မအေတူ ဖအေကွဲညီကို အချင်းချင်း ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

29 MAY 2012  | BY VENUS NEWS JOURNAL
ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ် အတွင်း၌ မိခင် ဆီမှ အရက်ဖိုးတောင်းရာ မိခင်က မပေးသဖြင့် ဓားဖြင့်ခုတ်ရာမှ မအေတူ ဖအေကွဲ ညီအစ်ကို အချင်းချင်း လူသတ်မှု တစ်ခုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တင်နိုင်ဦးမှ မိခင်ဆီမှအရက်ဖိုးတောင်းရာ မိခင်က မပေးသဖြင့် မိခင်အား ဓားမဖြင့်ခုတ်ရာ ဦးခေါင်းဝဲဘက် ပြတ်ရှ ဒဏ်ရာရရှိခဲ့ပြီး တင်နိုင်ဦးနှင့် မအေတူ ဖအေကွဲများဖြစ်သော ချစ်ကိုကိုနှင့် လင်းဇော်ထက်တို့က မကျေနပ်၍ တင်နိုင်ဦးအား သုံးမြှောင့်စကေတာ သံတုတ်ဖြင့် ဝိုင်းထိုးခုတ်ရာ ပြတ်ရှဒဏ်ရာ များရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ပြစ်မှုကျူးလွန် သူ နှစ်ဦးအား အရေးယူပေးပါရန် မိခင်ဖြစ်သူဒေါ်ညိုကလှိုင်သာ ယာရဲစခန်းသို့ တိုင်တန်းထားကြောင်း သိရသည်။
အမှုနှင့် ပတ်သက်၍ ဒဂုံဆိပ်ကမ်းရဲစခန်း (ပ) ၁၈၁/၁၂ ပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်းသိရသည်။

ဘုန်းမြတ်

မအေတူ ဖအေကွဲညီကို အချင်းချင်း ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား မအေတူ ဖအေကွဲညီကို အချင်းချင်း ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 05:49 Rating: 5

6 comments:

Cinderella said...

ဘယ်လိုအ‌မေလဲဟ..ကိုယ့်ကိုကာကွယ်‌ပေးတဲ့သား‌တွေအတွက်မစဉ်းစား
‌ပေး‌တော့ဘူးလား..မ‌အေရင်းကိုဓါးနဲ့ခုတ်တဲ့သားဖက်ကနာသတဲ့..
ဖြစ်မြှဖစ်ရ‌လေ...အဲဒါေ ပြာတာ..တခါတ‌လေမိဘ‌မေတာက ကွက်ကျား
မိုးလိုဘဲလို့...။

kogyikyaw said...

မိခင်ဖြစ်သူဒေါ်ညိုကတိုင်တာဟုတ်ပါ့မလား..။ မအေတူ ဖအေကွဲတွေဆိုတော့ တရားခံတွေကလဲသူ့သားအရင်းတွေ
ပဲလေ..။နောက်ပြီး အမေကိုချစ်လို့ အမေ့ကိုလူမဆန်စွာ
နှိပ်စက်လို့မခံမရပ်နိုင်ဘဲဒေါသအလျောက်ကျူးလွန်ကြတာပဲ....။

tapaungthi said...

မအေကိုခုတ်လို့ သားတွေက ၀ိုင်းလုပ်ပေးတာ မိခင်က ချက်ချင်းတိုင်တာပဲ

Anonymous said...

မိဘစော်ကားတဲ့ကောင် ချက်ချင်းကိုအကျိုးပေးတာ
မိဘမေတ္တာ ဘယ်လောက်ကြီးတယ်ဆိုတာ
ကိုယ်တိုင်မိဘနေရာရောက်မှ သိကြလိမ့်မယ်

naytun said...

အဲဒီလိုလူကို အဲလိုပဲလုပ်သင့်တယ် ကောင်းတယ် ဟိုလူနှစ် ဦးကိုပဲ စိတ်ပူတယ်.. သူတို့ အများကြီး မကျပါစေနဲ့လို့ပဲ ဆုတောင်ပေးပါတယ်

MYO MYINT said...

ဥပဒေသဘောအရကာယကံရှင်ကအမေဖြစ်နေလို့အမေကအမှုဖွင့်ရတာပါ၊ဘယ်မိဘမှသားသမီးကိုသေစေထောင်ကျစေချင်မှာမဟုတ်ပါဘူး၊ဖြစ်စဉ်မှာအဓိကတရားခံကဆင်းရဲခြင်း၊ပညာမဲ့ခြင်း၊အတွေးအခေါ်နိမ့်ကျခြင်း၊အရက်သေစာမူးယစ်ခြင်းဆိုတဲ့အစဉ်ကိုသဘောပေါက်ဘို့လိုပါတယ်၊မူးရူးလာတဲ့အခါမိဘမှန်းမသိ၊ညီအကိုမှန်းမသိဆိုတော့ဒီလိုဖြစ်စဉ်တွေဖြစ်လာရတာပါဘဲ၊လူငယ်တွေနမူနာယူသင့်တဲ့ဖြစ်စဉ်ပါ။

Powered by Blogger.