ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေးရှိနေခြင်းမှာ တောင်ကိုရီးယားသမ္မတ ခရီးစဉ်အတွက်ဖြစ်

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေး တစ်ရာကျော် ရှိနေရခြင်းမှာ တောင်ကိုရီးယားသမ္မတ ၏ မြန်မာနိုင်ငံခရီးစဉ်တွင် လုံခြုံရေးအပြည့်အ၀ရရှိစေရန် အတွက် ၀တ်စုံပြည့်ဖြင့်လေ့ကျင့်နေခြင်းသာဖြစ်ကြောင်း လုံခြုံရေးခေါင်းဆောင် တစ်ဦးက အတည်ပြုပြောကြားသည်။
  တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်သည် နိုင်ငံတော်သမ္မတအပါအ၀င် ဒေါ်အောင်ဆန်းစုကြည် နှင့် ပါလာရောက်တွေ့စုံမည်ဖြစ်သောကြောင့် ယင်းကဲ့သို့ လေ့ကျင့်ခြင်းဖြစ်ပြီး ရန်ကုန် တစ်မြို့လုံးတွင်ပါ ယင်းကဲ့သို့လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။
Messenger News Journal
ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေးရှိနေခြင်းမှာ တောင်ကိုရီးယားသမ္မတ ခရီးစဉ်အတွက်ဖြစ် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေးရှိနေခြင်းမှာ တောင်ကိုရီးယားသမ္မတ ခရီးစဉ်အတွက်ဖြစ် Reviewed by သစ်ထူးလွင် on 17:50 Rating: 5

12 comments:

Tay Zar said...

တော်ပါသေးတယ် အမေအတွက် စိတ်ပူနေတာ အခုမှပဲ စိတ်ချရတော့တယ်

jaithein said...

လေ့ကျင်စရာရှားလို့ အမေစုအိမ်ရှေ့မှာလာလေ့ကျင့်ရတယ်လို့ ဗျာ..
လူမြင်မကောင်းဘူးဗျ....ရိုးမှရိုးသားကြရဲ့ လား...?????????????????

Myanmar said...

ထင်တာတွေပြောမနေပါနဲ့ jaithein မြောက် korea က မင်းတို့ အမေစုနဲ့ တောင် korea သမ္မတတွေ့နေတုန်း ဗုံးခွဲခံခဲ့ရရင် မင်းအဲဒီစကားကို ပြောမှာမဟုတ်ဘူး... ဘာလို့ အမေစုလုံခြုံရေးကို မလုပ်တာလဲတို့ အစိုးရက အသေသတ်ဖို့ကြံစည်နေတာတို့... မင်းတို့ကောင်တွေ့ အဲလို စိတ်ပူလေးဘာလေးနဲ့ လိုက်အော်ပေးမှ ထမင်းစားနေရတဲ့အခြေအနေကို မသိဘူးများထင်နေလား... အလကား အစိုးရဘာလုပ်လုပ် ဘုထိုင်ပြောတဲ့ကောင်တွေ ကိုယ်လည်း ဘာမှ လုပ်တတ်တာမဟုတ်ဖူး

အောင်သာယာ said...

ကိုးရီးယါးသမ္မတကြီးခင်ဗျား မြန်မာပြည်မှာ ဗမာလို သီချငိးဆို ဗမာလိုကောင်းကောင်းပြောတတ်တဲ့ မြောက်ကိုရီးယါး သူလေးတွေ ရှိတယ်နော် သိမှာပါ သတိထါး မမှားဘူးနော်
မြန်မာပြည်သူတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်း ရစေတဲ့ စက်ရုံကြီးတွေတည်ဆောက်နိုင်အောင် လဲ ရွှေနိုင်ငံက(စစ်) ဘောင်းဘီကျွတ် သမ္မတကြီးနဲ့ ပြောဆိုခဲ့ပါဦးခင်ဗျား

zaw zaw aung said...

jaithein ရေ သတင်းကိုအပြည့်အစုံဖတ်ပါဗျာ။ ရန်ကုန်တစ်မြို့လုံး လေ့ကျင့်မယ်လို့ ပြောထားတယ်လေ။ မြောက်ကိုရီးယားအကြောင်းလည်းသိရဲ့သားနဲ့။ အမေစုလည်း ချမ်းသာပေးမှာမဟုတ်ဘူး။ ကျွန်တော်လည်း အမေစုကိုအားပေးတာပါ။ လုံခြုံရေးအရ တာဝန်ယူရတာကို ကျွန်တော်တို့က ကျေးဇူးတင်ရမှာလေ။ အလယ်အလတ်လမ်းစဉ်လေး ကျင့်သုံးကြည့်ပါလား။ ဒီအချိန်မှာ မျှမျှတတတွေး ပေးရမယ့်အချိန်ရောက်နေပြီလေ။

Dohbamar said...

အာဇာနည်ကုန်းဗုံးခွဲမှုမျိုးတော့ထပ်မဖြစ်စေနဲ့ဟေ့။မြောက်ကိုရီးယားနဲ့တရုတ်ကလီမြောင်ဘတ်ကိုအစိမ်းလိုက်စားချင်နေကြတာ။
အမေ့လုံချုံရေးအတွက်တကယ့်စိုးရီမ်စရာပါ။ဖြစ်နိုင်ရင်တော့ကျွမ်းကျင်တဲ့သက်တော်စောင့်တွေရှိဖို့ကောင်းနေပြီ။ဘင်နာဇီယာဘူတိုရဲ့အဖြစ်ဆိုးကရှေ့သွားရှိထားတာမို့မပေါ့ကြပါနဲ့ဗျာ။

ချစ်ဖူး said...

မင်းတို့ကောင်တွေကလည်း တော်တော် မိုက်ရိုင်းတာပဲ။ ယဉ်ယဉ်ကျေးကျေးလည်း ပြောကြဦး

ရွာသား said...

လူတစ်ယောက်ဆိုးတယ်ကောင်းတယ်ပတ်ဝန်းကျင်နဲ့အများကြီး
ဆိုင်တယ်၊ကောင်းလာနေတဲ့လူတွေကိုဆိုးဇာတ်ပြန်မသွင်းပါနှင့်

mad dog said...

ပြောပါတယ် သမ္မတကြီးက နောက်ပြန်မလှည့်ပါဘူး လို့ဆိုတာ

minwathone said...

inn

မောင်ယဉ်ကျေး said...

လွန်ခဲ့တဲ့ အနှစ်(၃၀)က ဝေဒနာကို သတိယနေလို့ပါ
သတိရှိတာက ပိုကောင်းပါတယ်

မောင်ယဉ်ကျေး said...

လွန်ခဲ့တဲ့ နှစ်(၃၀)လောက်ကဝေဒနာကုသတိယနေလိုပါ
သတိရှိထားတာ ပိုကောင်းပါတယ်

Powered by Blogger.