အစိုးရ တပ်စခန်းတခု KIA သိမ်း၊ ရင်းမှူး အပါအဝင် ခြောက်ဦး ကျဟုဆို

ကချင်ပြည်နယ် မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ်၊ ခဂရန်းယန် ကျေးရွာတွင် တပ်စွဲထားသော
မြန်မာအစိုးရ၏ တပ်စခန်းတခုအား ကချင် လွတ်လပ်ရေးတပ် KIA က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အစိုးရ၏ ခလရ ၁၃၈ လက်အောက်ခံ အဆိုပါတပ်စခန်းကို KIO တပ်မဟာ ၁ လက်အောက်ခံ တပ်ဖွဲ့များက ကြာသပတေးနေ့တွင် တိုက်ခိုက်သိမ်းယူလိုက်ခြင်းဖြစ်ပြီး တိုက်ပွဲတွင် အစိုးရတပ်မှ တပ်ရင်းမှူး အပါအဝင် ခြောက်ဦး ကျဆုံးခဲ့သည်ဟု KIA ရှေ့တန်းသတင်းရပ်ကွက်က ပြောသည်။

“မနေ့ညနေ ၅ နာရီကျော်လောက်မှာ အစိုးရဲ့ စခန်းတခုကို သွားတိုက်တာ သူတို့ဘက် ခြောက်ယောက် သေတယ်။ ကျနော်တို့ဘက်က တယောက် ဒဏ်ရာရတယ်။ ခု အဲဒီကို ကျနော်တို့တပ်ဖွဲ့တွေ နေရာယူထားတယ်” ဟု KIA ရဲဘော်တဦးက မဇ္စျိမကို ပြောသည်။

အစိုးရဘက်မှ ကျဆုံးသူ ခြောက်ဦးတွင် ခလရ ၁၃၈ တပ်ရင်းမှူး ဗိုလ်မှူး အေးကိုဦးနှင့် တပ်ကြပ်တဦး ပါဝင်ပြီး KIA ဘက်မှ တဦး ဒဏ်ရာသည်ဟု KIA ရှေ့တန်းသတင်းက ဆိုသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

သို့သော် နေပြည်တော်ရှိ အစိုးရနှင့် နီးစပ်သူတဦးအဆိုအရ အစိုးရတပ် အင်အား ၃၅ ဦး ရှိရာ ထိုတပ်စခန်းအား KIA ဘက်မှ အင်အား ၁ဝဝ ခန့်က တိုက်ခိုက်ခဲ့ရာ အင်အားမမျှ၍ အစိုးရဘက်မှ ၆ ဦးသေဆုံးက ၈ ဦး ပျောက်ဆုံးနေ သည်ဟု သိရသည်။ အနီးရှိ လှုပ်ရှား တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သူက ဆိုသည်။

ထိုတိုက်ပွဲမှ ၆ဝ မမ တလက်နှင့် ၎င်းဗုံးသီး ၆ လုံး၊ MA‑4 စက်လက် ၁၈ လက်နှင့် ၎င်းကျည် ၂ဝ တောင့်၊ MA ကျည် ၁,ဝဝဝ၊ ဗုံးသီး ၁ဝ လုံး၊ သေနတ်တို ၁ လက်၊ စစ်ဝတ်စုံ၊ ကုလားပဲ ၉ အိတ်၊ ဆားအိတ် ၆ အိတ်၊ ဆန် တပေပါနှင့် အိတ် ၁ဝဝ တို့ KIA မှ သိမ်းဆည်းရမိသည်ဟု KIA ရှေ့တန်းသတင်းက ဆိုသည်။

ဆုတ်ခွါသွားသည့် အစိုးရတပ်ဖွဲ့များမှာ မေလ ၅ ရက်နေ့က ဆွမ်ပရာဘွမ်မြို့ရှိ KIO ၏ ဆက်ဆံရေး ရုံးအား မီးရှို့ ဖျက်ဆီးခဲ့သည့် တပ်ဖွဲ့များဖြစ်သည်ဟု KIA ၏ ရဲဘော်တဦးက စွပ်စွဲပြောဆိုသည်။

မေလ ၈ ရက်နေ့က ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲအတွင်းရှိ KIO ၏ တပ်မဟာ ၅ လက်အောက် တပ်ရင်း ၁၉ တပ်စခန်းကို အစိုးရစစ်တပ်ဖွဲ့က သိမ်းယူလိုက်သည်။ KIA တပ်ဖွဲ့က ပြန်လည်သိမ်းယူရန် သွားရောက် တိုက်ခိုက်စဉ် KIA တပ်သားတဦး ကျဆုံးခဲ့သည်ဟု KIA ဌာနချုပ် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

KIO နှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေး သုံးကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ရာ မေလ ၈ ရက်နေ့ထိ တိုက်ပွဲပေါင်း ၁,၃ဝဝ ကြိမ် ဖြစ်ပွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့သော်လည်း ယနေ့ထိ မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့်မျှ ပြန်လည် တွေ့ဆုံခြင်း မရှိသေးပေ။
 ဖနိဒါ-ချင်းမိုင်(မဇ္စျိမ)
အစိုးရ တပ်စခန်းတခု KIA သိမ်း၊ ရင်းမှူး အပါအဝင် ခြောက်ဦး ကျဟုဆို အစိုးရ တပ်စခန်းတခု KIA သိမ်း၊ ရင်းမှူး အပါအဝင် ခြောက်ဦး ကျဟုဆို Reviewed by သစ်ထူးလွင် on 04:45 Rating: 5

57 comments:

linn said...

ြ်မန်မာစစ်တပ်က တပ်ရင်းမှုးအပါအ၀င် ၆ ယောက်ကျတဲ့အချိန်မှာ KIA က တစ်ယောက်ပဲဒဏ်ရာရတယ်ဆိုတာ မဖြစ်နိုင်ပါ။ ခံစစ်အသေထိုင်ထားတဲ့တပ်ကို တိုက်စစ်သမားက သာလွန်အင်အားနဲ့တိုက်သော်လည်း(တိုက်စစ်သမားသည် ခံစစ်သမားထက် အနဲဆုံး အင်အား ၃ ဆ သာရန်လိုပါသည်) အလစ်အငိုက်မဟုတ်လျင် အလွယ်တကူမအောင်မြင်နိုင်ပါ။ အောင်မြင်ခဲ့သည့်တိုင် အကျအဆုံးများတတ်ပါသည်။ တိုင်းရင်းသားထဲတွင်ကချင်စစ်တပ်သည် တိုက်ရည်အကောင်းဆုံးနှင့် ဒူပေနာပေ အခံနိုင်ဆုံးဟုမှတ်သားရပါသည်။ သို့ရာတွင် မြန်မာစစ်တပ်သည်လည်း တိုက်စွမ်းရည်ကောင်းသည်သာဖြစ်ပါသည်။ ခံစစ်အသေထိုင်ပြီး အခြေအနေမကောင်းလျှင် အကျအဆုံးအနဲဆုံးဖြင့် ဆုတ်ခွာနိုင်ရန် ခွာစစ်ဆင်ပါမည်။ လိုအပ်လျှင် မိမိဆုတ်ခွာရာသို့ ရန်သူနင်းမလိုက်နိုင်ရန် နောက်ချန်တပ်ထားပြီး ဖြည်းဖြည်းချင်းတဆင့်စီဆုတ်ပါမည်။ ရန်သူမိမိစခန်းကိုသိမ်းလျှင် ပြန်ပစ်ရန် လက်နက်ကြီးဖြင့်ပုံသေပစ်ကြောင်းဆင်ထားလျှင် ရန်သူမိမိတပ်နေရာကိုသိမ်းသည်နှင့် မိမိစခန်းဟောင်းကို လက်နက်ကြီးဖြင့်ပစ်နိုင်ပါသည်။ လိုအပ်လျှင်မိမိဆုတ်ခွာရာလမ်းတွင် မိုင်းထောင်နိုင်ပါသေးသည်။ ထိုမျှမက အလွန်လိုအပ်လျှင် ဆုတ်ခွာရာလမ်းတစ်လျှောက် အချက်အချာအလွန်ကျသောနေရာတွင် တစ်ယောက်ယောက်ကိုအသေခံ ချန်ထားခဲ့နိုင်ပါသေးသည်။ အောင်ဆန်းသူရိယလှသောင်းသည် ရှမ်းစုရွာသစ်တိုက်ပွဲတွင် ကေအင်ဒီအို တို့အာရုဏ်ဦးတိုက်စစ်ကြောင့် အငိုက်မိ သွားသော မိမိတပ် ဆုတ်ခွာပြီး ပြန်စုစည်းနိုင်အောင် အချိန်ရအောင် စက်သေနတ်တစ်လက်ဖြင့် အသက်စွန့်ကာကွယ်ပေးသွားသောကြောင့် ဘွဲ့ရသွားခြင်းဖြစ်ပါသည်။ တပ်မှုးသည် အခြေအနေအရ လိုအပ်သလိုလုပ်နိုင်သည်ဖြစ်ရာ တပ်မှုးကျပါလျက် KIA က လူတစ်ယောက်သာဒဏ်ရာရသည်ဆိုသည်မှာ မဖြစ်နိုင်ပါ။ ၀ါဒဖြန့်သည့်သတင်း psycho war သာ ဖြစ်ပါလိမ့်မည့်အကြောင်း မဇ္ဈိမသတင်း အတည်ပြုချက် ယူပြီးပြန်တင်ပြနိုင်လျှင်ကောင်းပါမည့်အကြောင်း တင်ပြလိုက်ပါသည်။

hein htat said...

linn ; အခုလို ရှင်းပြပေးတာကျေးဇူးတင်ပါတယ်..သတင်းဆိုတာ မှန်ကန်ဖို့ လိုအပ်ပါတယ်...

scopio said...

Linn ပြောတာကိုထောက်ခံပါတယ်။ စစ်ရေးတိုက်ကွက်တွေကိုတော့ Linn လိုနားမလည်ပေမဲ့ ဒီသတင်းကိုအတည်ပြုချက်ရမှသာယုံကြည်ရမှာပါ။ အတည်ပြုချက်မရှိတဲ့သတင်းကိုဖတ်ရတာ ဆားမပါတဲ့ဟင်းတခွက်စားရသလိုပါပဲ။

shingyi said...

ဦးလနန်ပျော်နေလား။အစိုး၇တပ်ဖြစ်စေ။ကချင်တပ်ဖြစ်စေ
ဲမြန်မာ့အင်အားတွေ။သမတကKIA၇ဲ့လိုင်ဇာကိုမသိမ်းဘူးပြော
တာမတိုက်ချင်လို့နိုင်ငံေ၇းအ၇မဟုတ်ဘဲဗုန်းထောင်။တံတားဖျက်
လူဖမ်းဆို၇င်တိုက်သင့်တယ်။ပြည်သူအတွက်ပါ။အာဏာ၇ူးတာ
ကချင်အမျာစုဆင်း၇ဲနေတယ်လမ်းပန်းဆက်သွယ်ေ၇းကောင်း
အောင်လုပ်ထားတာမင်းတို့ဖျက်တာနော်။

တောသားကြီး said...

တရုပ်လက်ဝေခံ ကေအိုင်အေ၊ ငြိမ်းချမ်းရေးမလို၊ အပြတ်တိုက်ရန်လိုသည်။

ပုဂံစစ်သည် said...

ကိုလင်းပြောတာ အကြွင်းမရှိထောက်ခံပါတယ်။

ပုဂံစစ်သည် said...

KIA၊ KIO တပ်စခန်းကို အပြတ်တိုက်သင့်ပါတယ်။ သူတို့တွေရှိနေမျှကာလပတ်လုံး ကချင်ပြည်နယ်ကရွာသားတွေ ဘယ်လောက်များ မိုင်းတွေနင်းမိ အုံးမယ့်မသိဘူး။

အမတ်ကြီး said...

ူlinnပြောသွားတာကိုထောက်ခံပါသည်။ကျွန်တော်တို့အမြဲကြည့်သောဝက်ဘ်ဆိုက်မှတိကျသော.မှန်ကန်သောသတင်းမှားကိုသာတင်ပေးပါရန်....

Toe Toe said...

ူLinn ရဲ့comment ကိုထောက်ခံပါတယ်။မြန်မာ့တပ်မတော့်ကမညံ့သလို တပ်ရင်း မူးလဲမညံ့ကြပါဘူး။နည်းဗျူဟာတွေရှိပြီးသားပါ။အစောကထဲကဒီနယ်မြေထဲဝင်ပြီး ကြုံလာနိုင်တဲ့ဖြစ်နိုင်ခြေတွေအားလုံးတွက်ပြီးသားပါ။ linn ရေးသလို တိုက်ပွဲဖြစ်ခဲ့ မယ်ဆိုရင်လဲ KIA ကျတာ ၁ယောက်တော့ဘယ်ကမလဲ။အရေးကြီးတာကမြန်မြန် အပစ်ရပ်ပြီးထာဝရငြိမ်းချမ်းရေးရဘို့ပါဘဲ။ခုတော့တိုက်နေကြအုံးမယ်ထင်တယ်။

OQC said...

linn ထောက်ပြတာ ယုတ်တိရှိယုံတင် မကပါဘူး သဘာဝလည်းကျပါတယ်. ကိုသစ်ထူး နဲ့ လင်းကို ကျေးဇူးတင်ပါတယ်ဗျာ

mad dog said...

you are absolutely right linn.

jaithein said...

အကိုရေ ဆန် တပေပါ ဖြစ်နေတယ်.....

death analysis said...

ပါးစပ်ကြီးနဲ့ တိုက်မ နေပါနဲ့ကွယ်

thura swe said...

စစ်ဆိုရင် ရေစစ်တောင် စစ်မသောက်ခြင်ဘူး ။
ညီ အကိုခြင်းတွေ ရန်မဖြစ်ကြပါနဲ့ဗျာ ။

Anonymous said...

ကဲ..မှတ်ပြီလား...သူရှင်းပြတာကိုပဲဖတ်ကြည့်ကြဦး။

မောင်မောင် said...

linn

တင်ပြသွားတာလေးသဘောကျပါတယ်

မောင်မောင်..ကိုရီးယား

မင်းကို said...

ူlinn ရဲ့မှတ်က သိပ်ကောင်းတဲ့မှတ်ချက်ပါ

greenlover said...

ဖြစ်နိုင်ပါတယ်ဘာကြောင့်လဲဆို များသောအားဖြင့်စစ်ဖြစ်ပြီဆို တပ်မတော်ကတပ်သားတွေဟာ ကျည်ဖြုံးဖို့ဘဲတတ်တာ သေနတ်ပြောင်းကိုမိုးပေါ်ထောင်ပြစ်တော့ ဘယ်မှာလဲသူတို့ပြစ်မှတ် KIA ကသကြားမင်းလို မိုးပေါမှာရှိတာမှမဟုတ်တာ
စိတ်ဓာတ်ခိုင်မာမှုကိုကကွာခြားလွန်းတာကို

naingwinlwin said...

ငမိုက်သားတွေ တိုက်ကြ၊ သတ်ကြ၊ သေကြ၊ အဲဒါတွေကို ဂုဏ်ယူဝင့်ကြွားကြ။
ဘယ်ဘက်ကပဲသေသေ မြန်မာလို့အမည်ရတဲ့ ကျုပ်တို့အိမ်က သားကောင်းတွေ၊ ဆုံးရှုံးကြရတာကို မသိနိုင်ကြတော့ဘူးလား။

နိုင်ဝင်းလွင်
စိုက်/သု
နေပြည်တော်

SOE MIN THANT said...

KIO ဦးလာနန် ပြောရင် အမြဲတမ်း မြန်မာတပ်ကဘဲ အကျအရှူံး အသေများနေတယ် ဒီ KIO ကဘဲ အမြဲတမ်း အနိုင်ရနေတာ သူတို့ဘက်ကခံလိုက်ရရင် ဓာတုလက်နက်တို့နဲ့တိုက်တယ်ဆိုပြီး စောက်ရှက်မရှိ ထထ အော်နေတာ သူတို့ဘဲ.....အလကားပါကွာ.ဟား.ဟား.ဟား.........

sean said...

မြန်မာဂျာနယ်လစ်တွေ သတင်းယူခွင့် မရှိလို့လား သတင်းမယူရဲလို့လား.. ၂ဘက် ကဝါဒ ဖြန့်တဲ့သတင်းတွေဘဲ ကြားနေရတယ်..
VJ ကလွဲလို့ အန္တရာယ်ရှိ တဲ့ နေရာတွေမှာ လက်တွေ့ သတင်းယူတာမတွေ့ ရဘူး

ကိုစော said...

ဘယ်လောက်ထိ တိုက်နေကြဦး မှာလည်း ဗျာ။
မီးစ တဖက် ရေမှုတ် တဖက်
ဘာ လို့ ဒီတော တောင် တွေထဲ ထိ လိုက်တိုက် နေကြတာလဲ
သေတဲ့ သူတွေ ရဲ့ မိသားစုတွေ ဘယ်လောက် သောက ရောက်လိုက်ကြမလည်း။ ဘာကြောင့် ဒီလို သတ်နေကြတာလဲ ဘာအတွက်လဲ
ဘယ်သူ့အတွက်လည်း ပြည်သူတွေ အတွက် လို့တော့ မပြောကြပါနဲ့

Unknown said...

express time သတင်းထောက် ကို လွတ်ပြီး သတင်းယူခိုင်းလိုက်ပါ သူက အသတ်အပုတ်ဝါသနာပါတယ် စွန့်စားချင်တယ်လေ ရိုက်လို့ မရနိုင်တဲ့ အရာ ကို ရိုက်ချင်တယ်လေ သူတို့ဘဲ သတင်းယူခိုင်းလိုက် ရန်သူက လက်နက်ကြီးနဲ့ ပစ်နေတဲ့ အချိန်မှာ သတင်းထောက်က သတင်းယူနေတယ်ပေါ့။

မောင်ငွေ said...

ဘယ်ဘက်က ကျကျ ကိုယ့်နိုင်ငံသားတွေဘဲ။ ငြိမ်းချမ်းရေးမရဘဲ တိုက်ပွဲသာအားကိုးနေကြမယ်ဆိုရင်.. အားလုံးအတွက် နာကုန်မယ်။ တရုပ်ကလည်းနှစ်ဘက်ချွန်လုပ်စားနေတာ။ ကိုယ့်စစ်တပ်ကလည်း ကိုယ့်အမျိုးသားချင်းကို ခုလိုမဲပြီး အပြုတ်တိုက်မနေသင့်ပါ။ နိုင်ငံရေးနည်းနဲ့ သူ့ဘက်ကိုယ့်ဘက် ရိုးသားသော စေတနာဖြင့် အဖြေရအောင်ရှာပြီး ညှိနိုင်းသင့်ကြပါပြီ..။

pyeitphyo said...

ကချင်ကို ကချင်နဲ့ ပဲ ပြန်တိုက်ပါ . တောကျွမ်းကျင်ရွာခံတယောက်ကို တပ်မက်စရာထောက်ပံ့ပေးပြီး spy အဖြစ်ထားပါ၊ သတင်းအချက်အလက်၊လက်နက်အင်အား၊လူဦးရေ၊စခန်းမြေပုံသိရင် စခန်းတခုကိုတိုက်ရတာ မခက်လှပါ

ချင့်ယုံ said...

သေနတ်မှာ MA-4 စက်လတ် ၁၈ လက်တဲ့။ စက်လတ်ဆိုတာ ရိုးရိုးသေနတ်
၁၀လက်လောက်ရှိမှ တစ်လက်ဖွဲ့တာမဟုတ်လား၊ကျည်က ၂၀ တောင့်တဲ့။
သဘာဝကျကျရွှီးဖို့လိုပါသေးတယ်။
ချင့်ယုံ

ကျော်ထူး (စောဌက်) said...

linn ဆိုတဲ့လူ ပေးသွားတဲ့မှတ်ချက်ကို ကြည့်တော့

* တိုက်စစ်သမားသည် ခံစစ်သမားထက် အနဲဆုံး အင်အား ၃ ဆ သာရန်လိုပါသည် - သတင်းအရတော့ သုံးဆလို့ တွေ့တာပဲ

* အလစ်အငိုက်မဟုတ်လျင် … အကျအဆုံးများတတ်ပါသည် - ဒါကိုတော့ လက်ခံတယ်၊ ကေအိုင်အို လျှော့ပြောတာ ဖြစ်နိုင်တယ်

* မြန်မာစစ်တပ်သည်လည်း တိုက်စွမ်းရည်ကောင်းသည်သာဖြစ်ပါသည် - ၁၉၈၈ နောက်ပိုင်းမတော့ လက်နက်မဲ့တွေကိုပဲ ပစ်တတ်တော့တယ်ဆိုတာ အသိသာကြီးပါ

* ခံစစ်အသေထိုင်ပြီး အခြေအနေမကောင်းလျှင် အကျအဆုံးအနဲဆုံးဖြင့် ဆုတ်ခွာနိုင်ရန် ခွာစစ်ဆင်ပါမည် - ဒီနေရာကနေစပြီး အတော်လေးတော့ လွဲလာပြီ။ စစ်ကျောင်းက သင်ပေးတာတွေကို ရွတ်ပြလို့ မရတော့ဘူးလေ။ အပြေးလွှားဆုတ်တဲ့အခါ ဘောင်းဘီတောင် မဝတ်နိုင်တဲ့အခါလည်း ဘယ်နည်းမတုံး

* အောင်ဆန်းသူရိယ လှသောင်းတို့ခေတ်ကလည်း ကျန်ခဲ့ပြီလေ၊ ဟိုတုန်းက သူရဘွဲ့တွေ ယူတဲ့ခေတ်၊ ခုခေတ်က ငါရဘွဲ့တွေ သိမ်းကြုံးယူနေကြတဲ့ခေတ်

* ဒါ့ပြင် အတွေ့ကြုံမရှိဘဲ ငယ်ရွယ်ပြီး နည်းအမျိုးမျိုးနဲ့ စစ်တပ်ထဲရောက်လာတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတာတွေ၊ ကိုယ့်နယ်မဟုတ်ပဲ သူတပါးနယ်မှာ တပ်သွားစွဲရတာကြောင့် စိတ်ဓါတ်ရေးရာမှာ ကိုယ်မြေကို ကာကွယ်နေတယ်လို့ စိတ်ထဲရှိတဲ့ နယ်ခံတွေနဲ့ အများကြီး ကွာသွားပြီလေ

* မဇ္ဈိမသတင်း အတည်ပြုချက် ယူပြီးပြန်တင်ပြနိုင်လျှင် ကောင်းပါမည့်အကြောင်း တင်ပြလိုက်ပါသည် - အလွန်ကောင်းသော အဆိုပြုချက်တစ်ခု ဖြစ်ပါသည်။ ဖြစ်နိုင်လျှင် ပြည်တွင်းသတင်းများကိုလည်း အစိုးရ သတင်းတစ်မျိုးတည်းမဟုတ်မူပဲ၊ လွတ်လပ်သော သတင်းဌာနများမှ တင်ပြထုတ်လွှင့်သော သတင်းများကိုသာ တန်ပြန်အဆိုပြုလိုက်ပါသည်။

(အပေါ်က ကိုစောကိုတော့ အားနာပါတယ်)

ပြည်သူတစ်ဦး said...

EU ကိုခေါ် ကုလသမဂ္ဂကိုခေါ် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ နဲ. လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ တစ်ခါတည်းဆွေးနွေးညှိနိုင်းလိုက်လို့မရဘူးလားဗျ ...

လောကပါလ said...

အဲဒီတိုက်ပွဲတွေက သတင်းအဖြစ်အမှန် အတိအကျ သိချင်ရင် EXPRESS TIME ဂျာနယ်ကို သတင်းသွားရောက်ယူခိုင်းရင်ကောင်းမယ်ထင်တယ် ရောင်းရင်းတို့ ဘာလို့လဲဆိုတော့ အဲဒီဂျာနယ်ရဲ့သတင်းထောက်တွေက စောက်ရမ်းတော်တယ်လို့ပြောတယ်.ပြီးတော့သူတို့ဂျာနယ်ကို နာမည်ကြီး လူသိများအောင် နောက်ဆုံးပေါ် Ideaတွေနဲ့ နာမည်ကြီးအောင်လုပ်နေတာဆိုတော့လေ။

greenlover said...

Linn တင်ပြတာကောင်းပါတယ် အဲလို strategy အတိုင်းတိုက်မယ်ဆိုဘာပြောကောင်းမလဲသေလိုက်ကြမှာအလူးအလဲပေါ့ ဒါပေမဲ့တကယ့်လက်တွေ့မှာက အဲလိုမဟုတ်ဘူးဖြစ်နေတယ် တပ်ထဲမှာလည်းအပေါ်ပိုင်းက လူကြီးတွေလောက်ဘဲစွာကြယ်စွာကြယ်လုပ်နေကြတယ် တကယ့်အောက်ခြေအဆင့်မှာက ဒီလို
ကျွန်တော့်ကိုယ်တွေ့အတွေ့အကြုံပါ ဧရာဝတီ မြစ်ရဲ့ပထမဦးဆုံးမြစ်ကျဉ်းဖြစ်တဲ့ ဆင်ဘိုမြို့နဲ့၃ မိုင်အကွာမှာရှိတဲ့မန်ကင်းဆိုတဲံရွာကိုလွန်ခဲ့တဲ့၎လမှာ တပ်မတော်ရဲ့စစ်ကြောင်းတစ်ကြောင်းရောက်လာတယ် တပ်ရင်းအမည်နဲ့စစ်ကြောင်အမည်တော့မဖော်ပြတော့ဘူးနော် အရှက်ကွဲနေမှာစိုးလို့ ဘယ်လိုဖြစ်လဲဆို ရွာရောက်တာနဲ့ရွာလူကြီးကိုခေါ်ပြီးတော့ ဒီလိုတတင်းလွင့်ခိုင်းတယ် ဘယ်သူဘဲမေးမေး ကျွန်တော်တို့ပန်တန်ရွာကျော်ပြီလို့ပြောတဲ့ ပြောပြီးသူတို့ကအဲဒီရွာကနေကိုမခွာတော့ဘူး ပန်တန်ရွာဆိုတာ KIA တပ်ရင်း ၅ တည်ရှိရာလမ်းကတောင်ခြေမှာရှိတဲ့ရွာကလေးပေါ့ ဒီလိုစိတ်ဓာတ်မျိုး၊ တောတောင်တွေနဲ့ထူထပ်ကြယ်ပြောလှတဲ့ကချင်ပြည်နယ်၊ နိုင်လိုစိတ်ပြင်းထန်တဲ့ KIA စစ်သားတွေရဲ့စိတ်ဓာတ်မျိုး နဲ့တော့ဘယ်လိုမှမစွန်နိုင်ဘူး လူအင်အား၊လက်နက်အင်အားနဲ့ချိမ်းခြောက်နိုင်တာလောက်ဘဲရှိတာ တကယ်တော့ဘာအဆန်မှရှိတာမဟုတ်ဘူး အခုကချင်ပြည်နယ်မှာတိုက်နေပုံစံကိုကြည့်ပြီး နိုင်းယှဉ်မယ်ဆို တပ်မတော်ကတပ်သား အယောက် ၁၀၀ ဟာ KIA စစ်သား ၁၀ ယောက်နဲ့ ညီမျှတယ်ဆိုတာတွေ့ရတယ် ဒါတောင် အင်အားပြင်းတဲ့ အဝေးထိမ်းမိုင်းတွေနဲ့တိုက်ခိုက်ခံရတိုင်း KIA စစ်သားအရိပ်အရောင်တောင်မတွေ့ရဘဲ ၁၀ ယောက်ကျော်လောက်က သေပြီးသားဘဲ ဆိုတော့ စဉ်းစားကြည့်ကြတော့သူငယ်ချင်းတို့
သေချင်ပါတယ်ဆိုတဲ KIA စစ်သားတစ်ယောက်က သစ်ပင်ပေါ်တက်ပြီးပြစ်မိရင်တော့သေကောင်းသေလိမ့်မယ် တာတောင် တွပ်ပီ နဲ့ ဗိုက်ကလေးလိုပေါ့

ayetaa said...

မြန်မာသတင်းမီဒီယာတွေကမြို့ပေါ်မှာဘဲသတင်းယူရဲတာထင်တယ် တိုက်ပွဲတွေမှာသတင်းယူရင်သေမှာကြောက်လို့လား(NLD)နောက်
ဘဲသတင်းမယူနဲ့ဒိ့ပြင်အကြောင်းတွေလဲစုံစမ်းပါဦး

maungmin said...

သေနတ်ချင်းပစ်ကြတာပဲ.. မြန်မာစစ်တပ်က လောက်လေးခွနဲ့ပစ်နေတာမှမဟုတ်တာ... KIA က တစ်ယောက်ပဲ ဒဏ်ရာရတယ်ဆိုတာကြီးကတော့ဝါဒဖြန့်တာလွန်လွန်းပါတယ်....

linn said...

ထပ်ဆင့်တင်ပြချက်

အစိုးရတပ်များအနေဖြင့် KIA ကို အင်အားသုံးအနိုင်ယူနိုင်ပါသည်။ လူအင်အားလက်နက်အင်အားအဆမတန်သာ၍ ဖြစ်ပါသည်။ သို့သော် အပြုတ်မတိုက်သည်မှာ ဤနည်းသည် ထာဝရငြိမ်းချမ်းရေးနည်းမဟုတ်၍၊ တိုင်းပြည်အကျိုးအတွက်ရေရှည်မကောင်း၍ဖြစ်ပါသည်။ ထို့ကြောင့်လိုင်ဇာကိုမသိမ်းပါဟု ပြောခြင်းဖြစ်ပါသည်။ လိုင်ဇာသိမ်းခြင်းသည် ပြဿနာ၏ အဖြေမဟုတ်ပါ။ KIA သည်ကချင်လူထု ယုံကြည်မှု နှင့်ထောက်ခံမှုကို ရထား၍ KIA ကို အပြုတ်တိုက်မည်ဆိုပါလျှင် ကချင်လူဦးရေ (ရသိန်းဝန်းကျင် ရှိသည်ဟုသိရ)အနက်တော်တော်များများ သေအောင်သတ်ရမလိုဖြစ်ဖြစ်နေပါသည်။ KIO သည် အရည်အချင်းရှိသော စနစ်တကျ စုဖွဲ့မှုရှိသော စည်းရုံးမှုရှိသော အဖွဲ့ဖြစ်ရာ များစွာလေးစားစရာကောင်းပါသည်။ ယခုအခါ ငြိမ်းချမ်းရေးအဖွဲ့တွင် သမ္မတကြီးနှင့်ကာချုပ်အပါအ၀င် ကာလုံမှ ပုဂ္ဂိုလ်များပါလာပြီဖြစ်ရာ ငြိမ်းချမ်းရေးအတွက်ပိုဖြစ်နိုင်လာပါပြီ။ ကချင်တစ်ဖွဲ့သာကျန်နေပါတော့သည်။ နိုင်ငံတော်အစိုးရမဟာဗျူဟာမှာ စစ်ပွဲကို မတိုက်ပဲနိုင်အောင်လုပ်မည့်မဟာဗျူဟာဖြစ်နိုင်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တခြားအဖွဲ့များဖြင့်ဆက်လုပ်ရင်း KIO ကိုဆက်ဆွေးနွေးရင်း တပ်ချင်းလဲမတိုက်ပဲ ရင်ဆိုင်ထိမ်းချုပ်ထားပါမည်။ ကာလကြာရှည်လာလျှင် တခြားအဖွဲ့များ၊တခြားဒေသများ ငြိမ်းချမ်းပြီး ကချင်တစ်ဖွဲ့သာကျန်လျင် တစ်ဦးထဲ ထီးထီးကျန်နေပြီး ဘက်ပေါင်းစုံမှ ဖိအားကိုခံစားရပါမည်။ (လူအုပ်ထဲတွင် ကျန်လူများအားလုံး တစ်ဘက်ကူးသွားပြီး မိမိတစ်ဦးထဲကျန်နေကာ လူအားလုံးက ဟေ့ဘာလုပ်နေတာလဲ ဟုမေးသောမျက်လုံးဖြင့် ၀ိုင်းကြည့်တာခံနေရသည့်အခြေအနေကို မိမိကိုယ်တိုင်ခံစား စဉ်းစားကြည့်စေလိုပါသည်၊ (PEER PRESSURE))ထိုအခါ KIA လည်းပျော့လာမည်ထင်ပါသည်။ ထာဝရငြိမ်းချမ်းရေးသည် လက်နက်ဖြင့်တိုက်မရပဲ ယုံကြည့်မှုအပေါ်တွင်သာ တည်ဆောက်ရသည်ဖြစ်ရာ အချိန်နဲနဲပိုကြာသည့်တိုင် ဆွေးနွေးခြင်းနည်းလမ်းသည်သာ တစ်ခုထဲသော အဖြေဖြစ်သည်ဟု ယုံကြည်ပါသည်။ (အဖြစ်မှန်သည် လူများစွာ၏ အကျိုးစီးပွားနှင့်အတ္တများပါဝင်နေသည်ဖြစ်ရာ သည့်ထက်များစွာရှုပ်ထွေးပြီး နားလည်ရခက်မည်ကိုနားလည်ပါသည်) သို့သော် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း ချစ်ချစ်ခင်ခင် တန်းတူရည်မျှရှိသော အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော အမိမြန်မာပြည်ကို မြင်လိုပါသည်။ ကျွန်တော်တို့တိုင်းရင်းသားများကြားတွင် လူမျိုးရေးမုန်းတီးမှုမရှိပါ။ ကျောင်းသားသစ်သည် ကချင်ဖြစ်စေ၊ ချင်းဖြစ်စေ၊ ဗမာဖြစ်စေ မကွဲပြားပဲ သူငယ်ချင်းသစ်တစ်ယောက် အဖြစ်သာမြင်ကြောင်း ကျောင်းနေဘူးသူတိုင်းသိပါသည်။ ထို့ကြောင့် ခက်ခဲသော်လည်းဖြစ်နိုင်မည်ထင်ပါသည်။

maungmin said...

greenlover ရေ နိုင်လိုစိတ်မရှိတာမဟုတ်လောက်ဘူး.. ကိုယ့်မိန်းမကော သူ့မိန်းမကော မုဆိုးမဖြစ်မှာဆိုးလို့ ရှောင်လိုက်တဲ့သဘောဖြစ်ပါလိမ့်မယ်...

maungmin said...

စက်လက်(၁၈)လက်နဲ့ (၆၀) မမ ထိုင်တဲ့ ခံစစ်ကုန်းကို ၀င်တိုက်တာ.. (၁)ယောက်ပဲ ဒဏ်ရာရတာတော့ .. KIA ကကျည်ပြီးလို့များလား.. ဒါမှမဟုတ်.. စစ်တပ်က သေနတ်နဲ့မပစ်ပဲ လောက်လေးခွနဲ့ပဲ ပစ်သလား.. စဉ်းတော့စဉ်းစားစရာပဲ.... ကုလားပဲ ၉ အိတ်... ဆား ၆ အိတ်... ဆန်တပေပါ နဲ့ အိတ် ၁၀၀ ဆိုတာကကော ဘာအိတ် ၁၀၀ များလဲ.. ကြွပ်ကြွတ်အိတ်တွေလား... ဆန်အိတ်တွေဆိုရင်တော့ ဆန်ဂိုဒေါင်ကြီးပါသိမ်းမိတာပေါ့.. KIA တော့ ပွတာပဲ...

JinghpawDuwa said...

ကို linn ရေ စစ်မြေပြင်မှာ ဘာမဟုတ်တာလေးနဲ့ သေတတ်သလို ကျည်ဆံအမြောက်ဆံ ပလူပျံနေပေမယ့် တချက်မှမထိတဲ့ ဖြစ်စဉ်တွေ အများကြီးပါခင်ဗျာ။ သောင်းဝေဦးရဲ့ စာအုပ်လောက်ဖတ်ဖူးရုံလောက် နဲ့တော့ တကယ့်စစ်မြေပြင်အခြေအနေကို မသိနိုင်ပါ။ အခုခောတ်က အောင်ဆန်းသူရိယလှသောင်းတို့ခောတ်ကလို ကျင်းတူး စက်သေနတ်နဲ့ပုံသေ ပစ်ကြောင်းဆင်ပြီး ခံစစ်ဆင်လို့ရတဲ့ခောတ် မဟုတ်တော့ပါ။ KIA ရဲ့ စနိုက်ဘာ လက်ဖြောင့်ပစ်ခတ်မှုနှင့် အဝေးထိန်းရီမုတ်ဗုံးတွေရဲ့ ထိရောက်မှုကို သိချင်ရင် အဲဒီဒေသရောက် ဖူးတဲ့ ရှေ့တန်းပြန်တွေကိုသာ မေးကြည့်ပါ။ ဒါတောင်မှ KIA က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနှင့် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းရေး ဆိုတာတွေကို ခိုင်မြဲစွာ ယုံကြည်မျှော်လင့်နေဆဲမို့ တကယ့်တိုက်စစ်ကို မစသေးပါ။ မိမိနယ်မြေထဲဝင်လာတဲ့ရန်သူကို လှုပ်ရှားခံစစ်နဲ့ တိုက်ခိုက်တဲ့ အဆင့်ဘဲ ရှိပါသေးတယ်။ ၂၁ရာစုစစ်မြေပြင်ဟာ မြို့တွင်းတောတွင်း (၂)နေရာလုံးမှာ နည်းပညာမြင့်လက်နက်တွေနှင့် သမာရိုးကျ မဟုတ်သော စစ်နည်းဗျုဟာများကိုပေါင်းစပ်ပြီး ဘက်ပေါင်းစုံကနေ ထိုးစစ်ဆင်တိုက်ခိုက်ကြတာပါ။ KIA အနေနဲ့ ဒီလိုထိုးစစ်တိုက်စစ်တွေကို လုပ်လည်းလုပ်တတ်သလို လုပ်လည်းလုပ်နိုင်ပါတယ်။ ပြည်ထောင်စုသားအချင်းချင်း ကြားမှာ ၀မ်းနည်းကြေကွဲစရာ သွေးပျက်ခြောက်ခြားစရာ ဖြစ်ရပ်တွေကို ရှောင်လွှဲချင်တဲ့အတွက် တတ်နိုင်သလောက် သည်းခံစောင့်ဆိုင်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် သည်းခံမှုဆိုတာ အတိုင်းအတာရှိပါတယ်။ အခုလိုပြောနေတာ ပါးစပ်ထဲတွေ့ကရာ လျှောက်ပြောနေခြင်းမဟုတ်ပါ ပြင်ပဗဟုသုတ အနည်းငယ်ရှိသူတွေတောင် သမိုင်းတစ်လျှောက် ဘယ်လောက်အင်းအားတောင့်တင်းတဲ့ အစိုးရစပ်တပ်ဖြစ်ပါစေ တကယ်မှန်ကန်ခိုင်မာတဲ့ မျိုးချစ်တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်ကို စစ်ရေးအရ အမြစ်ပြတ်မချေမှုန်းနိုင်ဘူးဆိုတာသိပါတယ်။ အနီးစပ်ဆုံး ဥပမာပြရရင် ကမ္ဘာမှာအင်အားအတောင့်တင်းဆုံးဆိုတဲ့ အမေရိကန်တွေ ဗီယက်နမ်ကနေ ခွေးပြေးဝက်ပြေးပြေးခဲ့ရတာ အီရတ်နှင့်အာဖဂန်မှာ လုံးပါးပါးနေတာတွေက သက်သေပါ။ ဒီကနေ့ KIA ကို ဦးသိန်းစိန်ပြောသလို (၃)ရက်နဲ့အပြတ်တိုက်ဖို့မပြောနဲ့ ဦးနေ၀င်းကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အထိ ကာ/ချုပ် (၆) ယောက်ပြောင်းပြီး နှစ်ပေါင်း(၆၀)ကျော် တိုက်နေတာတောင် မနိုင်ခဲ့ပါ။ ဒီကနေ့ တိုင်းရင်းသားပြသနာများ အပေါ် ဝေဖန်သုံးသပ်ချင်တယ်ဆိုရင် အစိုးရကသင်ပေးတဲ့ သမိုင်းတုသမိုင်းလိမ်လောက် သင်ဖူးဖတ်ဖူးရုံနဲ့ တော့ ဥာဏ်မမှီ လောက်ပါ။ အနည်းဆုံး ပင်လုံစာချုပ်ဆိုတာ ဘာလဲ ဘာတွေ ပါသလဲဆိုတာလောက်တော့ သိထားဖို့လိုပါမယ်။ ဒီလိုသမိုင်းအမြင်နှင့် ပြင်ပဗဟုသုတရှိသူမှသာ ကချင်တွေရဲ့လက်နက်ကိုင်တော်လှန်ရေးကို နားလည်မှာဖြစ်ပြီး၊ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်ကိုလည်း မှန်ကန်စွာ မှန်းဆသုံးသပ်နိုင်မှာဖြစ်ပါတယ်။ KIA ကို အမြစ်ဖျက်ချင်တယ် ဆိုရင်တော့ တစ်နည်းဘဲရှိပါတယ်၊ ပွင့်လင်းမျှတတဲ့ တွေ့ဆုံဆွေးနွေးမှုကနေ နှစ်ဦးနှစ်ဖက်လက်ခံနိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ရပ်တည်ဆောက်ပြီး KIA လိုချင်တာပေးလိုက်ဖို့ပါဘဲ။

ko min said...

တပ်ရင်းမှူးဆိုရင်၊ဒုဗိုလ်မှူးကြီးအဆင့်လောက်ရှိရမှာပါ၊
တပ်ရင်းမှူးဆိုရင်လဲအဲ့ဒီလောက်စခမ်းမှာဘယ်တော့မှမထိုင်ဘူ၊

shine said...

ဦးလာနန်း တယုတ်ပြည်ဘက်မှာနေပြီး လျှောက်ဖြီး မနေပါနဲ့။ သမတ အမိန့်
ကြောင့်သာ တပ်တွေက ထိန်းနေတာ အဟုတ်မှတ်မနေနဲ့။ ထာဝရငြိမ်းချမ်း
အတွက် win-win policy ကိုထည့်သွင်းစဉ်းစားသင့်တယ်။

Anonymous said...

ဒီလို စခန်းကုန်းလေးမျိုးမှာ တပ်ရင်းမှူးဆိုတာ မရှိပါဘူးဗျာ။ KIA ကတော့ သွေးရူးသွေးတန်းနဲ့ ပြောချင်တာတွေ ပြောနေတော့တာပဲ။ သေချာတာကတော့ ဘယ်သူမှ မတိုက်ချင်ပါဘူးဗျာ။ စစ်ပွဲတပွဲ ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ရှောင်လွှဲဖို့ မဖြစ်နိုင်လို့သာ တိုက်နေကြရတာပါ။ အဲလိုပဲ ဖြစ်နေတာကိုလဲ ရပ်ချင်တိုင်းရပ်ဖို့ မလွယ်ဘူးလေဗျာ။ KIA ကို စားပွဲဝိုင်းကို ခေါ်ဖို့က ဒီနည်းကအကောင်းဆုံးဖြစ်နိုင်ပါတယ်။ ဂျစ်ကန်ကန်လုပ်နေတဲ့ ကလေးဆိုးလေးကို နဲနဲတော့ ဆုံးမပေးရမှာပေါ့ဗျ။ နို့မို့ဆို ထိန်းရခက်သွားမှာပေါ့။

maungmin said...

ဦးလနန် ဖြီးချက်တွေကတော့ ရှက်တတ်မယ်ဆို ကိုယ့်ကိုကိုယ် သတ်သေလို့ရတယ်... တပ်ရင်းမှူးလို ဒုမှူးကြီးအဆင့်က အင်အား(၃၅) ယောက်နဲ့ ခံစစ်ကုန်းမှာထိုင်တယ်ဆိုတော့ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားပေါ့ဗျာ... ကိုJinghpawDuwa ပြောသလိုများ KIA ကထိုးစစ် ဆင်ခဲ့မယ်ဆိုရင် ဘယ်လိုအနေအထားမျိုးနဲ့များထိုးစစ်ဆင်မှာလဲ.. ပန်ဝါတိုက်ပွဲလိုမျိုး နိုင်မယ်အထင်နဲ့တက်တိုက်တာ ခွေးပြေးဝက်ပြေးပြေးပြီး ဆုတ်ခွင့်တောင်းခဲ့ရတဲ့ တိုက်ပွဲမျိုးပဲဖြစ်မှာပဲ... KIA ကဇရှိတာတော့ တော်တော်လေးဇရှိပါတယ်.. ဘာမှမဆိုင်တဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးလောက်ဝင်ပြီး အကုန်ပစ်သတ်တာမျိုးပေါ့.. KIA ကတိုက်လို့နိုင်ခဲ့တယ်ဆိုတာမျိုး တွေက မိုက်ကရိုဝေ့မှာလုံခြုံရေးချထားတဲ့ အင်းအား(၅)ယောက်လောက်ရှိတဲ့ရဲကင်းတွေ... တစ်စိတ်တစ်စိတ်လောက်ချထားတဲ့ စစ်တပ်စခန်းတွေကိုပဲတိုက်မယ်.. နောက် ကချင်မှာစစ်စဖြစ်တုန်းက ရှေ့တန်းကပြန်လာတဲ့ စစ်သား ၈ ယောက်လောက်ပါတဲ့ကားကို အာပီဂျေနဲ့ချောင်းပစ်ပြီး အယောက်တစ်ရာလောက်က ဗီဒီယိုတွေရိုက် သူတို့အောင်ပွဲပေါ့.. အရှက်မရှိလုပ်သေးတယ်... စစ်တပ်ကမှ သူတို့နယ်ထဲမှာတိုက်နေတယ် ကေအိုင်အေလဲ ဇရှိရင် ပြည်မထဲစစ်ကြောင်းလိုက်ချီခဲ့လေ... စစ်တပ်က ငါးကျပ်သားတုံးတောင် တုံးပေးလိုက်ဦးမယ်... ကျွန်တော်လဲ စစ်ကိုလိုလားလွန်းလို့တော့မဟုတ်ပါဘူး.. KIA ကလေကျယ်လွန်းလို့ ၀ါဒါဖြန့်တာက လွန်လွန်းတယ်... KIA ကစစ်သားတွေကလဲ သူတို့ဘာကြောင့်စစ်တိုက်နေရတယ်.. သူတို့လိုချင်တာကဘာလဲဆိုတာ ကိုတောင် ကောင်းကောင်းသိမယ့်ပုံမပေါ်ဘူး.. အထက်က မြန်မာစစ်သားတွေကို သတ်ရမယ်လို့ လူမျိုးရေးမုန်းတီးမှုဝါဒ ကို အသေရိုက်သွင်းထားပြီး တိုက်ခိုင်းတဲ့ သဘောမျိုးပဲဖြစ်မှာပဲ... ဒါကိုပဲ ကချင်လွတ်မြောက်ရေးတပ်မတော်ကွ ဆိုပီးတိုက်... လွတ်လပ်ရေးရတော့ကော ဘာလုပ်မှာလဲ အခုက မလွတ်လပ်လို့လား.. ကချင်ပြည်နယ်မှာ ကချင်လဲနေတယ် ကရင်လဲနေတယ် ရှမ်းလဲနေတယ် ဗမာလဲနေနေတာပဲ အားလုံးအတူတူပဲ သူကတော့ ဗမာမို့လို့ သူကတော့ ကချင်မို့လို့ ခွဲခြားဆက်ဆံတာများရှိလို့လား.. ကချင်ပြည်နယ်မတိုးတက်လို့ စစ်တိုက်နေတာပါဆိုရင်ကော ကချင်ပြည်နယ်မှာ ကချင်ဘယ်လောက်ရာခိုင်နှုန်းရှိနေလို့လဲ... လူဦးရေအားလုံးအချိုးချရင် ကချင်က ၄၀ ရာနှုန်းလောက်ပဲရှိမှာပဲ.. ကျန်တာတစ်ခြားတိုင်းရင်းသားတွေပဲ... အစိုးရဖွင့်တဲ့စာသင်ကျောင်းတွေ မှာကော ကချင်တွေမတက်ရဘူးလို့သတ်မှတ်ထားတာရှိလို့လား.. ကျွန်တော်လဲ ငယ်တုန်းက ကချင်တွေနဲ့ အတူတူကျောင်းတက်လာတာပဲ.. ဆရာဝန်ဖြစ်တဲ့သူလဲဖြစ် စစ်ဗိုလ်လုပ်တဲ့သူလဲလုပ်တာပဲ... အားလုံးတန်းတူတွေပဲ ဒါကို ဘာလို့များလွတ်မြောက်ရေး လွတ်မြောက်ရေးအော်နေရသလဲ.. အခုလို စစ်ဖြစ်မှအမှန်တကယ် ဒုက္ခရောက်ကြတာ.. KIA ကကော ငြိမ်းချမ်းရေးကာလမှာ ကချင်ပြည်နယ်အတွက် လမ်း။တံတား၊ ကျောင်း၊ ဘာတွေများလုပ်ခဲ့လဲ သူ့လူမျိုးအတွက်ဘာတွေများ လုပ်ခဲ့လဲ... KIA ကလွတ်မြောက်ရေးဆိုပြီးကြွေးကျော်.. KIA စစ်သားတွေကလဲ ငါ့လူမျိုးအတွက်ကွ ဆိုပြီးတိုက်.. အဲ့လိုတိုက်တော့ နောက်ဆုံးဘယ်သူမှ ဒုက္ခမရောက်ဘူး ကချင်ပြည်နယ်မှာနေတဲ့ ပြည်သူတွေပဲ ဒုက္ခရောက်တာပဲ.. KIA ကဘယ်တော့မှလဲ စေ့စပ်လို့ရမယ်လို့မထင်ပါဘူး ဘာလို့လဲဆို လူဆိုတာ လက်ထဲမှာ လက်နက်လေးရှိမှ စကားဆိုတာပြောလို့ကောင်းတာလေ... အစွယ်ရှိတဲ့ သတ္တ၀ါကလဲ အစွယ်အားကိုးတယ်.. ဦးဂျိုရှိတဲ့ သတ္တ၀ါကလဲ ဦးချိုးနဲ့ခွေ့မှာပဲ လက်နက်လေးလက်ထဲမှာရှိတော့ ဒါလေးနဲ့ အစွမ်းကပြချင်ကြတာပဲ.. KIA အမြန်ဆုံးကျဆုံးပါစေ.. ဒါမှပဲ ကချင်ပြည်နယ်ငြိမ်းချမ်းမယ်.. တိုးတက်မယ်... မဟုတ်ရင် သစ်ခိုးထုတ်ပြီးရောင်းစားနေတာနဲ့ ကချင်လူမျိုးတွေလဲ ကောင်းစားမှာမဟုတ်ပါဘူး.. ဂွမ်မော်တို့ပဲ ဘီလျံနာတွေဖြစ်သွားမှာပါ.... စစ်မြန်မြန်ပြီးဆုံးပါစေ....

maungmin said...

ဆုတ်လဲစူးစားလဲရူးဘ၀ရောက်နေတဲ့ KIA တပ်ဖွဲ့ဝင်များ


KIA တပ်မဟာ ၃ လက်အောက်ခံ ရင်း ၁၅၊ ရင်း၂၁ နဲ့ တပ်မဟာ ၅ လက်အောက်ခံရင်း ၂၅ မှ အင်းအား ၃၀အား မေ ၇ ရက်နေ့မှစ၍ ဗန်းမော်မြို့သစ်လမ်းပေါ်ရှိ ၀၀မ်ရွာ နဲ့ ၁၇မိုင်ရွာ ၁၄မိုင်ရွာ တို့ကြားထဲက ငှက်ပျောခြံတွင် အစိုးရတပ်လာရင် ခြုံခိုတိုက်ခိုက်ရန် ဗဟိုကညွှန်ကြား ထားပြီး တပ်မဟာ၊ တပ်ရင်းမှပြန်လည်ညွှန်ကြားခဲ့သော်လည်း ၎င်းအဖွဲ့မှ လုပ်ဆောင်ခြင်းမရှိသည့် အတွက် အဖွဲ့ခေါင်းဆောင် ၇ဦးအား ရင်းများကိုခေါ်ယူကြောင်းသိရပါတယ်။ ပြန်ခေါ်ပြီးတော့ ရင်းများတွင် ၎င်းအဖွဲ့ ခေါင်းဆောင်များကို သေဒဏ်ချမှတ်ရန် ဗဟိုမှညွှန်ကြားထားပြီးဖြစ်တယ်။
ချက်မာ နားမှာလဲ ရင်း ၂၅ နဲ့ ၂၁ မှ မိုးမောက်မှဒေသခံ KIA တပ်သား ၂၅ ဦးကို နန့်ကျရီ ချောင်းနဲ့ ဒဂေါ် တို့တွင် တာဝန်ထမ်းဆောင်ရန်နဲ့ မိုးမောက်မြို့ပေါ်တွင် မိုင်းဖောက်ခွဲရန်အတွက် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးကို ၎င်းလူများကိုကွပ်ကဲပြီးလုပ်တောင်သွားရန်ညွှန်ကြားထားခဲ့ပါတယ်။ လုပ်ဆောင်မှုမရှိတဲ့အတွက် ၎င်းဗိုလ်ကြီးအား ဖြေရှင်းချက်တင်ပြရန် တပ်မဟာ ၃မှတဆင့် ဗဟိုမှ ညွှန်ကြားထားခဲ့ပါတယ်။


လက်အောက်ငယ်သားတွေကိုလဲ သက်သာချောင်ချိလဲမလုပ်ပေးဘဲ။ မသေရုံထမင်းလေး စားရရုံလေးစားရနေပြီး ပြည်သူလူထုတွေကိုအဖျက်အမှောင့်လုပ်ခိုင်းတယ်။ ဒါကြောင့် အဓမ္မ စုဆောင်း ထားခြင်းခံရတဲ့ ရဲဘော်လေးတွေက ထွက်ပြေးဒါတွေဖြစ်ကုန်တယ်။ နောက်ပြီးတော့ ရဲဘော်လေးတွေက ကလေးသာသာလောက်တာရှိတဲ့အတွက် ပင်ပန်းဆင်ရဲတဲ့ဒဏ်တွေကိုမခံနိုင် တာလဲပါတာပေါ့။ KIA ခေါင်းဆောင်ကြီး တွေက လိုင်ဇာမြို့ပေါ်မှာ ဟိုတယ်ကြီးတွေ၊ အိမ်ကြီး အိမ်ကောင်းတွေမှာ စားကောင်းသောက်ဖွယ်တွေနဲ့စားသောက်နေပေမယ့် လက်အောက်က ငယ်သားတွေကတော့ တောထဲမှာပင်ပန်းဆင်းရဲစွာလုပ်ကိုင်နေရပေမယ့် အစားအသောက်က ပုံမှန်မရှိဘဲ မလုံမလောက် စားသောက်နေရတယ်။ ခေါင်းဆောင်ကြီးတွေက လိုင်ဇာမြို့ပေါ်မှာ တစ်တောင်လောက်ရှိတဲ့ မှို့ယာပေါ်မှာ ကိုယ်ရံတော်ကိုယ်လုပ်တော်ကောင်းမလေးတွေနဲ့ စည်းစိမ် ခံစားနေပေမယ့် အောက်က လူတွေ ကတော့ မြေကြီးပေါ်မှာ ဆင်းရဲစွာအိပ်နေရပါတယ်။


လက်အောက်ငယ်သားတွေကဆင်းရဲစွာနေရပြီး ပြည်သူတွေထဲကလာပြီး ပြည်သူတွေ ဒုက္ခရောက်မယ့် လုပ်ရပ်တွေကိုပါ လုပ်ဆောင်ခိုင်းနေတဲ့အတွက်ကြောင့်လုပ်ဆောင်ချင်စိတ်မရှိကြ ပါဘူး။ ဒါကိုKIA ဗဟိုကလည်း အတင်းလုပ်ခိုင်းနေတော့ လက်အောက်မှာနေတဲ့ ခေါင်းဆောင် ငယ်လေး တွေက အောက်ကမလုပ်ချင်တဲ့သူနဲ့ အပေါ်ကအတင်းခိုင်းတဲ့ ဖြစ်ရပ် ၂ ရပ်ကြားထဲမှာ စိတ်ဒုက္ခရောက်နေရ ပါတယ်။ မလုပ်ပြန်ရင်းလဲသေဒဏ်ပေးခံရတယ်လေ။ ဒါကြောင့် မြေပြင်မှာ လုပ်နေတဲ့အဖွဲ့ခေါင်းဆောင်တွေ အနေနဲ့ ဆုတ်လဲစူးစားလဲရူး ဘ၀ကိုရောက်နေရတယ်လို့ KIA တပ်ဖွဲ့ဝင်တစ်ဦးမှပြောပါတယ်။

maungmin said...

တနိုင်းမြို့ဝင်ဂိတ်တွင် ရဲတပ်ဖွဲ့မှဘိန်းများဖမ်းမိ

မေ ၁၃

ရဲတပ်ဖွဲ့ဝင်များသည် တနိုင်းမြို့ဝင်ဂိတ်တွင် မနေ့မနက်၈နာရီခွဲလောက်တုန်းက တနိုင်းမှ မြစ်ကြီးနားသို့သွားမယ့် မှန်လုံယာဉ်တစ်စီးအားစစ်ဆေးရာ ဒေါ်ဂျာရော် နဲ့ ဒေါ်အင်ခါဂျာဘူ တို့အား စစ်ဆေးရာ ၎င်းတို့အိတ် အတွင်းမှ အ၀တ်ဘိန်းများအားတွေ့ရှိရသဖြင့်ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ ၉နာရီလောက်မှာတနိုင်းဘက်မှမြစ်ကြီးနားသို့သွားမည့် မှန်လုံယာဉ်တစ်စီးအားထပ်မံ စစ်ဆေးရာ ဒေါ်ဘချီဇုံးဆမ်းတွင်အ၀တ်ဘိန်းများကိုတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့ပါတယ်။ ၉နာရီခွဲလောက် မှာလဲတနိုင်းဘက်မှမြစ်ကြီးနားဘက်သို့သွားတဲ့ ဆိုင်ကယ်တစ်စီးအားစစ်ဆေးရာ ဆိုင်ကယ် ကာဘာတွင် ကပ်ပြီးထည့်ထားတဲ့ အ၀တ်ဘိန်းပါရှိသည့်အတွက် ဆိုင်ကယ်မောင်းနှင် လာသူ ဦးမရစ်ခါးလီအား ဖမ်းဆီးခဲ့တယ်။

ဘိန်းသယ်ဆောင်လာတဲ့၎ဦးကို ရဲတပ်ဖွဲ့မှခေါ်ယူစစ်ဆေးရာတွင် ၄င်းဘိန်းများကို KIA မှသယ်ခိုင်းတယ်သူတို့ကလည်းလိုလိုချင်ချင်နဲ့သယ်ပေးတာလို့ပြောပါတယ်။ တောင်ယာလုပ်လို့လဲ မရ၊ စီးပွားရေးလုပ်ငန်းများလဲလုပ်လို့မရ ဖြစ်လာတဲ့အတွက် သူတို့ခိုင်းစေတဲ့အတိုင်း လုပ်ခဲ့ ရတာပါ။ တောထဲမှာက သူ့ပစ္စည်းတွေကိုသယ်ပေးတဲ့အတွက်ဘာမှမဖြစ်ပါဘူး။ သူတို့က သယ်ဆောင်သွားပေး ကိစ္စအားလုံးကို တာဝန်ယူပေးမယ်လို့ပြောပေမယ့် ရဲတပ်ဖွဲ့ကတော့ဖမ်း တာပေါ့။ တခြားစီးပွားရေး လုပ်တော့လဲ လူသစ်စုတာနဲ့ အတင်းဓမ္မ အခွန်တွေကောက်နေတာနဲ့ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေဘူး။
ကိုယ့်စားဝတ်နေရေးအတွက်မကျန်ဘူး ဒါကြောင့် သူတို့သယ်ခိုင်းတဲ့ ဘိန်းကိုသယ်တော့ နည်းနည်းအဆင်ပြေ တယ်လို့ ဖမ်းမိတဲ့သူတွေကပြော ပါတယ်။ အဲဒါတွေကို တရုတ်နယ်စပ်ကနေသယ်လာပြီး မြစ်ကြီးနား မှာပြန်လည်ဖြန့်ဖြူးဖို့လို့သိရ ပါတယ်။ ဒါကြောင့်သူတို့တွေရဲ့ဆောင်ချက် ကတော်တော်လေးကို ရက်စက် ရာရောက် ပါတယ်။ ကချင်လူမျိုးတွေကိုမျိုးတုံးအောင်လုပ်နေတာပါ။ အဲဒီကပိုက်ဆံတွေကိုတော့ သူတို့အတွက်ပေး ပျော်ရွင်ဖို့နဲ့  ပြည်သူတွေကိုဒုက္ခပေးဖို့ကားလမ်းတွေရထားလမ်းတွေမိုင်းထောင်ဖို့ ပစ္စည်းတွေဝယ် နေတာကြောင့် သူတို့ရပ်လုပ်ရတွေက တော်တော်လေးကိုစက်ဆုပ်စရာကောင်းတယ်လို့ တနိုင်းမြို့ ကလူတစ်ဦးကပြောပါတယ်။

ကျော်ထူး (စောဌက်) said...

အပေါ်က linn ကတော့ တော်ရုံနဲ့ လျှော့မယ့်ပုံ မပေါ်ဘူး။
JinghpawDuwa ပြောသလိုပဲ စာရေးဆရာ ဗိုလ်မှူးကြီးသာင်းဝေဦး ရေးတာတွေ အဖတ်များသလားပဲ။ ခက်တာက သောင်းဝေဦးရဲ့ စာအုပ်နဲ့ ဆောင်းပါးတွေထဲမှာ သူတို့ပေါ်တာဖမ်းတာ ပေါ်တာကြေးကောက်တာ ရွာသားတွေကို ရိုက်နှက်နှိပ်စက်တာတွေ မပါတာကို စာရေးဆရာ သတင်းထောက် ကိုငြိမ်းဝေကနေ ထောက်ပြထားတာ ဖတ်ဖူးပုံမရဘူး။

linn အနေနဲ့ နားလည်ပုံမရတာက စစ်တပ်အင်အားကြီးတာ မှန်ပေမယ့် တပ်ဆိုတာ တစ်နေရာမှာ စခန်းထိုင်မိရင် ပြန်ရုပ်ရခက်တယ်။ လိုချင်တိုင်း ဆွဲသုံးလို့ မရဘူး။ ဒါ တပ်မှူးဟောင်းတွေက ပြောတာနော်။ ဒီတော့ တိုက်ချင်တိုင်း တိုက်လို့မရတဲ့ သဘာဝကို တီးခေါက်မိမှာပါ။

ကရင်ပြည်နယ် စစ်ဆင်ရေးတွေ လုပ်မယ်ဆိုရင် နွေဦးမပေါက်မီ တစ်နှစ်လုံး ပြင်ဆင်ပြီးမှ အင်အားထောင်ချီပြီး လုပ်ရတယ်။ တစ်နှစ်တစ်နှစ် ဝင်သွားပြီးရင်လည်း ရာနဲ့ချီပြီးသေ ရာနဲ့ချီပြီး ဒဏ်ရာရသူတွေနဲ့ ပြန်ထွက်လာရတယ်။ ကေအန်ယူ အားလျော့လာပေမယ့် စစ်တပ်နဲ့ နိုင်ငံကတော့ သွေးတစ်ဖြည်းဖြည်း စိမ့်နေသလို စီးပွားရေးဖက် လှည့်ပြီးထိခိုက်တော့တာပဲ။

ဒီတော့ ကေအန်ယူနဲ့ မရမက အပစ်ရပ်ပြီးမှ ကေအိုင်အိုကို တက်တိုက်ရတာလေ။ ဒါပေမယ့် ကေအန်ယူနဲ့ အက်စ်အက်စ်အေ တို့ကလည်း မျက်လုံးဒေါက်ထောက်ကြည့်နေပါတယ်။ အခြေနေ သိပ်ဆိုးရင် လူအားလျှော့လို့ ပျော့နေတဲ့ နောက်တန်းစခန်းတွေကို ဝင်အုပ်မှာပါ။

ဒီနေရာမှာ ပြည်သူတွေ သတိမပြုမိတာက စစ်တပ်က ဘယ်လောက်သေ ဘယ်လောက်ဒဏ်ရာရသလဲ ဆိုတာပါ။ နှစ်တိုင်း ရာနဲ့ချီပြီးသေ ထောင်ကျော်ဒဏ်ရာရတာကို မီဒီယာတွေက ဖွင့်ထုတ်နိုင်ရင် စစ်ပွဲတွေ အတော်နှောင့်နှေးပြီး နိုင်ငံရေးအရဖြေရှင်းဖို့ ဦးတည်လာနိုင်တယ်။

ဒါတွေက အတိုချုပ်ပါ။ စစ်တပ် ပျောက်ကျာနည်းနဲ့ အတိုက်ခံရတာကို ရိုက်ထားတဲ့ ဗီဒီယိုတွေလည်း youtube ပေါ်မှာ အများကြီးပါ။ သွေးပျက်စရာတွေကို လင့်ပေးပြီး မကြော်ငြာချင်ပါဘူး။ ဒါပေမယ့် စစ်ပွဲတွေ ရပ်ဖို့လိုမယ်။ ပြည်မဖက်က အရင်လို တင်းတင်းမာမာ တစ်ပြားသားမှ မလျှော့တာမျိုးတွေကို လျှော့တန်လျှော့ရမယ်လို့ အကြံပေးချင်ပါတယ်။ အားလုံးအကျိုးကို မျှော်ပြီးပြောတာပါ။

realism said...

KIAကဘာလိုချင်တာလဲ....KIAကဘယ်သူတွေကိုဘယ်လောက်အထိကိုယ်စားပြုသလဲ.....ကချင်ပြည်နယ်တခုလုံးကိုKIAကကိုယ်စားပြုလို့လား......ပင်လုံအကြောင်းလဲသိတယ်....မင်းတို့KIAအကြောင်းလဲသိတယ်....KIAတောင်းတာပေးလိုက်ပါလို့တော့လာမပြောပါနဲ့......JinghpawDuwa....

Unknown said...

KIA လည်းမြန်မာပဲ၊ စစ်တပ်ကလည်း မြန်မာပဲ၊ တိုက်ရင်တော့ ကချင်ပြည်နယ်တစ်ခုလုံး နောက် နှစ်ပေါင်း ၁၀၀ တိုင်အောင် လူနေလို့မရအောင် တိုက်လို့ရတာပေါ့။ အုပ်ချုပ်သတွေအနေနဲ့ မတိုက်ရတဲ့ အကြောင်းက ကိုယ့်လူမျိုးဖြစ်နေလို့ပေါ့ ။ ငြိမ်းချမ်းရေးပဲကောင်းပါတယ်။ ငြိမ်းချမ်းမှ တိုးတက်မှာပေါ့

We Are Kachin said...

linn ရေဒီlinkကိုဖတ်ကြည့်လိုက်ပါအုန်းနော်။ http://www.mizzimaburmese.com/news/inside-burma/9332-----unfc-.html

maungmin ရေတစ်ခုလောက်စုံစမ်းပေးပါအုန်း။ မနှစ်ကစစ်အစိုးရစတင် ထိုးစစ်ဆင်ပြီးသိပ်မကြာခင်မှာမြစ်ကြီးနားစစ်တပ်ထဲဖြစ်သွားတဲ့အဖြစ်အပျက်လေးတစ်ခုပါ။ စစ်ကူတွေမပို့လို့မတိုက်နိုင်တော့ပါဘူးဆိုပြီးပြန်ဆုတ်လာတဲ့ စစ်ဗိုလ်တွေနဲ့ရဲဘော်တွေကိုစစ်ခုံးရုံးတင်လိုက်တယ်လို့ကြားလို့ပါ။ နောက်ပြီးတပ်ထဲမှာအချင်းချင်းပစ်ခတ်မှုတွေဖြစ်သွားတယ်လို့ကြားလိုက်တယ်။ ကျေးဇူးပြုပြီးစုံးစမ်းပေးပါနော်။

realism ရေ KIA တောင်းတာမပေးနဲ့ဆိုတော့ မြန်မာပြည်အတွက် ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကမကောင်းလို့လား။ ပင်လုံမှာကချင်နဲ့အခြား တိုင်းရင်းသားတွေက အင်္ဂလိပ်လက်အောက်မှာမနေချင်တော့လို့ ဗမာတွေလက်အောက်မှာဘဲနေတော့မယ်ဆိုပြီး လက်မှတ်ထိုးလိုက်တာ မဟုတ်ဘူးဆိုတာတော့သိမယ်လို့ထင်ပါတယ်။ ပင်လုံအကြောင်းလည်းသိ တယ်ဆိုလို့ပါ။
KIA ကပင်လုံစာချုပ်မချုပ်ခင်ဗိုလ်ချုပ်အောင်ဆန်းပြောသွားသလို ဗမာတကျပ်ဆိုရင် ကချင်လည်းတကျပ်ရမယ်ဆိုလို့ ပေးထားတဲ့ကတိ အတိုင်းတကျပ်တောင်းနေတာပါ။

linn said...

ညီအစ်ကိုတို့

ကွန်မင့်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဆွေးနွေးရတာ အားရစရာကြီးပါ။ စိတ်ဝင်စားမှုကိုပြကြလို့ ကျေးဇူးလည်းတင်ပါတယ်။ ကျွန်တော် ပင်လုံစာချုပ်ကိုသိပါတယ်။ ပြီးတော့ ပင်လုံစာချုပ်ဖြစ်ပေါ်စေခဲ့တဲ့အခြေခံကိုလည်းသိပါတယ်။ နယ်ချဲ့က မြန်မာပြည်ကို တောင်ပေါ်နဲ့ မြေပြန့်ခွဲပြီး (ရှမ်းပုဒ်မ ၁၀) သီးခြားစီအုပ်ချုပ်ခဲ့တော့ ၁၉၄၇
မြန်မာပြည်လွပ်လပ်ရေးရတဲ့အချိန်ဗြိတိသျှအစိုးရရဲ့ ကိုလိုနီနယ်တွေကို လွတ်လပ်ရေးပေးတဲ့ ပေါ်လစီအရ တောင်တန်းဒေသတွေဟာ သူတို့ ဆန္ဒရှိရင် မြေပြန့်ဗမာပြည်နဲ့ ခွဲပြီး နိုင်ငံသီးခြားတောင်းခွင့်ရှိနေပါတယ်။
အဲတာကို ဗိုလ်ချုပ်က လွတ်လပ်ရေးတူတူယူရအောင်ဆိုပြီး စည်ရုံးနိုင်ခဲ့လို့ ပင်လုံစာချုပ်ပေါ်လာတာပါ။ အဲသည်ပင်လုံစာချုပ်ရဲ့အကျိုးဆက်ကြောင့် ၁၉၄၇ constitution မှာ တောင်တန်းဒေသများသည် ဆန္ဒရှိလျှင်လွတ်လပ်ရေး ရပြီး ၁၀ နှစ်အကြာမှာ ခွဲထွက်လိုက ခွဲထွက်နိုင်သည်လို့ ပေးခဲ့ရတာဖြစ်ပါတယ်။
ကျွန်တော့အနေနဲ့က အခု ငြိမ်းချမ်းရေးပြဿနာကို ဘယ်လိုဖြေရှင်းကြသလဲ ဆိုတဲ့ (စစ်တုရင်စကားနဲ့ပြောရရင် ) End Game strategy ကိုမှန်းကြည့်နေတာပါ။ စစ်တုရင်ခုံပေါ်မှာ အကွက်ရွေ့တာ၊ ပါဝါသာအောင်လုပ်တာ၊ အချက်အခြာအနေရာမှာ မိမိ
ကနေရာယူထားတာ စတာတွေကိုလုပ်နေပေမဲ့ တစ်ဘက်ဘုရင်ကိုဖမ်းမိမှ ပွဲကပြီးမှာဖြစ်တော့ ဒါကိုမျက်ခြေမပြတ်ဘို့ပါ။ ငြိမ်းချမ်းရေးရအောင် လက်ရှိလူကြီးတွေဘယ်လိုလုပ်ကြသလဲဆိုတာကနေ သင်ယူရင် ကျွန်တော်တို့အတွက်အများကြီး ပညာရပါတယ်။ နောင်အခါ
အခါအခွင့်သင့်လို့ နိုင်ငံ့တာဝန်ကို ပုခုံးပြောင်းပြီး ယူရရင် အမှားနဲနဲနဲ့ ထိထိရောက်ရောက်လုပ်နိုင်တာပေါ့ဗျာ။ မဟာဗျူဟာကျကျမြင်နိုင်တာပေါ့ဗျာ။ (လူငယ်တွေ နိုင်ငံ့တာဝန်ထမ်းဘို့ဆိုတာ ဖြစ်နိုင်နေပါပြီ)။ ကျွန်တော်ကတော့ ၀မ်းစာဖြည့်နေတာပါ( ပညာရှင်မဟုတ်ပါ)။ ညီအစ်ကိုများကိုလည်း
တိုင်းပြည်နဲ့လူမျိုးအကျိုးကို လုပ်ပေးနိုင်ဘို့ ကြိုပြင်ထားကြဘို့ တိုက်တွန်းချင်ပါတယ်။ (ကချင်ပြည်ကိုတစ်ခါပဲရောက်ဘူးပါတယ်။ ကချင်စကားလဲတစ်လုံးပဲတတ်ပါတယ်။ ကဂျာအီး :) ။ ကချင်တွေ ဆင်းရဲတာ မြေပြန့်ကမြန်မာတွေထက်အများကြီးအခြေအနေဆိုးပါတယ်။
ကချင်ပြည်ကောင်းစားဘို့က အရည်အချင်းရှိကချင်လူငယ်တွေ ပဲအားကိုးရမှာပါ။

ဖိုးသားလေး said...

နိုင်ငံရေးနှင့်စကားပြောရင် ၀ါဒတွေကွဲလွန်းလို့ ထတောင်သတ်နိုင်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပါတယ်။အောက်ပါစာလေးကိုရှု့စားကြည့်ပါဦး
ညီအစ်ကိုတို့
မြစ်ဆုံစီမံကိန်းကိုလည်းရပ်ပြီးပြီနော်
ဗုံးတွေခွဲလို့ ရထားမစီရဲကြတော့ဘူးနော်

အလျော့ပေးတားတွေ တော်တော်များနေပြီနော်
သူတို့ဘာကြောင့် တိုက်ပွဲတွေကိုစိန်ခေါ်နေတာလဲနော်
အစိုးရဘက်ကလည်း ဘာကြောင့်စစ်တပ်တွေနောက်မဆုတ်သေးတာလဲနော်
ကေအိုင်ကေ က ကချင်လူမျိုးတွေကို မသနားဘူးလားနော်
စားဝတ်နေရေးတွေခက်နေကြပြီနော်
သူတို့လူမျိုးတွေပျက်စီး ဆင်းရဲနေတာ မသနားဘူးလားနော်

အဲ့ ကျွန်တော်တို့ကဗမာလူမျိုးတွေဗျ
ရှေးလူကြီးတွေကတော့
တရုတ်ကဖိ ရှမ်းကအိ ဗမာတွေပျောက်တော့မယ်တဲ့
အခု ကချင်က ဘယ်လို ဗမာတွေကိုလုပ်ဦးမလဲ
သည်းခံပါတယ်။
သမ္မတက အပြစ်အခတ်ရပ်ဖို့ညွန်ထားတယ်တဲ့
သူတို့စပြစ်မှ ပြစ်တဲ့
သူတို့ဗုံးကျဲရင် ဗမာစစ်သားတွေ ဘယ်လောက်သေမလဲနော်
စစ်တပ်နောက်ဆုတ်ခဲ့ရင် အဂ်လိပ်တွေလို မြန်မာပြည်ကို အထက်ပိုင်းက စသိမ်းလိမ့်မယ်တဲ့ အချို့က ပြောကြတယ်။

ကေအန်ယူနဲ့တောင် ငြိမ်းချမ်းရေးအဆင်ပြေလို့ စစ်ကားတွေ အစီး100 လောက် နေပြည်တောကို ပြန်လာတာ ကိုယ်တိုင်တွေ့ပြီးပါပြီ

သို့ ကချင်တို့
ကျွန်တော်က အစိုးရဘက်လဲမပါဘူး၊ ခင်းဗျားတို့ဘက်လဲမပါဘူး
ဒါပေ့မယ် ဗမာလူမျိုးဗျ။
စဉ်းစားပါဦး
ခင်းဗျားတို့ ကိုယ်လွတ်ရုန်းနိုင်ပြီလား
ဒါဆို ကချင်ကို တိုင်းပြည်သစ်အနေနဲ့ထောင်နိုင်ပြီလား
ကချင်လူမျိုးတွေ ဘယ်နားနေလို့ ဘာစားပြီး ဘာအလုပ်လုပ်မလဲ
ကျွန်တော်တို့ချော့နေတာနော်.....
ဗမာတွေမျိုးတုံးတော့မယ်
ကချင်တွေ ကျုပ်တို့ခေါင်းပေါ်တက်တော့မယ်
ဗမာတွေရယ် သိကြပါတော့
တဘက်တည်းကိုတွေးပြီး တဘက်သက်မဆန်တော့ပါနဲ့တော့
သမ္မတလဲချော့ရလို့မောလောက်ပါပြီး
လူသားချင်းစာနာလွန်းလို့ပြောရတာပါ
ကိုယ့်လူမျိုးအချင်းချင်းကို မသနားဘဲဆက်ပြီး တိုက်ခိုက် စိန်ခေါ်ကြတယ်

ထလော့ဗမာ ထတော့
အမျိုခံရတော့မယ်

မန်းကိုကို said...

ပြည်တွင်းစစ် သတင်းတွေတက်လာတိုင်း ဖတ်ပြီးရင်မောရပါတယ် ။
ဒီထက် ထပ်ဆင့် မောရတာကတော့ စကားအနိုင်ရလိုစိတ် တစ်ခုထဲနဲ့ မှန်၏ မမှန်၏ ၊ သင့်၏ မသင့်၏ ဆိုတာတွေ ဘေးချိတ်ပြီး ကိုယ့်စိတ်ထဲက ပုံရိပ်မှန်တွေကို (ကိုယ့်ကိုတော့ လူသိမခံဝံ့ပဲ) ဖွင့်ပြနေကြတာကိုပါ ။

တစ်ခါတစ်ရံလည်း ခိုင်လုံတဲ့ အချက်အလက်တွေ သို့မဟုတ် ကျိုးကြောင်းသင့်တဲ့ အပြန်အလှန် ဆွေးနွေး ပြောဆိုတာတွေကို မျှော်လင့်မိပါတယ် ။

တကယ်တန်းမှာ စကားနဲ့ အကြောရတာဟာ အနိုင်ရတာ မဟုတ်ပါဘူး ။
ကိုယ့်နဲ့ သဘောသဘာဝ မတူသူတွေထဲက တချို့ကို အောင်အောင်မြင်မြင် သတ်ဖြတ်နိုင်တာဟာလည်း ကျန်တဲ့သူတွေရဲ့ စိတ်ထဲက အကြိတ်အခဲကို မဖျောက်ဖျက်နိုင်ပါဘူး ။ အကြိတ်ခဲတွေ ပိုပြီးတော့တောင် ခိုင်မာလာပြီး ၊ အနိုင်ကျင့်ခဲ့သူ အနေနဲ့ ငါ့အလှည့် ဘယ်တော့ ပြန်ရောက်မလဲဆိုတဲ့ မလုံလဲ မယုံရဲတဲ့စိတ်နဲ့ ကာလရှည်ကြာ ခံစားသွားရမယ့် အဖြစ်ပါ ။

ဗူးလေးရာ ဖရုံဆင့်စေတာက တမင်အမြင်မှားအောင် ရေးတဲ့မှတ်ချက်နဲ့ မခိုင်လုံပဲ တီထွင်ထားတဲ့ သတင်းတွေကို စုပြုံပြီး လာထည့်တဲ့ လူတွေပါ ။ ဘယ်သူတွေလဲဆိုတာ မစွပ်စွဲလိုပါဘူး ၊ ဒါပေမယ့် ဖတ်တဲ့သူတွေရဲ့ အမြင်မှာ မသိမသာ အဆိပ်ခတ်ဖို့ ကြိုးစားနေကြတယ်ဆိုတာ မြင်ပါတယ် ။ ရာစုနှစ် တစ်ဝက်ကျော်ကျော် သမိုင်းကို လိုရာကွေးပြီး ဖြန့်ဝေနေခဲ့ကြတာတောင် မတော်နိုင်ကြသေးတာတော့ တိုင်းပြည် အင်မတန် နာပါတယ် ။

ဒါတွေကို ဝင်ပြောပြန်တော့ ကိုယ်လည်း မကောင်းမကောင်း ဖြစ်ရတတ်ပါတယ် ။ အပြောကျွံရင်လည်း ဆရာလုပ်တယ် ဖြစ်ပြန်ပါတယ် ။ တစ်ဖက်မှာကလည်း အတွေးအဆိပ်ခပ်တဲ့ စာတွေဟာ ဖတ်မိသူတွေကို စော်ကားရာ ရောက်သလို ၊ လက်လွတ်စပယ် ထားပြန်ရင် သတိမပြုမိသူတွေကို ရေရှည်မှာ အမြင်ကွေးပြီး ဘဝတွေကိုပါ သွယ်ဝိုက်ဆိုးကျိုးတွေ ပေးပါတယ် ။

နမူနာ တစ်ခုတော့ ပြပါရစေ ။
maungmin ဆိုသူရဲ့ မှတ်ချက်မျိုးကို ကြည့်လိုက်ပါ ။
"... ဖြစ်မှာပဲ .."
"... သိမယ့်ပုံမပေါ်ဘူး .."
"... လောက်ပဲရှိမှာပဲ .."
"... မထင်ပါဘူး .."
"... ဖြစ်သွားမှာပါ .." စသည်ဖြင့် မှတ်ချက် တစ်ခုထဲမှာတင် အထင်ကို ရှေ့တန်းတင်ထားတဲ့ အသုံးနှုန်းတွေ ပွစာကျဲနေတာ တွေ့နိုင်ပါတယ် ။

သာမန် တွေးခေါ်နိုင်သူ တစ်ယောက်အနေနဲ့ပဲ တွေးကြည့်ပါ ၊ အထင်နဲ့ ရေးတဲ့စာကို အမှန် အတည်လို့ ယူဆနိုင်မလား ။

ဒီမှာ စာလာဖတ်သူ အတော်များများဟာ တွေးတတ်တဲ့အရွယ် ၊ စိတ်အလို မလိုက်တတ်တော့တဲ့အရွယ်နဲ့ ပညာတတ်သူတွေ အမျိုးမျိုး အဖုံဖုံပါတာကြောင့် အလွယ်တကူ လက်ခံမယ်လို့ မထင်ပါဘူး ။

ဒါပေမယ့် နုနယ်ပြီး သတိလွတ်တတ်သူတွေ အမြဲတမ်း တစ်ယောက်မဟုတ် တစ်ယောက် ရှိတတ်တာကြောင့် ၊ အထူးသဖြင့် လူငယ်တွေကနေ ဘက်စုံ သတင်းစုံကို ဖတ်ရှုပြီးမှ ချင့်ချိန်ဖို့ သတိတရ ပြောချင်ပါတယ် ။

ဒီမှာလို မှတ်ချက်ရေးပြီး အတွေးအမြင် အသိနဲ့ ဗဟုသုတတွေ ဖလှယ်လို့ ရတဲ့နေရာမှာ ရတဲ့ အခွင့်ရေးကို သုံးစွဲနိုင်ကြဖို့ကိုလည်း အားပေးချင်ပါတယ် ။ အများအားနဲ့က ခရီးပိုတွင်နိုင်ပါတယ် ။

Theodo said...

ဖြစ်လေ စောဌက်ရယ် မရှိတဲ့မာန်ရယ် မင်းတို.လို.ကောင်ဗကပ အောက်ဆွဲ
ဘဝကတက်လာတာဆိုတော့ဗကပ တော်ကီထွက်တာပေါ့ ။နှစ်ပေါင်း ၆၀ တိုက်တာ မနိုင်ဝူး မှန်ပါတယ်။အခုမင်းတို.တစ်ဖွဲ.ပဲကျန်တာရောသတိထားမိရဲ.လား ဘဝင်ရူးကချင်သူပုန်ကောင်ရဲ.

maungmin said...

သူတို့ဘာဖြစ်ချင်တယ် ဘာလိုချင်တယ်ဆိုတာကို သူတို့ရဲ့ ဘုရားလိုကိုးကွယ်နေတဲ့ ဂွမ်မော်တောင်မသိဘူး.. ဘာတောင်းလို့တောင်းရမလဲဆိုတာကို.. အောက်က ကောင်တွေကလဲ ၀ါဒမှိုင်းအတိုက်ခံထားရပြီးး ဗမာတွေကို သတ်မယ်ဆိုတဲ့ စိတ်ပဲရှိတာ.. ဘာနားလည်လို့လဲ နို်င်ငံရေးဆိုတာဝေးရော... သူတို့ဘာလို့ စစ်တိုက်နေတာလဲ ဗမာတွေ သူတို့မြေကျူးကျော်လာလို့တိုက်တယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲရှိတယ်..မတိုက်ချင်လို့ ထွက်လဲမပြေးရဲဘူးလေ.. ထွက်ပြေးရင် ပစ်သတ်မယ်.. ဖမ်းမိရင် သေဒဏ်လေ.. အဲ့ဒီတော့ မျိုးချစ်တပ်ဖွဲ့ပဲခေါင်းစဉ်တပ်ရတော့တာပေါ့.. ဂွမ်မော်တို့ ၀ါဒဖြန့်ချက်ကလဲ ရှက်တတ်ရင်သေလို့ရတယ်... အလင်းဝင်လာတဲ့ ကေအိုင်အေတပ်ဖွဲ့တွေကို မြန်မာစစ်တပ်က သတ်ပစ်လိုက်ပြီ နောက်ပြေးတဲ့သူရှိရင်လဲ ထိထိရောက်ရောက်(သေဒဏ်) အရေးယူမယ်ပေါ့.. သူပြောပြီး သိပ်မကြာပါဘူး.. အစိုးရက ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးတဲ့ အခမ်းအနားမှာ အလင်းဝင်လာတဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေကို တစ်ယောက် ၂ သိန်းစီထောက်ပံ့လိုက်တယ်.. တရားဝင် သတင်းစာတွေမှာဖော်ပြတော့.. ဂွမ်မော်ပါးစပ်က ဖာပါးစပ်ဖြစ်သွားတာပေါ့...

hlaingthuya said...

အရင်ကတည်းက ဒီ KIA ခွေးတွေကို အပစ်ရပ်ငြိမ်းချမ်းရေး မလုပ်ခဲ့သင့်ဘူး၊ ကလိန်ကကျစ်အကောင်တွေချည်းပဲ၊ အထဲကိုရောက်ပြီး ဒေသဖွံ့ ဖြိုးရေး တစ်ခုမှမလုပ်ပဲ ကိုယ်ပိုင် စီးပွါးရေးတွေ အခွင့်အရေးရတိုင်း နင်းကန်လုပ် ၊လူသစ်တွေအကြီးအကျယ်စု၊ လက်နက်တွေကောင်းကောင်းစုနဲ့ အစာငတ်လို့ ကြုံလှီပြီးသေတော့မယ့် ခွေးဝဲစားပိန် ကိုကောင်းကောင်း အနားပေးပြီး အစာကောင်းကောင်းကျွေးထားလိုက်မိသလိုဖြစ်သွားတယ်၊ အရင်တုန်းက မင်းတို့ ဒီလောက်အာမကျယ်ရဲပါဘူး၊ အခုမှ အစာ ၀လို့  မြန်မာ့တပ်မတော်ကိုများ ပခုံးချင်းလာယှဉ်ချင်နေသေးတယ်။ တပ်မတော်ကသာ တကယ်အပြတ်တိုက်ရင် မင်းတို့ KIA တွေ ဘယ်နှစ်ရက် ခံနိုင်မှာမို့ လို့ လဲ၊ ငါတို့ မြန်မာ့တပ်မတော် ရဲ့ စေတနာကို နားမလည်ပဲ ထပ်ကာထပ်ကာ စော်ကားနေမယ်ဆိုရင်တော့ ဒီထက်မက ကြီးမားတဲ့တန်ဖိုးနဲ့  မင်းတို့  ပြန်ပေးဆပ်ကြရလိမ့်မယ်။

maungmin said...

အခုလက်ရှိလဲ ပေးဆပ်နေရတာပဲ.. ပုံစံအမျိုးမျိုးနဲ့ စစ်တပ်က ညှင်းထားတာ.. ဒါကို ဟုတ်လှပီမှတ်ပြီး.. ငတ်ပြတ်နေတာကို ဂျိုထောင်သေးတယ်.. မကြာတော့တဲ့ အချိန်မှာ KIA က ငြိမ်းချမ်းရေးတောင်းလာပါလိမ့်မယ်.. ဒီအချိန်မှာတော့ အစိုးရက တစ်ခါသေဘူးပျဉ်ဖိုးနားလည် ဆိုတဲ့စကားပုံလိုပဲ..ကျူပင်ခုတ် ကျူငုတ်မကျန်ပါဘူး.. ဒါမှမဟုတ်ရင်လဲ လက်နက်ကို လုံးဝသိမ်းပါလိမ့်မယ်..

Anonymous said...

အဲဒိ စစ်မြေပြင်ကို Express Times Journal ကသတင်းထောက်ကိုသွားပြီး သတင်းယူခိုင်းလိုက်ပါလား.. အဲလောက်တောင် Media ကိုချစ်ပြီး သတင်းယူချင်တဲ့ သတင်းထောက် ..... ဟွန်းးးးးးးးးး....................

Workaholic said...

တိုင်းပြည်ကိုလဲ ထည့်စဉ်းစားပြီးမှ comment ပေးကြပါကွာ...ကိုယ်လိုချင်တာ တောင်းလိုက်..........
ဖြစ်စေချင်တာတွေ ပြောလိုက်နဲ့ အငြင်းပွားမနေကြပါနဲ့...ဒီနေရာက ခံစားချက်တွေပေါက်ကွဲဖို့မဟုတ်ပါဘူး....အဓိက က ငါတို့လူမျိုးတွေ လူနေမှုအဆင့်အတန်းမြင့်ဖို့ပါ....ကချင်လဲ ငါတို့တိုင်းပြည်ထဲမှာပါပဲ...

Anonymous said...

အကောင်းဆုံးကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရ ညှိနှိုင်း အဖြေရှာဖို့ပါပဲ... လက်နက်ကိုင်တယ်ဆိုတာနဲ့ ဘယ်အဖွဲ့ ဘယ်လိုလူမှ ကောင်းတယ်ဆိုတဲ့သူ တစ်ယောက်မှကိုမရှိဘူး.... ဒါက မေတ္တာတရားကို ရှေ့ထားတဲ့ ဘာသာရေးအဆုံးအမကြောင့်ပဲ... သူတို့မှာ အမိန့်တစ်ခုတည်းပဲ ရှိတယ်....ပစ်ဆိုရင်ပစ် သတ်ဆိုရင်သတ်ပဲ....
တစ်ခုတော့ကွာမယ်... အစိုးစစ်တပ်က ပစ်အမိန့်ကြောင့် မပစ်ရင် စစ်ခုံရုံး တင်ပြီး ထောင်ချမှာပဲ... တိုင်းရင်းသားကတော့ အသတ်ခံရမှာပဲ... ဘာကောင်းသလဲဆိုတာပဲကြည့်...
စစ်တပ်မကောင်းဘူးလို့လဲ မဆိုနဲ့....KIA/KIO ကိုလဲ အပြစ်မတင်နဲ့.
ဒီ့အတွက်နဲ့လဲ ငြင်းခုန်စရာမလိုဘူး... ကျုပ်တို့ တကယ်လိုလားတာက ငြိမ်းချမ်းရေးဘဲ... လူမျိုးရေးဝါဒစွဲကို ရွံ့မုန်းသလို... လက်နက်ကိုင် တိုက်လိုသောစိတ်ရှိနေသူတို့ ပေါများသော နေရာကလဲ ဒါငရဲပြည်တစ်ခုပဲ... အစိုးရစစ်ဘက်က ခေါင်းဆောင်တွေကလည်း စစ်ရေးအပြင် နိုင်ငံရေးအမြင် ကြွယ်ဝဖို့လိုသလို.... KIA/KIO ဘက်က ဒူးဝါးကဘာ/ဆလံကဘာ တွေကလည်း ဒီလိုပါပဲ...
comment ပေးသူ မိတ်ဆွေတွေအားလုံးရဲ့ ထင်မြင်ချက် သိရှိချက်တွေကလဲ တစ်ဖက်နဲ့တစ်ဖက် မှန်ကောင်း မှန်ကြပါတယ်....
ဒါပေမဲ့ အခုအချိန်မှာ အဲဒါတွေကို လက်သုံးတော်ဓါးအဖြစ် သုံးခွင့်ရဖို့ အချိန်အခါ မဟုတ်တော့ပါဘူး... ကျုပ်ကိုယ်တိုင်လဲ စစ်တပ်မှာ လက်နက်ကိုင်ခဲ့သလို.... KIO/KIA ဆိုတဲ့သူတွေနဲ့လဲ လက်ပွန်းတတီး နေခဲ့ဖူးပါတယ်... တစ်ခုတော့ ရှိတယ်... ကြားဖူးနားဝနဲ့တော့ ဝေဖန်မနေကြနဲ့....အတိုက်အခံ လုပ်မနေကြပါနဲ့... မကောင်းတဲ့သူက မကောင်းတာ လုပ်သွားတာကိုလဲ ဖွင့်ပြပြီး ပြောမနေကြပါနဲ့....ဘယ်နေရာမှာမှ ကောင်းတဲ့သူကြီးပဲ မရှိဘူး...

maungmin said...

လူမျိုးရေးအရမုန်းနေတဲ့သူတွေ စစ်ကိုလိုလားတဲ့သူတွေရဲ့ ကွန်မန့်တွေကိုဖတ်ရတော့လဲ စိတ်တိုရပါတယ်.. တကယ်တမ်း နိုင်ငံရေးကို နားလည်တဲ့သူတွေရဲ့ စာတွေကိုဖတ်မိပြန်တော့ လေးစားမိပါတယ်.. စစ်ဆိုတာ ဘယ်စစ်မှမကောင်းပါဘူး.. စစ်ဖြစ်လာရင် အဓိကမြေဇာပင်ဖြစ်တာက ပြည်သူတွေပါ.. ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတဲ့စစ်ဟာ တိုင်းတစ်ပါးကကျူးကျော် လို့ဖြစ်ရတဲ့စစ်လဲမဟုတ်ပါဘူး မနေ့တစ်နေ့ကမှ ထဖြစ်နေတဲ့ပြည်တွင်းစစ်ပါ.. ပြည်တွင်းစစ်ဖြစ်တဲ့အတွက် စစ်မဖြစ်ခင်က ညီအစ်ကိုလို သူငယ်ချင်းတွေလိုပေါင်းနေခဲ့တဲ့ မိတ်ဆွေတွေဟာလဲ ရန်သူတွေဖြစ်ကုန်ပါပြီ.. ပြည်သူတွေလဲ ကျီးလန့်ဆန်စားဘ၀ရောက်ကုန်ပါပြီ.. ဒီအတွက်ကြောင့် မြန်မာအစိုးရကော KIA/KIO ကကော ဒီမိုကရေစီရနေပြီဖြစ်ပြီး နောက်နောင် ပိုပြည့်ဝတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လမ်းတော့မယ် နိုင်ငံမှာ ပြည်တွင်းစစ်ဆိုတာမရှိတော့တဲ့နိုင်ငံဖြစ်ဖို့လိုနေပါပြီ.. ko min ရဲ့ ကွန်မန့်လေးတွေကောင်းပါတယ်..

Powered by Blogger.