ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးအရာရှိကိုယ်တိုင် မဲစာရင်းထဲမပါ

မေလ ၂၉ ၊ ၂၀၁၂ -ကျော်သူရမျိုး (YPI)

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး ကိုကိုကျော် နှင့်ဇနီးတို့ မဲစာရင်းတွင်မပါရှိသဖြင့် မဲမပေးခဲ့ရကြောင်း မေလ ၂၂ ရက်နေ့က နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

“သမ္မတကြီးရဲ့ ကိုယ်ရေးအရာရှိနဲ့ ဇနီးက မဲမပေးရပဲ သားဖြစ်သူသာ မဲစာရင်းပါခဲ့လို့ မဲပေးခဲ့ရကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေကို ပြောကြားခဲ့တာပါ” ဟု အဆိုပါစည်းဝေးပွဲသို့ တက်ရောက်ခဲ့သည့် ပြည်သူ့ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်ဦး က YPI သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပြောပြရာတွင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်မှူးကြီး ကိုကိုကျော် အား “ဘာလို့မဲပေးလို့ မရတာလဲလို့” မေးခဲ့ရာ ကိုယ်ရေးအရာရှိက “၎င်းနှင့်ဇနီးသည်တို့ မဲစာရင်းတွင်မပါဘဲ သားဖြစ်သူသာ မဲစာရင်းမှာပါသည့် အတွက် မဲမပေးခဲ့ရခြင်းဖြစ်သည်ဟု” ပြန်လည်ဖြေကြားခဲ့ကြောင်းကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများ ကိုပြောကြားခဲ့သည်။

ယခုလို အဖြစ်အပျက်များ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်ဖြစ်ပွားခဲ့၍  လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ကတိပြုပြောကြားခဲ့သည်ဟုလည်း  ဒေါက်တာ သန်းထိုက်ဦးက ပြောပြသည်။

ယခုလ ၂၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည့် ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအပေါ် နိုင်ငံရေးပါတီများ ၏သုံးသပ်တင်ပြချက်များတွင် ကြားဖြတ်ရွေးကောက်ပွဲကာလက ပြည်သူအများဆုံး ကြုံတွေ့ရည့် အခက်အခဲဖြစ်သည့် မဲစာရင်း  နှင့် ပတ်သက်သော ကိစ္စရပ်များ အဓိက တင်ပြဆွေးနွေးခဲ့ကြသည်။

ဧပြီလ ၁ ရက်နေ့တွင်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မဲစာရင်းကြေညာသည့်ကာလ နောက်ကျခြင်း၊ သတ်မှတ်ရက် တပါတ်တာအတွင်း မဲစာရင်းတွင် မပါသူအများအပြားကို သန်းကောင်စာရင်းနှင့် မှတ်ပုံတင်ယူလာခဲ့လျင် မဲပေးခွင့်ပေးမည်ဟု အောက်ခြေ အဆင့်ကော်မရှင်က ပြောဆိုခဲ့ခြင်း၊  မဲပေးသည့် နေ့တွင်ယူဆောင်လာသည့်အခါ မဲ ပေးခွင့်မရခဲ့သည့် အဖြစ်အပျက်များ အနှံ့အပြားဖြစ်ပွားခဲ့သည်။        ။
by Yangon Press International
ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးအရာရှိကိုယ်တိုင် မဲစာရင်းထဲမပါ ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးအရာရှိကိုယ်တိုင် မဲစာရင်းထဲမပါ Reviewed by သစ်ထူးလွင် on 06:06 Rating: 5

9 comments:

aristhteinwin said...

သောက်လကား ကော်မရှင်- သူတို့ ကို အပြစ်ပြောလို့ မရအောင် ကာဗာလုပ်တာနေမှာ- မရိုးသားဘူး- ဒီလုပ်ရပ်မယုံဘူး။

National said...

အဲဒီလောက် ဖြစ်ရလောက်အောင် ကော်မရှင်တွေ ညံ့ဖျင်းနေရင် နောက်တစ်ခေါက် ဒီလိုထပ်ဖြစ်ရင် ဘယ်သူ့အလွန်လို့ စွပ်စွဲရမလဲ။
စွပ်စွဲရုံလောက်နဲ့တော့ ကျေနပ်စရာ မကောင်းလောက်ပါဘူး။ မဲမပေးရတာဟာ စိတ်ထွက်ပေါက်တစ်ခုကို ပိတ်ဆို့ထားလိုက်သလိုပါပဲ။
မဲပေးခွင့်ရှိသူ မဲစာရင်းထဲမပါရင် တစ်ရက်နှစ်ရက်အတွင်း ပေးနိုင်အောင်လုပ်ပေးသင့်တယ်။
အဲဒီတာဝန်မျိုးမယူနိုင်ရင် ယူနိုင်တဲ့ ပုဂ္ဂိုလ်တွေကိုခန့်ပေးပါ။

pyisoe said...

ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ဖို့ ရွေးကောက်ပွဲဟာ အရေးကြီးတယ်လို့ သူတို့ပဲပြောပြီး။

Anonymous said...

ဟူး မောတယ်၊ ရေဘူးက အမြဲပေါက်နေတော. ရေဘယ်တော.များမှ
ရမလဲမသိဘူး။ ပေါက်ပင်ကလဲ အမြဲကိုင်းနေတော.သကိုး။

minsoeaung said...

မဲကြိုစလစ်ပြားများတွင်တစ်ခုခုလွဲမှားနေခြင်း။
ယာယီထောက်ခံစာရွက်များတွင်ဓါတ်ပုံမပါခြင်း။
မဲစာရင်းတွင်တစ်ခုခုလွဲမှားနေခြင်း
တာဝန်ရှိသူများသည်လုပ်ငန်းကျွမ်ကျင်မှုအားနည်းခြင်း။
စေတနာနည်းခြင်း။မသေချခြင်း။ ဝတ်ကျေတန်းကျေလုပ်
ခြင်းတို့သည် ရွေးကောက်ပွဲကိုအားနည်းအကျည်းတန်စေ
ခြင်းတို့ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

KM said...

ကျနော်ခနခနပြောဘူးပါတယ်၊တင်အေး ဟာ မြန်မာဦးပိုင်လီမီတက်က လာတဲ့ ဗိုလ်ချပ် ကြီးဟောင်း သူခိုးငတက်ပြာကြီးပါ၊ ကော်မရှင်မှာ မခိုးရလို့ NLD ကိုစိတ် တိုနေတာလေ၊

Shin Myochit said...

သြော် ဒီိလိုလား-ဒီတော့ ဦးတင်အေး ရေ ဒီလောက်ညံ့ဖျင်းတဲ့အရည်အချင်းနဲ့
ဆက်ပြီးလုပ်ဘို့မကြိုးစားပါနဲ့တော့၊တိုင်းပြည်နစ်နာပါတယ်၊ကိုယ်အရည်အချင်းကိုဒီိလိုသက်သေနဲ့တကွဖေါ်ပြပေးတာကိုလည်းကျေးဇူးတင်ပါတယ်၊အကောင်းဆုံးကတာဝန်ကိုပီပီပြင်ပြင်မယူနိုင်ရင်ပြည်သူကတင်မြှောက်တဲ့သူ၊ယုံကြည်ရပြီးတာဝန်ကျေမဲ့သူနဲ့အစားထိုးပေးပါ။ဒီလိုတာဝန်မကျေပြွန်ကြလို့အမိမြန်မာပြည်
ကြီးကမောက်ကမတွေဖြစ်နေတာကြည့်ပါ။အကောက်ခွန်ဝန်ထမ်းတွေတာဝန်
မကျေလို့နိုင်ငံတော်မှာငွေမရှိဘူး၊ရဲ တွေတာဝန်မကျေလို့ပြစ်မှုကျုးလွန်သူတွေ
များနေတာ၊လဝက ဝန်ထမ်းတွေတာဝန်မကျေလို့ နိုင်ငံခြားသားတွေဥပဒေမဲ့နယ်ချဲ.နိုင်တာ၊အစရှိသည်ဖြင့်ဒါတွေကိုသိကြမည်ဆိုလျင်ဦးတင်အေးမှအစတာဝန်မကျေသူအားလုံးအလျင်အမြန်ဖယ်ရှားပေးပါ။

mad dog said...

တကယ်လို့ မဲစာ၇င်းထဲပါ၇င်ကော ဘယ်ပါတီကို မဲပေးမှာလဲဟင်

nandar said...

တော်တော်အလုပ်လုပ်ကြတယ်ထင်ပ။ ရာဇ၀င်မှာစာတင်လောက်ပါတယ်။ ဒါကိုဂုဏ်ယူစရာထင်နေလား။ အလုပ်မလုပ်တဲ့သက်သေ။ ပြည်သူကိုမလေးစားတဲ့သက်သေဘဲ။ စိတ်ကုန်တယ်။

Powered by Blogger.