"မောင်တောမြို့နယ်အတွင်း ဆူပူအကြမ်းဖက်သူများအား ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်
ဒေသခံများ ဝိုင်းဝန်းပူးပေါင်း လုံခြုံရေးဆောင်ရွက်မှုကြောင့်
မောင်တောမြို့အပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဇွန်
၁၃ ရက်မှစ၍ အေးချမ်းတည်ငြိမ်လျက်ရှိသည်။ ထိုသို့ အေးချမ်း
တည်ငြိမ်မှုအား ဆက်လက်ထိန်းသိမ်းရန် လုံခြုံရေးအဖွဲ့များသည်
ဒေသခံများနှင့် ဝိုင်းဝန်းလက်တွဲ၍ နေ့/ညမပြတ် လုံခြုံရေး
လှည့်ကင်းများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၅ ရက် နံနက် ၁၁ နာရီ
၄၅ မိနစ်တွင် မောင်တောမြို့နယ် ချိန်ခါလီကျေးရွာသို့
ရောက်ရှိစဉ် မသင်္ကာဖွယ် တုတ်၊ ဓားများကိုင်ဆောင်၍
စုရုံးလျက်ရှိသည့် အကြမ်းဖက်သမား ၃ဝ ဦးတွေ့ရှိ၍ လူစုခွဲရန်
ဆောင်ရွက်စဉ် အဖွဲ့ခွဲ၍ထွက်ပြေးသွားကြသည်။
ထွက်ပြေးသွားသည့် အကြမ်းဖက်သမားများနောက်သို့
လုံခြုံရေးအဖွဲ့များက အဖွဲ့ခွဲ၍ ရွာနှင့် ပတ်ဝန်းကျင်အနီး
ဝိုင်းပတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၂၂ ဦးတို့အား ¤င်းတို့
အသုံးပြုသော အသံပေးကျွဲချိုတစ်ချောင်း၊ လေးပေအရှည်
ငါးမူးလုံးသံချောင်း (ထိပ်ချွန်ပြီး) ခုနစ်ချောင်း၊ အရှည်တစ်ပေခန့်ရှိ
ဓားချွန်တစ်ချောင်း၊ သုံးပေခန့်ရှိ သစ်သားချောင်း ၁ဝ ချောင်း၊
လေးပေအရှည် သံဆူး(ထိပ်ချွန်) နှစ်ချောင်း တို့နှင့်အတူ ဖမ်းဆီး
ရမိခဲ့သည်။ ဖမ်းဆီးရမိ တရားခံများအား သက်ဆိုင်ရာနယ်မြေ
ရဲစခန်းသို့လွှဲပြောင်း၍ တရားဥပဒေနှင့်အညီ အရေးယူ
ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
"မောင်တောမြို့နယ်အတွင်း ဆူပူအကြမ်းဖက်သူများအား ဖမ်းဆီးရမိ "မောင်တောမြို့နယ်အတွင်း ဆူပူအကြမ်းဖက်သူများအား ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 17:14 Rating: 5

No comments:

Powered by Blogger.