ဒေါ်အောင်ဆန်းစုကြည်ကို ဘိုနို က ဆုအပ်နှင်းမည်

ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono
နယူးဒေလီ (မဇ္ဈိမ) ။      ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ IA က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့်ဆုကို ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono က အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့တွင် အပ်နှင်းပေးမည် ဖြစ်သည်။

IA ၏ အမြင့်ဆုံးဂုဏ်ပြုမှုတရပ်ဖြစ်သည့် Ambassador of Conscience ဆုကို ၂၀၀၉ ခုနှစ်ကတည်းက
ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားခြင်း ဖြစ်ပြီး ဇွန် ၁၈ ရက်နေ့တွင် ဒပ်ဗလင်မြို့သို့ ဆိုက်ရောက်လာသည့်အခါ ကိုယ်တိုင် လက်ခံရယူမည် ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျက်သရေနဲ့ သတ္တိဟာဖြင့် အခြေမခိုင်တဲ့ ကမ္ဘာကြီးကို ဒီမိုကရေစီဆီ တိမ်းညွှတ်သွား
စေနိုင်ပါတယ်” ဟု U2 အဖွဲ့၏ ခေါင်းဆောင် ဘိုနို က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်များအဖြစ် နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူပြီးနောက် ဒပ်ဗလင်သို့ သွားရောက်ကာ IA ဆုကို လက်ခံရယူမည် ဖြစ်သည်။

 မဇ္ဈိမသတင်းဌာန
ဒေါ်အောင်ဆန်းစုကြည်ကို ဘိုနို က ဆုအပ်နှင်းမည် ဒေါ်အောင်ဆန်းစုကြည်ကို ဘိုနို က ဆုအပ်နှင်းမည် Reviewed by သစ်ထူးလွင် on 06:01 Rating: 5

5 comments:

RAIN said...

အမေ့အတွက်ဝမ်းသာ၇ပါသည်.....

mamamay said...

ဂုဏ်ယူပါတယ်အန်တီ......
မြန်မာပြည်သူပြည်သားတွေအတွက်တော့..
အန်တီဟာ...လမ်းပြနတ်သမီးတပါးပါ၊
မီးရှူးတန်ဆောင်တခုလည်းဖြစ်ပါတယ်၊
ဘယ်အရာနဲ.မှအစားထိုးမရတဲ့...မြန်မာပြည်ရဲ.
အသဲနှလုံးမို.ထာဝယရှင်သန်နိုင်ပါစေ။
.

Anonymous said...

အမေ့ကိုယ်စားပျော်မိတယ်။
အရမ်းကိုမြင့်မြတ်လေးစားလောက်တဲ
့ခေါင်းဆောင်ကိုအရမ်းချစ်တယ်။တန်ဖိုးလည်းထားတယ်။
အမေရယ်..

Unknown said...

ကြက်သီး ဖြန်းဖြန်းထမိပါတယ် ..........ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက နေ သိအောင် လုပ်ပေးတဲ့ သူ တစ်ယောက်၊ သူ(ဘိုနို)လေးစားတဲ့ လူတစ်ယောက်ကို ဆုအပ်နှင်းခွင့် ရတဲ့ လူတစ်ယောက်......ဘိုနို

Unknown said...

ဘိုနိုဟာ ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာ သိအောင်သီချင်းနဲ့ မိတ်ဆက်ပေးတဲ့ U2အဖွဲ့ သားတစ်ယောက်ပါ။ အောက်က လင့်လေးမှာ ဒေါ်အောင်ဆန်းစုကြည်အတွက်ေ၇းထားတဲ့သီချင်းလေးပါ။ ကြက်သီးထလောက်အောင်ကောင်းတဲ့ သီချင်းလေးပါ။
www.youtube.com/watch?v=8R5oBosyO-s
http://www.youtube.com/watch?v=TrLfVpu0esA

Powered by Blogger.