ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ ဆရာဝန်အမျိုးသမီး ကွယ်လွန်

မေလ(၂၇)ရက်နေ့က ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ အမျိုးသမီးသည် ယနေ့ မေလ(၂၉)ရက်နေ့မွန်းလွဲ(၃)နာရီ(၅၅)မိနစ်ခန့်က ကွယ်လွန်သွားပြီဖြစ်ကြောင်း Popular Myanmar News Journal - facebook အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။

ကမာရွတ်မြို့နယ် လှည်းတန်း ၇ လမ်း ၅ လွှာတွင် ငှားရမ်းနေထိုင်သည့် ဆရာဝန်တဦးဖြစ်သူ မအိမြတ်မွန်အား ရည်းစားဖြစ်သူ လွင်ဦး က ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့ရာမှ မအိမြတ်မွန်မှာ တကိုယ်လုံး ဒဏ်ရာရရှိသွားပြီး ညီမဖြစ်သူမှာ ခြေထောက်တွင် မီးလောင်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ဆီလောင်းပြီး မီးရှိုးတဲ့ တရားခံကိုတော့ ဖမ်းမိထားပြီဖြစ်သည်။
ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ ဆရာဝန်အမျိုးသမီး ကွယ်လွန် ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ ဆရာဝန်အမျိုးသမီး ကွယ်လွန် Reviewed by သစ်ထူးလွင် on 17:28 Rating: 5

55 comments:

zaw said...

မိုက်ရိုင်းလိုက်တာ။
ဥပစ္စေ္စဒကံပေါ့။

zaw said...

မိုက်ရိုင်းလိုက်တာ။
ဥပစ္စေ္စဒကံပေါ့။

Aung San said...

ဘ၀ဆက်တိုင်း၂ ဒီလိုအဖြစ်နဲ့မကြုံကြပါစေနဲ့..
ကောင်းမွန်ရာရောက်ပါစေ...ဒေါသစိတ်ကလေးတစ်ခဏနဲ့ လူအသက်တစ်ချောင်း.....................

tharaper said...

စကားပြန်ပြောနိုင်တယ်ဆိုလို့ ၀မ်းသာနေတာပါ..အခုတော့ တကယ့်ကို ၀မ်းနည်းရပါတယ်..မိသားစုနဲ့ ထပ်တူ ၀မ်းနည်းမိပါတယ်၊အများကြီးလဲ စိတ်မကောင်းဖြစ်မိပါတယ်..အဲဒီ အမအတွက်ပါ၊

sean said...

ရက်စက်လွန်းတဲ့အတွက် ဘယ်လိုဖေါ်ပြရမှန်းတောင်မသိတော့ဘူး..

gurugyi said...

ဘာဖြစ်လို့မီးနဲ့ရှို့ရတာလဲ။ဆက်လက်ရေးပေးပါရန်။

ဇေ said...

ရင်နာဖို့ ကောင်းလွန်းပါတယ်ကွာ....... ၀မ်းနည်းပါတယ် မိသားစုနဲ့ထပ်တူ

ဇေ said...

တကယ်ပါ မိသားစု. အပေါင်းအဖော်များနဲ့ထပ်တူ ၀မ်းနည်းပါတယ်. မလိုအပ်ဘဲး လူသားအရင်းအမြစ် ဆုံးရူံးသွားတာပဲ

thatonthar said...

အဲဒီလောင်တဲကောင်ကိုတသက်တစ်ကျွှန်ကိုပို့သင့်တယ်.......ဘာတွေမွှန်နေလဲမှမသိတာ......အပေအယူမမျှလို့နေမှပေါ့

Unknown said...

အသေစားသေစေဗျာ

kokochit said...

မိုက်ရိုင်းလိုက်တာကွာ အဲ့ဒီအကောင်ကိုသေဒဏ်ပေးမှ သူလုပ်တဲ့အပြစ်နဲ့ထိုက်တန်မယ်

chochoaung said...

လွင်ဦးဆိုတဲ့  ငရဲခွေးကိုသေဒဏ်ပေးသင့်ပါတယ် မြန်မာပြည်က တ၇ားသူကြီးတွေ မလုပ်နိုင်၇င်ဆော်ဒီနိုင်ငံကို ပို့ ပေးလိုက်ပါ ဆော်ဒီက
တ၇ားသူကြီးတွေ လက်စွမ်းက အားလုံးသိပါတယ် တစ်ထောင်ပေး၇င်ပါး၇ိုက်
လို့ ၇တာ လူသိများသွားပေမယ့် တစ်ထောင်ပေး၇င် မီး၇ှို့ လို့ ၇တယ်ဆိုတဲ့
အတွေးတွေ လူတွေ၇သွား၇င်မကောင်းပါဘူး မျှတတဲ့ အေ၇းယူမှု့ မလုပ်
ပေးနိုင်၇င် လမ်းမပေါ်တက် ဆန္ဒပြမယ့် လူတွေ ပေါ်လာမယ်ဆိုတာ
တ၇ားသူကြီးမင်းများ ၇ိပ်မိမှာပါ

Theingi said...

ဟယ်စိတ်မကောင်းလိုက်တာ တော်တော်ကိုရက်စက်တဲ့လူပဲ

Ko Linn Lwin said...

အိမ်က၀ယ်ထားတဲ့ အိမ်နော် ... ငှားနေတာ မဟုတ်ဘူးဗျ .. သတင်းကို သေချာလေးတော့ လိုက်စေချင်ပါတယ်

Anonymous said...

ဒီလောက်လူမဆန်ပဲ ရက်စက်စွာသတ်ဖြတ်ခဲ့သူကို
လူ့အသိုင်းအဝိုင်းမှာ လုံးဝမထားသင့်ပါ
အပြင်းထန်ဆုံး အရေးယူသင့်ပါတယ်

thatonthar said...

ဘာတွေမွှန်နေလဲမှမသိတာ

joker said...

လွင်ဦး.... မင်းနဲ့ ထိုက်တန်တာ သေဒဏ်ကလွဲလို့မရှိဘူး... လူမဆန်တဲ့အကောင်ပဲ...

Unknown said...

မိုက်ရိုင်းလိုက်တာနော် .ဘယ်လိုအကြောင်းဘဲဖြစ်ဖြစ် အဲ့လိုတော့ မလုပ်သင့်ပါဘူး........

scopio said...

စိတ်မကောင်းလိုက်တာညီမလေးရယ်။ ဒီလိုအဖြစ်ဆိုးမျိုး၊ ဒီလိုအရူးမျိုးနဲ့ နောက်ဘဝဆက်တိုင်းဝေးပါစေ။

minsoeaung said...

လွင်ဦးက သုံးမှုဖြစ်ဘီပေါ့။
မီးရှို့မှု ကိုယ်အင်္ဂါပျကယွင်းမှု လူသတ်မှု
တစ်ခုစီကို အပြစ်ပေးသင့်ပါသည်။
ကြိုတင်ကြံစည်မှုဖြစ်တဲ့အတွက်အနှစ် ၂၀ လောက်ချပေး
ပါရန်မှတ်ချက်ပြုပါသည်။
ရေးတာကို တရားသူကြီးက မဖွင့်တတ်လို့ မဖတ်ဖြစ်တော့
မသိမှာကိုစိုးရိမ်မိတယ်။
ပြန်ထမ်းဝန်အရာရှိများအားလုံးကို အင်တာနက်သင်တန်း
တက်ပြီးသားဖြစ်စေလိုပါသည်။

Mandalay man said...

တော်တော်မိုက်ရိုင်းတဲ့ ကောင်ပဲ၊အဆင်ပြေရင်ဘာလို့ ရှို့ ရတာလဲဆိုတဲ့ ကြောင်းရင်းလေးသိချင်ပါတယ်

phyuthar said...

တော်တော်မိုက်ရိုင်းတဲ့ကောင်ပဲ

ကိုမှန်ကြီး said...

အချစ်ကြီးလို့ အမျက်ကြီးပီး ဖြစ်သွားဟန်တူပါတယ်

ဘာတတ်နိုင်မှာလဲ ဆရာဝန်မလေး မအိမြတ်မွန်ရယ်..

သဗ္ဗေ သတ္တာ ကမ္မဿကာ လို့ ဘုရားရှင်က ဟောထားခဲ့တယ်မဟုတ်လား

Unknown said...

House Surgeon တုန်းက Group တစ်ခုတည်း ၃ လလောက် Ward အတူတူ ဆင်းခဲ့ဖူးပါတယ်.. အလုပ်ကြိုးစားပြီး အချိန်နောက်ကျမှာတောင် စိုးရိမ်တဲ့ သူငယ်ချင်းပါ။ ဘယ်တော့မှ လူနာတွေ ဘယ်လောက် complaint တက်တက် မညည်းညူဘဲ လုပ်ပေးတဲ့ သူပါ။ ဆရာတွေနဲ့ရော သူငယ်ချင်းတွေနဲ့ပါ အဆင်ပြေအောင် နေတတ်တဲ့ သူပါ။ ဒီလောက် သဘောကောင်းတဲ့သူကို ဘာအကြောင်းကြောင့်များ ဒီလိုလုပ်ရတာလဲဆိုတာ စဉ်းစားလို့တောင်မရဘူး။

aung ye lin said...

မိသားစုနဲ့ထပ်တူထပ်မျှ ၀မ်းနည်းမိပါတယ်။
တရားခံ ထိုက်သင့်တဲ့အပြစ်ဒဏ်ခံရပါစေ။

Unknown said...

ငယ်သူငယ်ချင်းမအိရယ် တကယ်စိတ်မကောင်းဘူး
ဘယ်လိုဖြစ်ရတာလဲ၊ဒီလောက်စိတ်သဘောထားပြည့်ဝတဲ့သူ၊
ဒီဘ၀ ဒီမျှ နဲ့ သာကျေပါစေ လို့ ဆုတောင်းပေးပါတယ်

pantawvillage.com said...

မြန်မာပြည်မှာ တင်းကြပ်တဲ့ ဥပဒေ မရှိတဲ့အတွက် မိုက်ရူးရဲဆန်တဲ့သူ တွေက အပြစ်ကြူးလွန်းချင်တိုင်း လုပ်ရဲနေကြတာ။
ဘယ်လို နည်းနဲပဲ ဖြစ်ဖြစ် လူကိုသတ်တဲ့သူတွေကို အသေစား သေစေဆိုတဲ့ ဥပဒေနဲမှ ထိုက်တန်မှာ။

Unknown said...

မြန်မာပြည်အတွက် ပညာတတ်တစ်ယောက်ဆုံးရှံးသွားလို့  စိတ်မကောင်ဖြစ်မိပါတယ်..

U Aung said...

တရားခံကို ဘယ်လိုပြစ်မှုတွေနဲ့ စွဲချက်တင်ပြီး ဘယ်လို အပြစ်ပေးအရေးယူလိုက်တယ် ဆိုတဲ့သတင်းကိုလည်း ဆက်လက်တင်ပေးစေလိုပါတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး ဘယ်လောက် စေ့စပ် သေချာ မျှတ ကောင်းမွန်တယ် ဆိုတာကို သိချင်လို့ပါ။

Anonymous said...

မိန်းကလေးဖြစ်ခြင်းနဲ့ ဆရာဝန်တစ်ယောက် ဖြစ်ခြင်းကြောင့်.... စာနာမိတယ် နှမျောမိပါတယ်.... ဘာအကြောင်းကြောင့်ဖြစ်ဖြစ်.... ကျူးလွန်တဲ့သူအတွက်တော့ ဥပဒေကြောင်းအရ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရမှာပါပဲ.... ဒါပေမဲ့ ကျွန်တော်တို့ အသက်ရှင်ကျန်နေတဲ့သူအတွက်တော့ ဒီကနေ သင်ခန်းစာတွေ အသိတရားတွေ ယူဖို့တော့သင့်လိမ့်မယ် ထင်ပါတယ်... ကျူးလွန်တဲ့သူကလည်း ကျူးလွန်ရလောက်ခြင်းရဲ့ အကြောင်းတရားတော့ နောက်ကွယ်မှာရှိနေမှာအမှန်ပဲ.... အဲဒီအကြောင်းတရားက သင်ခန်းစာ ယူစရာပဲ.... နောက်ဆက်တွဲသတင်းတွေကတော့ အပြင်မှာ ကြားနေရတာပြန့်ကျဲလို့ပဲ.... လောကမှာ အမှောင်မိုက်ဆုံးသော လုပ်ရပ်မျိုးကို လုပ်ရဲဖို့ဆိုတဲ့စိတ်က နှလုံးသားရေးရာက ဖြစ်ပေါ်လာတာပဲ... ဒါနဲ့များဆိုင်နေမလား.... လုပ်သွားတဲ့သူကတော့ အားလုံးအမြင်မှာကော ဥပဒေဘက်ကပါ တော်တော်လေး မှားယွင်းနေတာပဲ.... သို့သော်ငြားလည်း ဒီမီးတောက် ဖြစ်ပေါ်လာအောင် ဖန်တီးသူနဲ့ ဖန်တီးမှုအကြောင်းကကော ဘာဖြစ်နိုင်သလဲ.... ဒီဖြစ်ရပ်ထဲမှာ သင်ခန်းစာ ယူသင့်တာတော့ များစွာ ပါမယ်လို့ထင်ပါရဲ့....

Unknown said...

မီးရှို့ခံရလို့ သေဆုံးသွားပြီးဖြစ်တဲ့ ဆရာဝန်တဦးဖြစ်သူ မအိမြတ်မွန်အား ရည်းစားဖြစ်သူ လွင်ဦးက ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့ရာမှ မအိမြတ်မွန်မှာ တကိုယ်လုံး ဒဏ်ရာရရှိသွားပြီး ယနေ့ မေလ(၂၉)ရက်နေ့မွန်းလွဲ(၃)နာရီ(၅၅)မိနစ်ခန့်က ကွယ်လွန်သွားပြီလို့သိရပါတယ်။
လှည်းတန်း(7)လမ်း (5)ထပ်မဟုတ်ပါဘူး။ (3)ထပ်မှာနေတာပါ။ အခင်းဖြစ်တဲ့အချိန်မှာ မောင်လွင်ဦးဆိုသူက အဲဒီအပေါ်ထပ်ကို တက်သွားပါတယ်။ မအိမြတ်မွန်တို့ ညီမနှစ်ယောက်နှင့်အတူ တခြားသူငယ်ချင်းမိန်းကလေး တစ်ယောက်လဲရှိနေပါတယ်။ ခဏကြာတော့ မောင်လွင်ဦးနဲ့ မအိမြတ်မွန်တို့ စကားများ ခိုက်ရန်ဖြစ်ကြပါတယ်။ မောင်လွင်ဦးဆိုသူက ဖိနပ်တွေကိုမီးနဲ့ရှို့မယ်ဆိုပြီး သွားရှို့နေပါတယ်။ မီးရှို့နေတဲ့အချိန်မှာပဲ မအိမြတ်မွန်ကို မောင်လွင်ဦးဆိုသူက ဓါတ်ဆီနဲ့ပတ်ဖြန်းပြီး မီးထပ်ရှို့ပါတယ်။ ညီမဖြစ်သူက မအိမြတ်မွန်ကို ပွေ့ချီပြီးတော့ ရေချိုးခန်းဘက်ကိုခေါ်သွားပြီး ရေနဲ့လောင်းချပေးပါတယ်။ အဲဒီအချိန်မှာပဲ မောင်လွင်ဦးက ညီမဖြစ်သူကိုပါ မီးနဲ့ထပ်ရှို့ပါတယ်။ ညီမဖြစ်သူမိန်းကလေးက ကြောက်လန့်တကြားအော်ဟစ်ပြီးတော့ အရှေ့ဝရန်တာဘက် ပြေးထွက်လာခဲ့ပြီး တဖက်တိုက်ခန်းဘက်ကို လှမ်းကူးလိုက်တယ်။ အောက်ကမြင်နေရသူများကလည်း ပြုတ်ကျမှာဆိုးလို့ အော်ဟစ်သတိ ပေးနေရပါတယ်။ ဒီအချိန်မှာပဲ တဖက်တိုက်ခန်းထဲက ဦးလေးကြီးတစ်ယောက်ထွက်လာပြီး အကူအညီပေးလိုက်လို့ ပြုတ်မကျပဲ ကူးသွားနိုင်ခဲ့ပါတယ်။ အချစ်ကြီးလို့ အမျက်ကြီးသလိုဖြစ်သွားပေမဲ့လဲ အခုလိုမျိုး အသက်ပါဆုံးရှုံးလိုက်ရတဲ့အတွက် ချစ်သူသမီးရည်းစားတွေအားလုံး သင်ခန်းစာယူဖို့တော့ ကောင်းပါတယ်။ မအိမြတ်မွန် ဘ၀ဆက်တိုင်းဆက်တိုင်း ဒီအဖြစ်မျိုးနဲ့ မကြုံပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။ ကောင်းရာမွန်ရာ ရောက်ပါစေ။

wai phyo aung said...

သမီးရည်းစားချင်းစကားများရာမှ နေအိမ်နှင့်ချစ်သူကို မီးရှို့သည့်သတင်းနှင့် ပတ်သက်၍ ကမာရွတ်ရဲစခန်းသို့ မေ ၂၈ ရက်နံနက်ပိုင်းက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ““အဲဒီကိစ္စကို ပြောလို့မရဘူး””ဟု ပြန်လည်ဖြေကြားခဲ့ပြီး ““ဘာကြောင့်ပါလဲ””ဟု ထပ်မံမေးမြန်းရာ ““မဖြေချင်လို့ မဖြေတာ””ဟု အဆိုပါရဲစခန်းမှ ဖုန်းကိုင်သူတာဝန်ကျရဲတစ်ဦးက ပြန် လည်ပြောကြားခဲ့သည်။

7Day News ၊ အတွဲ(၁၁)၊ အမှတ်(၁၂)၊ မေ ၃၁ ရက်ထုတ်ဂျာနယ်မှ ကောက်နှုတ်ချက်။

wai phyo aung said...

သမီးရည်းစားချင်းစကားများရာမှ နေအိမ်နှင့်ချစ်သူကို မီးရှို့သည့်သတင်းနှင့် ပတ်သက်၍ ကမာရွတ်ရဲစခန်းသို့ မေ ၂၈ ရက်နံနက်ပိုင်းက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ““အဲဒီကိစ္စကို ပြောလို့မရဘူး””ဟု ပြန်လည်ဖြေကြားခဲ့ပြီး ““ဘာကြောင့်ပါလဲ””ဟု ထပ်မံမေးမြန်းရာ ““မဖြေချင်လို့ မဖြေတာ””ဟု အဆိုပါရဲစခန်းမှ ဖုန်းကိုင်သူတာဝန်ကျရဲတစ်ဦးက ပြန် လည်ပြောကြားခဲ့သည်။

7Day News ၊ အတွဲ(၁၁)၊ အမှတ်(၁၂)၊ မေ ၃၁ ရက်ထုတ်ဂျာနယ်မှ ကောက်နှုတ်ချက်။

khunaungkyaw said...

လွင်ဦးဆိုတဲ့ကောင်ကိုလဲ ဓါတ်ဆီလောင်းမီးရှို့သင့်ပါတယ်

uglymalay said...

ဘာကြောင့်ဖြစ်ရတာလဲဆိုတာသိချင်ပါတယ်

Unknown said...

ရက်စက်ကြမ်းကြုတ်ပါပေတယ်ဗျာ... အကြောင်းရင်းလေးစုံစုံလင်လင်သိရရင် သိက်ကောင်းမယ်ဗျာ ဆက်လက် ဖေါ်ပြပေးပါနော်

Wai Lin Aung said...

ကံဆိုတဲ့ အရာ ကို ပဲ ယိုးမယ်ဖွဲ့ရတော့မှာပဲ

AungChit said...

ဖြစ်နိုင်တာကတော့ သူ့ကိုသစ္စာဖောက်သွားလို့နေမှာပေါ့. အဲလိုလုပ်တာမကောင်းဘူးဆိုပေမယ့် ကိုယ်ချင်းစာလို့ရပါတယ်. ကိုနေဦးထောင်ကထွက်လာမှ အကူအညီတောင်းပြီး ကျနော့်အရင်ကောင်မကို အဲလိုလုပ်ခိုင်းရမယ်. ခွေးထက်အောက်တန်းကျတဲ့မိန်းမ.

ကောင်းစေချင်သူ said...

စိတ်မကောင်းပါဘူး..ကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါ
တယ်....ဘာလို့မီးရှို့ရတယ်..ဆိုတာလေးလဲတင်ပေးပါဦးဗျ..စိတ်ဝင်စား
လို့ပါ..ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေ.အများသိရတာပေါ့..

kokoaungaung2008 said...

အင်း ကံစီမံရာကို သွားရပါပဲ။ ဒါပေမဲ့ ဒါမျိုးကတော့ မဖြင့်သင့်တဲ့လုပ်ရပ်တစ်ခုပါ။ ကောင်းရာသုဂတိလားပါစေ။ ဘ၀ဆက်တိုင်းမှာ ဒီအဖြစ်မျိုး မကြုံပါစေနဲ့ဗျာ

ကိုမျိုး said...

ကိုသူရိန်ပြောသလိုဆို အဲဒီညီမက အရမ်းအားနာတတ်တယ်ဆိုတော့ အားနာတတ်တယ့်သူတွေဟာကြောက်လဲကြောက်တတ်ကြတာများတယ်လေ ဒီလိုကောင်တွေကအဲဒီအမအပေါ်မှာ အကြပ်ကိုင်တာဘယ်လောက်ကြာနေပြီလဲမှမသိတာ နောက်ဆုံးကြောက်တတ်တဲ့သူအပေါ်မှာအခွင့်ကောင်းယူပြီး အနိုင်ကျင့်တာနေမှာပေါ့ မြန်မာနိုင်ငံဆရာဝန်အသင်းအနေနဲ့ရောဒီအမှု့ကို ပေါ့မသွားစေဖို့တွန်းအားပေးပြီးဂရုတစိုက်မျက်ခြေမပြတ်စောင့်ကြည့်နေဖို့လိုပါတယ်

ဒသဂီ၇ိ said...

အရူးကြီးးးးးးးးးးးး

phyo koko said...

အချစ်က နေ အမုန်း ဘယ်လိုပွားပြီးသတ်ခဲ့တဲ့ဖြစ်ပျက်ကိုတင်ပေးပါဗျာ

minthike said...

တယ်လဲ သတ္တိကောင်းတဲ့သူပါလား၊ အမျိုးသမီးတဦးကိုများ မီးရှို့ သတ်သတဲ့။

silarnanda said...

သတင်းရေးတဲ့လူကလဲ ဆက်သငတ်ငတ်နဲ့ ဘာလို့မီးရှို့ရတာလဲဆရာဝန်မ
တစ်ယောက်ရဲ့ရည်းစားဆိုတော့အရည်အချင်းတော့ရှိမှာပဲဒါပေမဲ့လုပ်ရပ်က
အောက်တန်းကျလွန်းတယ် စိတ်ဝင်စားတယ် ဆက်လက်ဖေါ်ပြပေးပါ။
ညီမလေးကောင်မွန်သောဘ၀ကိုပိုင်ဆိုင်ပါစေ။

ကိုကို said...

ကံ ပေါ့ဗျာ ...ကောင်းရာသုဂတိလားပါစေ

Ma Ma Hnin ze said...

ဒါက အမျိုးသမီးရဲကံလို့ မဆိုနိုင်ပါဘူး၊သူများမတရား လုပ်တိုင်း သာ ခံပြီးသေသွားတဲ့သူတိုင်းက သူရဲကံပါလိုသာဆိုရင် ခင်ဗျားတို့ သူတို့နေရာမှာဝင်ပြီးခံစား ကြည်ရင်ဘယ်သူမှသူတို့ လိုသေချင်မှာမဟုတ်ဘူးလေ။မြန်မာဗုဒ္ဓ္ဘဘာသာမှာ ဆိုးဆိုး ရွားရွားသေရတယ်ဆိုရင် ဒီလူအဖို့ပါတယ်၊ကံပါတယ် လိုဆိုကြပါတယ်။ဒါကံမဟုတ်ပါဘူးလူတွေကမ တရားဖိနှိပ် ညှင်း ပန်းလိုတာပါလူဖြစ်ပြီးလူလိုနားမလည်ပဲသူများတွေ ကိုသူတိုထက်သာမှာ၊မနာလိုသ၀န်တိုမှု၊အထီးကျန်ဆံမူတွေကိုကြောက်ကြတာကနေ အစပြုပြီးလူသတ်မှုထိဖြစ် လာတာပါ
၊ ပြောချင်တာက ဒါကံမဟုတ်ပါဘူးပြုပြင်လို၊ လုပ်ယူလိုရပါတယ်။အစ်မ ကောင်းမွန်ရာ၊ဘေးကင်းရာ၊အေးချမ်းတဲနေရာလေးမှာထာဝရ နေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်၊R.I.P

poh poh said...

ဆရာဝန်မလေး- တကယ့် ကြင်နာ အေးဆေး ကူညီတတ်တဲ့ ကလေးက မိုက်ရိုင်းတဲ့ ကောင်နဲ့ သွား ပတ်သက်မိ လို့ ဒီကိစ္စ ပေါ်လာရတာ။ လူတွေ ကိုယ့်ပတ်ဝန်းကျင် မှာ ကိုယ့်သမီးများ ညီအမများ တွေမှာဒီကိစ္စ မဖြစ်ဘူး လို့ မပြောနိုင်ပါဘူး။ အဓိက သားမွေးထားသော အမေများ၊မောင်ရှင်များ မှန်ကန်စွာ ဆုံးမပဲ့ပြင်နိုင်ကျပါစေ။

shein said...

တစ်ဖက်သတ်ကြီးပဲ မရေးကြပါနဲ့။
ကြားမိတာတော့ မိန်းကလေးက လူတစ်ကာနဲ့ဖောက်ပြန်နေတာကို နိုင်ငံခြားကပြန်လာပြီးမကြာခင်သတင်းကြား၊ ကိုယ်တိုင်လည်းမယုံသင်္ကာဖြစ်နေတော့ ပိုဆိုးသွားပြီး ဒီလိုဖြစ်ကုန်တယ်လို့ ကြားမိတာပဲ။ သူက နိုင်ငံခြားကနေ ပိုက်ဆံတွေလှမ်းလှမ်းပို့နေတာကို မိန်းကလေးက ဒီမှာနေပြီး ဖောက်ပြန်နေတော့ ပိုဆိုးကုန်တာပေါ့။

Unknown said...

အကုသိုလ်ကောင်တောင် ထောင်မကျသေးဘူး...နောက်ထပ်အကုသိုလ်ကောင်လောင်းလျာတွေရှိနေပါလား...Aung Chit ဆိုတဲ့သူ...ကိုယ်သေချာမသိတဲ့အကြောင်းအရာကို အထင်နဲ့မှန်းမပြောပါနဲ့...
အဲ့ဒီလွင်ဦးက ကိုယ့်လူရဲ့အမေကို...ဒါမှမဟုတ် နှမကို မီးရှို့သတ်သွားမယ်ဆိုရင်...ဘယ်လိုနေမလဲ
ကိုယ်ထင်တာတစ်ခုထဲနဲ့ ရမ်းပြီးပြောချင်ရာပြောတာ ယောကျာ်းမဟုတ်ဘူး....
ကွန်မန့်ပေးထားပုံကိုကြည့်ရင် ကိုယ့်လူလည်းယောကျာ်းမဟုတ်လောက်ပါဘူး...ဂျီပုန်းကြီးမဟုတ်လား...ဟုတ်တယ်ဟုတ်...

Unknown said...

အကုသိုလ်ကောင်တောင် ထောင်မကျသေးဘူး...နောက်ထပ်အကုသိုလ်ကောင်လောင်းလျာတွေရှိနေပါလား...Aung Chit ဆိုတဲ့သူ...ကိုယ်သေချာမသိတဲ့အကြောင်းအရာကို အထင်နဲ့မှန်းမပြောပါနဲ့...
အဲ့ဒီလွင်ဦးက ကိုယ့်လူရဲ့အမေကို...ဒါမှမဟုတ် နှမကို မီးရှို့သတ်သွားမယ်ဆိုရင်...ဘယ်လိုနေမလဲ
ကိုယ်ထင်တာတစ်ခုထဲနဲ့ ရမ်းပြီးပြောချင်ရာပြောတာ ယောကျာ်းမဟုတ်ဘူး....
ကွန်မန့်ပေးထားပုံကိုကြည့်ရင် ကိုယ့်လူလည်းယောကျာ်းမဟုတ်လောက်ပါဘူး...ဂျီပုန်းကြီးမဟုတ်လား...ဟုတ်တယ်ဟုတ်...

Anonymous said...

အထက်မှာ command ပေးခဲ့တဲ့ မိတ်ဆွေများအတွက်ပါ.....
ဘာရည်ရွယ်ချက်မှတော့ မရှိဘူး..... ကိုသိလာသမျှ တစ်ပိုင်းတစ်စပေါ့..
သေဆုံးသူ ဆရာဝန်(မအိမြတ်မွန်)(မင်းလှမြို့သူ)နဲ့ လွင်ဦး (သင်္ဘောသား) (စစ်ကွင်း)တို့ဟာ ဟိုးတချိန်ကတည်းက ဒီဒေသ ပညာရေး လောကမှာ စံနမူနာပြ တော်ခဲ့ကြသူတွေပါ.... အပြိုင်လို့ ပြောရင်လဲ ရပါတယ်တဲ့.... လွင်ဦးက ပိုတော်တယ်ဆိုပဲ....
ဒါက Back ground story..... အခုတော့ သူတို့က သိပ်ချစ်ကြတဲ့ ရည်းစားတွေဖြစ်နေပါပြီတဲ့ (မိဘချင်းလဲသိပါတယ်ဆိုပဲ).. ဒီပြဿနာမဖြစ်မီ ၂ဘက် အပြန်အလှန် မခံချင်ကြအောင် (လွင်ဦးမိသားစုနှင့်ပါ) စကားများခဲ့ကြပါတယ်တဲ့.... အဲဒီနောက် လွင်ဦးက မအိမြတ်မွန် နေထိုင်ရာအခန်းကိုသွားပြီး ထပ်မံ တွေ့ဆုံကာ စကားများခဲ့ကြပြန်ပါတယ်.... အဲဒီလို စကားများရင်း လွင်ဦးက အခန်းကို မီးရှို့မယ်ဆိုတဲ့အကြောင်း မအိမြတ်မွန်ကို ပြောပြီး အခန်းကနေ အောက်ကိုဆင်းအသွားမှာ မအိမြတ်မွန်က မခံချင်အောင် လွင်ဦး နင်းမလုပ်ရဲပါဘူး ဆိုပြီး အော်ပြောခဲ့ပါတယ်တဲ့.... ဒီလိုနဲ့ပဲ လွင်ဦးက ဓါတ်ဆီယူလာပြီး အခန်းသစ်သား တံခါးကို မီးရှို့ဖို့ ဓါတ်ဆီ လောင်းချနေချိန်မှာ မအိမြန်မွန်ကသိလို့ တံခါးနားကိုအလာ ဓါတ်ဆီက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေပါပြီတဲ့... လွင်ဦးက လက်ထဲကမီးခြစ်ကို ခြစ်ပြီး မီးရှိုးချလိုက်ချိန်မှာ မအိမြန်မွန်ကို လောင်ကျွမ်းပါလေရော.... ဓါတ်ဆီရဲ့ရုတ်တရက်လောင်းကျွမ်းမှုနဲ့ ၀တ်ထားတဲ့ အ၀တ်အစားတို့ရဲ့ အရှိန်ကြောင့် ဒီလောက်ထိဖြစ်သွားတာလဲ ဖြစ်နိုင်တယ်လို့တော့ ကျွန်တော် မှတ်ချက်ပြုချင်တာပါပဲ.... ဒီလိုလောင်နေလို့ လွင်ဦး ကိုယ်တိုင်က ၀င်ေ၇ာက်ပြီး မီးငြိမ်းပေးပါတယ်....နောက်ဆုံး ရေချိုးခန်းထဲအထိတောင်သွားပြီး မီးငြိမ်းပေးတယ်လို့ သိရပါတယ်.... အခုတော့ လွင်ဦးမှာလဲ အဲဒီလိုမီးငြိမ်းတဲ့အတွက် သူ့ကိုလဲ လောင်ထားတဲ့ ဒဏ်ရာတွေ ရှိနေတယ်လို့ သိရပါတယ်..... လွင်ဦးကို ရပ်ကွက်ကလူတွေ ၀ိုင်းဖမ်းပြီး ထိုးကြိမ်တဲ့အချိန်ဟာလဲ လွင်ဦး ရေချိုးခန်းထဲ ရှိနေတဲ့အချိန်ပါတဲ့.....
ဒါကတော့ ဖြစ်စဉ်လေးရဲ့ အကြမ်းဖျဉ်း သတင်းလေးပါ....
ပြုသမျှသဘောကိုတော့ တရားခွင်ကဘဲ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်...
(ပြောချင်တာကတော့ လူတော် ၂ ယောက် ဆုံးရှုံးသွားတယ်လို့ပဲ ထင်မြင်မိပါတယ်)..... (အပြင်မှာပြောနေကြသလိုမျိုးမဟုတ်သလို မအိမြတ်မွန်ကလဲ သိပ်တော်တဲ့မိန်းကလေး..... လွင်ဦးကလဲ ခပ်ဆိုးဆိုး ယောက်ျားမျိုးမဟုတ်ဘူးဆိုတာပါပဲ)....

Anonymous said...

ချစ်သူဘ၀ဆိုတာပိုင်ဆိုင်ထားတာမဟုတ်ဘူး။
ခုလိုစိတ်ရူးပေါက်တိုင်းကြမ်းတမ်းနေသူမို့ဘ၀အတွက်မရွေး
ချယ်ဘဲလမ်းခွဲတာဖြစ်မှာပေါ့။ဒါကိုလူမဆန်တဲ့ယောကျာင်္း
တယောက်ကအားနွဲ့တဲ့မိန်းကလေးကို
မတ၇ားလုပ်ကြံတာ..
ယောကျာင်္းတွေမိန်းကလေးတွေကိုအချိန်ကြာတွဲပြီးထားပစ်ခဲ့
ရင်မိန်းကလေးတွေကအသဲကွဲပြီးကျန်ခဲ့သေးတာပဲ။
အကယ်လို့လမ်းခွဲလိုက်တာဆိုရင်လည်းယောကျာင်္းပဲ
ခံနိုင်ရည်ရှိရမှာပေါ့..မသိလို့ချစ်မိတယ်..ကြာလာတော့
စိတ်ဓါတ်ရေးရာမပေါင်းအပ်မှန်းသိလာတော့လမ်းခွဲတယ်။
ဒါကိုလက်ခံပေးရမှာကိုခုလိုရက်စက်တာ
လွင်ဦးကိုပြစ်ဒဏ်ကြီးကြီးချပြီးလွတ်ငြိမ်းထဲမထည့်သင့်ပါဘူး။
ကိုယ့်ကိုကိုယ်ကာကွယ်၇င်းလူသတ်မိရင်နားလည်လို့ရတယ်
ခုဟာကယုတ်မာတာတမင်ကြံရွယ်ပြီးမတရားလုပ်တာ..
လူမှဟုတ်ရဲ့လား။

shangyi said...

ဒေါသတွေ လောဘတွေ မောဟ တွေကြောင့် မဖြစ်သင့်တာတွေဖြစ် ခဲ့ ကြ ပီ၊ နောက်ဆုံးတော့နှစ် ဖက်စလုံး နစ်နာခဲ့ကြ တာဘဲ

nandar said...

နှစ်ယောက်စလုံးကိုနှမြောတယ်။ နှစ်ယောက်စလုံးကလူတော်တွေပါ။ ကိုယ်ဘ၀ကိုယ် ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ခံ့ကြရဲ့နဲ့ အတွေးတချက်မှားလိုက်တာနဲ့ဘ၀တွေဆုံးရှုံးခဲ့ရတာ ကို ငါတို့လူငယ်တွေသင်ခန်းစာယူသင့်တယ်။ အချစ်ဆိုတာ လိုအပ်ပေမဲ့ ဘ၀ပျက်လောက်အောင်တော့ မစွန့်စားသင့်ဘူး။ အချစ်ဆိုတာဘ၀ရဲ့ အစိတ်ပိုင်းသေးသေးလေးလို့ထင်တယ်။ တခြားဘ၀အတွက်အရေးကြီးတာတွေကိုအရင်လုပ်သင့်တယ်လို့ထင်တယ်။ အချစ်ဆိုတာလဲ လူဘ၀အတွက်လိုအပ်ပါတယ်။ သို့သော်တော်သင့်ယုံပေါ့။

Powered by Blogger.