NLD လုံခြုံရေး တာဝန်ရှိသူအပေါ် Express Times ဂျာနယ်၏ စွပ်စွဲချက် မမှန်ကန်

   ၈ ရက်နေ့ကပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်းးးရဲ့ လေးနှစ်ပြည့်အခမ်းအနားကို ကျတော်လဲတက်ရောက်
သတင်းယူပါတယ်... ဒါကြောင့် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ဖြစ်တဲ့ ပြသနာကို အစအဆုံး သိရှိမြင်တွေ့လိုက်ရသ
လို ပြသနာကြီးးးမလာအောင် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ကြားမှာ တောက်လျှောက်မတ်တပ် ရပ်နေခဲ့ပါတယ်...
                   Express Times ဂျာနယ်၏ စွပ်စွဲချက် တွေဖြစ်တဲ့ ကိုကျော်စိုးနိုင် မှ " ဟေ့ကောင် ဓါတ်ပုံမရိုက်နဲ့" တားမြစ်တာ
မဟုတ်ပါ။။။ တခြားပွဲလာသူများရှေ့မှာ မီဒီယာပေါင်း များစွာက ပိတ်ကွယ်နေတာကြောင့် တော်ပါတော့ တော်ပါတော့ ... ပြီး
မှ ဆက်ရိုက်ပါဆိုပြီးးး ပြောခြင်းးးပါ... ကျန်တဲ့ သတင်းထောက်တွေ နောက်ဆုတ်ပေးပေမယ့် Express Times ဂျာနယ် သ
တင်းထောက်ကတော့ နောက်မဆုတ်တာကြောင့် အခုတော့တော်သင့်ပြီညီလေး ပြီးမှ ဆက်ရိုက်လို့ပြောတာကြားလိုက်တယ်...
တစ်ဆက်တည်း မြင်လိုက်ရတာက သတင်းထောက်က ကိုကျော်စိုးနိုင် မျက်နှာကို တံတောင်နဲ့ နောက်ပြန်ထိုးလိုက်ပြီး ကျုပ်
က သတင်းထောက်.. ဓါတ်ပုံ ရိုက်ရမှာပဲလို့ ပြန်ပြောခဲ့တယ်... Express Times ဂျာနယ်၏ ကိုယ့်ဘက်ကိုယ်ကာထားတဲ့ "ဟုတ်
ကဲ့ပါ...ကျတော် ဒီတစ်ပုံလောက် ရိုက်ပါရစေ " ဆိုတဲ့ စကားကို သတင်းထောက်က လုံးဝမပြောခဲ့ပါ။။။
                      အမှန်က ကျတော်လဲသတင်းထောက် အနေနဲ့ သတင်းယူနေရင်းပဲ တွေးကြည့်ပါတယ်... သတင်းထောက်တွေ
က အမေစု ရဲ့ လက်တစ်ကမ်းးးမှာပါ... သတင်းထောက်ဆိုတာကို ထင်ရှားစွာ သိနိုင်တဲ့ အမှတ်အသား ဂျို မပါပါဘူး... ဒီတော့
သတင်းထောက်ယောင်ဆောင်ပြီး အမေစု ကို လုပ်ကြံမယ်ဆိုရင်တောင် အင်မတန် လွယ်တဲ့ ကိစ္စဖြစ်နေတယ်... မဖြစ်နိုင်ဘူးး
လို့ ဘယ်သူပြောမလဲ... ဗိုလ်ချုပ် ကိုတောင် လူယုတ်မာတွေက ဒီလိုပဲ သတ်ခဲ့တာပဲ...
                     အဲ့ဒီနောက် ပြသနာက ပြီးမသွားတာက Express Times ဂျာနယ်၏ သတင်းထောက်က NLD လုံခြုံရေးတွေ ရွေး
ပြီး ဓါတ်ပုံလိုက်ရိုက်ပါတယ်... ဒီလိုမျိုးတော့ သတင်းထောက်အလုပ်ကို မာန်တက်ပြီး အညိုးထားတာမျိုး မလုပ်သင့်ပါဘူး...
ကျတော်မြင်တာကတော့ အမှုတစ်ခုဖြစ်ရင်တောင် တရားရုံးမှာ သူဘက် ၊ ကိုယ့်ဘက် လျှောက်လဲချက်တွေနဲ့ အမှားအမှန်
ဆုံးဖြတ်တာပါ...  Express Times ဂျာနယ်၏ အယ်ဒီတာချုပ်က NLD ရုံးကို တရားဝင် စာရေးတိုင်ကြားတာကို ကြိုဆိုပါတယ်..
. ဒါပေမယ့် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် အဖြေမစစ်ရသေးဘဲ ကိုယ့်သတင်းထောက်ပြောတာကိုပဲ အမှန်လုပ်ပြီး ဦး
ကျော်စိုးနိုင် ကို စုန်းပြူး လို့ သုံးနှုန်းခြင်း ၊ မှန်၏ မမှန်၏ သေချာစွာ အဖြေမထွက်ခင် လူတစ်ယောက် ရဲ့ဓါတ်ပုံ ကို ကြေညာ
ချက်မှာ ကပ်ပြီး လူသိရှင်ကြား သတင်းဖြန့်ဝေပြောဆိုခြင်း တို့ကတော့ မသင့်တော်ပါဘူး... မီဒီယာ လက်နက်ကို အလွဲသုံး
ရာရောက်ပါတယ်...
                                                                                                                                      လေးစားပါတယ်ဗျာ
  မှားတာရှိလဲ ထုံးစံအတိုင်း ဆုံးမကြပါ

   ကိုမောပြေ (ဖေ့စ်ဘုတ်)

အဂ္ဂမဟာ ဒီမိုဖက်တီး ကျော်စိုးနိုင် (ခ) ကိုဘောကြီးဆိုတာ ဘယ်သူလဲ ........ အားလုံးက လေးစားဂုဏ်ပြုကျတဲ့ ၈၈ ခေါင်းဆောင် စာရင်းထဲ မှာတော့ သူ့နာမည် မပါပါဘူး .... ဒါပေမယ့် အဲသည် ရွှေတိဂုံဘုရား ဟောပြောပွဲ ကနေ စလို့ ယုံကြည်ရတဲ့ ကိုယ်ရံတော် တစ်ယောက် ၊ အနာခံ အကြိမ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဒေါ်စုရဲ့ တပည့်ရင်း တစ်ယောက်ပါ ......
NLD လုံခြုံရေး တာဝန်ရှိသူအပေါ် Express Times ဂျာနယ်၏ စွပ်စွဲချက် မမှန်ကန် NLD လုံခြုံရေး တာဝန်ရှိသူအပေါ် Express Times ဂျာနယ်၏ စွပ်စွဲချက် မမှန်ကန် Reviewed by သစ်ထူးလွင် on 09:23 Rating: 5

66 comments:

MMT said...

ဒါပေမယ့် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် အဖြေမစစ်ရသေးဘဲ ကိုယ့်သတင်းထောက်ပြောတာကိုပဲ အမှန်လုပ်ပြီး ဦးကျော်စိုးနိုင် ကို စုန်းပြူး လို့ သုံးနှုန်းခြင်း ၊ မှန်၏ မမှန်၏ သေချာစွာ အဖြေမထွက်ခင် လူတစ်ယောက် ရဲ့ဓါတ်ပုံ ကို ကြေညာချက်မှာ ကပ်ပြီး လူသိရှင်ကြား သတင်းဖြန့်ဝေပြောဆိုခြင်း တို့ကတော့ မသင့်တော်ပါဘူး... မီဒီယာ လက်နက်ကို အလွဲသုံးရာရောက်ပါတယ်.

MMT said...

Lesson ပဲ။ ဂျာနယ်က ပြောတိုင်း ဘယ်တော့မှ ရမ်း မယုံလိုက်ကြနဲ့ ။

ှဲKaung said...

အဲဒီ စွပ်စွဲတဲ့ သတင်းသမားကိုလည်း ဓါတ်ပုံနှင့်တကွ ဖော်ပြသင့်ပါတယ်။

scopio said...

မှန်ကန်တဲ့ရပ်တည်ချက်နဲ့ ရဲဝင့်စွာဖြေရှင်းရေးသားတဲ့'မောပြေ'ကိုလေးစားပါတယ်။

ရဲအနော်ရထား said...

သေးရှာစုံစမ်းပြီ သတင်းထောက်က ဖားစကားတတ်တာဆိုယင်
သတင်းတိုက်ကော သတင်းသမားကိုကော NLD ထံသတင်းယူခွင့်
ပိတ်သင့်ပါသည်။

mad dog said...

သိတယ်လူ၇ှိ၇င် ပြောပြပါအုံး empress ကဘယ်သူ့ဟာလည်းဆိုတာ။ သွား၇ိုက်မလို့။ ။

su said...

အင်တာနက်ပေါ်မှာ မီဒီယာသမားတွေ သတင်းယူနေတဲ့ ရုပ်သံဖိုင်တွေကို မကြာခဏ ကြည့်ဘူးပါတယ်။ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေက အကြောင်းအမျိုးမျိုးကြောင့် မေတ္တာရပ်ခံတာကို သဘောပေါက်နားလည် လက်ခံတဲ့ မီဒီယာသမားတွေရှိသလို၊ ကိုယ်သတင်းရရင်ပြီးရော ဇွတ် အဓမ္မအတင်း ဓာတ်ပုံရိုက်ကြတဲ့ မီဒီယာသမားတွေကိုလည်းတွေ့မြင်ရပါတယ်။ မီဒီယာသမားအတွက် သတင်းရဘို့တာဝန်ရှိသလို လုံခြုံရေးသမားအတွက် ပြည်သူ့ခေါင်းဆောင်ကို ကာကွယ်ဘို့ အပြည့်အ၀ တာဝန်ရှိပါတယ်။ သူ့လုပ်ငန်း ကိုယ့်လုပ်ငန်း အပြန်အလှန် သဘောပေါက်နားလည်ထားကြဘို့ လိုပါတယ်။ အခုဖြစ်တဲ့ ကိစ္စမှာ Express Times ဂျာနယ် သတင်းထောက်ဟာ ဘယ်လို လူစားမျိုးလဲဆိုတာ အယ်ဒီတာအနေနဲ့ အများပြည်သူသိအောင် အရင် ရေးပြပါ။ ကိုယ့်လူကို သေချာမမေး ကိုယ့်လူရဲ့အရည်အချင်းဟာ မပြည့်သေးဘူးဆိုရင်လည်း ဖြည့်ပေးပါအုံး။ အခုလိုမျိုး သေချာ မစိစစ်ပဲ တိုင်စာတန်းပို့တယ်ဆိုတော့ အယ်ဒီတာချုပ် ကိုယ်တိုင်က ခပ်ညံ့ညံ့ ဖြစ်ေ်နတယ်လို့ ပြောချင်တယ်။

Thurein said...

အခုတစ်လော ဂျာနယ်တွေပာာ လွတ်လပ်ခွင့်ဆိုတာကို တရားလွန်အသုံးပြုလာတာကို တွေ့ရပါတယ်။ ဂျာနယ်သတင်းထောက်တွေပာာ ငါသတင်းထောက်ဆိုပြီး လုပ်ချင်ရာလုပ်လို့နေပါတယ် (အားလုံးကို မဆိုလိုပါ၊ သတင်းထောက်ပီသသော သူအများအပြားရှိတယ်ဆိုတာကို ခြွင်းချက်မရှိ လက်ခံပါတယ်။)။ ဒီကိစ္စမှာ ကြည့်ရင်လည်း Express သတင်းဂျာနယ်က သတင်းထောက်ရဲ့ ထင်ရာစိုင်းတဲ့သဘောထားကို မြင်တွေ့ရမှာပါ။ ကျနော်ကိုယ်တိုင် အဲဒီနားမှာ မရှိတော့ သေချာမသိပါဘူး။ ဒါပေမယ့်လည်း မဆိုင်တဲ့ တတိယလူတစ်ယောက်ကပြောပြတဲ့စကားကိုတော့ ပိုပြီးအယုံအကြည်ရှိလို့ ၀င်ပြောလိုက်တာပါ။ ဂျာနယ်တိုက်တွေအနေနဲ့ မိမိတို့ရဲ့ သတင်းထောက်တွေကို သေသေချာချာ စည်းကမ်းကြပ်မတ်သင့်တယ်လို့မြင်ပါတယ်။

ဆေးပညာနှင့်ပတ်သက်ပြီးဆွေးနွေးမေးမြန်းလိုပါက
www.academicmedicines.blogspot.com

Ar Ga said...

ဒီအတိုင်းဆို၇င် သတင်းထောက်က တ၇ားဝင် ပြန်တောင်းပန်ပြီး သတင်းစားတိုက်ကလည်း တ၇ားဝင် စာထွက်ပြီး ပြန် တောင်းပန်သင့်တယ်...

ဇေလတ် said...

သတင်းထောက် ကသတင်းထောက်ပါးဝတယ်ပေါ့ .... မင်းတို့ကဂျာနယ်လေးတစ်ဆောင်လောက်ထုတ်နိုင်တာနဲ့မင်းတို့ပြောတာလူတိုင်းယုံမယ်ထင်တယ်ပေါါ့ ဂျာနယ်ဖတ်လာတဲ့တောက်လျှောက်မှာ အများပြည်သူဖတ်ကရပ်တည်တဲ့ ဂျာနယ်ကလွှဲးပြီးမင်းတို့ ဂျာနယ် အလကားပေးတိုင်ဖတ်ဖို့အချိန်ကုန်တယ်

shingyi said...

ဒီလိုဖြစ်မှာပါ။အဆင့်မ၇ှိ၇င်public ထဲမထားပါနဲ့။

kotunaung164@gmail.com said...

တချို့မီဒီယာတွေကတအားလွန်ပါတယ်သူတို့မှာမီဒီယာဆိုတဲ့လုပ်ပိုင်ခွင့်ကိုအလွန်အကျူးအသုံးချလွန်ပါတယ်၊မိမိအကျိုးအတွက်အသုံးမပြုဘဲပြည်သူအတွက်မီဒီယာဖြစ်စေချင်ပါတယ်ခင်ဗျာ

3H said...

သတင်းထောက်ဆိုပြီး လူပါးဝတာလေ တစ်ယောက်လဲ အဲလိုလူပါးဝလို့ ပါးရိုက်ခံရပြီးပြီ။ ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်တယ်ဆိုတာဒါမျိုးပေါ့

ဇေလတ် said...

The Express Time ဆိုဘဲး မနေ့တစ်နေ့ကမှတက် လာသာလား ပေါ်လာသာလား လူမသိသူမသိ ဂျာနယ် က နာမည်ကြီးအောင် ဇာတ်လမ်း ထွင်တယ်ပေါ့...... မင်းတို့ စာမျှက်နှာပေါ်မှာ တင်လည်းဘယ်သူမှမယုံဘူးနော် . ဂျာနယ်နာမည်ကြီးချင်ရင်လည်း ဒီနည်းနဲ့တော့မလုပ်ပါနဲ့ ထက်ထက်မိုးဦး ပါးရိုက်သာခံလိုက်ပါ မင်းတို့အလိုလိုနေရင်းနာမည်ကြီးသွားပါလိမ့်မယ် ... တကယ်အလုပ်လုပ်နေတဲ့ လူကို သွားမနှောက်ယှက်ပါနဲ့....................

Anonymous said...

ဘာတွေလုပ်နေကြတာလဲ ဟ .. ဒီပို့စ်ကအမှန်ဆိုရင်တော့ ဒီသတင်းထောက်ကတော်တော်အဆင့်မရှိတာပဲ...သူအဆင့်မရှိသလို သူ့သတင်းတွေကို ဖော်ပြပေးနေတဲ့ Weekly Express Times Journal ကရော...နှစ်ဖက်ပြသနာကိုမစုံစမ်းပဲနဲ့ ကိုယ့်ဂျာနယ်စောင်ရေရောင်းအားတက်အောင် လူထုကြားမှာ ဒီလောက် popular ဖြစ်နေတဲ့ NLD နဲ့ ငြိရလဲ မနည်းဘူးဆိုပြီး ကိုယ့်ဝန်ထမ်းတကယ် မှန်..မမှန်အတိအကျ မစုံစမ်းပဲနဲ့ ပြသနာဖြစ်အောင်ထ လုပ်တယ်...ဒီလိုမဟုတ်တမ်းတရား ပြောတတ်တဲ့ သတင်းထောက်ကလဲ အခုတောင် မဟုတ်တမ်းတရား လိမ်ညာပြီးပြောနေရင် သူရေးတဲ့ သူဖော်ပြတဲ့သတင်းတွေ ဓာတ်ပုံတွေကရော 100% အမှန်ပါလို့ ဘယ်လိုယုံကြည်ကြရမှာလဲ..အဲဒိသ
တင်းထောက်ကို ကာကွယ်ပြီး သတင်းမှားကို ပွဲစည်အောင်ဖွတဲ့ အဲဒိ Weekly Express Times Journal ကိုလဲ ပါတီကို အသရေဖျက်မှု နဲ့ပြန်တရားစွဲ သင့်တယ်....

ladyjune said...

အထက်တွင်ဖော်ပြသောသတင်းများသည် မည်သူဘက်ကမှန်သည်ဇြစ်စေ မီဒီယာဘက်က ဒီလိုလူသိရှင်ကြား ဖြစ်အောင် မလုပ်သင့်ပါဘူး.NLD နဲ့ အန်တီစု ကို တိုက်ရိုက်စော်ကားနေသလိုပါပဲ.
အမြန်ဆုံး ဖြေရှုင်းချက်ပေးပေးကြပါ..

huailan said...

ကျေဇူးတင်းပါတယ်
အခုလိုမျိုးရှင်းပြပေးတဲ့အတွက်ကို
အဲဒါကိဂျာနယ်တွေထဲမှာထည့်ပြီး အားလုံးသိအောင်တင်ပြစေချင်ပါတယ်
ဒီလိုသတင်းထောက်မျိုးကိုလည်းသေသေချာချာစစ်ဆေးပြီးအပြစ်ပေးသင့်ပါတယ်
ဒါမှဒီလိုလူမျိုးတွေနောင်ကြဉ်သွားမှာ

Ukyawkyaw said...

စည်းကမ်းတကျဆောင်ရွက်ကြဘို့၊ကြိုတင်နေရာချထားရေး၊အနီးကပ်လာရောက်ခွင့်သတ်မှတ်ရေးစီစဉ်ကြစေလိုပါသည်။အခုတော့တောကဘုရားပွဲလှည့်သလိုစည်းမဲ့ကမ်းမဲ့ဖြစ်နေပါသည်။
ပြည်သူ့ခေါင်းဆောင်၊ကျွန်တော်တို့ကိုကယ်တင်မည့်သူ ၊တစုံတခုဖြစ်သွားနိုင်ပါသည်။ပြည်သူ့ပါတီမှဗဟိုကော်မရှင်လူကြီးများတာဝန်ရှိပါသည်။အမြန်ဖြေရှင်းပေးပါ။

WAH WAH WIN said...

ငါးခုံးမတစ်ကောင်ကြောင့် တလှေလုံးပုပ်လို့ပြောရမလိုပဲ၊ အဲ့လိုသတင်းထောက်တွေကြောင့် တခါတရံအလုပ်လုပ်ရတာ အရမ်းအနှောက်အယှက်ဖြစ်တယ်။

Cinderella said...

အမှန်တရားအမြန်ဆုံး‌ပေါ်ပါ‌စေ..စာနယ်ဇင်းသမားအချို့က‌လောင်လက်
နက်ကိုင်ပြီးနာမည်ကြီး‌အောင်မလုပ်ကြပါနဲ့လို့‌တောင်းပန်ချင်ပါတယ်..
‌နောက်ဆိုရင်ဘာပွဲဘဲလုပ်လုပ် CCTV ရိုက်ထားသင့်တယ်လို့အကြံပုချင်
တယ်..။

သီဟ ကျော် said...

မောပြေ (ဖေ့စ်ဘုတ်) စကားကို ထောက်ခံပါတယ်။ ဒီ့ထက် သေချာ ချင်ယင် အသံဖိုင်တို့ ဗီဒီယိုဖိုင်တို့ တင်ပြီး စွပ်စွဲပါ။ OFF THE RECORD တွေ ဒီခေတ်မှာ အကျုံးမ၀င်ပါ။ NLD ရဲ့ အရပ်သား လုံခြုံရေးကိုမို့လို့ ဒီလို နည်းမျိုးစုံနဲ့ ထိပါး စွပ်စွဲကြတာပါ၊ ဗိုလ်ချုပ်ကြီး တယောက်ယောက်ရဲ့ လုံခြုံရေး တပ်သားတွေကို အဲဒီလို ပြောဆိုရဲ၊ ထိပါးရဲ၊ စွပ်စွဲရဲမလား ဆိုတာကို EXPRESS TIMES သတင်းထောက် နဲ့ ဂျာနယ်ကို ပြန်မေးပါရစေ။ အမေစု လုံခြုံရေးဟာ တိုင်းပြည် တခုလုံး ရဲ့ လုံခြုံရေးလို အရေးပါတယ်ဆိုတာ သဘောမပေါက်တဲ့ သူတွေ ရှိနေကြ သေးတာလား။ ။ သီဟ ကျော်

Ni Ni said...

ဤ တိုင်တန်း ချက် မှန်မ မှန် မသိ၍ဘာမှ မပြောလိုပါ ၊ စွပ်စွဲ သလောက် ဆိုးဝါး လိမ့်မည်ဟု လည်း မယုံကြည်ပါ ။ မီဒီယာ သမား တစ်ယောက်က ပုဂ္ဂိုလ် ရေး မကျေနပ်၍ ဆိုင်ရာ နှစ်ဘက် အဖွဲ့ ကြိုတင် အသိပေး ဖြေရှင်းတာမျိုး မလုပ်ဘဲ တစ်ဘက်သတ် စွပ်စွဲ တိုင်ကြားလာခြင်း ဟာ မရိုးသား နိုင်ပါ ။ မဟုတ်ဘဲနှင့် ဆိုလျှင် တစ်ဘက်လူ ထိခိုက် နစ်နာသွားနိုင်တာ တွေအတွက် မီဒီယာ သမားများ လက်လွတ်စပါယ် အခွင့် အရေး အသုံးမချသင့်ပါ ။
ကြုံတုံး ပြောရအုံးမယ် ။ အန်တီစု တို့ ၊ ကို မင်းကိုနိုင် တို့ရဲ့ သတင်းတွေ ယူကြတဲ့ မီဒီယာ သမား တွေ
ဘာဖြစ်လို့များ တစ်ပေ လောက် အကွာကနေ မှန်ပြောင်း အကြီးကြီး တွေနဲ့ ချိန်ပြီး လိပ်ပြာ တစ်ကောင် ကို တွေ့လို့ အမိအရ ချိန် ရိုက်နေသလို ရိုက်နေကြတာလဲ မသိဘူး ၊ တစ်ပုံထဲနဲ့လဲ အားမရကြဘူး ၊ ဆယ်ပုံ ဆယ့်ငါးပုံ NON STOP ရိုက်နေလိုက်ကြတာ ။ အလုပ်လုပ်နေကြသူ တွေကို အရမ်း အနှောက်အယှက် ဖြစ်စေတာ ကိုယ်ချင်း မစာတတ်ကြဘူး ။ ရှေ့တောင် တိုးလျှောက်လို့ မရအောင် ပိတ်ပြီး ဓါတ်ပုံ ချိန်ရိုက်နေလိုက်ကြတာ ။ နိုင်ငံခြား မှာ သတင်းယူကြတာ တွေ အတုခိုးစေချင်တယ် ။ မနာလိုသူတွေ မျက်စိနောက်စေတဲ့ မြင်ကွင်းပဲ ။ မီဒီယာ ဓါတ်ပုံ သမားတွေ အထူး သင်ယူစရာ အများကြီးပဲ ။ ပြီးတော့ သူတို့ ကပဲ စွာ လိုက်ကြတာ လွန်ရော ။ အခုမှ လွတ်လပ်ခွင့် ရနေတဲ့ ဒီအခွင့် အရေး ကြောင့် များတော့ မာန်မတက် ကြစမ်းပါနဲ့ ဗျာ ။

3H said...

သတင်းထောက်ဆိုပြီး လူပါးဝတာကိုး .. အရင်လဲ အဲလို လူပါးဝလို့  ပါးရိုက်ခံရပြီးပြီ .. ခုလဲ နောက်တစ်ယောက်လာပြန်ပြီ .. ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်တယ်ဆိုတာ ဒါမျိုးကိုပြောတာ .. အဲလို သတင်းထောက်မျိုးကို .. အားလုံးက ၀ိုင်းပြီး ရှုံ့ ချသင့်တယ်..

a said...

စိစစ်ပြီးမှသတင်းယူခွင့်ပေးသင့်ပါတယ်၊လုံခြုံေ၇းကိုစိုးရိမ်လို့ပါ၊လူအများရှေ့မှာဖြစ်တာတောင်လိမ်ညာပြောရဲတဲ့သတင်းသမားဆိုတော့နောင်သတိထားရမဲ့သတင်းအုပ်စုပါ၊မူမမှန်ပါဘူး၊မကောင်းကြံတာပါ၊မြင်လိုက်ကြားလိုက်ရတဲ့သူကိုကျေးဇူးတင်ပါတယ်။

aristhteinwin said...

ပြောရလျှင် လုံခြုံရေး အရေးကြီးပါတယ်- မြန်မာနိုင်ငံက သေနတ်မပေါတဲ့ နိုင်ငံမို့ တော်တော့တယ်။ အိန္ဒိယလို ခေါင်းဆောင်တွေ သေတာကြာပေါ့- အိန္ဒိယမှာ အရေးကြီးပုဂ္ဂိုလ်အနီးအနားကို ဘယ်သတင်းထောက်မှ ကပ်ခွင့်မရှိပါဘူး။ အနဲဆုံး ၁၀ ပေ အကွာလောက်မှ ဓါတ်ပုံရိုက်ရပါတယ်။ ဒါတောင် လုံခြုံရေး ရဲတွေ အပြည့်နေရာယူထားတာပါ။ ဒေါ်စု လုံခြုံရေး လုံးဝ စိတ်မချရပါ။ သတင်းထောက်ဆိုရင် သတင်းထောက်ကဒ်ပြား ပါ မပါ စီစစ်ရပါမယ်။ ဘယ်သတင်းစာတိုက်လဲ- သတင်းစာရှင်းလင်းပွဲဆို ဖိတ်ကြားစာ ပြရပါတယ်။ မပါလျှင် ၀င်ခွင့်မပြုပါ။ express time မှ သတင်းထောက်မျိုးကို နောက်နောင် မဖိတ်ကြားသင့်ပါ။

ဇေ said...

Express Time ဆိုသာက မနေ့တစ်နေ့ကမှပေါ်လာတဲ့ ပေါက်စ ဂျာနယ်လေးပါ နာမည်ကြီးပြီးရောင်းကောင်း အောင်ကြံဖန်ရှာပြီး လုပ်ကြံဖန်တီးတဲ့သတင်းမရရအောင်းဇာတ်လမ်းထွင် နာမည်ကြီးအောင်လုပ်မလို့လာ..... တကယ်ပြည်သူ့အကြိုးသယ်ပို့နေတဲ့လူတွေကို မင်းတို့တွေမနှောက်ယှက်ကြပါနဲ့. နာမည်ကြီး ချင်ရင် ပိုက်ဆံလည်းရ ဂျာနယ်လည်းနာမည်ကြီးမဲ့နည်းလမ်းတော့ရှိတယ် ထက်ထက်မိုးဦး နဲ့သွားပြသာနာရှာလိုက် ၁၀၀၀ ရမယ် နာမည်ကြီးမယ်

jaboe said...

ခုတလောသတင်းသမားတွေရဲ့အသံတွေကြားနေရပါတယ်၊မီဒီယာလွတ်လပ်ခွင့်ကရောင်ခြည်သန်းကာစဘဲရှိသေးတယ်နော်၊ဆင်ခြင်ကြစေလိုပါတယ်၊သတင်းသမားတွေဟာ007လိုင်စင်ရသူတွေမဟုတ်ကြပါ၊သင့်ကြောင့်မီဒီယာလောကနာမည်မပျက်ပါစေနှင့်

ပြည်သူ said...

မောပြေကရော မီဒီရာသမားလား ဘိုင်နိမ်းနဲ့ဖေါ်ပြပေးပါ ဘယ်သူ မှားတယ် မှန်တယ်မသိပါ အန်(န်)အယ်လ်ဒီမှာလည်း အောက်ခြေပိုင်းတွေက ဆိုးဝါးမိုက်ရိုင်းတာတွေရောထွေးနေတယ် တစ်ချို့မြို့တယ်လေးတွေမှာပိုဆိုးပါတယ် မြို့နယ်လူကြီးပိုင်းကိုက (၄)အုပ်စု လောက်ကွဲနေတယ် (ဥပမာ မြင်းခြံပေါ့) တကယ်ပါ အမေစုလည်း ကြားမှာပါ အာဏာမရသေးခင်ဒီလို တွေဖြစ်နေရင် နောက်ပိုင်း ဘာဆက်လုပ်မလဲ....

reddevil said...

ဒီ ဂျာနယ်ကိုသပိတ်မှောက်ကြရမယ်။ ဂျာနယ်လစ်ကိုသတင်းယူခွင့်ပိတ်သင့်ပါသည်၊

မောင်မောင် said...

အဂ်လန်က ကျနော်သူငယ်ချင်းတစ်ယောက်က ပြောဖူးတာရှိတယ်..မောင်မောင် မင်းတို.မြန်မာတွေက negative side မှာ တော်တော်ထူးချွန်တယ်နော်.တဲ့..

မောင်မောင်(မောင်မောင်)

Anonymous said...

မှတ်မိသေးပါတယ်။ ပြောစရာဖြစ်အောင်လုပ်ရင်ပြောမှာပဲ။ ရေးစရာဖြစ်အောင်လုပ်ရင်ရေးမှာပဲဆိုတဲ့ စကား.. မီဒီယာသမားများ ethic,..ethic...ethic....အင်း.... နောက်တစ်ခုကတော့ လုံခြုံရေးပါ။ တစ်ဆိတ်လောက်သတိပြုပေးစေချင်ပါတယ်။ အရေးကြီးနေတဲ့အချိန်မို့လို့ပါ။ တခြားတစ်ဖက်ကလဲ ကင်မရာအသုံးကိုသေချာလေးသိစေချင်ပါတယ်။ မျက်ခွက်နားတေ့ပြီးရိုက်မှ သတင်းဓါတ်ပုံလို့ခေါ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ကသာမာန်လူပါ။ ဒါလေးတော့သိတယ်။ အဲ့တော့ ဒါနဲ့လုပ်ပြီးစားမယ့်သူကတော့ ဒီသဘောကိုပိုသိသင့်ပါတယ်။ ကျန်တာကတော့ တစ်ဦးချင်းစီရဲ့အဆင့်အတန်းနဲ့ ethic လို့ပဲပြောချင်ပါတော့တယ်။ ..အမလေး...လေရှည်ပြီးမှ မီဒီယာမထိနဲ့ ၀ိုင်းတွယ်လိုက်မယ်ဆိုတဲ့ မီဒီယာလူမိုက်ကြီးများကိုလဲ ကြောက်ရ...အင်း...စစ်တပ်ပြီးတော့မီဒီယာများ ဖြစ်နေမလားဗျာ။..

KPU -RAKHINE said...

Express Time ဆိုတာ ပိုင်ရှင် = ?? ?
ကို စဉ်းစားကြည့် ပါ
အဖြေ ရ ပါလိမ့် မယ် ။

nandar said...

ထက်ထက်မိုးဦးဘာကြေင့်ပါးချလဲသိလား။ သတင်းထောက်တွေတော်တော်လွန်တယ်ဆိုတာသိပြီမဟုတ်လား။ NLDကိုတော့အပုပ်မချပါနဲ့။ပြီတော့ ကိုကျော်စိုးနိုင် ဆိုတာ အမေစုရဲ့အသက်ကိုကကွယ်နေတဲ့သူပါ။ ဒီလောက်ထိရိုင်းမယ်မထင်ပါ။ အမေစုရဲ့ဆုံးမမှုအောက်မှာကြီးပြင်းခဲ့သူပါ။ သက်သက်နာမည်ဖျက်တာပါ။

KPU -RAKHINE said...

သတင်းထောက် က ဒီချုပ် လုံခြုံေ၇းတွေ ကို ပဲ ရွေး ပြီး ဓာတ် ပုံ ရိုက်
တာ စဉ်း စားသင့် တဲ့ ကိတ်စ ပါ ဒေါ် စု လုံ ခြုံ ရေး ကို ပို ပြီး ဂရု စိုက် ကြ ပါ ။။
Weekly Express Times Journal က ဦး ခင် ရွှေ ပို င် တယ် လို့ ကြား ပါ တယ်
အ၇င် လူ တွေ ယုတ် တတ် တာ ကို သတိ ရ ကြ ပါ

လွင့်မောင်မောင် said...

တို့ထားဝယ်ကိုအမေစုလာတုန်းကလည်းဒီလိုဘဲ့ လေယဉ်ကွင်းကအထွက်ဒင်းတို့
မီဒီယာသမားတွေအမေစုရှေ့မှာပိတ်ကွယ်ထားကြလို့ရုတ်ရုတ်သဲသဲဖြစ်သွားတယ်
ဘာပြောပြောကျုပ်ကတော့အမေ့ကိုတွေ့ချင်ဇောနဲ့ တစ်ယောက်ကိုတွန်းလှဲလိုက်သေးတယ်။

linlatt said...

သတင်းထောက်ကလဲဗျာငါကသတင်းထောက်ပဲလုပ်ချင်ရာလုပ်ဆိုတဲ့သဘောတွေပါလားဂျာနယ်တိုက်ကပိုက်ဆံလေးနှစ်ပဲခြောက်ပြားလောက်ပိုပေးလိုက်တာနဲ့ကိုယ့်တိုင်းပြည်ရဲ့အနာဂတ်လှဖို့အတွက်လုပ်ဆောင်နေတဲ့အမေစုကိုနှောက်ရှက်ရာလဲကျတယ်စော်ကားတာလဲကျတယ်အဲဒီသတင်းထောက်ကိုအပစ်ပေးပါ..

goldentiger.mhs said...

သြော်
....
သြော်
....
ချကွာကြာတယ်

Tint Lwin Swe, M. Engg. Geol., FGS, MMEC said...

စည်းကမ်းမရှိတာက သတင်းထောက်ပဲ။ ဗိုလ်ချုပ်ပြောတဲ့ လမ်းပေါ်ထွက် စပါးလှမ်းတဲ့ ဥပမာ သတိရလာတယ်။

naughty boy said...

အဲဒီ express time ကသတင်းထောက်ကို ဗိုလ်ချုပ်မင်းအောင်လှိုင် သတင်းကျရင် အဲလိုသွားယူ၊ ကျွန်တော်က သတင်းထောက်ပဲ သတင်းယူမှာပဲ ဓာတ်ပုံရိုက်မှာပဲသွားပြော.. ပါးကြီးပဲ အရိုက်ခံရမယ်။ စစ်ဖိနပ်နဲ့ သောက်ခွက်ကို စုတ်ပြတ်နေအောင် ကန်ခံရလိမ့်မယ်၊ ဒါမျိုး ဆိုရင်တော့ ဘာအသံမှ ထွက်ရဲမှာ မဟုတ်ဘူး။ မီဒီယာကို နာမည်ဖျက်မယ့် အဲဒီသတင်းထောက်နဲ့ အယ်ဒီတာချုပ်ကို လူတွေများများသိအောင် ဖော်ထုတ်ကြစမ်းပါ။ အရေးယူကြစမ်းပါ။

baganwiki said...

မြန်မာနိုင်ငံမှာရှိတဲ့ သတင်းလိုက်တဲ့ သတင်းသမားတော်တော်များများဟာ (အကုန်လုံးလို့ မဆိုလိုပါဘူး) အောက်ခြေလွတ်ချင်ကြတယ်။ ဒါကို ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတာတွေပဲ။ ကျွန်တော်လည်း ဂျာနယ်၊ မဂ္ဂဇင်းလောကထဲမှာ စာရေးဆရာတွေနဲ့ရောသတင်းသမားတွေနဲ့ပါ ကျင်လည်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သတင်းသမားတော်တော်များများကို သိပ်ပြီး ကြည့်လို့အဆင်မပြေဘူးဗျ။ အမှန်အတိုင်းပြောရမယ်ဆိုရင် ၉၀% လောက်က သတင်းထောက်ကျင့်ဝတ်၊ မီဒီယာကျင့်ဝတ်ကို ကောင်းကောင်း နားမလည်ကြသေးဘူးလို့ ကျွန်တော် မြင်တယ်။ တိုက်ကခန့်တဲ့ သတင်းသမားတွေကိုသာ သတင်းထောက်လို့ ခေါ်ရမယ်ဆိုရင် တကယ့်နားလည်ကျွမ်းကျင်တဲ့ သတင်းထောက်တွေ လဲသေကြလိမ့်မယ်။ သတင်းလိုက်တဲ့ သတင်းသမားများ "ငါ သတင်းထောက်" ဆိုတဲ့ မာန်လေး လျှော့ကြပါ။ တကယ်စစ်မှန်တဲ့ သတင်းထောက်လားဆိုတာကိုလည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါ။

myintko said...

Express Time ဂျာနယ်နာမည်ကြီးချင်လို့အကွက်ထွင်တာပါ
အဲဒီဂျာနယ်ကိုအားလုံးကမဖတ်ကြပဲသပိတ်မှောက်ကန့်ကွက်ကြပါစို့။

ko ko said...

အမေစု၏ NLD လုံခြူံရေးဖက်ကမှန်ပါသည်..သူအလုပ်သူလုပ်ခြင်းဖြစ်ပါသည်
အနီးကပ်ဓါတ်ပုံ၇ိုက်ခွင့်မရရင်ZOOM သုံုးပြီးအဝေးမှရိုက်ရင်လည်းအဆင်ပြေပါတယ်..အမေစုအနီးကပ်စရာကြောင်းမ၇ှိပါ..အဘယ်ကြောင့်ဆိုတော်..ဆွမ်းဆန်ထဲတွင်ကြွက်ချေးရောနေတတ်ပါသည်

Ko Myint Maung said...

ကျနော် တခုလောက် ပြောချင်ပါတယ်။ ကျနော်သတင်းထောက် တဦးပါ... သတင်းအတွက် ဓာတ်ပုံ ကောင်းရဖို့ လို့ပေမယ့် မီဒီယာ သမားတွေရဲ့ ကျင့်ဝတ်တွေကို လိုက်နာဖို့ လိုပါတယ်..။ ကိုယ့်က မီဒီယာသမားဆြိုပီးတော့ မေးချင်ရာကို မေးပြီး၊ ရေးချင်ရာကို ရေးလို့မရပါဘူး။ နိုင်ငံတကာမှရှိတဲ့ မီဒီယာသမားတွေဆိုရင် ဓာတ်ပုံ အရိုက်ခံမယ့်
ခေါင်းဆောင် လူပုဂ္ဂိုလ်တွေနဲ့ အနည်းဆုံး ၁၀ပေ အကွာမှာပဲ ရိုက်ခွင့်ရှိပါတယ်။ ဆက်မရိုက်ပါနဲ့တွေ့ ဆိုရင် တဘက်လူကို အပြန်အလှန် လေးစားမှုနဲ့ ရိုက်မယ့် အနေအထားကနေ ရပ်ပေးရတယ်။ ကိုယ်အတွက် တကယ်ကို လိုအပ်နေတယ်ဆိုရင် ကျနော်ကို ဓာတ်ပုံ တပုံလောက်တာ့ ရိုက်ခွင့်ပေးပါအုံးဆိုပြီးတော့ တောင်းဆိုရတယ်။ ကာယကံရှင်က နောက်မှာ ရိုက်ပါဆိုရင် ဓာတ်ပုံ ဆက်ရိုက်ခွင့် မရှိဘူး။အခု Weekly Express Times Journal သတင်းထောက်နဲ့ အယ်ဒီတာဟာ သတင်းထောက် ကျင့်ဝတ်နဲ့ မညီသလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် တမင်လုပ်ဆောင်နေတဲ့ သဘော ဖြစ်နေပါတယ်။ အဲဒါကြောင့် ငါးခုံးမ တကောင့်ကြောင့် တလှေလုံး ပုတ်တယ်ဆိုတဲ့ စကားပုံ အရ Weekly Express Times Journal သတင်းထောက်နဲ့ အယ်ဒီတာကြောင့် ကျန်တဲ့ သတင်းသမားတွေ အယ်ဒီတာတွေရဲ့ ဂုဏ်သိက္ခာ မကျဆင်း စေချင်တဲ့ သဘောနဲ့ ၀င်ပြီးရေး လိုက်မိတာပါ...။

နေကြာရိုး said...

အမေစု ပြောဖူးတယ်။ ဒီမိုကရေစီ ဆိုတာ ပြည်သူရဲ့ အမှားကို ပြည်သူက ပြန်ထိန်းသိမ်းပေးရတယ်ဆိုတာ။ မီဒီယာဆိုတာ ပြည်သူကို မှီနေတယ်ဆိုတာလည်း မမေ့ပါနဲ့ အမှန်အမှားကို ပြည်သူတွေအားလုံး ၀ိုင်းစဉ်းစားလို့ရတယ်။ အမေစုလုံခြုံရေးက ပိုအရေးကြီးတယ်။ အမေစု လုံခြုံရေး တွေကတော့ အမေစု ဂုဏ်ကို မှေးမှိန်အောင် လုပ်မှာမဟုတ်ဘူး ဆိုတာ အကြွင်းမဲ့ ယုံကြည်တယ်။ ဒါကြောင့် စီးပွားရေးအတွက် ပဲဖြစ်ဖြစ် မီဒီယာ စေတနာဇောကြောင့်ပဲဖြစ်ဖြစ် အမေစုရဲ့ လုံခြုံရေးကို လေးစားပါ။ ကာကွယ်ပါ။ လုပ်ကြံမယ့်သူ။ ရန်သူဆိုတာ ချိုမပါပါဘူး။ ဒီချုပ်ကို အပုပ်ချဖို့ သက်သက်နဲ့ ကိုယ်ဘက်ကိုယက်ပြီး ကြိုးစားမယ်ဆိုရင် အသင်တော့ ပြည်သူချဉ်ဖတ်ဖြစ်တော့မယ်။ စီးပွားပိန်တော့မယ်။

Anonymous said...

Express Time ဂျာနယ်အား ၀ိုင်းဝန်းဆန့်ကျင်ကြပါစို့ ။

Acmv Org said...

Express Times ဂျာနယ် က သင်္ကြန်မှာ မဏ္ဍပ်ပေါ်က ကောင်မလေးတွေ နာမည်ကြီးတဲ့ ပုံစံမျိုးနှင့် နာမည်ကြီးအောင်လုပ်တာနှင့်တူပါတယ်။

Irrawaddy Myanmar said...

သတင်းထောက်နဲ့ အယ်ဒီတာ ကို ထက်ထက်မိုးဦးနှင့်

ပေးတွေ ချင်လိုက်တာ...

thakhinmyo said...

အမေစု၏ NLD လုံခြူံရေးဖက်ကမှန်ပါသည်..သူအလုပ်သူလုပ်ခြင်းဖြစ်ပါသည်

i do agree with that comment, 'SECURITY IS HIS CONCERN'. reporter was lucky not beaten by him.

summer hot said...

သတင်း နဲ့ မီဒီယာလောကပိတ်ဆို့ ခံရတုန်းကတော့ သတင်းထောက်တွေကို သနားမိတယ်။ အခုနောက်ပိုင်း လိုင်းပွင့်လာတော့ သတင်းထောက် တွေကထောင်ထောင် လုပ်လာကြတယ်။ မှန်ကန်တိကျတဲ့ သတင်းကို မဖတ်ရတော့ဘူး။ ကိုယ်ကိုတိုင် လေ့လာမစုံစမ်းဘဲ သူများပြောတဲ့စကားနဲ့ သတင်းလုပ်ရေးနေကြတယ်။ ကိုယ့်ရဲ့သတင်းတစ်ခုကြောင့် အင်မတန်တော်တဲ့ သတင်းထောက်တွေကိုမထိခိုက်ပါစေဗျာ။

Sate Phwar said...

Ethic Ethic Ethic
သတင်းလွတ်လပ်ခွင့်ဆိုတာ ဒါမျိုးလား
တခြားလူတွေရဲ့လွတ်လပ်ခွင့်ကကော
သတင်းသမားတွေဓာတ်ပုံရိုက်မယ်ဆိုရင် သူရိုက်မယ့်သူက ကျေကျေနပ်နပ်အရိုက်ခံရမယ်ပေါ့
ကောင်းလိုက်တဲ့သတင်းလွတ်လပ်ခွင့်
သတင်းလွတ်လပ်ခွင့်ကို ကောင်းစွာအသုံးချနိုင်ကြပါစေ

WPTAROO said...

ဒီသတင်းထောက်ဒီလောက်အလုပ်လုပ်တယ်ဆိုရင် ရဲချုပ်ခင်ရီကို မေးပေးပါ။ လေးလောင်းပြိုင်လူသတ်မှုဘယ်တော့ ပေါ်မှာလဲလို့

aung naing said...

ဒါNLDကိုသက်သက်သိက္ခာကျအောင်နာမည်ဖျက်တာ၊အဲဒိဂျာနယ်တွေကခါတော်မှီတေ၊ွသတင်းသမားကျင့်ဝတ်တွေဘာတွေလဲနားမလည်၊

linlatt said...

သတင်းထောက်ခင်ဗျား..သတင်းရယူချင်တာတော့မဖြစ်နိုင်ဘူး
အမေစုကိုအဲလိုလုပ်တာဟာဒို့ပြည်သူတွေဆော်ကားသလိုပဲ...

zaw said...

ကဲ့ ပြန်ချေပအုံး...ကျန်သေးတဲ့ သတင်းသမားတွေကကော ဘယ်လိုမြင်ခဲ့လဲ...သတင်းထောက်ဂုဏ်ကို သတင်းနဲ့ တင်ကြပါ..

devil said...

((((၈ ရက်နေ့ကပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်းးးရဲ့ လေးနှစ်ပြည့်အခမ်းအနားကို ကျတော်လဲတက်ရောက်
သတင်းယူပါတယ်...))) ဆိုတော့ ကိုမောပြေ (ဖေ့စ်ဘုတ်)လဲ သတင်းထောက်ပဲပေါ့။ ဒါဆို ကိုယ့်ရဲ့မြင်တာကို ဂျာနယ်မှာ တရားဝင်ထဲ့လိုက်ရင်ပြီးရော ။ ဘာလို့မထဲ့တာလဲ သိချင်ပါတယ်။ ဘာလို့လဲဆိုတော့ print media က ပိုပြီးသတင်း ခိုင်မာရသလို တရားလဲဝင်ပါတယ်။ အင်တာနက်ဆိုတာတော့ ဟုတ်ဟုတ်မဟုတ်ဟုတ် လူတိုင်း ရေးလို့ရနေတာပါ။ print media ပေါ် အခုဟာကို မှန်ရင် တရားဝင်ဖော်ပြပေးစေချင်ပါတယ်။ ဒါဆို အခုထက်ပို ပြီးထိရောက်သလို ကိုယ့်သတင်းမှန်တယ် ကိုယ့်လူမှန်တယ်ဆိုတာ တရားဝင် ပြည်သူကိုအသိပေးရာလဲရောက်ပါတယ်။ သေချာတာက ဂျာနယ်တွေက အခုပြောတာတွေ မှန်ရင်သူတို့ တကယ်ထဲ့ပေးမှာ သေချာပါတယ်။ ကိုမောပြေ (ဖေ့စ်ဘုတ်)ပြောသလို သတင်းသမား တစ်ဦးလဲ ဖြစ်နေမယ်ထင်တာကြောင့် ကိုယ့်ရဲ့ တွေ့တာ မြင်တာ မှန်ရင် သတင်းသမားပီသစွာ စာနယ်ဇင်း စာမျက်နှာပေါ်တင်ဖို့ တိုက်တွန်းပါတယ်။ ဒါမှပြည်သူအားလုံးအမှန်မြင်နိုင်သလို စတုထ္တမဏ္ဍိုင် ရဲ့ အမှားကို စတုထ္တမဏ္ဍိုင် က ပြန်ထောက်ပြနိုင်တယ်ဆိုတဲ့ အသိ ပြည်သူတွေရမှာ ဖြစ်ပါတယ်။ ပြောချင်တာက မှန်ရာကို တရားဝင်ပြောရဲတဲ့ သတ္တိကို ပါ ။ ဒါမှ ပြည်သူ့အတွက် တာဝန်ကြေပါမယ်။ ဘာလို့လဲဆိုတော့ ဒီမှာက လူတိုင်းတင်လို့ ရနေတာမို့လို့ပါ။

soengel2 said...

အဓိကနဲ့သာမညမခွဲခြားတတ်ကြပါလား သူတို့ဂျာနယ်နာမည်ကြိးအောင် NLDကိုခုတုံးလုပ်တာ

soengel2 said...

NLD ကိုခုတုန်းလုပ်ပြီး လုပ်တဲ့ဂျာနယ်ဖြစ်လို့ အခုလိုရေးလိုက်တာ........

soengel2 said...

အဓိကနဲ့သာမညမခွဲခြားတတ်ကြပါလား သူတို့ဂျာနယ်နာမည်ကြိးအောင် NLDကိုခုတုံးလုပ်တာ

evil said...

ဒီအတိုင်းဆို မီဒီယာဘယ်ပီသတော့မလဲ

innyatara said...

မီဒီယာသမားအများစု လူပါးဝတာတော့ များနေပြီ မနေ့တနေ့ကမှ လူဖြစ်ပြီး သူ့အမေလင်လောက်ရှိတာကိုလည်း မိုက်မိုက်ရိုင်းရိုင်းပြောဆိုဆက်ဆံလေ့ရှိ။ နေရာတကာ ငါမီဒီယာသမားဆိုပြီး မောက်မောက်မာမာဖြစ်နေတယ်။ NLD အနေနဲ့ အဲဒီဂျာနယ်တိုက်ကို ပြစ်မှုဆိုင်ရာဥပဒေနဲ့အရေးယူသင့်ပါတယ်။ တရားရုံးကို တရားစွဲတင် လိုက်ပါ အမှန်တရားပေါ်လာပါလိမ့်မယ်။ နောက် ပြီး ဘယ်တော့မှ အဲဒီဂျာနယ်တိုက်ကို black List သွင်းကြောင်း တရားဝင်ကြေငြာလိုက်ပါ။ ဂျာနယ်တိုက်လုံးဝပိတ်သွားရမယ်။

ranongfishermans said...

ဒီသတင်းသာအမှန်ဆိုရင်သူတို့ဂျာနယ်ကိုဖတ်မယ့်လူရှိမှမဟုတ်တော့ဘူးထင်တယ်

blue said...

မင်းတို့ပြောတဲ့ မီဒီယာ လွတ်လပ်ခွင့်ဆိုတာ ဒါလား

50 AGE said...

ိုဒေါ်အောင်ဆန်းစုကြည် အား သတင်းထောက်တယောက်ကလုပ်ကြံ နိုင်တယ်ဆိုတာမသိဘူး လား။ဘယ်သတင်းထောက်မှအခကြေးငွေမယူဘဲ မေတ္တာချည်း သက်သက်လုပ်ပေးတဲ့သူရှိလား။ သတင်းထောက်အားလုံးတော့ ပြောတာမဟုတ်ပါဘူး။ အချို့မှာ အတ္တ၊လောဘ၊မာန ပြည့်သိပ်နေကြောင်းသတိထားပါ။ 007 James Bond ကားတွေကိုကြည့်ဘူးပါသည်။ သတင်းထောက်တွေကို လုံးဝ အယုံအကြည် မရှိပါ။ လောဘသားတွေပါ။ 50 AGE

ko ko said...

နောက်တလခါ NLD နင်ပတ်သက်ရင်အခု Express time သတင်းထောက်တွေဝင်ခွင့်မပြူကြနင်တော့

Unknown said...

သောက်ရူးသီတင်းထောက် ဒီလောက်တောင်မာန်တက်ပြီးသီတင်းယူချင်ရင် ၀န်ကြီးများရုံးကိုသွားပြီးတော့ ၀န်ကြီးတစ်ယောက်ချင်းစီမေးပေးပါ.......သူတို့ရဲ့ တစ်လကိုရတဲ့ လခ၀င်ငွေ လုပ်သက်နဲ့ အခုလိုဘီလျံနာကြီးတွေဖြစ်လာအောင် အဲဒီငွေတွေကို ဘယ်လိုနည်းနဲ့ ရှာဖွေစုဆောင်းခဲ့ပါသလဲဆိုတာ သိချင်လို့ပါ.......မေးရဲမလား ???????? ပြောစမ်း....

Unknown said...

သောက်ရူးသီတင်းထောက် ဒီလောက်တောင်မာန်တက်ပြီးသီတင်းယူချင်ရင် ၀န်ကြီးများရုံးကိုသွားပြီးတော့ ၀န်ကြီးတစ်ယောက်ချင်းစီမေးပေးပါ.......သူတို့ရဲ့ တစ်လကိုရတဲ့ လခ၀င်ငွေ လုပ်သက်နဲ့ အခုလိုဘီလျံနာကြီးတွေဖြစ်လာအောင် အဲဒီငွေတွေကို ဘယ်လိုနည်းနဲ့ ရှာဖွေစုဆောင်းခဲ့ပါသလဲဆိုတာ သိချင်လို့ပါ.......မေးရဲမလား ???????? ပြောစမ်း....

Powered by Blogger.