စက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရ

လှိုင်သာယာမြို့နယ်ရှိ နာမည်ကြီး အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရကြောင်းသိရသည်။

အဆိုပါ အီလက်ထရွန်းနစ်စက်ရုံမှ ၀န်ထမ်း သုံးပုံတစ်ပုံခန့်သည် မေ(၂၉)မှ စ၍ ဆန္ဒဖော်ထုတ်ခြင်းများပြုလုပ်လျက်ရှိကြပြီး၊ ၄င်းတို့အတွက် လိုအပ်နေသည့် အချက်(၁၀)ချက်ကို အလုပ်ရှင်ထံမှ တောင်းဆိုနေကြခြင်းဖြစ်သည်။

ယင်းတောင်းဆိုချက်(၁၀)ချက်တွင် အခြေခံလစာတိုးမြှင့်ပေးရေး၊ နှစ်တိုးလစာ ခွင့်ပြုပေးရေးနှင့် အလုပ်ချိန်အတွင့် သန့်စင်ခန်းအသုံးပြုမှုကို အခကြေးငွေမဖြတ်တောက်ရေးတို့ပါဝင်ကြောင်းအလုပ်သမားအဖွဲ့ခေါင်းဆောင်များထံမှသိရသည်။

အလုပ်ချိန်အတွင်း သန့်စင်ခန်းသွားပါက သန့်စင်ခန်းသော့ကိုင် စာရေးမထံတွင်ခွင့်ပြုချက်တောင်း၍သွားရပြီး ခွင့်ပြုချက်ဖြင့် သွားပါက တစ်ကြိမ်လျှင် တစ်ဆယ်ကျပ်နှုန်းပေးရပြီ၊ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ သွားလျှင်မူ တစ်ကြိမ်လျှင် တစ်ရာကျပ်ပေးဆောင်ရကြောင်းသိရသည်။

ဝေမာထွန်း-Popular Myanmar News Journal
စက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရ စက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရ Reviewed by သစ်ထူးလွင် on 16:00 Rating: 5

15 comments:

kiki said...

ဟယ်...ဒုက္ခပါလား..အံ့ဘွယ်တပါးထဲ ထဲ့ရတော့မယ်..သူတို့ အိမ်သာက ရွှေထွက်နေတာမို့လား..။
အလုပ်သမားများအတွက် ကိုယ်လက်သန့်စင်ခန်း ၊ အဝတ်လဲလှယ်ခန်း ၊ နားနေခန်း ၊ ထမင်းစားခန်း ဆိုတာတွေက နိုင်ငံတကာရှိ စက်ရုံကြီးတွေမှာ မရှိမဖြစ်ထားရှိပေးရတဲ့ သတ်မှတ်ချက်တွေပါ..သူတို့ စက်ရုံကျမှ အခကြေးငွေပေးရသတဲ့ .. အံ့ရော..
ဒီစက်ရုံပိုင်ရှင်တော့ ဝဋ်လည်မယ် ...ဆီးချုပ်ဝမ်းချုပ်ဖြစ်ပြီး သေမှာပဲ...

pyaponthu said...

အော်အိမ်သာတောင်ဖြောင့်ဖြောင့်မသွားရတဲ့ဘ၀ပါလား။အလုပ်သမားဥပဒေကိုတိတိကျကျပြဒါန်သင့်တယ်

National said...

လှိုင်သာယာမြို့နယ်ရှိ နာမည်ကြီး အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရကြောင်း)))))
သတင်းဌာနရေ! ဘယ်လိုလဲ? တိုင်ဝမ် ဇာထိုးပန်းထိုးကိစ္စကျတော့ စက်ရုံအမည်ရော၊ ကာယကံရှင်အမည်တွေရော ထည့်ရေးပြီး အခုသတင်းကျမှ
အားနာလို့လား၊ မကျိန်းသေလို့လား

nyinyi said...

ရယ်ရတယ်။ တစ်ခါမှ မကြားဘူး။

Anonymous said...

ဒါလဲတရုပ်တွေဘဲလား တရုပ်က ကုလားထက်ဆိုးသည်

RAIN said...

ဆိုးလိုက်တာကွာ...

ကိုမျိုး said...

အဲဒီစက်ရုံနာစက်ရုံနာမည်လေးပါဖော်ပြပေးပါ စက်ရုံထွက်ပစ္စည်းလေးကိုပါဝယ်ယူမသုံးစွဲခြင်းဖြင့်သပိတ်မှောက်ချင်လို့

tintaye10 said...

မိုက်ရိုင်းလိုက် တာ

မြင်းခြံသူလေ said...

ရေများများသောက်ရင်မကိုက်ဘူး ခဏခဏပေါက်ရင် လခတော့ကုန်ပါပြီ

မန်းလေးသား said...

ဟာ ထူးထူးဆန်းဆန်း ပါလား...... အဲဒီစက်ရုံသူဌေးတော့ အရမ်းဆင်းရဲတယ်နဲ့တူတယ်.....

aung naing said...

အဲဒါပန်းဆိုးတန်3း5လမ်းထိပ်ကAA electronic,Samsung,Fuji TVလေဗျာ။သူဌေးကဦးမြတ်သငိးအောင်။ဇော်မိုးအောင်၊

myo myo said...

တော်တော်ဆိုးတာဘဲ

Unknown said...

ဖြစ်မှဖြစ်ရလေဗျာ .. အံ့သြပါ့ ..

MSP said...

တယုတ်က တယုတ်ပဲ "ရ" နဲ့မဟုတ် "ယ" နဲ့ ယုတ်တဲ့ လျှောက်စမ်း ဒို့ -----စိ နဲ့ ဖအေကျော် ပထွေးချစ် (သန်းဆိုဘာသန်းမှ မကောင်းတဲ့ သန်း---ရေ) company ထောင်ပြီး သူတောင်းစားလုပ်စားနေတာ ကြာပြီ။ ၂၀၁၀ တုန်းက လဲ အခြေခံလစာ ၁၅၀၀၀ အဲ့ဒီ ၁၅၀၀၀ မှာမှ ရက် ၃၀ မှာ ၃၀ ဆင်းမှ တရက်ပျက်တာနဲ့ ၉၀၀၀ ဖြတ်၊ လစာ ၆၀၀၀၀ ရရင် အခြေခံလစာ က ၁၅၀၀၀ မို့လို့ ကျန်တဲ့ လစာက သူဌေးကျေနပ်မှ ပေးမယ်။ ဒါတောင် ၁၅၀၀၀ ( တစ်သောင်းငါးထောင်) ကရက်၃၀ လုံးဆင်းမှ မဆင်းရင် ထပ်ဖြတ်အုံးမှာ။ စေတနာကကောင်းပါတယ် အချိန်ပိုကြေးတော့ပေးမှာ ၁ နာရီ ၂၀ ကျပ်နဲ့ (ပုံပြင် မဟုတ်) စိတ်နာလွန်းလို့ အခုထိ ကြော်ငြာသင်ပုန်းကို ဓတ်ပုံ ကိုသိမ်းထားတုန်း။ ပြီးတော့ပြောလိုက်သေးတယ် မြန်မာဘွဲ့ရ တယောက် တန်ဖိုးက ၅၀ ကျပ်တဲ့။ ဘာလို့လဲ ဆိုတော့ စက္ကူ တရွက် တန်ဖိုးက ၅၀ ပဲရှိလို့တဲ့။ ဒီထက် ဈေးကျရင် ပိုတောင် လျှော့အုံးမှာလို့ပြောခဲ့တဲ့ မဟုတ်တာလုတ်တဲ့ စ တယုတ် နဲ့ ဖော်လန်ဖား ဒို့ရေ နင်ဒို့ သေခံနီးပါပြီ။ ဒါနဲ့ မန်းလေးသား ရေသူဒို့က company ထောင်ပြီး သူတောင်းစားလုပ်စားနေတာ။ သူဒို့ ဆင်းရဲတဲ့ ထဲမှာ "ပညာ" လဲပါတယ်။

bobonav said...

အဲဒီစက်ရုံနာစက်ရုံနာမည်လေးပါဖော်ပြပေးပါ စက်ရုံထွက်ပစ္စည်းလေးကိုပါဝယ်ယူမသုံးစွဲခြင်းဖြင့်သပိတ်မှောက်ချင်လို့။
စက်ရုံကတော့မခိုင်းလောက်ပါဘူး။သော့ကိုင်စာရေးမ----- ယားတာနေမှာပါ။
စက်ရုံကခိုင်းတာဆိုရင်တော့ မီးသာရှို့လိုက်တော့။

Powered by Blogger.