိမ့်မယ်။

ပြည်သူ့ရဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေသူ၊ ပြည်သူ့အခွန်နဲ့ လစာယူနေသူတွေဟာ မြန်မာပြည်သူတွေရဲ့ လုံခြုံရေးကို ဥပဒေနဲ့အညီ ဆောင်ရွက်စေချင်ပါတယ်။
ဒီလိုမှမဟုတ်ရင်တော့ ....

crusekoole said...

သေဆုံးသွာသူ မိခင် ရဲ့  အမှန်ကန်ဆုံးသော ဖြေကြာ မှု့ ပါ

တရားခံများ ကြိုးစင်တက်ရသော နေ့  ရက် ကို စောင့် စားလျက်

MYO MYINT said...

ဖြစ်စဉ်မှာလူမျိုး/ဘာသာအမြင်ဘက်ကကြည့်တာထက်လူပုဂ္ဂိုလ်အနေနဲ့ကြည့်တာကပိုအကျိုးအကြောင်းသင့်မယ်ထင်ပါတယ်၊ဒီဒုစရိုက်ကောင်တွေဟာသေဒဏ်ပေးသင့်တာအမှန်ပါ၊မွတ်စလင်မ်တိုင်းပြည်တစ်ခုမှာအခုလိုဖြစ်စဉ်မျိုးဖြစ်မယ်ဆိုရင်လည်းအစ္စလာမ်တရားရုံးကသေဒဏ်ပေးမယ်လို့ယုံကြည်ပါတယ်၊လူမျိုးရေးအဓိကရုဏ်းဖြစ်အောင်လှုံ့ဆော်လာနိုင်တဲ့အန္တရာယ်ကိုကြိုသတိထားသင့်ပါတယ်၊ဖြစ်လာခဲ့ရင်ဘယ်ဘက်မှအကျိုးမရှိနိုင်တဲ့ကိစ္စမို့ဆင်ခြင်တုံတရားထားစေလိုပါတယ်။

mayhtat said...

ကမ္ဘာသိအောင်ကြော်ငြာပေးပါ

mayhtat said...

ငါတို့မြို့မှာဆိုယင်ပွဲပျက်ပီ

TZO said...

ဒူဘိုင်း/ဆော်ဒီ မှာလိုပြစ်မှု့ကျူးလွန်သူကို ဘယ်လိုအပြစ်ဒဏ်ပေးရမယ်ဆိုတာ တာဝန်ရှိသူတွေ သိစေချင်ပါတယ်၊ ၇သိန်းလောက်နဲ့ အရာမမြောက်ပါဘူး... :( မှုခင်းကင်းတဲ့ မြန်မာနိုင်ငံကြီးဖြစ်စေချင်ပါတယ်။

saijet said...

သေဆုံးသူ မိန်းကလေးအတွက်ထပ်တူညီမျှ တုံ့ပြန်မှုကို ရစေချင်ပါတယ်။

မိုးကြိုး မုန်တိုင်း said...

ကျွန်တော်တို့တွေ ဒေါသထွက်တာ မလွန်ပါဘူးး ကျွန်တော်သာ အဲဒီမှာရှိရင် အဲကောင်တွေကို သွားသတ်မိမှာပါ...
ဒါပေမယ့်.. သေချာစဉ်းစားကြည့်ပါဦး... ကျွန်တော်တို့နိုင်ငံမှာ ခုတစ်လောဖြစ်နေတာတွေက သိပ်ပြီးမကောင်းဘူးဗျာ... ဒီလိုအချိန်မျိုးမှာ ဘာသာရေးအဓိကရုံးဖြစ်လာရင် ပိုဆိုးမယ်ဗျ...
နည်းနည်းလေး စောင့်ကြည့်ကြပါစို့ဗျာ.. အာဏာပိုင်တွေဘယ်လို အရေးယူမလဲဆိုတာလေးကို စောင့်ကြရအောင်ဗျာနော်

hashimoto said...

သတိတော့ထားသင့်တယ်ရန်ကုန်ရောရခိုင်ပါကုလားချည်းပဲဖြစ်နေတာနဲနဲဆန်းတယ်လူထုပေါက်ကွဲသွားရင်မခက်လားတကယ်လို့များသာ

Unknown said...

အဖြစ်မှန်ကို အမြန်ဆုံးဖေါ်ထုတ်ပြီး ထိရောက်စွာ အရေးယူပြီး ပြည်သူလူထုရဲ့ ဒေါသကိုဖြေဖျောက်ဖို့လိုပါတယ်။

BoGyiGaDone said...

မုဒိန်းကောင်မှန်သမျှသေဒဏ်ပဲပေးပါငဲ့ညှာလဲ...လွတ်ရင်ထပ်လုပ်မှာ...သေဒဏ်သေဒဏ်သေဒဏ်.....မပေးတဲ့သူကြံရာပါ....အကျင့်ပျက်....ခြစား...အသားထဲကလောက်ထွက်....ရတနာသုံးပါးမဆည်းကပ်....ငါသေရင်ငရဲပြည်ထိမင်းတို့လိုဟာတွေလိုက်သတ်ပစ်မယ်...

kscs said...

ထိထိရောက်ရောက် ကို ပြစ်ဒဏ်ပေးမှ ဖြစ်ပါမည်။ ထိုသို့မဟုတ်လျှင် အဓိကရုဏ်း ဖြစ်လာနိုင်သည်။ အဓိကရုဏ်း ဖြစ်ပါက နစ်နာသူမှာ ပြည်သူသာလျှင်ဖြစ်မည်။ လက်ရှိတိုးတက်မှူများလည်း ရေစုန်မျောမည်။
တရားခံခေါင်းဆောင်ထက်ထက်သည် ရခိုင်မိဘများမှ မွေးသည်ဟု သိရသည်။ မိဘရင်းများမှ ပစ်သွားသဖြင့် မူဆလင်မှ မွေးစားသည်ဟု သိရသည်။ အသေးစိတ်ကို http://www.facebook.com/photo.php?fbid=108953569245837&set=a.108953565912504.10233.100003935835322&type=1 တွင်ကြည့်ပါ။
just sharing what i've read!

axe said...

ပေးတာကတကယ်စေတနာနဲ့ ရောဟုတ်ရဲ့လား ဘယ်လိုမကိုကျေနပ်စရာမကောင်းပါဘူး ကိုယ်ချင်းစာနာကြပါ
အမှုမှန်ကိုတော့မြန်မြန်ဖော်ထုတ်ပြီး ကြီးလေးတဲ့အပြစ်ဒဏ်ချမှတ်ပေးစေလိုပါတယ်

ok said...

ိmyanmar news now ကို အထူးကျေဇူးတင်ရှိပါတယ်..။ဘာဖြစ်လို ပြည်တွင်က ဂျာနယ်တွေမှာ ဒီသတင်းကို မပေါ်ပြတာလဲ ဆိုတာလေးကိုတော့ သိချင်ပါတယ်ဗျာ...။

Unknown said...

တရားခံကုလားတစ်စုကို နောင်ဘယ်တော့မှ ဒီအဖြစ်မျိုး မကျူးလွန်ရဲအောင် အနစ်နာဆုံး အပြင်းထန်ဆုံး စီရင်ချက်မျိုး ချပေးဖို့ တောင်းဆိုပါတယ်။

Powered by Blogger.