ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ယနေ့ ည ထိုင်းနိုင်ငံကိုသွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ဒီကနေ့ညမှာ ရန်ကုန်ကနေ ထိုင်းလေကြောင်းလိုင်း တီဂျီနဲ့ ထွက်ခွာ မှာ ဖြစ်ပြီး ဘန်ကောက်မြို့ကို ထိုင်းစံတော်ချိန် ည (၁၀)နာရီ ၀န်းကျင်လောက်မှာ ရောက်ရှိမှာ ဖြစ်ပါ တယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာ မေ(၃၀) ၇က်ကနေ ဇွန်၁ရက် နေ့ထိ ကျင်းပမယ့် ကမ္ဘာ့စီး ပွားရေး ဖိုရမ်ကို တက်မှာဖြစ်ပြီး အစည်းအဝေး နောက်ဆုံး နေ့ဖြစ် တဲ့ ဇွန် ၁ ရက်နေ့ အမေးအဖြေကဏ္ဍ မိနစ် ၃၀ ကြာ စကားပြောဆိုဖို့လည်း ရှိနေပါ တယ်။

 မနက်ဖြန် မေ (၃၀)ရက်နေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့ပြင် မဟာချိုင်ဒေသက မြန်မာရွေ့ပြောင်း အလုပ်သမားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇွန် (၂)ရက်နေ့မှာတော့ ထိုင်းမြန်မာနယ်စပ်က အကြီးဆုံး ဒုက္ခသည် စခန်းဖြစ်တဲ့ မယ်လနဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တောဆေးခန်းကို သွားရောက်မှာဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ယနေ့ ည ထိုင်းနိုင်ငံကိုသွားမည် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့   ယနေ့ ည  ထိုင်းနိုင်ငံကိုသွားမည် Reviewed by သစ်ထူးလွင် on 16:46 Rating: 5

10 comments:

minsoeaung said...

ဝမ်းသာပါသည်အမေ။
တိုင်းပြည်ရဲ့ကောင်းတာလေးတွေပါအောင်ပြောပေးပါ။ပြည်သူ့ကိုယ်စားလှယ်ဖြစ်၍ပြည်သူ့အတွေးလေးတွေ
တင်ပြပါသည်။

myo mama said...

အရမ်းကောင်းတဲ့...သတင်းပဲ..ဒေါ်စု ကိုလေးစားတယ်...

thatonthar said...

ကောင်တာပေါ့........

anaconda said...

ကမ္ဘာနဲ့ချီပြီးမလုပ်ပါနဲ့ဦးဗျာ မီလေးသာမှန်အောင်ကြိုးစားပေးပါ။မေစုလုပ်ရင်အောင်မြင်မှာပါဗျာ

Maunglusoe said...

မြန်မာပြည်မှာဆန္ဒပြမှုူုတွေဖြစ်နေချိန်မှာ ပြည်တွင်းမှာဘဲ၇ှိနေရင်ပိုကောင်းမယ်ထင်ပါတယ်

Anonymous said...

ဒုက္ခရောက်နေတဲ့မြန်မာတွေအတွက် အမေစု လာပြီ....

thawmyoh said...

“အမေ” သတိထားသွားပါ “ထိုင်း” တွေက ကျွန်တော်တို့ နိုင်ငံ တိုးတက်မှာ သိပ်ကြောက်တဲ့ကောင်တွေပါ။ ထိုင်းတွေက ဈေးပေါပေါနဲ့  သဘာဝသယံဇာတတွေ ကို ကျွန်တော်တို့  တိုင်းပြည်ကနေ အချောင်ရနေတော့ မြန်မာနိုင်ငံကြီးတိုးတက်သွားပြီး အသိပညာတွေ တိုးတက်သွားမှာ သိပ်ကြောက်နေတာ။ ငယ်ကြောက် ဖြစ်တာ တကြောင်း မြန်မာရဲ့  သတ္တိကို ကြောက်တာကတကြောင်း အကြောင်းကြောင်းတွေကြောင့် မြန်မာနိုင်ငံရဲ့  ကယ်တင်ရှင် ရှေ့ ဆောင်လမ်းပြ “အမေ့ကို” အကောက်ကြံမှာ စိုးရိမ်မိလို့ ပါ။

forall said...

အမေ သွားလေရာ ခရီး ဘေးကင်းပါစေ။
အမေ ကျန်းမာပါစေ...

sanwai said...

pyeitphyo ရေဒေါ်စုကအဲလိုကြံစည်တယ်ဆိုရင်လည်းပေးလုပ်လိုက်ပါကွယ်
သူကအခုမှကြံစည်ရုံပါကွ။ မင်းအဘတွေက နှစ်ပေါင်းများစွာကောင်အထည်
ဖော်ဂုတ်သွေးစုပ် သယံဇာတကုန်အောင်ဖြုန်းခဲ့ပြီးပါပြီ ကျန်တာလေးစားပါစေ။
သူက သူ့အတွက်လုပ်တယ်ဆိုရင်တောင်နိုင်ငံတကာမှာ မိန့်ခွန်းပြောနိုင်သေးတော့ တို့နိုင်ငံလူတောတော့တိုးနိုင်မှာပါကွ။
အခု ကိုယ့်မိန့်ခွန်းတောင် ကိုယ့်ဘာသာကိုဖြောင့်အောင်မဖတ်နိုင်တဲ့
သူတွေစာရင်ပေါ့။ အမေရိကန်က ၀င်ပါချင်နေတာ မပါနိုင်သေးပါဘူး။
အခုမှကြိုးစားဆဲပါ။ တရုတ်ကြီးက၀င်ပါနေတာ နှစ်ပေါင်းမနည်းတော့ဘူးဆိုတာနားလည်ပါ။
မျှစားကြတာပေါ့ကွာနော် မင်းလည်းနေတတ်သလိုနေပါကွာ
မနေတတ်ရင်တော့ ရွေးကောက်ပွဲဝင်ပေါ့။ အခုမီးက တာဝါတိုင်ကြောင့်လား
ရေမရှိတာကြောင့်လား၊ ဒါမှမဟုတ် ရောင်းစားလို့ကုန်သွားတာလား နဂိုကတည်းကမလုံလောက်တာကို ဒီတာဝါတိုင်လေး ဖြစ်တာနဲ့ မြန်မာနိုင်ငံ အထက်မှအောက် အကုန်မြို့ ကြီး၊
မြို့ ငယ်အားလုံးမီးဖြတ်ရရောလား။ စက်ရုံတွေရော အားလုံးမီးဖြတ်ခံရတယ်
အဲဒါ ဘယ်လိုကြောင့်တုန်း။ ဦးဇော်မင်းပြောတဲ့ မသုံးနိုင်လို့ ပိုလျှံနေပါတယ်ဆိုတဲ့ ဓါတ်အားတွေ ပင်လယ်ထဲချပစ်လိုက်တာလား။

Mi Aung said...

Pyeitphyo ," မဂ္ဂါဝပ် (၁၀၀၀၀) ကျော်ထုတ်နိုင်မယ့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမဖြစ်မြောက်ရေး အားထုတ်လုပ်ဆောင်တယ်။ မဂ္ဂါဝပ် (၄၀၀၀)ကျော် ထုတ်နိုင်မယ့် ထားဝယ် ကျောက်းမီးသွေးသုံး ဓါတ်အားပေးစက်ရုံကို မဖြစ်မြောက်အောင် တားဆီးတယ် " မြန်မာပြည်က ဘယ်လောက် လုံလုံလောက်လောက်သုံးရမှာလဲ အစကတည်းက အပြင်ကိုရောင်းမထုတ်ဘူးဆိုရင် လောက်ယုံမဟုတ်ဘူး လျှံလျှံလျှံလျှံ နဲ့တောင်နေသေးတယ်။ မင်းကိုပြောရတာနဲ့တင် ဒေါ်အောင်ဆန်းစုကြည် ကို congratulation မလုပ်ရသေးဘူး "congratulation" ပါအန်တီစု မြန်မာပြည်အတွက် ၀ိုင်းဝန်းလုပ်ဆောင် ကြမယ်လို့ယုံကြည်ပါသည်။

Powered by Blogger.