မဟာချိုင် ရွှေ့ပြောင်းမြန်မာအလုပ်သမားထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (ရုပ်/သံ)



ထိုင်းနိုင်ငံကို မေလ၂၉ရက်ညပိုင်းက ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ၃၀ရက်မနက်ပိုင်းမှာ မဟာချိုင်ဒေသက အလုပ်သမားတွေကို အားပေးစကားပြောကြားပြီးတဲ့နောက် မဟာချိုင်မှာရှိတဲ့ မြန်မာ အလုပ်သမားကိုယ်စားလှယ်အယောက်၃၀နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာအလုပ်သမားတွေအနေနဲ့ အလုပ်သမား ရ ပိုင် ခွင့်တွေ သိရှိအောင် ပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ မေလ၃၀ရက် မွန်းလွဲပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တည်းခိုနေတဲ့ ဘန်ကောက်မြို့က ရှန်ဂရီလာ ဟို တယ်မှာ ထိုင်းဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဘီဆစ်နဲ့တွေ့ဆုံဆွေးနွေးဖို့ရှိပြီး ညနေပိုင်းမှာတော့ ကမ္ဘာ့ စီး ပွားရေးဖို၇မ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။
ဒီဗွီဘီ
မဟာချိုင် ရွှေ့ပြောင်းမြန်မာအလုပ်သမားထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (ရုပ်/သံ) မဟာချိုင်  ရွှေ့ပြောင်းမြန်မာအလုပ်သမားထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 14:40 Rating: 5

2 comments:

kyaw tun naing said...

မြန်မာခေါင်းဆောင်တွေ အခုလိုပြည်သူတွေ အခုလိုအလုပ်သမားတွေရဲ့ဘဝတွေကိုလေ့လာခဲ့ဘူးသလဲ အာပေးစကားပြောခဲ့ဘူးသလဲ ပြည်သူတွေကိုချစ်တဲ့အမေစုကို ပြည်သူတွေကချစ်ကြတာ...
အမေစုနားလည်ပေးသလို မြန်မာခေါင်းဆောင်တွေကလဲနားလည်ပေးနိုင်ကြစေလို့.....

ဒီမိုပြည်သူ said...

အမေရေ....ပြည်သူလူထုအားလုံးရဲ့ ချစ်ခြင်းမေတ္တာက တောင်းမယူဘဲ၊ လုပ်မယူဘဲ အမေရနေတာပါပဲ။ အားလုံးရဲ့စိတ်ထဲမှာရော၊ ရင်ထဲမှာပါ ခံစားနေရတဲ့ဒုက္ခဝေဒနာအားလုံး အမေပဲ ချွေးသိပ်ဖြေဖျောက်ပေးနိုင်မယ် ယုံကြည်မျှော်လင့်ချက်များနဲ့ပေါ့.....အမေ။

Powered by Blogger.