ဗန်းမော်-နမ့်ခမ်းလမ်း KIA မိုင်းပေါက်ကွဲမှု တွင် မြန်မာစစ်သား ၁၂ ဦး ကျ

မေ ၆ ရက်၊ တနင်္ဂနွေနေ့က မန်မော် (ဗန်းမော်)-နမ့်ခမ်းလမ်း ၂ နေရာတွင် မြန်မာအစိုးရစစ်ကြောင်းအား KIA မှ မိုင်းထောင် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦး သေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်များပြောသည်။

မြန်မာစစ်သားများသည် အင်အားပြင်းထန်သော အဝေးထိန်းမိုင်းများ (remote-controlled mines) ဖြင့် တိုက်ခိုက်ခံရပြီး သေဆုံးသူ ၃၀ ကျော်သည်ဟု သက်ဆိုင်ရာ KIA အရာရှိများက KNG ကချင်သတင်းဌာနသို့ ပြောသည်။
manmaw-namhkam-myen

ဒဏ်ရာရရှိသူများနှင့် အလောင်းများကို နမ့်ခမ်းဆေးရုံ နှင့် ကိုင်ထိပ် အစိုးရစစ်စခန်းသို့ တင်ဆောင်သွားသည် ဟု မျက်မြင်များဆိုသည်။

ပထမ မိုင်းပေါက်ကွဲမှုသည် မန်ဝင်းအနီး ကျောက်ဖြူတွင် နံနက် ၇ နာရီတွင်ဖြစ်ပွားပြီး ဒုတိယ ပေါက်ကွဲမှုသည် ကိုင်ထိပ်စစ်စခန်း အနီး ရှအူခက် (Sha-U Hkyet)၌ နံနက် ၁၁ နာရီတွင်ဖြစ်ပွားသည်ဟု မိုင်းအသံ ကြားရသူများက ပြောသည်။

သေဆုံး ဒဏ်ရာရရှိသော စစ်သားများသည် မြန်မာစစ်တပ် တပ်မ အမှတ် ၉၉ မှ ဖြစ်ကြပြီး ၎င်းတို့၏ ကိုင်ထိပ်စခန်းမှ နမ့်ခမ်းသို့ စစ်ကြောင်းထွက်လာချိန် KIA ၏ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

၎င်းစစ်ကြောင်းအား မန်ဂျေ (မံစီ) မြို့နယ်တွင် အခြေစိုက်သည့် KIA တပ်ရင်း (၁)နှင့် (၂၇) စစ်သားများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ တပ်ရင်းနှစ်ရင်းမှ KIA အရာရှိများ KNG ကချင်သတင်းဌာန သို့ အတည်ပြုသည်။

ယခုလို KIA ၏ မိုင်းဖြင့် တားဆီးတိုက်ခိုက်ခံရပြီးနောက် မြန်မာစစ်သားများ နမ့်ခမ်း သို့ မရောက်နိုင်ဘဲ မူလ ကိုင်ထိပ်စခန်းသို့ ပြန်ခေါက်သွားခဲ့ရကြောင်း စုံစမ်းသိရသည်။

By KNG
ဗန်းမော်-နမ့်ခမ်းလမ်း KIA မိုင်းပေါက်ကွဲမှု တွင် မြန်မာစစ်သား ၁၂ ဦး ကျ ဗန်းမော်-နမ့်ခမ်းလမ်း KIA မိုင်းပေါက်ကွဲမှု တွင် မြန်မာစစ်သား ၁၂ ဦး ကျ Reviewed by သစ်ထူးလွင် on 20:21 Rating: 5

35 comments:

ayeminoo said...

ဖတ်ရင်းဝမ်းနည်းရတယ်
ဘယ်သူ.ကိုအပြစ်တင်ရမလဲ
KIA စစ်သားမှာလည်းမိသားစုရှိတယ်
မြန်မာစစ်သားမှာလည်းမိသားစုရှိတယ်
ဘယ်သူကယ်မှာလည်း
ဒီဖြစ်ရပ်ဆိုးတွေကနေကယ်တင်ပေးပါ

sawkofan said...

ဖတ်ကြည်.လိုက်တော့ သစ်ထူးလွင်ကိုယ်ပိုင်သတင်းမှတ်နေတာ KNG ကတဲ. အဒီသတင်းဆိုဒ်ကို ယုံကိုမယုံတာ ရဟတ်ယာဉ်ပစ်ချတယ်ဆိုကတည်းကကို

We Are Kachin said...

အမိမြေကိုကျုးကျော်ဖို့လာသည့်မည်သူ့ကိုမဆို တိုက်ထုတ်သွားဖို့သွားတာဝန်မှာ ကချင်တမျိုးသားလုံး၏တာဝန်ပင်ဖြစ်ပါသည်။

မောင်လေး said...

We Are Kachin သိစေရန်မှာ ကချင်ပြည်နယ်သည် ကချင်လူမျိုးတစ်မျိုးတည်းပိုင်သည့် ကချင်လူမျိုး တစ်မျိုးတည်းနေသည့်ပြည်နယ်မဟုတ်ပါ။ အထက်ပါအရေးအသားသည် ကချင်ပြည်နယ်ကို ကချင်လူမျိုးတစ်မျိုးတည်းကပိုင်သယောင် မောင်ပိုင်စီးသည့်သဘောမျိုးသက်ရောက်နေပါသည်။အရေးအသားဆင်ခြင်စေလိုပါသည်။

ko pwa said...

စစ်ပွဲဆိုတာ အဖြေမဟုတ်ပါဘူး။ အခုကြားရတာကတော့ ကချင်တွေ တော်တော်လွန်နေပြီနော်။ We r kachin ခင်ဗျားက ဘယ်မှာနေတာလဲ ကချင်ဆိုပြီးတော့ ဘယ်နေရာမှာ နေတာလဲ။ ငြိမ်းချမ်းရေးလုပ်ရမယ့် အချိန်မှာ ဒီလိုစကားမပြော သင့်ပါဘူး။

Anonymous said...

We are Kachin ရေ နဲနဲစိတ်လျှော့ပါ။ တို့တွေက တစ်ပြည်တည်းက တိုင်းရင်းသာညီနောင်တွေပါကွာ။ မင်းComment ဖတ်ရတာ စိတ်မကောင်းဘူးကွာ။

greenlover said...

congradulations!!! ကျွန်တော်ဗန်းမော်သားပါ KNG ပေးတာနည်းတောင်နည်းသေးတယ် ဒီထက်မကပါဘူး

ရာရာ said...

We are Kachin ဆိုပြီးကော်မန့်ရေးတဲ့ သူငယ်ချင်း...
ကချင်ပြည်နယ်တွင်း ကားလမ်းတွေမိုင်းထောင်၊ ရထားလမ်းကိုမိုင်းခွဲ၊ ကချင်ပြည်နယ်က တံတားတွေကိုဖျက်ဆီး၊ ကချင်ပြည်နယ်သားတွေကို ဆက်ကြေးကောက်၊စုဆောင်းရေးဆွဲ၊ အဲ့ဒီလုပ်ရပ်တွေကရော ကချင်ပြည်နယ်ကိုကာကွယ်နေတာလား...

Unknown said...

လွန်ခဲ့တဲကြာသပတေး၊မေ (၃) ရက်နေ့မှာ ၀ိုင်းမော်ကစစ်ကြောင်းချီလာတဲဗမာတပ်ရင်း ၀ိုင်းမော်မှ (၇) အကွာနန့်ဝါကျေးရွာအကျော်လယ်ကွင်းအရောက်ရှေ့မှာ ဗမာတပ်မှာလူကြီးပိုင်းအရွယ်တပ်ကြပ်အဆင်းတစ်ဦးမိမိကိုယ်မိမိသေနတ်ဖြစ်သေကြောင်းကြံရာ KIA မှချောင်းမြောင်းပစ်ထင်၍ 15 မိနစ်ခန့်ပတ်ဝန်းကျင်အနီးအနာသို့ပစ်ခတ်မူဖြစ်ပွားခဲ့ကြောင်းမဒိန်နှင့်နန်ဝါကျေးရွာသားများမှသိရှိရပါသည်။ ဗမာတပ်မတော်မှယခုကဲသို့ရှေ့တမ်းမထွက်လိုသောတပ်သားများစွာရှိကြောင်းနှင့်လူမျိုးကြီးဝါဒကြောင်းတိုင်းရင်းသားများအချင်းချင်းသတ်ဖြတ်မူအဆုံသတ်ရန်ကချင်လူထုနှင့်အတူဗမာအပါအ၀င်အခြားတိုင်းရင်းသားအားလုံးလိုလားကြကြောင်းရပ်ကွက်သတင်းမှကြားသိရပါသည်။ဗမာစစ်တပ်မှထိုးစစ်အမြန်ဆုံးရပ်တန့်ရန်တိုင်းရင်းသားများအားလုံးလိုလားကြပါသည်။ ယခင်စစ်အဆုံးရနှင့်ငြိမ်းချမ်းရေးယူပြီးနောက် KIA ကိုကချင်လူထူက အယုံအကြည်နဲလာခဲသော်လည်း ယခုကဲသို့မိမိတို့လူမျိုးနှင့်ရေမြေကိုအသက်စွန်ကာကွယ်လာသည့်အတွက် ကချင်လူထူအားလုံး ယခုအခါ KIA ကိုထောက်ခံလာပါသည်။စစ်အစိုးရသတင်းမီဒီယာမှမည်သို့အပြစ်တင်ရေးထားသောင်လည် ကချင်လူထု၏ထောက်ခံမူကြောင်းဗမာစစ်တပ်၏ထိုးစစ်များမရပ်ဆိုင်းပါက ကချင်ပြည်နယ်သည်သီးသန့်လွတ်လပ်သောနိုင်ငံဖြစ်လာနိုင်သည်ဟု ကချင်လူထုအများအပြားယုံကြည်လာကြသည်။

Unknown said...

လွန်ခဲ့တဲကြာသပတေး၊မေ (၃)ရက်နေ့မှ ၀ိုင်းမော်မှတက်လာတဲဗမာတပ်စစ်ကြောင်းတစ်ခုက လူကြီးပိုင်တပ်ကြပ်အဆင့်ရှိစစ်သားတစ်ဦးမှ ၀ိုင်းမော်မှ (၇) အကွာနန်ဝါရွာအကျော် မိမိကိုသေကြောင်းကြံသေနတ်ဖောက်လိုက်လို KIA ကချောင်းပစ်ဒါထင်ပြီး 15 မိနစ်လောက်ပြစ်ခတ်မူဖြစ်ခဲတယ်။ ယခုလိုရှေ့တန်းမထွက်ခြင်တဲ့ရဲဘော်တွေအများကြီးရှိနေကြာင်းအာဏာရှိလူတချို့၏ဗမာလူမျိုးကြီးဝါဒကြောင်းတိုင်းရင်းသားအချင်းချင်းသတ်ဖြတ်မူကိုရပ်ပြစ်ဖို့၊ ထိုးစစ်ဆင်မူတွေကိုရပ်တန့်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်ဖိုကချင်လူမျိုများလိုလားကြသလို၊ဗမာရဲဘော်တွေလဲလိုလားကြပါတယ်။

Unknown said...

လွန်ခဲ့တဲကြာသပတေး၊မေ (၃) ရက်နေ့မှာ ၀ိုင်းမော်ကစစ်ကြောင်းချီလာတဲဗမာတပ်ရင်း ၀ိုင်းမော်မှ (၇) အကွာနန့်ဝါကျေးရွာအကျော်လယ်ကွင်းအရောက်ရှေ့မှာ ဗမာတပ်မှာလူကြီးပိုင်းအရွယ်တပ်ကြပ်အဆင်းတစ်ဦးမိမိကိုယ်မိမိသေနတ်ဖြစ်သေကြောင်းကြံရာ KIA မှချောင်းမြောင်းပစ်ထင်၍ 15 မိနစ်ခန့်ပတ်ဝန်းကျင်အနီးအနာသို့ပစ်ခတ်မူဖြစ်ပွားခဲ့ကြောင်းမဒိန်နှင့်နန်ဝါကျေးရွာသားများမှသိရှိရပါသည်။ ဗမာတပ်မတော်မှယခုကဲသို့ရှေ့တမ်းမထွက်လိုသောတပ်သားများစွာရှိကြောင်းနှင့်လူမျိုးကြီးဝါဒကြောင်းတိုင်းရင်းသားများအချင်းချင်းသတ်ဖြတ်မူအဆုံသတ်ရန်ကချင်လူထုနှင့်အတူဗမာအပါအ၀င်အခြားတိုင်းရင်းသားအားလုံးလိုလားကြကြောင်းရပ်ကွက်သတင်းမှကြားသိရပါသည်။ဗမာစစ်တပ်မှထိုးစစ်အမြန်ဆုံးရပ်တန့်ရန်တိုင်းရင်းသားများအားလုံးလိုလားကြပါသည်။ ယခင်စစ်အဆုံးရနှင့်ငြိမ်းချမ်းရေးယူပြီးနောက် KIA ကိုကချင်လူထူက အယုံအကြည်နဲလာခဲသော်လည်း ယခုကဲသို့မိမိတို့လူမျိုးနှင့်ရေမြေကိုအသက်စွန်ကာကွယ်လာသည့်အတွက် ကချင်လူထူအားလုံး ယခုအခါ KIA ကိုထောက်ခံလာပါသည်။စစ်အစိုးရသတင်းမီဒီယာမှမည်သို့အပြစ်တင်ရေးထားသောင်လည် ကချင်လူထု၏ထောက်ခံမူကြောင်းဗမာစစ်တပ်၏ထိုးစစ်များမရပ်ဆိုင်းပါက ကချင်ပြည်နယ်သည်သီးသန့်လွတ်လပ်သောနိုင်ငံဖြစ်လာနိုင်သည်ဟု ကချင်လူထုအများအပြားယုံကြည်လာကြသည်။

P ,P said...

ကိုကချင်တို့ မြစ်ဆုံက တယုတ်တွေ ကိုရောတိုက်ထုတ် ဘူးလား။

myusha said...

We are kachin ဆိုတဲ့ငပေါကောင် သားလေးရေ
မင်းတို့ နိုင်ရင်တိုက်ပေါ့လေ။
မင်းတို့ မိသားစုတွေကို မသနားရင်တိုက်ပေါ့။
ဒီလို ညှိနှိုင်းမှု မရှိတဲ့မင်းတို့ လို အရိုင်းအစိုင်းမိုင်းခွဲကောင်တွေကြောင့်
ဒီလိုအခြေအနေတွေဖြစ်နေရတာ သားရ
အမိမြေတဲ့ မင်းတို့ မရှက်ဘူးလား

3H said...

သေလိုက် we are Kachin ဆိုတဲ့ဆောက်ရူးရေ နင်တို့  KIA တွေ ဘာကောင်းတာများ လုပ်နေလို့ လဲ မီးရထားလမ်းမိုင်းခွဲရတာနဲ့  လူဆွဲရတာနဲ့  နင်တို့ ကြောင့်  ကောင်းလာတာဘာများရှိလဲ ပြောပြစမ်းပါ

တရားသူကြီး said...

ကချင်သတင်းဌာနကလိပ်တွေရေးတဲ့စာကိုဖတ်မနေပါနဲ့.. . . . . .

MI 35 said...

@kachin (ကချင်လူမျိုးပြည်သူလူထုကိုမဆိုလို) ထိုးစစ်ရပ်စရာမလိုဘူး..KIA ငြိမ်းချမ်းရေးမလုပ်မချင်း အစိုးရတပ်က ကချင်ပြည်နယ်မှာ စစ်ရေးလက်တွေ့ လာလေ့ကျင့်နေတယ်လို့ သဘောထားလို့ ရတယ်.. ကချင်စစ်မြေပြင်မှာနေတဲ့ ကချင်လူမျိုးပဲ အစစအရာရာ နောက်ကျကျန်ခဲ့မှာ ...ရှင်းတယ်နော် ;)

မောင်မောင် said...

We are Kachin... ခုထက်ထိ မိုက်တွင်းနက်နေတုန်းပဲနော်..စောက်ရူး..စောက်ရူးလို့ပြောရင်လည်း မာန်တက်အုံးမယ်.

တက်တိုး said...

အော်... မြစ်ဆုံအတွက် တရုတ်ရဲ့ မြှောက်ပင့်မှုကို KIA ခံနေရတယ်ထင်တယ်...တရုတ်ဆိုတဲ့ လက်ဝါးကြီးအုပ်လူမျိုးကိုတော့
တစ်ချက်ကလေးမှ မလှုပ်ရဲပဲ.. ငြိမ်ခံနေတဲ့ ကောင်တွေ...
ကိုယ့်လူမျိုးကို ကိုယ်ပြန်သတ်နေပါလား...စိတ်မကောင်းပါဘူး....
ဒီလို အချင်းချင်းချနေတာတွေ မကြားချင်ပါဘူး.. KIA ငြိမ်းချမ်းရေးကို မြတ်နိုးသင့်တယ်လို့ထင်ပါတယ်...ကျွန်တော့် အနေနဲ့တော့ ပြည်တွင်းစစ်ကို မုန်းပါတယ်..

Ko San said...

မောင်လေး.....ပြောလိုက်တာအရမ်းကောင်းပါတယ်...
we are Kachin ဘယ်လိုရည်ရွယ်ပြောတယ်ဆိုတာ
ရှင်းလင်းအောင် ပြောပါ ... ရဲ ရဲ တင်းတင်းပေါ့...

Ko San said...

သေလိုက်... kachin ဆိုတဲ့ သောက်ရူး....
ေ၇းထားတဲ့ comment ကိုက သောက်တရုတ်(စောက်အယုတ်)သံ
မကင်းဘူး

union said...

မင်းတို့ဆီမှာ ရှိသမျှ ဂုတ်သွေးစုပ်နေတဲ့ တရုတ်တွေတော့ မင်းတို့တိုက်ထုတ်ဖို့စဉ်းစားဘူးလား ကိုကချင်တို့ရယ်.ဗမာပြည်ကလုပ်ငန်းရှင်တွေကစက်ရုံကြီးတွေ လာဆောက်ပြီး မင်းတို့လူမျိုးတွေကို လူသားတစ်ယောက်ရဲ့တန်ဖိုးကို မလေးစားပဲဘေးအန္တရာယ်မကင်းတဲ့ အလုပ်တွေကို (တရုတ်တွေလို)ခိုင်းနေသလား..ကျွန်တော်တို့ ဗမာပြည်သူတွေက ကချင်လူမျိုးမုန်းတီးရေး ၊ ဒါမှမဟုတ် ကချင်ဆိုပြီး လူမျိုးခွဲခြား ဆက်ဆံတာတွေလုံးဝမရှိခဲ့ပါဘူး..ပြည်ထောင်စုစိတ်ဓာတ်ရှိစေချင်သည်။စစ်မတိုက်ပဲ အခွင့်အရေးတောင်းနည်းတွေ အများကြီးရှိပါသည်။

MI 35 said...

KIA ငြိမ်းချမ်းရေး မဆွေးနွေးလျင် ကချင်ပြည်နယ်သည် စစ်တလင်းအမြဲဖြစ်နေပြီး ကချင်လူမျိုးပြည်သူလူထုများ အဖက်ဖက်မှနိမ့်ကျနေမည်။ ဗမာစစ်တပ်လို့ ပြောတဲ့စောက်ရူး (kachin) ရေ၊ အစိုးရတပ်တွေ ထိုးစစ်ဆင်နေတဲ့ကိတ်စ နိုင်ငံတကာက မသိချင်ယောင်ဆောင်နေတာ သတိထားမိလား??? အစိုးရတပ်က ကချင်ပြည်နယ်မှာ တတပ်ပြီးတတပ်လဲ လေ့ကျင့်ရေးကွင်းလို သဘောထားပြီး လက်တွေ့ စစ်ရေးလေ့ကျင့်နေသလိုသဘောထားလို့ရတယ်။ ခွဲထွက်ချင်ရင်တော့ မင်းဖင်မင်းထောင်ခွဲလိုက်.. ;)

We Are Kachin said...

ဟုတ်ပါတယ်ယခုအချိန်မှာတော့ကချင်ပြည်နယ်မှာအခြားတိုင်းရင်းသားတွေနဲ့အတူတကွနေထိုင်နေတယ်ဆိုတာမမှားပါဘူး။ ကချင်ပြည်နယ်ဟာအင်္ဂလိပ်လက် ထဲမရောက်ခဲ့တုန်းကရှေးမစွကတည်းဘယ်သူတွေပိုင်ခဲ့တာလည်း။ သေချာတာကတော့ဗမာတွေပိုင်တဲ့မြေကိုကချင်တွေကျုးကျော်ပြီးသိမ်းထားတာမဟုတ် တာတော့သေချာပါတယ်။ မတိုက်ချင်တော့လို့အပစ်အခတ်ရပ်စဲသဘောတူ စာချုပ်မှာလည်းလက်မှတ်ထိုးထားပါတယ်။ အခုချိန်ထိလည်းတရားဝင်နေတုန်းပါဘဲ။ ဒါပေမယ့်ကိုယ်ကိုလာပစ်တဲ့သူတွေကိုပြန်ပစ်ဖို့အခွင့်အရေးတော့ရှိလို့ထင်ပါ တယ်။ ကိုယ့်ကိုတိုက်ခိုက်ဖို့သတ်ဖို့လာတဲ့သူတွေလမ်းကိုလည်းဟန့်တားရမှာဘဲလေ။ ဘယ်သူတွေကလည်စည်းခံပေးမှာလဲ။ သူမြေမှာနေရင်၊ စီးပွါးရေးလုပ်ချင်ရင်သူ့အစိုးရကိုအခွန်အခတော့ပေးရမှာဘဲလေနော်။ မြစ်ကြီးနားမှာတသက်လုံးခရမ်းချဉ်သီးမီးလုံးနေလာခဲ့တာ KIA ကျေးဇူးကြောင့်မီးထိန်ထိန်လင်းလာခဲ့တာလည်းလက်ရှိသက်သေပါဘဲ။ KIA ကဖက်ဒရယ်ပြည်ထောင်စုကိုတောင်းဆိုနေတာပါ။ အခုဖြစ်နေတဲ့စစ်ပွဲကလည်း ပြည်မကိုသွားတိုက်လို့ဖြစ်နေတာမဟုတ်ဘူးဆိုတာလောက်တော့အားလုံးသိကြမယ်လို့ယုံကြည်ပါတယ်။ ကချင်လူမျိုးတွေတသက်လုံးယခုတိုင်ခံစားနေရတဲ့ဒုက္ခတွေကိုကိုယ်ချင်းစာနိုင် ကြပါစေ။

မျိုးမင်းထွန်း said...

ကချင်ဆိုတဲ. အပေါ်ကကောင် ခဗျားတို. ကချင်သမ္မတနိုင်ငံ ဆိုတဲ. အိမ်မက်ထဲက မထွက်သရွေ. ခဗျားတို. လူမျိုးတွေ လုံးပါးပါးတော.မယ် ။ ပြည်ပရောက်ကချင်တွေက ဖင်ပိတ်အော်နေကြတယ် ၊ မြန်မာပြည်မှာရှိတဲ. ကိုယ်. လူမျိုးတွေရဲ. ဒုက္ခကို ကယ်တင်နိုင်ဖို. ဘယ်ဘုရားမှ မစွမ်းနိုင်ဘူးြိငိမ်းချမ်းရေးပဲရှိတယ် ..။

KNG နဲ.ပါတ်သက်ပြီးလည်း အသိပေးချင်ပါတယ်..........
ကျနော်က ကချင်ပြည်နယ်သားပါ KNG ကိုလေ.လာခဲ.သလောက် လိမ်ညာသတင်းတွေက များပါတယ် ၊ KNG သတင်းတွေ မယူဘဲနဲ. တခြားဆီက သတင်းတွေယူသင်.တယ်လို. သစ်ထူးလွင်ကို ပန်ကြားချင်ပါတယ်။

မောင်လေး said...

We Are Kachin ခင်ဗျား၊
ခေတ်တွေ စနစ်တွေ အရှိန်အဟုန်နဲ့ ပြောင်းလဲဘို့  မြန်မာပြည်ကြီးစိုင်းပြင်းနေပါပြီ။ အတွေးအခေါ်ဟောင်းတွေချန်ထားခဲ့သင့်ပါပြီ။ကချင်ပြည်နယ်တွင်ရှမ်း၊ဗမာအပြင်အခြားတိုင်းရင်းသားများလည်း ရှေးပဝေသဏီကပင်စုပေါင်းနေထိုင်လာခဲ့ကြပါသည်။အင်္ဂလိပ်တော်လှန်ရေးကာလ တုန်းကလည်း ကချင်ခေါင်းဆောင် ဆမားဒူးဝါး ဆင်ဝါးနော်နှင့် ဗမာခေါင်းဆောင် ဦးဘိုးခြုံ တို့  အင်္ဂလိပ် တို့ အား ပူးပေါင်းတော်လှန်ခဲ့ကြဘူးသည်ဟုဖတ်ရဘူးပါသည်။
ခေတ်သစ် စနစ်သစ်အရ မည်သည့်တိုင်းရင်းသားမဆို တန်းတူ အခွင့်အရေးရှိသည်ဟုမြင်ပါသည်။ယခု We Are Kachin ပြောပုံသည် ကချင်လူမျိုးကြီး ၀ါဒကို အသက် သွင်းနေ သည်နှင့်တူပါသည်။ ကချင်ပြည်နယ် အတွင်း မှီတင်းနေထိုင်ကြသည့်ပြည်နယ်သူ၊ပြည်နယ်သားများအရေးကိုလည်းထည့်သွင်းစဉ်းစားသင့်ပါသည်။ကချင်ပြည်နယ်ပေါ်ပေါက်လာပုံ၊ မည်သည့်ရည်ရွယ်ချက်ဖြင့်ကချင်ပြည်နယ်ပြဌာန်းခဲ့ပုံတို့ ကိုလေ့လာသင့်သည်ဟုထင်ပါသည်။ ယခု KIA အဖွဲ့ သည်ပင် ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ စတင်ပေါ်ပေါက်ခဲ့သည်ဟုကြားဘူးပါသည်။

greenlover said...

net ပေါ်မှာဘဲဆွာကြယ်ဆွာကြယ်လုပ်နေတဲ့ကောင်တွေ
တစ်ဖက်တတ်ရေးထားတဲ့မြန်မာ့သမိုင်းကိုသင်ပေးသည်နှင့်အောင်ခဲ့တဲ့
ငနဲတွေများတဲ့နိုင်ငံမို့လို့မတိုးတက်နိုင်တာ မှတ်ထားကြအုံး

ဖိုးသားလေး said...

ညီအစ်ကိုတို့
မြစ်ဆုံစီမံကိန်းကိုလည်းရပ်ပြီးပြီနော်
ဗုံးတွေခွဲလို့ ရထားမစီရဲကြတော့ဘူးနော်

အလျော့ပေးတားတွေ တော်တော်များနေပြီနော်
သူတို့ဘာကြောင့် တိုက်ပွဲတွေကိုစိန်ခေါ်နေတာလဲနော်
အစိုးရဘက်ကလည်း ဘာကြောင့်စစ်တပ်တွေနောက်မဆုတ်သေးတာလဲနော်
ကေအိုင်ကေ က ကချင်လူမျိုးတွေကို မသနားဘူးလားနော်
စားဝတ်နေရေးတွေခက်နေကြပြီနော်
သူတို့လူမျိုးတွေပျက်စီး ဆင်းရဲနေတာ မသနားဘူးလားနော်
...
အဲ့ ကျွန်တော်တို့ကဗမာလူမျိုးတွေဗျ
ရှေးလူကြီးတွေကတော့
တရုတ်ကဖိ ရှမ်းကအိ ဗမာတွေပျောက်တော့မယ်တဲ့
အခု ကချင်က ဘယ်လို ဗမာတွေကိုလုပ်ဦးမလဲ
သည်းခံပါတယ်။
သမ္မတက အပြစ်အခတ်ရပ်ဖို့ညွန်ထားတယ်တဲ့
သူတို့စပြစ်မှ ပြစ်တဲ့
သူတို့ဗုံးကျဲရင် ဗမာစစ်သားတွေ ဘယ်လောက်သေမလဲနော်
စစ်တပ်နောက်ဆုတ်ခဲ့ရင် အဂ်လိပ်တွေလို မြန်မာပြည်ကို အထက်ပိုင်းက စသိမ်းလိမ့်မယ်တဲ့ အချို့က ပြောကြတယ်။

ကေအန်ယူနဲ့တောင် ငြိမ်းချမ်းရေးအဆင်ပြေလို့ စစ်ကားတွေ အစီး100 လောက် နေပြည်တောကို ပြန်လာတာ ကိုယ်တိုင်တွေ့ပြီးပါပြီ

သို့ ကချင်တို့
ကျွန်တော်က အစိုးရဘက်လဲမပါဘူး၊ ခင်းဗျားတို့ဘက်လဲမပါဘူး
ဒါပေ့မယ် ဗမာလူမျိုးဗျ။
စဉ်းစားပါဦး
ခင်းဗျားတို့ ကိုယ်လွတ်ရုန်းနိုင်ပြီလား
ဒါဆို ကချင်ကို တိုင်းပြည်သစ်အနေနဲ့ထောင်နိုင်ပြီလား
ကချင်လူမျိုးတွေ ဘယ်နားနေလို့ ဘာစားပြီး ဘာအလုပ်လုပ်မလဲ
ကျွန်တော်တို့ချော့နေတာနော်.....
ဗမာတွေမျိုးတုံးတော့မယ်
ကချင်တွေ ကျုပ်တို့ခေါင်းပေါ်တက်တော့မယ်
ဗမာတွေရယ် သိကြပါတော့
တဘက်တည်းကိုတွေးပြီး တဘက်သက်မဆန်တော့ပါနဲ့တော့
သမ္မတလဲချော့ရလို့မောလောက်ပါပြီး
လူသားချင်းစာနာလွန်းလို့ပြောရတာပါ
ကိုယ့်လူမျိုးအချင်းချင်းကို မသနားဘဲဆက်ပြီး တိုက်ခိုက် စိန်ခေါ်ကြတယ်

ထလော့ဗမာ ထတော့
အမျိုခံရတော့မယ်

အဘ said...

ဟားဟား we are kachin ရေသူငယ်ချင်းပြောတဲ့တန်ဖိုးရှိတဲ့စကားတွေကို
ဒီစစ်မယားငယ်လင်ကောင်မပေါတွေကိုသွားပြောပြလို့ကတော့
ခွေးပါးဆောင်းတီး..အဲလေ..ကျွဲပါးဆောင်းတီးဖြစ်နေမှာပေါ့.
နောက်ပြီးသစ်ထူးလွင်ဆိုတဲ့ချီးထုပ်ကြီးအကြိုက်ဖြစ်နေမှာပေါ့.ဒီ
သစ်ထူးလွင်ဆိုဒ်ပိုင်ရှင်ကရည်ရွယ်ချက်ရှိရှိလူမျိုးရေးပြသနာမဖြစ်
ဖြစ်အောင်လုပ်နေတယ်ဆိုတာကောသတိပြုကြပါ..ဒီလိုꓚꓳꓟꓟꓰꓠꓔ
တွေကိုရေးနေတာကြာပေါ့သူပထွေးကိုမထိခိုက်တဲ့ဟာမျိုးမှ Publish
လုပ်ပေးပြီးပထွေးထိသူ့ပြောမှန်သိရင်တော့ဘယ်တော့မှ no Publish
ကြောင်းပါလို့..အားလုံးထမင်းစားတဲ့သူတွေပါဟားးးးး

သူ၇ိယ said...

ကချင်ပြည်နယ်တိုးတက်ဖို့ဆိုရင်ဗမာအပါအ၀င်တခြားသောတိုင်းရင်သားအားလုံးနှင့်ငြိမ်းငြိမ်းချမ်းချမ်းလက်တွဲလုပ်ဆောင်ဖို့လိုအပ်ပါမည်...

Emocasper said...

ဝီအာဂျန်ဂင် အယ်လေ... ၀ီအာကချင်ဆိုတဲ့ငတိက ရွာသာကြီးကလွှတ်သွားတဲ့တစ်ယောက်လားဟင် ...:P

မောင်လေး said...

We Are Kachine ၊ greenlover နဲ့  အဘ တို့ ဟာ KIA က လူတစ်ယောက်ထဲပဲလို့ ယူဆပါတယ်။ ငြိမ်းချမ်းရေးလိုလားတဲ့ပုံ လုံးဝမတွေ့ ရပါဘူး။

ကဝေမင်းသား said...

ဒီလိုတွေပါပဲ .. မြန်မာက တရုတ်နဲ့အဆင်မပြေရင် တယုတ်တွေက KIA ကိုမြှောက်ပေးတယ် .. နောက်ပြီး သွေးထိုးတယ် တယုတ်လက်နက်နဲ့ KIA က ဘယ်သူ့လက်ချက်လဲ ... ငြိမ်းချမ်းရေးဆွေးနွေးမယ် ပြောလို့ အပစ် အခတ်လဲ ရပ်ပြိးပြီ ဘာလို့ အဲလိုလုပ်လဲ .. ဘယ်ပထွေးတွေက မြှောက်ပေးတာလဲ .. ကချင်ပြည်နယ်ကိုချစ်ရင် မြန်မာပြည်ကိုလဲ ချစ်ရမှာပေါ့ .. ဘာလို့ ဗုံးတွေခွဲ .နေရတာလဲ ... ခွဲချင်ရင် မြစ်ဆုံမှာ တယုတ်တွေလုပ်နေတဲ့ ဆည်ကိုသွားခွဲပါလား .. ဒါဆို မင်းတို့ကို မြန်မာတစ်နိုင်ငံလုံးကထောက်ခံလိမ့်မယ် .. ဒီလိုပဲ ထိုင်းနဲ့ အဆင်မပြေရင် အေအန်ယူ ကို ထိုင်းက မြှောက်ပေးမယ် အမေရိကန်ကလက်နက်ထောက်ပံ့မယ် . . ဘယ်တော့များမှ တို့ မြန်မာ နိုင်ငံ အေးချမ်းပါ့မလဲနော်

JinghpawDuwa said...

ယနေ့ဖြစ်ပွားနေသော ကချင်ဒေသမှ ပြသနာရပ်များအပေါ် ဝေဖန်လိုပါက မြန်မာအစိုးရအဆက်ဆက် သင်ကြားပေးတဲ့ သမိုင်းတုသမိုင်းလိမ် သင်ဖူးဖတ်ဖူးရုံလောက်နဲ့တော့ ဥာဏ်မှီမယ်မထင်ပါ။ ပြင်ပဗဟုသုတအတော်အသင့်ရှိဖို့နှင့် အနည်းဆုံးပင်လုံစာချုပ်ဆိုတာ ဘာလဲ ဘာအချက်တွေပါသလဲ ဆိုတာလောက်တော့ သိထားဖို့လိုပါမယ်။
ပြောချင်တာကတော့
၁။ မြန်မာ့သမိုင်းဖြစ်စဉ်အမှန်ကို သေချာသိရှိနားလည်သူတွေ ကတော့ ဒီကနေ့ကချင်တွေဘာကြောင့် လက်နက်ကိုင် တိုက်ပွဲဝင်နေသလဲ ဆိုတာကို သဘောပေါက်ပါလိမ့်မယ်၊
၂။ ပြင်ပဗဟုသုတ သို့မဟုတ် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေး အခြေအနေ အနည်းအငယ် တီးခေါက်မိသူတွေကတော့ KIA ဟာ အကြမ်းဖက်အဖွဲ့အစည်း မဟုတ်ဘူးဆိုတာနှင့် ပြသနာရဲ့ အဓိကလက်သည်တရားခံမဟုတ်ဘူးဆိုတာ သိပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီကနေ့အထိ KIA ဟာ ကျူးကျော်လာသူကို ခံစစ်သက်သက်နဲ့ ခုခံတိုက်ခိုက်နေတာကလွဲလို့ ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာရေး ဆိုတာကို ယုံကြည်မျှော်လင့်နေဆဲ မို့လို့ပါ။ ပြောချင်တာက ယနေ့အချိန်အထိ KIA ဖက်က တိုက်စစ်မစသေးပါ။ ၂၁ ရာစုစစ်မြေပြင်ဟာ မြို့တွင်းမှာ နည်းပညာသုံး စစ်ဆင်တိုက်ခိုက်ကြတာဖြစ်ပြီး၊ မြို့တစ်မြို့ကို တိုက်ခိုက်ဖို့ဆိုတာ ကလည်း သိပ်မခက်ခဲ ဘူးဆိုတာ ယနေ့အီရတ်နှင့် အာဖဂန်စစ်ပွဲတွေမှာ အထင်အရှားတွေ့နိုင်ပါတယ်။ ကမ္ဘာ့အင်အားအကြီးဆုံးဆိုတဲ့ အမေရိကန်စစ်တပ်တောင် လက်တစ်ဆုပ်စာရှိတဲ့ ကုလားတွေရဲ့ ထင်တိုင်းကြဲတိုက်ခိုက်တာကို ခံနေရတာပါ။ ကနေ့ KIA ကသာ တိုက်စစ်စလိုက်မယ်ဆိုရင် အကုန်လုံး ၀မ်းနည်းစရာ၊ သွေးပျက်စရာ ဖြစ်ရပ်တွေ တသီတတန်းကြီး ထွက်ပေါ်လာ တော့မှာပါ။ ပြည်ထောင်စုသား ကချင်လူမျိုး တစ်ယောက် အနေနဲ့ အဲဒီလိုဖြစ်ရပ်တွေမရှိမှီ ငြိမ်းချမ်းစွာဆွေးနွေး အဖြေရှာနိုင်ဖို့ လေးလေးနက်နက် ဆုတောင်းပါမိတယ်။

အဘ said...

မောင်လေး..အဘကတော့မင်းကိုဆဲမိတော့မယ်ကိုယ်ပထွေးကိုပထွေးမှန်းမသိနဲ့...မောင်လေးဆိုတော့ညီမလေးမဟုတ်ဘူးပေါ့ဟုတ်စ...

မောင်လေး said...

အဘရေ
မောင်လေးပါဆိုမှတော့ဘယ်ကလာညီမလေးဖြစ်ရမှာလဲ အရှင်းကြီးဟာကို။ အဲဒီလိုပဲလောကမှာရှင်းရှင်းလေးနဲ့ ရှုပ်နေတာတွေများတယ်။တစ်ချို့ ကိစ္စတွေမှာရိုးရိုးရှင်းရှင်းလေးနဲ့ အဖြေရနိုင်တာကိုအသိပညာအတတ်ပညာတွေလွန်ကဲသွားတော့အဖြေနဲ့ ဝေးနေကြရတာတွေအများကြီးပဲ။သတိမမူ ဂူမမြင်ဆိုသလိုပေါ့နော်။ကျနော် အဘတို့ လောက်လဲဥာဏ်မမှီပါဘူး ၀န်ခံပါတယ်။ ဒါပေမဲ့ သာ မန်ပြည်သူတစ်ယောက်အနေနဲ့  မိမိလိုလားချက်ကို အခွင့်သာ တုံးပြောကြည့်တာပါ။ ကျနော်တို့ သာမန်ပြည်သူတွေအ တွက် အဓိကလိုလားချက်ကတော့ ငြိမ်းချမ်းစွာအသက်မွှေးမှုပြု လုပ်နိုင်မှု၊ ဒေသဖွံ့ ဖြိုးတိုးတက် ပြီးနယ်မြေအေးချမ်းမှု၊ တရား ဥပဒေစိုးမိုးမှုရှိပြီး ကျီးလန့် စာစားနေရတဲ့ဘ၀တွေက ကင်း လွှတ်နိုင်ဘို့ ပါဘဲ။အဲဒီလိုဖြစ်ဘို့ ကလဲတိုင်းပြည်အေးချမ်းမှဖြစ်နိုင်မှာဆိုတော့တိုင်းပြည်ကြီး အမြန်အေးချမ်းဘို့ ကိုပဲ ဆုတောင်းနေခဲ့ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေတယ်ဆိုလို့ လဲဝမ်းသာခဲ့ရပါတယ်။ skynet up to date က လွှင့်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကြည့်ခဲ့ရပါတယ်။ KNU အဖွဲ့ ကဆွေးနွေးသွားတာအရမ်းအားရမိတယ်။ နွေးနွေးထွေးထွေးရှိပြီး ပွင့်လင်းတယ်။ ရိုးသားမှုရှိတယ်။ ပကတိ မျက်မှောက်ဖြစ် ပျက်နေတဲ့ ပြည်သူတွေ ရဲ့ခံစားချက် အခြေ အနေတွေကို နားလည်တယ်လို့  ယုံကြည်မိတယ်။ ဒါကြောင့် လဲဆွေးနွေးမှုအောင်မြင်တယ်လို့ ယူဆပါတယ်။ အဲဒါနဲ့ ဆန့်  ကျင်ဖက် KIA ရဲ့ဆွေးနွေးမှုကို အလွန်ပဲအားမလို အားမရဖြစ် ခဲ့မိပါတယ်။ ကျနော်တို့  သာမန်ပြည်သူတွေ လိုပဲ ရိုးရိုးလေးတွေးပြီး လက်တွေ့ ကျတဲ့ ဆုံးဖြတ်မှုတွေနဲ့  တိုင်းပြည်ကြီးအေးချမ်းပါစေကြေင်းဆုတောင်းလိုက်ပါတယ်။နားလည်ခွင့်လွှတ်ပေးပါအဘရယ်။

Powered by Blogger.