နိုင်ငံတော် သမ္မတရုံး တရားဝင် Website လွှင့်တင်

Photo Credit : http://www.president-office.gov.mm/
နေပြည်တော်၊ မေ ၁၁
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော် သမ္မတရုံး သတင်းပြန်ကြားရေး ဌာန၏ တရားဝင် Website ဖြစ်သော http://www.president-office.gov.mm/ကို မေလ ၁၁ရက်နေ့ (ယနေ့) မှစ၍ စမ်းသပ် ကာလ အဖြစ်သတ်မှတ်၍ စတင် ခဲ့ရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော် သမ္မတကြီး ဦးဆောင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး ဓာတ်ပုံနှင့် နိုင်ငံတော် သမ္မတကြီး၏ ပြောကြားချက် အချို့ ကို ကောက်နုတ် ဖော်ပြခဲ့သည်ကို တွေ့ရသည်။

အဆိုပါ အစည်းအဝေး ဓါတ်ပုံ၌ နိုင်ငံတော် သမ္မတကြီး၏ ဝဲဘက် ထိပ် ထိုင်ခုံတွင်မူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောင်ခမ်းကို တွေ့ရှိခဲ့သော်လည်း နိုင်ငံတော် သမ္မတကြီး၏ ယာဘက်ထိပ်၌ ဒုတိယသမ္မတ တစ်ဦးဖြစ်သူ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ ထိုင်ခုံမှာ လစ်လပ်နေသည်ကို တွေ့ရှိရသည်။

သမ္မတရုံး Website တွင် အဖွင့်စာမျက်နှာ၊ သတင်းများ၊ အခန်းကဏ္ဍ၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့၊ လွှတ်တော် ကဏ္ဍဟူ၍ ပါရှိပြီး အဖွင့်စာမျက်နှာ အောက်၌ သမ္မတရုံးနှင့် ဆိုင်သည့် ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ၊ စာအုပ်စင်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ရန် အတွက် တိုက်ရိုက်ထုတ်လွှင့်မှု ဟူ၍ ခွဲခြားထားသည်။

သတင်းများ အောက်တွင်လည်း ယင်းကဲ့သို့ နိုင်ငံတော်နှင့် သက်ဆိုင်သော သတင်းများ၊ သတင်းစာ ရှင်းလင်းချက်များ၊ သမ္မတရုံး၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြထားပြီး အခြား ခေါင်းစဉ်များ အောက်တွင်လည်း ခေါင်းစဉ်ခွဲများ ပါရှိကြောင်း သိရသည်။
The Voice Weekly
နိုင်ငံတော် သမ္မတရုံး တရားဝင် Website လွှင့်တင် နိုင်ငံတော် သမ္မတရုံး တရားဝင် Website လွှင့်တင် Reviewed by သစ်ထူးလွင် on 15:57 Rating: 5

17 comments:

Maunglusoe said...

လုပ်ချင်စိတ်ရှိရင်ရပါတယ်
အခြားဝန်ကြိးဌာနတွေလဲwebsite ကိုစနစ်တကျလုပ်ကြပါလား
အဖြစ်လုပ်ထားတဲဟာတွေလွန်ခဲ့ တဲ့ ၂ နှစ်လောက်က နေ ခုထိupdateမလုပ်နိုင်တဲ့ဌာနလဲရှိသေးတယ်

Aung min thein said...

ကောင်းပါတယ်ဗျာ...............:)

minsoeaung said...

အမှန်တကယ်ရှိသင့်ရှိထိုကပါသည်။
အခြားဝန်ကြီးဋ္ဌာနများလည်းထားစေလိုပါသည်။
comment ရေးရန်လည်းထည့်ပေးကြပါခင်ဗျား။
ကောင်းသည်ထက်ကောင်းအောင်လုပ်ပေးကြဘို့တိုက်
တိန်းအပ်ပါသည်။

pyaponthu said...

ဆိုဒ်တိုင်းမှာcomment ပါသင့်တယ်။နိုင်ငံတိုင်းရဲ့နိုင်ငံတော်ဆိုဒ်တွေမှာပါတယ်။

♥အချစ်ပါတီ...♥ said...

လုပ်သင် တဲ အရာကိုလုပ်တာ ကောင်းပါတယ်ဗျာ.....

iban said...

ဦးသိန်းစိန်ရဲ့ ခြေလှမ်းတွေကို စစ်မှန်တယ်လို့ ယုံကြည်မိတယ်။
ကောက်ချက်ချတာ စောသေးတယ် လို့ဆိုနိုင်ပေမယ့် စစ်သားထဲမှာ အလွန့်အလွန် ရှားပါးတဲ့ လူကောင်း တစ်ယောက်လို့မြင်တယ်။
အခု ဒုသမ္မတ တကယ်ထွက်သွားရင်တောင် အဲဒီနေရာကို အစားထိုးဖို့ လက်ရှိ ဗိုလ်ချုပ်ဟောင်းတွေထဲက တစ်ယောက်မှကို သင့်တော်သူ မမြင်သေးဘူး၊ ဦရွှေမန်း ကျပြန်တော့လည်း သူ့နေရာကို အစားထိုးဖို့ ထိုက်တန်တဲ့လူ မရှိပြန်ဘူး။ လူကောင်းဆိုတာ တကယ့်ရှားပါး သတ္တ၀ါပါပဲ...

Thurein said...

ပာုတ်ပါတယ်။ တစ်ချို့ဌာနတွေဆိုရင် Website တော့ရှိပါရဲ့၊ ဘယ်တော့မှ update မလုပ်ဘူး။ ဘယ်တုန်းတည်းက တင်ထားမှန်းမသိတဲ့ပာာတွေကြီးပဲ။ Website လုပ်တာတော့ပာုတ်ပါပြီ။ အဲဒီ Website ကို Up-to date အမြဲဖြစ်နေဖို့လဲ လိုပါသေးတယ်။

ဆေးပညာနှင့်ပတ်သက်ပြီးမေးမြန်း ဆွေးနွေးလိုပါက
www.academicmedicines.blogspot.com

အောင်သက်ဦး said...

နိုင်ငံတကာအဆင့်မှီသွားတာပေါ့။ဝမ်းသာပါတယ်

AYE AYE AUNG said...

အခုမှ အရည်အသွေး ပြည့်မှီ တဲ့ အစိုးရမြင်ဘူးတော့တယ်။

နိုင်နိုင်စနေ။ said...

နိုင်ငံတော်အစိုးရ၀က်ဆိုက်လွင့်တင်ဆိုတာအမောတကောပြေးကြည့်မိတယ်
ကောင်းပါ့ဗျာ.အားလုံအိုကေတယ်..ကြိုက်တယ်..Like.
အင်းဒါပေမဲ့မကောင်းတာတခုကတော့ဝေဖန်တာတော့မဟုတ်ဘူးနော်..
မြန်မာနိုင်ငံမှာအီးဂါးဗားမဲလ်စတင်နေတာကြာပါပြီ
သမတအရှေ့ကကွန်ပြူတာရော..အစိုးရအဖွဲ့ဝင်တွေကကွန်ပြူတာတွေရော
တလုံးမှအလင်းရောင်မထွက်ဘူးဗျာ။
ဟဲဟဲ...ကွန်ပြူတာမီးလိုင်းပျက်နေလို့ထင်ပါ့
ဒါမှမဟုတ်..ကွန်ပြူတာမဖွင့်ပဲရှိုးထုတ်ထားတာလားမသိ..
ဝေဖန်တာပါ...
ဆရာသစ်ရဲ့ဆိုက်မှာအပြုသဘောနဲံ့လွတ်လပ်စွာဝေဖန်ပိုင်းခြားပိုင်ခွင့်ရှိတယ်
မို့လို့ပါ
သမတကြီးနှင့်တကွအစိုးရအဖွဲ့ကြီးအားလုံးသိစေချင်လို့ပြောပြလိုက်ရတာပါ။

sincerity said...

ညွှန်ချုပ် မောင်မင်းဇော် ကကော၊ကိုယ့်ကိုသိသင့်ပါပြီ၊

mad dog said...

လေးစားပါတယ် သမ္မတကြီး ခင်ဗျား။ ။

ဆုလာဘ် said...

၈လုံး ဘယ်ရောက်နေလဲကွ

minsoeaung said...

ချစ်ခင်ရိုသေလေးစားအပ်ပါသောသမ္မတကြီခင်ဗျား
သမ္မတကြီးယခုစမ်းသပ်ထုတ်လွင်နေသော ဝက်ဆိုဒ် ကို
ကျွန်တော်၏ ဟမ်းဆက်ဖြင့် ဖတ်မရဖြစ်နေပါသည်။
မြန်မာဖေါင့်အားပြောင်းလွဲ စမ်းသပ်ထုတ်လွှင့်ပေးပါရန်
အသနားခံတင်ပြအပ်ပါသည်။

Anonymous said...

ဝ မရှိဘဲ ၀ိ မလုပ်ရ ၊ သတင်းစာတွေ အမှန်အတိုင်း ရေးအောင်ဘဲ ..... အ၇င်လုပ်ပါအုန်း ။

Anonymous said...

ကြံ.ဖွတ်များ သို. ...... ဦးသိန်းစိန် (ကြံ.ဖွတ်)မှ ၅၀၀၀/ တန် ဆင်းကဒ် ကို NO; NO; နဲ. ဖင်ပိတ် အသေငြင်းပြီး ၂၀၀၀၀၀/ တန်ဆင်းကဒ် (ပြည်သူတွေဝိုင်းအော်လို. ၃၀၀၀၀၀/ မှ လျှော.လိုက်သော).. ကိုအတင်းေ၇ာင်းတယ် ၊ ဒီအတွက် ကြံ.ဖွတ်က .. ဦးသန်းရွှေ ၊ ဦးသိန်းစိန် အပါအ၀င်ထိပ်ပိုင်းတွေ တယောက် သိန်းထောင်ချီ စီရကြတာလည်းပြည်သူတွေအသိ ၊ဒါကြောင်.ပြည်သူတွေကြံ.ဖွတ်ကို မယုံတာဆန်းသလား ၊ ၅၀၀၀/တန်ဆင်းကဒ်က မြင်သာတဲ.ဥပမာတခုဘဲရှိသေးတယ် ၊. .လာမယ်.၂၀၁၅ မှာ မဲကို နည်းမျိုးစုံသုံးပြီး ခိုးတာကလွဲလို. ကြံ.ဖွတ်နိုင်မယ်.အနေအထား မတွေ.ဘူးဗျို.။

Unknown said...

ကြိုဆိုပါတယ်။
Ko Zaw thwin

Powered by Blogger.