ပြည်မြို့ခံ ၆ ဦးကို ရိုက်နှက် ဖမ်းဆီးသူ များအား တရားစွဲဆိုရန်စီစဉ်လျှက်ရှိ

လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒဖော်ထုတ်ကြသည့် ပြည်မြို့ခံများအနက် ရဲအရာရှိများ၏ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူ ၆ ဦးမှ မိမိတို့အား ရိုက်နှက်ရန် အမိန့်ပေးသူများအပါအ၀င် တာ ၀န်ရှိသူများအား ဥပဒေကြောင်း အရ ထိထိရောက်ရော် တရားစွဲဆိုသွားရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။

““ ကျွန်တော်တို့ကိုရိုက်ဖို့အမိန့်ပေးတဲ့ ခရိုင်ရဲမှူး ဦးသောင်းဝင်း၊မြို့နယ်မှူးအောင်ဇော်ထက် အပါအ၀င် တာဝန်ရှိသူတွေကို ကျွန်တော်တို့ တရားစွဲဆိုသွားမှာပါ”” ဟု ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူတစ်ဦးဖြစ်သည့် ဦး ကျော်ဆွေကပြောပေါ်ပြူလာနယူးစ်မှဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ်ပြောကြားသည်။
တရားစွဲဆိုရန်ကိစ္စရပ်အား ဥပဒေကြောင်းအရ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်စီစဉ်သွားမည်ဖြစ် ပြီး အကူအညီပေးနိုင်မည့် အဖွဲ့အစည်းအားလုံးကိုလည်း အကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

““ ကျွန်တော်တို့ကို ရိုက်နှက်ဖမ်းဆီးဖို့ ဘယ်သူကအမိန့်ပေးတာလဲ။ နိုင်ငံတော် သမ္မတ ကပေး တာလား၊ အဲဒါဆိုကျွန်တော်လက်ခံတယ်။ အဲလိုမဟုတ်ဘဲ ဘယ်သူမှ အမိန့်မပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်တယ်ဆိုရင် ကျွန်တော်မကျေနပ်နိုင်ဘူး။ ဥပဒေရဲ့အထက်မှာ တစ်ယောက်ယောက်ရှိနေတာမျိုးဖြစ်နေ တာကို လက်မခံနိုင်လို့ တရားစွဲဆိုမှုကို မဖြစ်ဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်ထားတာပါ”” ဟု ရိုက်နှက်ဖမ်းဆီးခံရ သူများတွင် အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသူ ကိုဖိုးဖြူကပြောသည်။

အဆိုပါကိစ္စရပ်သည် လုံးဝမဖြစ်သင့်သည့် ကိစ္စရပ်ဖြစ်ပြီး ဒီမိုကရေစီသို့သွားနေသည့် လမ်းကြောင်း တွင် ယခင်စနစ်ဟောင်း စနစ်ဆိုး၏ အမွေအနှစ်များကျန်ရှိနေခြင်းမှာ လက်ခံနိုင်ဖွယ်ကိစ္စရပ်မဟုတ်ကြောင်း တရားဥပဒေစိုးမိုးရေးသည့် အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ် ပြည်သူ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် လိုအပ်ကြောင်း နိုင်ငံရေးရာ ကျွမ်းကျင်သူအချို့ကအဆိုပါကိစ္စနှင့်ပတ်သက်၍ သုံးသပ်သည်။

ပြည်မြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒဖော်ထုတ်မှုအား မေလ ၂၃ ရက် ကစတင်ခဲ့ပြီး ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်မည့်အကြောင်း သက်ဆိုင်ရာဌာနများသို့ ဧပြီလ ၁၀ ရက်က စတင်ပြီး အကြောင်းကြားစာတင်ခဲ့ကြောင်း၊ ဧပြီလ ၆ ရက်တွင် မ.ယ.က အဖွဲ့အစည်းမှ နည်းဥပဒေ မရှိသေးသည့် အတွက် ဆန္ဒဖော်ထုတ်ခွင့်အားငြင်းပယ်ခဲ့ကြောင်း ၊ ဧပြီလ ၉ ရက်တွင် ဆန္ဒဖော်ထုတ်ခွင့်အကြောင်းကြားစာ အားထပ်မံတင်ပြခဲ့ပြီး တစ်လခွဲကြော်ကြာ အကြောင်းမပြန်သည့်အတွက် မေလ ၂၃ ရက်တွင် စတင်ဆန္ဒဖော် ထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဥာဏ်လင်းအောင်-Popular Myanmar News Journal
ပြည်မြို့ခံ ၆ ဦးကို ရိုက်နှက် ဖမ်းဆီးသူ များအား တရားစွဲဆိုရန်စီစဉ်လျှက်ရှိ ပြည်မြို့ခံ ၆ ဦးကို ရိုက်နှက် ဖမ်းဆီးသူ များအား တရားစွဲဆိုရန်စီစဉ်လျှက်ရှိ Reviewed by သစ်ထူးလွင် on 05:06 Rating: 5

16 comments:

nl said...

ဒါဟာလက်နက်အားကိုးနဲ့အနိုင်ကျင့်တာဘဲ။ဥပဒေ
ရဲ့အထက်မှာဘယ်သူမှမရှိစေရဘူး။အခုသည်းခံ
လိုက်ရင်နောင်မှာဒီ့ထက်ဆိုးမယ်။ဒါကြောင့်အခုထဲကပြတ်ပြတ်သားသားတရားဆွဲသင့်တယ်။မီဒီယာ
တွေကိုလည်းဖြန့်သင့်တယ်။

ချစ်ဖူး said...

လုပ်သင့်ပါတယ်။

ကြယ်ပြာ said...

"ဘာဖြစ်နေတာလဲ ... ဘာဖြစ်နေတာလဲ တာဝန်အရလုပ်နေတာနားမလည်ဘူးလား" လို့ ဒေါသတကြီးအော်နေတဲ့ ရဲကို မျက်စိထဲက မထွက်ဘူး။ သူတို့လုပ်တိုင်းရတယ်ဆိုတာမျိုး မဖြစ်အောင်၊ သူတို့လဲ ဥပဒေကို နားလည်တတ်အောင် တရားစွဲတဲ့ကိစ္စ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။ ဖြစ်နိုင်ရင် ဟန်မူရာဘီရဲ့ ကိုဓ ဥပေဒေလိုမျိုး နဲ့ပြန်ဆုံးမခွင့်ရရင်သိပ်ကောင်းမယ်။ ဆယ်ချက်ထိုးခံရသလား ဆယ်ချက်ပြန်ထိုးစမ်း ...

konamazu said...

ကောင်းပါတယ်။ဒီမိုကရေစီ ခေတ်မှာဒါမျိုးတွေကလုံးဝမရှိသင့်တော့ပါဘူး။

Myo Thant said...

ယခုအခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ယ္ခင် ကလို အာဏာရှင်စစ်အစိုးရ မဟုတ်တော့သည့်အတွက် ပြည့်သူ့ဝန်ထမ်းများသည်လည်း အခြေခံဥပဒေပါ လုပ်ထုံးလုပ်နည်း နည်းဥပဒေ များအတိုင်း စောင့်သိရိုသေဖို့ လိုပါသည်။ ယ္ခင် ခေတ်ဟောင်း က အကျင့်စရိုက်များအတိုင်း
အထက်ဖား အောက်ဖိ ပုံစံများ ကို ပြုပြင်သင့်ပါပြီ။ နိုင်ငံတော်သမ္မတကြီး ရဲ့ လျှောက်လှမ်းနေရတဲ့ ခရီးကို ကူညီပြီး တတ်နိုင်သလောက် စောင့်ရှောက်ဖို့ ပြည်သူတွေမှာ တာဝန်ကိုယ်စီရှိသလို
ပြည့်သူ့ဝန်ထမ်း တွေမှာလည်း (မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆိုတာလည်း ပြည့်သူ့ဝန်ထမ်းပါဘဲ ) တာဝန်ကိုယ်စီယူတတ်ဖို့ အင်မတန်လိုအပ်နေပါပြီ။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကလည်း ရှေးရိုးစွဲ နောက်ချန် နေသူများကို ထားခဲ့မှာဖြစ်တယ်လို့ ကမ္ဘာသိ တိုင်းပြည်သိ ကြေငြာ ထားတာ အားလုံးသိကြမှာ ပါ။
သို့အတွက်ကြောင့် ယခုကိစ္စ တွင် ကိုယ်တိုင်ခံစားခဲ့ရသူများ ဥပဒေ ကြောင်းအရ ပြန်လည်တရားစွဲဆိုမည့်ကိစ္စ ကို အမြန်ဆုံး ပြန်လည် လုပ်သင့်ပါသည်။
သို့မှသာ နောင်တွင်လည်းအလားတူကိစ္စရပ်များ ကြုံလာပါက ဥပဒေမဲ့ အာဏာအလွဲသုံးစား မျက်နှာလိုမျက်နှာရ လုပ်ကိုင်သည့်အပြုအမူများ တဖြည်းဖြည်းကွယ်ပျောက်သွားနိုင်မှာဖြစ်တယ်လို့ထင်မိပါသည်။.......

ကြယ်စင်ဖြိုး said...

ဟုတ်တယ်...ဥပဒေအထက်မှာ ဘယ်သူမှ ရှိမနေသင့်ဘူး...အထူးသဖြင့် မတရား အာဏာသုံးပြီး လူထုကို ညှင်းပန်းချင်တဲ့လူတွေကို စံနမူနာဖြစ်အောင် ထိထိရောက်ရောက် အရေးယူသင့်ပါတယ်

001komgmg222@gmail.com said...

ကျွန်တော်အမြင်ပြောရရင်ပြည်သူရဲဖြစ်ပါလျှက်ပြည်သူတွေကိုရိုက်နှက်တာမျိုးကိုလုံးဝခွင်မလွတ်သင့်ပါဘူးပြည်သူကကျွေးတဲ့ထမင်းစားပြီ၊စားပြီနားမလည်လုပ်နေသော်ရဲများကိုဥပဒေအရထိထိရောက်ရောက်ဆုံးမပေးပါရန်တိုက်တွန်းပါသည်။

than said...

ဟုတ်ပါတယ် ကြယ်ပြာပြောသလို ဟန်မူရာဘီရဲ့ ကိုဓ ဥပေဒေ နဲ သာဆိုဒင်းတို လုပ်ရဲမှာမဟုတ်ဘူး မျက်လုံးတစ်လုံးဆို တစ်လုံး လက်တစ်ဖက်ဆို တစ် ဖက် ပဲ အဲလို လုပ်ကမှာ ဒင်းတို ကို ယူနီဖောင်ဝတ်ပြီး တောင်စားနေတဲ့ သူတောင်းစားတွေ ...............

zawmyoaye said...

အမိန့် ပေးတဲ့ကောင်တွေကိုအရင်တရားစွဲသင့်တယ်

MyintOo said...

အရေးယူသင့်တယ်

naythuya said...

ရာထူးရာခံပေးထားတဲ့အထဲမှာ အဲဒီလိုလူလိုနားမလည်တဲ့ တရိစ္ဆာန်လိုကောင်
မျိုးတွေ အကျင့်ပျက်ချစားတဲ့ကောင်တွေ မရှိမှတရားဥပဒေ စိုးမိုးနိုင်မှာ ဒါကြောင့် တကယ်အသွင်ကူပြောင်းတော့မယ်ဆိုရင် အဲဒီအကြမ်းဖက်တဲ့ ရဲအုပ်စုကို နမူနာအဖြစ် ထောင်ထဲမြန်မြန်ထည့်လိုက်ပါလို့....

Criticism said...

မြန်မာနိုင်ငံတွင် ပြည်သူ့ရဲ (Police) တစ်ယောက်ဖြစ်ရန်လိုအပ်သည့် အရည်အချင်းများ

P = Pagan (ဘာသာတရားအဆုံးမမရှိသောမိစ္ဆာဒိဌိ)
O = Offender (ဥပဒေချိုးဖောက်သူ)
L = Lier (လိမ်လည်သူ)
I = Impious (ယုတ်မာသောသူ)
C = Criminal (ရာဇ၀တ်ကောင်)
E = Egotist (ငါစွဲကြီးသူ၊ အတ္တကြီးသူ)

Unknown said...

လုပ်ကြဟေ့ ဒီလိုမှ မဟုတ်ရင် ဒီထက်ပိုဆိုးနေဦးမယ်

ကိုမျိုး said...

လက်နပ်ကိုင် အဖွဲ့အစည်းဆိုပြီး လက်လွတ်စပါယ်လုပ်တာတွေ လျှော့သင့်ပြီလို့ထင်ပါတယ်

aung naing said...

ဒီလိုအကြမ်းဖက်တာဟာဦးသိန်းစိန်အစိုးရဟာနောက်ပြန်သွားတာဘဲ၊စီးပွားရေးပိတ်ဆို့မှုတွေပြန်လုပ်သင့်တယ်၊မြန်မာနိင်ငံမှာကျင်းပမဲ့အာဆီယံပွဲတွေကိုဆန့်ကျင်ကန့်ကွက်ရမယ်။

myo myanmar said...

ပြည်သူပေးသောလစာယူပြီးပြည်သူကိုအကြမ်းမဘက်သင့်ပါ

Powered by Blogger.