Weekly Express Times ၏ သဘောထားထုတ်ပြန်ချက်ကို NLD သို့ပေးပို့ခြင်း

အထက်ပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဆရာဦးဝင်းတင်၊ ဦးဥာဏ်ဝင်းနှင့် ဦးအုန်းကြိုင်တို့ထံသို့ အောက်ပါအကြောင်းခြင်းရာများ ပါဝင်သော သဘောထားကြေညာချက်တစ်စောင်ပေးပို့ခဲ့ပါသည်။

သို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)
အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း။
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
                                     ရက်စွဲ။      ။     ၈ ၊ မေ၊ ၂၀၁၂၊
အကြောင်းအရာ။        ။ NLD လုံခြုံရေးတာဝန်ရှိသူက Weekly Express Times မှ သတင်းထောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် မီဒီယာသမားများကို စော်ကားပြောဆိုခြင်းကိစ်္စအား လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးပါရန် တင်ပြခြင်း။                     မေလ ၈ ရက်၊ တနင်္လာနေ့ နံနက် ၉ နာရီအချိန်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်
(UMFCCI) ရုံး၌ ရွှေမင်းသားဖောင်ဒေးရှင်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
        အဆိုပါ အခမ်းအနားသို့ ရွှေမင်းသားဖောင်ဒေးရှင်း၏ နာယကဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ဂုဏ်ပြုခဲ့ရာ သတင်းမီဒီယာသမားအများအပြားတက်ရောက် သတင်းရယူခဲ့ပြီးWeekly Express Times သတင်းဂျာနယ်မှ သတင်းထောက် ကိုဟိန်းကိုစိုး၊ ကိုဇင်မောင်ထွန်းနှင့် မဖြိုးဖြိုးဝေတို့လည်း တက်ရောက်သတင်းယူခဲ့ပါသည်။
        အခမ်းအနားကျင်းပနေစဉ်အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွှေမင်းသားဖောင်ဒေးရှင်းဥက်္ကဋ္ဌ
ဦးမြတ်သူဝင်းတို့နှုတ်ဆက်စကားပြောနေသည်ကို သတင်းထောက်ကိုဟိန်းကိုစိုးကသတင်းဓာတ်ပုံမှတ်တမ်းရယူနိုင်ရန် ကြိုးပမ်းခဲ့ပါသည်။
        ထိုအချိန်တွင် NLD မှ လုံခြုံရေးတာဝန်ယူထားသော ဦးကျော်စိုးနိုင်က “ဟေ့ကောင် ဓာတ်ပုံမရိုက်နဲ့”ဟု တားမြစ်ပါသည်။
“ဟုတ်ကဲ့ပါ . . .ကျွန်တော် ဒီတစ်ပုံလောက်ရိုက်ပါရစေ””ဟု ကိုဟိန်းကိုစိုးက ပြောကြားပြီးဓာတ်ပုံမှတ်တမ်းတင်ရန် ကြိုးပမ်းစဉ် ဦးကျော်စိုးနိုင်က ကင်မရာကိုင်သော လက်ကို ရိုက်ချလိုက်ပြီး ““မင်းကို ငါမရိုက်နဲ့လို့ ပြောတာနားမလည်ဘူးလား ဟေ့ကောင်””ဟု ဆိုကာ့ င်္ဃြဃှု ရုံးချုပ်၏ အိမ်သာအတွင်းသို့ ခေါ်ဆောင်သွားပြီး သတင်းထောက်ကိုဟိန်းကိုစိုး၏ အင်္ကျီရင်ဘတ်ကို အကြိမ်ကြိမ်ဆွဲစောင့်ကာ ““မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ အလုပ်လုပ်နေတာ။ ငါတို့က ဘာစောက်တစ်ပြားမှမရဘဲ ထောင်အကျခံပြီး နိုင်ငံရေးလုပ်နေတာကွ။ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကိုပြောလိုက် . . . .+ - x -ံ့  သားရဲ့ . . . ””ဟု လက်ရောက်မှု ကျူးလွန်ကာဆဲရေး တိုင်းထွာစော်ကားပြောဆိုပါသည်။
     ကျွန်ုပ်တို့Weekly Express Times အနေဖြင့် ပြန်လည်အစားထိုး၍ မရနိုင်အောင် တန်ဖိုးမြင့်မားလှသော
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် ဦးကျော်စိုးနိုင်ထံတွင် အပြည့်အ၀တာဝန်ရှိသည်ကို သိရှိပါသည်။
    သို့ရာတွင် မြန်မာတစ်မျိုးသားလုံး၏ ဒီမိုကရေစီအရေးအတွက် ဖော်ဆောင်နေသော NLD နှင့် ပြည်သူလူထုတို့အကြား ပေါင်းကူးပေးသော အခက်အခဲများစွာကြားမှ စတုတ်္ထမဏ္ဍိုင်အဖြစ် ခိုင်မာစွာရပ်တည်နိုင်အောင် ကြိုးပမ်းနေသည့် မီဒီယာသမားများအပေါ် ဦးကျော်စိုးနိုင်၏ ရင့်သီးစွာ စော်ကားဆက်ဆံ လက်ရောက်မှုကျူးလွန်ခြင်းလုပ်ရပ်အား များစွာစိတ်မကောင်း ဖြစ်ရပါသည်။
    ပြည်သူလူထုအကျိုးအတွက်ဆောင်ရွက်နေသော NLD တွင် မြန်မာမီဒီယာသမားအားလုံးကို အထက်ပါအတိုင်း သိမ်းကျုံးစော်ကားပြောဆိုရဲခြင်းနှင့် မီဒီယာအပေါ် ယခုကဲ့သို့သောအမြင်မျိုးရှိနေသည့် ဦးကျော်စိုးနိုင်ကဲ့သို့ ““စုန်းပြူး””ရှိနေခြင်းကိုလည်း များစွာအံ့သြမိပါသည်။
    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ဦးကျော်စိုးနိုင်အား လိုအပ်သလို အရေးယူမှုပြုလုပ်နိုင်ရန် အဆိုပါဖြစ်စဉ်အား ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ပါသည်။
“မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ အလုပ်လုပ်နေတာ။ ငါတို့က ဘာစောက်တစ်ပြား မှမရဘဲ ထောင်အကျခံပြီး နိုင်ငံရေး လုပ်နေတာကွ။ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကိုပြောလိုက်  . . .+ - x -ံ့  သားရဲ့ . . . ” ဟု ပြောဆိုကာ လက်ရောက်ကျူးလွန်စော်ကားသော NLD လုံခြုံရေးတာဝန်ရှိသူ ဦးကျော်စိုးနိုင်၏ လုပ်ရပ်အား
Weekly Express Times အနေဖြင့် လုံးဝ ကန့်ကွက်ရှုတ်ချကြောင်း အသိပေးကြေညာအပ်ပါသည်


မိတ်္တူကို
-ပြည်တွင်းရှိ သတင်းမီဒီယာများအားလုံး
-မြန်မာဂျာနယ်လစ်ကွန်ရက်(MJN)နှင့်
-မြန်မာနိုင်ငံသတင်းစာဆရာများအသင်း
သို့ . . .
-မြန်မာနိုင်ငံသတင်းစာဆရာများအသင်း သို့ . . .

 ------------------------------------------------------------------------------
 NLD လုံခြုံရေးတာဝန်ရှိသူ ဦးကျော်စိုးနိုင် နဲ့ ပါတ်သတ်လို့ 
ဖေ့စ်ဘုတ် အင်တာနက်စာမျက်နှာလည်း အခုလို မှတ်ချက်
ပေးထားတာတွေ့ ရပါတယ်။


ET သတင်းထောက်နဲ့ ညှိသွားတယ်ဆိုတဲ့ NLD ကျော်စိုးနိုင် (ခ) ကိုဘောကြီး
ဆိုတာ ဘယ်သူလဲ ........

အားလုံးက လေးစားဂုဏ်ပြုကျတဲ့ ၈၈ ခေါင်းဆောင် စာရင်းထဲမှာတော့ သူ့
နာမည် မပါပါဘူး (ကျန်ခဲ့တဲ့ အခြားလူတွေ အများကြီးပါ) ... ဒါပေမယ့် အဲဒီ
နေ့ ရွှေတိဂုံဘုရား ဟောပြောပွဲကနေ စလို့ ယုံကြည်ရတဲ့ ကိုယ်ရံတော် တဦး၊ အနာခံ ၊ အကြိမ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဒေါ်စုရဲ့ တပည့်ရင်းတဦးပါ ....

အကယ်၍ ET သတင်းထောက် ပြောပြချက်အတိုင်း ပြောဆိုပြုမူခဲ့တယ်ဆိုရင်
ဖြင့် - (၁) ပေါက်သွားတာ (၂) ဂေါက်သွားတာ ဖြစ်နိုင်ပါတယ် .....း))

ဘာလို့လဲဆို .... ကိုဘောကြီးဟာ သဘောကောင်း စကားပြော ပြေပြစ်သူပါ။
ဒါဆိုရင်တော့ သူ့ကို ဆေးခန်းပြရမယ်။ ဆေးရုံတင်သင့် တင်ရမယ် ......း))

တကယ်လို့ ကိုဘောကြီး ဘက်က မှားတယ်ဆိုရင် ဒေါ်စုက သူ့တပည့်ရင်းမို့
ဆူလိုက်မယ့် ဖြစ်ခြင်း ........ တွေးရင်တောင် ကျောစိမ့်မိ ပါတယ်။

ကိုဘောကြီးဟာ ဒေါ်စု နှင့် NLD ခေတ်ကောင်းတော့မှ အနားရောက်လာတဲ့
ငခုံးမ မဟုတ်သလို ၊ ဆွမ်းဆန်ထဲမှာ ပါလာတဲ့ ကြွက်ချေးလဲ မဟုတ်ပါ ....
ဒီအချက်ကိုတော့ ရေရေလည်လည် နားလည်စေချင်ပါတယ်။


By: အဂ္ဂမဟာ ဒီမိုဖက်တီး (Facebook)
NLD ကျော်စိုးနိုင် (ခ) ကိုဘောကြီး
NLD ကျော်စိုးနိုင် (ခ) ကိုဘောကြီး

NLD ကျော်စိုးနိုင် (ခ) ကိုဘောကြီး
Weekly Express Times ၏ သဘောထားထုတ်ပြန်ချက်ကို NLD သို့ပေးပို့ခြင်း Weekly Express Times ၏ သဘောထားထုတ်ပြန်ချက်ကို NLD သို့ပေးပို့ခြင်း Reviewed by သစ်ထူးလွင် on 09:12 Rating: 5

30 comments:

zawlintun said...

Express Timesရဲ.ပိုင်ရှင်က ဦးခင်ရွှေ။ ဒါလည်းစဉ်းစားစရာပဲလေ။

ချစ်ဖူး said...

လူတွေလည်း မဟုတ်ဘဲ ပြောရဲကြတာပဲ

ရဲအနော်ရထား said...

ဘ၀င်မြင့်သွားတာလား၊ဂေါက်သွားတာလား ကိုဘောကြီး

konamazu said...

ဒီကိစ္စကိုတော့ သေသေချာချာ စီစစ်ပေးမှပြေလည်မယ်လို့ထင်ပါတယ်။အမေစု ရဲ့ တဟုန်ထိုးအောင်မြင်မှုများအပေါ် မှာလဲ မနာလို၍ ပြောချင်းမျိုးဖြစ်နိုင်ပါသည်။စကားပုံရှိပါတယ် "အမြင့်ရောက်လေလေ လေတိုက်ခံရလေလေ"ဖြစ်ပါတယ်။ကိုဘောကြီး ရဲ့ စိတ်ကိုလဲ ကျွန်တော်တို့သိပြီးသားဖြစ်ပါတယ်။

လင်းနေခ said...

Media သမား တွေမှာလဲ စုန်းပြုးတွေ ရှိသေးတာပဲ သောက်ရူးတွေ
.. သတင်းထောက် ဆိုပြီး ပေါ်ပြူလာ ဖြစ်မှာတွေ ပိုက်ဆံ ရမှာတွေ ပဲ လျှောက်လုပ်နေတာကိုးကွ.. မင်းတို တစ်ခြား လုပ်စရာ အလုပ်တွေ အများကြီးပါ.. ဥပမာ လှည်းတန်း မီးပွိုင့် အနားမှာ ယဉ်ထိန်းစခန်း တစ်ခုလုံး ရှိနေပါရက်နဲ့... လိုင်းကားတွေ ကားလမ်းပိတ်ပြီး လူတင်တာတွေ.. မီးပွိုင့်စိမ်းနေလဲ ကားမထွက်တော့ နောက်ကားကပိတ်နေတာတွေ.. မင်းတို့ ဓာတ်ပုံ သွားရိုက်ပြီး ပြည်သူတွေ အကျိုးပြု မဲ့ သတင်းတွေ တင်ပါလား ရေးပါလား.. အခုက မင်းတို့အရှေ့မှာ စကားတောင် ကောင်းကောင်းမပြောရဲဘူး အလကားနေ အသံသွင်းပြီး ဂျာနယ်မှာ စာမျက်နှာရအောင်လျှောက်ရေး လျှောက်တင် .. အယ်ဒီတာ ဆိုတဲ့ကောင်တွေကလဲ ပေါချောင်ကောင်း သတင်းထောက်တွေ ခန့် .. မင်းတိုလို ကောင်တွေနဲ့များ စတုတ်္ထမဏ္ဍိုင် ဖြစ်ပြီး အားကိုးရဖို့ မမျှော်လင့်ပါဘူး... ဆန်ကုန်မြေလေး မင်းတို လို တွေ့ကရာမေးပြီး စာရွက်မှာ ရေးတာလောက်တော့ လူတိုင်း လုပ်တတ်တယ်ကွ.....

zzmyoe said...

မြန်မာပြည်သူအားလုံးရဲ့ မျှော်လင့်ချက်လူထုခေါင်းဆောင်တစ်ယောက်ကိုအခုအချိန်ခါမှာ ကျွန်တော်တို့အလွယ်တကူအဆုံးရှုံးမခံနိုင်တော့ပါဘူး၊မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် အရမ်းကိုနိမ့်ကျနေပါတယ်၊ကိုယ်ကျိုးစွန့်ပြီးအနစ် အနစ်နာခံ၊အားလုံးကလက်ခံနိုင် တဲ့ခေါင်းဆောင်ကို NLD တာဝန်ရှိသူတွေ တင်မဟုတ်ပါဘူး၊ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်၊အခုဖြစ်တဲ့ပြသနာမှာ ဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတာငြင်းခုန်မနေပါနဲ့၊ကျွန်တော်တို့နိုင်ငံအ ရေး ဖြစ်လို့အားလုံးသည်းခံပေးကြပါလို့တောင်းပန်အပ်ပါတယ်။

kyaw said...

ကိုဘောကြီးဟာ သဘောကောင်းတဲ့လူတစ်ယောက်ဆိုတာ သူနဲ့ဆက်ဆံဖူသူတိုင်းသိကြပါတယ်။မြန်မာပြည်က သတင်းဂျာ
နယ်တွေထဲမှာ ပိုက်ဆံရှိလို့ဂျာနယ်ထုတ်တဲ့ ပိုက်ဆံသမားတွေ
အများကြီးပဲရှိတယ်။ ၀န်ကြီးတွေလုပ်တဲ့သတင်းစာ၇ှင်းလင်းပွဲတွေမှာ အဘအဘနဲ့ချွဲပြီး သတင်းယူတဲ့သတင်းထောက်တွေ၇ှိတယ်။ တိုင်းပြည်အတွက်ပြည်သူအတွက် ရှေ့နောက်မဆင်ခြင်ဘဲ အခြား
ဂျာနယ်တွေထက် သတင်းထူးရင်ပြီးရော သတင်းဦးရင်ပြီးရောဆိုတဲ့
ဂျာနယ်တိုက်တွေ၇ှိကြတယ်။ အဲဒါကြောင့်ဒီသတင်းကိုဖတ်တဲ့သူတွေ
အနေဖြင့် ဘယ်သူမှားတယ်ဘယ်သူမှန်တယ်မဆုံးဖြတ်ပါနဲ့အုံးလို့
မေတ္တာ၇ပ်ခံချင်ပါတယ်။ NLDနဲ့ကိုဘောကြီးတို့ရဲ့ပြန်လည်ရှင်းလင်းချက်
ကိုစောင့်ကြည့်ကြပါစို့။

kyaw said...

ကိုဘောကြီးဟာ သဘောကောင်းတဲ့လူတစ်ယောက်ဆိုတာ သူနဲ့ဆက်ဆံဖူသူတိုင်းသိကြပါတယ်။မြန်မာပြည်က သတင်းဂျာ
နယ်တွေထဲမှာ ပိုက်ဆံရှိလို့ဂျာနယ်ထုတ်တဲ့ ပိုက်ဆံသမားတွေ
အများကြီးပဲရှိတယ်။ ၀န်ကြီးတွေလုပ်တဲ့သတင်းစာ၇ှင်းလင်းပွဲတွေမှာ အဘအဘနဲ့ချွဲပြီး သတင်းယူတဲ့သတင်းထောက်တွေ၇ှိတယ်။ တိုင်းပြည်အတွက်ပြည်သူအတွက် ရှေ့နောက်မဆင်ခြင်ဘဲ အခြား
ဂျာနယ်တွေထက် သတင်းထူးရင်ပြီးရော သတင်းဦးရင်ပြီးရောဆိုတဲ့
ဂျာနယ်တိုက်တွေ၇ှိကြတယ်။ အဲဒါကြောင့်ဒီသတင်းကိုဖတ်တဲ့သူတွေ
အနေဖြင့် ဘယ်သူမှားတယ်ဘယ်သူမှန်တယ်မဆုံးဖြတ်ပါနဲ့အုံးလို့
မေတ္တာ၇ပ်ခံချင်ပါတယ်။ NLDနဲ့ကိုဘောကြီးတို့ရဲ့ပြန်လည်ရှင်းလင်းချက်
ကိုစောင့်ကြည့်ကြပါစို့။

shingyi said...

အများသိစေချင်ပါတယ်။ထောင်ကျဘူးမှနိုင်ငံေ၇းသမားမဟုတ်ပါ။ယဉ်ကျေး၊သိမ်မွေ့၊တတ်သိ၊လိမ်မာ၊ပညာ၊ပေါင်စည်း၊မှန်ကန်ဆုံးဖြတ်၊သုံသပ်အထွေထွေ။သင့်
သင့်မြတ်ပါအများ။လူတော် လူကောင်းတွေနိုင်ငံေ၇းလုပ်မှတိုင်းပြည်ကောင်မှာ
အမေစုကိုအားကျပါ။အမေစုကိုထောင်ကျဘူးတယ်လို့လုံးဝမသတ်မှတ်ပါ။

ကိုကို said...

မီဒီယာတွေလဲ.အာဏာရှင်မီဒီယာဖြစ်နေတယ်.
ငါသတင်းထောက်ငါကြိုက်တာလုပ်မယ်ဆိုတဲ့ပုံစံဖြစ်နေတယ်.
တဆိတ်ရှိတိုင်မယ်တောမယ်.တို့ကမီဒီယာ.အပေါ်စီးကဆိုတဲ့
အောက်တန်းကျတဲ့အတွေးအခေါ်တွေရှိနေတယ်.

www.huggtazz.com said...

ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ ၄ နှစ်ပြည့် အခမ်းအနား ပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်..... ဒီလို မျိုးစကားတွေနဲ့ အပြောအဆိုတွေ မတွေ့ခဲ့ ရပါဘူး.......

ခန့်သူအောင် said...

ဘယ်အရာမဆို ဖြစ်တက်တဲ့သဘောသဘာဝဆိုတာကိုအားလုံးမမေ့သင့်ဘူး။ တကယ်လို့ဦးကျော်စိုးနိုင်ပြောတယ်ဆိုရင် အဲဒီ အချိန်မှာ သူ့ရဲ့စိတ်ထဲမှာ စိတ် နှောက်ယှက်စရာတွေ တွေးတောပူပန်စရာတွေရှိနေတယ်ဆိုတာ ကာယကံရှင်ဘဲ့သိနိုင်ပါတယ်။ အီတီ သတင်းထောက်ကလည်း သူများထက်သာနိုင်အောင် သတင်းရယူဖို့ ကျိုးစားရင် တဖက်ကပြောလာသောစကားကို ဘယ်လိုအမူယာ ဘယ်လိုပုံစံမျိုးနှင့်တုန့်ပြန်ခဲ့တယ်ဆိုတာလဲ ကာယကံရှင်သာသိနိုင်ပါတယ်။ အမေစုကို လုံခြုံရေးယူထားတဲ့လူက အမေစုကို ပစ်ခွာပြီး သတင်းထောက်ကို အိမ်သာထဲအတွင်းထိခေါ်သွားပြီး ပြောဆိုတယ်ဆိုရင်လဲ အမေစုအတွက် လုံခြုံရေး ပို၍ထားဖို့လိုမယ်။ အယောက်ပြပြီး လုပ်ကြံမှု မဖြစ်နိုင်ဘူးလို့ ဘယ်သူ အာမခံပေးနိုင်မလဲ။ ပြဿနာဖြစ်တိုင်း ပြဿနာရဲ့ အရင်းမြစ် ကို ဆန္ဒစွဲကင်းကင်းနဲ့ လိုက်ပြီး ဖြေရှင်းတာကောင်းပါတယ်။

The Nature Myanmar said...

လုံခြုံရေးက အရေးကြီးတဲ့ အဆင့်မှာ ရှိရမယ်ဆိုတာ နားလည်ပေးစေချင်ပါတယ်...

ဗိုလ်ချုပ်တို့ တုန်းကလည်း ဆုံးရှုံးခဲ့ပြီးပြီ...တိုင်းပြည်လွတ်လပ်ရေး ရခါနီးမှာ...ဖြစ်သွားတာနော်...
ကိုယ့်ဘို့ ပဲ မကြည့်ပါနဲ့ ...
အခုလည်း ဒီမိုကရေစီရခါနီးမှာ...ဖွက်ဟဲ့...လွဲပါစေ...ဖယ်ပါစေ...
သူများပြောလောက်အောင် ဆိုတော့လည်း...
ပြန်လည် ဆန်းစစ်စေချင်ပါတယ်...
နိုင်ငံသားတိုင်းက ကါကွယ်ပေးရမှာပါ...
ကျနော်ကြုံဖူးတဲ့ အတွေ့ အကြုံလေး ပြောပါရစေ...
အပြည်ပြည်ဆိုင်ရာ ရေတိမ်ဒေသများနေ့ ...တော်ဝင်နှင်းဆီမှာ အမေ အဖွင့်မိန့်ခွန်းလာပြောတယ်...
ဓာတ်ပုံတွေ အလုအယက်ရိုက်ကြတာ လွန်ရောပဲ...
ဒီအတိုင်းလုနေကြလို့ ကတော့ အမေ့လုံခြုံရေး ရင်လေးမိတယ်လို့ ရေရွတ်မိတယ်...
ကျနော်က အမေ့လက်ကလေးထိချင်လို့ ရှေ့တိုးနေတုန်း လူတွေတိုးလာလို့ နောက်ဆုတ်လိုက်တော့ လုံခြုံရေးတာဝန်ယူထားသူက ပြုံးပြီး တောင်းပန်တယ်...
ကျနော်နားလည်လိုက်ပါတယ်...
သူတို့ကိုလည်း နားလည်လိုက်ပါတယ်...လေးစားမိပါတယ်...မမောနိုင် မပန်းနိုင်...
တစ်နေ့ တည်းမဟုတ်...နေ့တိုင်း သူတို့ ဘယ်လိုများ စိတ်ရှည်နိုင်ပါလိမ့်...

မရဏမင်း said...

နှစ်ဘက်စလုံးကမာန်တက်နေကြတာသေချာတယ်...ပြန်ဆန်းစစ်ပေါ့ "ငါဘာကောင်လဲ"လို့..

Ukyawkyaw said...

မီဒီယာသမားများအနေဖြင့်ဓါတ်ပုံရိုက်တတ်ရင်၊သတင်းရေးတတ်
ရင်၊အလုပ်ဖြစ်ပြီးဟုမထင်စေလိုပါ။ပြည်သူလူထုအကြားရောက်ရင်နေတတ်ထိုင်တတ်အောင်၊အမုန်းမပွားအောင်၊အဆင်ပြေအောင်ဆက်ဆံတတ်ရန်Public Relationship Diploma ကဲ့သို့သင်တန်းများတက်ရောက်ထားသင့်ပါသည်။

Min Lu said...

နှစ်ဘက်စလုံးက ယောကျာ်းတွေပဲ -- မှန်တဲ့အတိုင်းပြောကြပေါ့။ ကိုကျော်စိုး
နိုင်ဘက်က စော်ကားရင်တောင်မှ ကာယကံရှင်တွေကို တွေ့ဆုံတိုင်ကြား သင့်ပါတယ်။ ပုဂိုရေးပြသနာကိုသတင်းတပုဒ်အနေနဲ့ဖေါ်ပြတာ ပါတီကိုသိကာ
ကျဆင်းအောင်ဖွတာနဲ့တူနေပါတယ်။ အိမ်သာထဲကိုခေါ်သွားတာအဲဒီသတင်း
ထောက်ကလိုက်သွားလား။ ဒေါ်စုသက်တော်စောင့်က ဒေါ်စုကိုပစ်ထားခဲ့ပြီး၊ဒီသတင်းထောက်ကိုအရေးတယူနဲ့ စော်ကားသလား။ သတင်းထောက်ကရောယောကျာ်းမဟုတ်ဘူးလား၊ ဆွဲထိုးလိုက်ပါလား။ဒီလောက်စော်ကားနေတာ။ခံတုန်းကတော့အိမ်သာထဲငြိမ်ခံလာပြီး။

kotunaung164@gmail.com said...

အဲဒီမီဒီယာသတင်းထောက်ကိုထိရောက်စွာအရေးယူသင့်ပါတယ်၊အမေစုလုံခြုံရေးထက်သတင်းထောက်ကအရေးကြီးလား၊မည်သူမဆိုခွဲခြားတက်ပါတယ်ဒါကြောင့်မို့အဲဒီသတင်းထောက်ကိုအရေးယူခိုင်းတာပါ။(ပြည်သူ/ပြည်သား)

အောင်မြင်သူ said...

သတင်းသမားများအနေနဲ့စဉ်ချင်သင့်သောအရာများကိုသတိထားစေချင်ပါတယ်။

than said...

ဂျာနယ်ကရေးတယ်ဆိုလို့သာဖတ်ရတယ် အရေးအသား ကလဲ အဆင့်အတန်းမရှိလိုက်တာ။ ဒေါသထွက်အောင်ရေးချင်တာကများနေတယ်။ သတင်းောက်က ဘယ်လိုတုန့်ပြန် တယ်ဆိုတာတော့ မပါဘူး တဖက်သပ်ကြီးပါလား။ NLD ကို သိက္ခာ ချချင်ယုံ ပဲလား???

super hero said...

ငါ သတင်ထောက်ပဲဆိုပီးတော ထင်ရာလျှောက်မရေးပါနဲ ဒီလိုစရိုက်မျိုးတွေ နဲ မီဒီယာလွတ်လပ်ခွင့် နဲ မတန်သေးဘူး ထက်ထက်မိုးဦးနဲပဲတန်တယ်

ကိုပေါက်စ said...

တစ်နေရာမှာ တစ်ခုခုတော့မှားနေပြီ

Toke Kyee said...

စာမတတ်တဲ့(၉တန်းတောင်မအောင်တဲ့)ဒေါက်တာအတုခင်ရွှေရဲ့ဂျာနယ်အမှန်ဆို
ရင်တော့ဒီကောင်လည်းမီဒီယာကိုမီဒီယာနဲ့ဗုံးကြဲ၊ဒုံးပျံနဲ့ပစ်၊တင့်ကားနဲ့တိုက် ဆို
တဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားတဲ့ ဂျာနယ်ပဲဖြစ်လိမ့်မယ်။သဘာဝယုတ္တိ၊အာဂမ
ယုတ္တိမတန်တာတွေအများကြီးပါနေတယ်။

Anonymous said...

ဆောက်ရူးဂျာနယ်ပဲ။ အောက်တန်းစားနည်းနဲ့လုပ်ကြံချင်သေးတယ်။ ဂျာနယ်တစ်တိုက်လုံး ထမိန်အစုတ်တွေပဲပတ်ထားတော့..အသစ်နဲ့တောင်မတန်ပါဘူး။ မိန်းမတွေဂုဏ်ပျက်သေး။

kyawkyawoo said...

သတင်းထောက်ကဘာမှမတုန့်ပြန်ပါဘူး အဲဒါဂျာနယ်ထဲမှာ အပြင်မှာတော့ ဟဲဟဲ

patrioticburmese said...

ဘာလဲကွ ဒီသတင်းထောက်နာမည်ကြီးချင်လို့ လုပ်တာလား။ ကို ဘောကြီးနဲမခင်ပေမယ့် သူအကြောင်းတော့ သူငယ်ချင်းတွေစီကနေ ကြားဘူးပါတယ် သူဒီလို ဖင်ခေါင်းကျယ်တဲ့လူ မဟုတ်တာ လုံးဝသေချာပါတယ်။ ခင်ဗျားတို့ အဲဒီလို စွပ်စွဲရ အောင် ခင်ဗျားတို့ကကော ဘယ်လောက် စည်းကမ်းရှိ တဲ့ကောင်တွေ မှို့လို့လဲ။ ကျုပ်တာ ဒေါ်အောင်စန်းစုကြည် ရဲသက်တော်စောင့် နေရာမှာဆို ခင်ဗျားတို အဲဒိထက်တောင် ဆိုးသွားအုံးမယ်။ သူတို့ခင်ဗျာ မရှိမယ့် ရှိမယ့် အင်အားနဲ ဒေါ်အောင်စန်းစုကြည် ကိုစောင့်နေရတာ။ ခင်ဗျားတို့ ကသူကို စုန်းပြူးလို ပြောရအောင် သူအကြောင်းကို ခင်ဗျားတို့ဘယ်လောက်သိလိုလဲ။ ခင်ဗျားတို့ကို ဒီလောက်အနားကပ်ခံတာ ပဲကံကောင်းတယ်မှတ်ပါ။ ခင်ဗျားတို့ကို တစ်ခုတော့ ပြောမယ် ဒေါ်အောင်စန်းစုကြည် နားမှာ သက်တော်စောင့်လုပ်နေတဲ့ လူတွေအကုန်လုံး ဒေါ်အောင်စန်းစုကြည် စိတ်ကြိုက်ရွေးခံ့ထားတဲ့ လူတွေကြီးပဲ။ ဒေါ်အောင်စန်းစုကြည် ကသူနားမှာ ခင်ဗျားတို့ ပြောတဲ့ စုန်းပြူးလိုလူကို ထားရလောက်အောင် ငတုံးမဟုတ်ဘူး။ သေချာသိချင်ရင် အဲဒီလူတွေမှာ ဘယ်လိုသမိုင်းတွေရှိတယ်ဆိုတာ သေသေချာလေ့လာ လိုက်အုံး။ ဘာမှစောက်ဆင့်မရှိ တဲ့ သူတင်းထောက် တစ်ယောက်က များ။ ထွီ

nyan lin myint said...

တကယ် ဟုတ်တယ်ဆိုရင်တောင် ကိုကျော်စိုးနိုင် ဘက်ကထောက်ခံတယ်။မနေ.တနေ.ကမှ သတင်းသမားဆိုလားဘာဆို မသိတဲ.ကောင်က အထိုးခံရတာတောင်နဲသေးတယ်.ငါသာဆို ခြေထောက်နဲ.ကန်ပစ်မှာ..တကယ်လည်းဟုတ်တာဘဲ မင်းတို.က ပိုက်ဆံရလို.လုပ်နေတာ...ဟိုက တကယ် ချစ်လို.လုပ်နေတာ....

nyan lin myint said...

တကယ်ဖြစ်ခဲ.တယ်ဆိုရင် တောင်နည်းသေးတယ်..ငါသာကိုကျော်စိုးနိုင်ဆိုရင် ခြေထောက်နဲ.ကန်မှာ...မနေ.တနေ.ကမှသတင်းထောက်ဖြစ်ပြီး သူကဘာကောင်မို.လို.လဲ အမေစုတခုခုဖြစ်ရင် နင်ကဘာလုပ်ပေးနိုင်မှာလဲ.. နင်တို.တမျိုးလုံးကျွန်ခံဆပ်တောင် မကျေဘူး။

redlight said...

ဘာတွေလဲဟ ဘောမကန်ဘဲ သံပရာသီးဝင်စုပ်နေကြပါလား။ ဟီး ဟီး

devil said...

သတင်းနဲ့ ကွန်မန့်တွေကို ဖတ်ရင်း တစ်ခုသတိရမိတယ်.......တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်....

saya said...

လင်နေခပြောသလိုမီးပွိုင့်တွေမှာကွေ့ ကြောပိတ်နေတာကိုရှင်းမပေးဘဲထိုင်ကြည့်နေတာကြောင့်ကားတွေမပိတ်သင့်ဘဲပိတ်ကုန်တာလေးလည်းရေးကြပါအုံးဟ

Powered by Blogger.