ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ

ရဲ ဒုတပ်ကြပ် အဆင့် ရှိသူ တစ်ဦး၏ ရိုက်နှက်မူကြောင့် တောင်ကုတ်မြို့နယ်မှ အသက် ၅၅ နှစ်ရှိ လူကြီးတစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိကာ ဆေးရုံတွင် ငါးချက်တိတိ ချုပ်လိုက်ရကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။


 ဦးခေါင်းမှ ချုပ်ဒဏ်ရာနှင့် ဦးထွန်းနု
ရဲဒုတပ်ကြပ်၏ ရိုက်နက်၍ ဦးခေါင်းကို ငါးချက်တိတိ ချုပ်လိုက်ရသူမှာ တောင်ကုတ်မြို့နယ် ပေါက်ပြင် ကျေးရွာမှ ဦးထွန်းနု ဖြစ်သည်။

အဆိုပါ သတင်းကို လက်ခံ ရရှိပြီးနောက် ကာယကံရှင် ဖြစ်သူ ဦးထွန်းနုကို နိရဉ္စရာမှ ဖုံးထဲမှ တဆင့် ဆက်သွယ်မေးမြန်းရာ သူအရိုက်ခံရပုံနှင့် ပတ်သက်၍ ဦးထွန်းနုက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

" ဒီလ ၂၆ ရက်နေ့က ကင်းတောင် ရဲစခန်းမှူးရဲ့ ခေါ်ယူချက် အရ အဲဒီ စခန်းကို သွားပါတယ်။ ရဲကင်းကို ရောက်တဲ့ အခါ ရဲစခန်းမှူး မရှိပါ ။ အရက်သောက်နေတဲ့ ဒုတပ်ကြပ် ခင်မောင်ညွန့်ကို တွေ့ပါတယ်။ အဲဒီ အချိန်မှာဘဲ ဦး မှတ်ကြီးဆိုသူ ရောက်လာပါတယ်။ ဦးမှတ်ကြီးဆိုသူက ကျွန်တော် နွားမွေးစားဖက် ယူထားတဲ့ နွားရှင်ဖြစ်ပါ တယ်။ နွားမွေးစားဖက် ယူထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးမှတ်ကြီးနဲ့ ကျွန်တော် အကြားမှာ ပြဿနာရှိပါတယ်။ ဒါကြောင့် စခန်းမှူးက ကျွန်တော်ကို စခန်းကို ခေါ်တာ ဖြစ်ပါတယ်။ အဲဒီ စခန်းမှာဘဲ ကျွန်တော်နဲ့ ဦးမှတ်ကြီး ဆွေးနွေးတဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေပါ။ အဲဒီ အချိန်မှာ ဦးမှတ်ကြီးကို ဒုတပ်ကြပ် ခင်မောင်ညွှန့်က အိမ်ကို ပြန်လွှတ်ပြီး ကျွန်တော့ကို ကြိုးနဲ့ တုတ်ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ပါတယ်" ဟု သူက ပြောသည်။

ဦးထွန်းနုမှာ ဒုတပ်ကြပ် ခင်မောင်ညွှန့်၏ ရိုက်နှက် ကန်ကျောက်မှုကြောင့် ၆ ပေခန့် နက်သော ရေမြောင်းထဲသို့ ထိုးကျသွားကြောင်း၊ ရေမြောင်းမှ ပြန်အတက်တွင် ခင်မောင်ညွှန့်မှ အပေါ်မှ ကျောက်တုန်းဖြင့် ထုချရာ ဦးခေါင်းတွင် ဒဏ်ရပြင်းထန်စွာ ရရှိသွားကြောင်း သူက ပြောသည်။

" တကယ့်ကို လူမဆံစွာ ကျွန်တော်ကို ရိုက်နှက်ပါတယ်။ ကျွန်တော့် တသက်မှာ ဒီလို ရိုက်နှက်တာမျိုး တကြိမ်မှ မခံစားခဲ့ဖူးပါ။ ဦးခေါင်းကွဲသွားပြီး သွေးတွေ စီးကျလာတဲ့ အတွက် ကျွန်တော် ခေါင်းမူးပြီး သတိမေ့လု မတတ် ဖြစ်သွားပါတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ထွက်ပြေးတာ စခန်းအပြင်ဘက်ကို ရောက်သွားပါတယ်။ ကျွန်တော်ရဲ့ အသံကို ကြားတော့ ရွာသားတချို့ လိုက်လာပြီး ကျွန်တော်ကို တွဲယူပီး ရွာမ ဆေးရုံကို ပို့ပါတယ်။ ကွဲသွားတဲ့ ဦးခေါင်းကို ၅ ချက် တိတိ ချုပ်လိုက်ရပါတယ်" ဟု သူက ပြောသည်။

သူ့အား ယခုကဲ့သို့ ရိုက်နှက်ခြင်းမှာ ဦးမှတ်ကြီးမှ ပိုက်ဆံ ပေးထား၍ ဖြစ်ပုံရကြောင်း သူက ပြောသည်။

" ဦးမှတ်ကြီးက ရဲစခန်းမှူးကို ပိုက်ဆံ ပေးထားပုံရပါတယ်။ ဒါကြောင့် အရက်မူးနေတဲ့ ဒု တပ်ကြပ် ခင်မောင်ညွန့်က ကျွန်တော်ကို ရိုက်နှက် တယ်လို့ ထင်ပါတယ်။ တကယ်လို့ ကျွန်တော်မှာ အပြစ်ရှိရင် ဖမ်းဆီး အရေးယူနိုင်ပါတယ်။ ခုလို ညှဉ်းပမ်းနှိပ်စက်တာက ဥပဒေနဲ့ မကိုက်ညီသလို နိုင်ငံ ၀န်ထမ်းတွေ အနေနဲ့လည်း မလုပ်သင့် မလုပ်ထိုက်ဘူးလို့ ထင်ပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုအခါ အဆိုပါ ရိုက်နက်မူကို တောင်ကုတ်မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်ပြီး တိုင်တန်းကြားထားသည်ဟု သူက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် လွန်ခဲ့သော မတ်လ ၁၅ ရက်နေ့က အရက်မူးနေသော ဆားပြင် စခန်းမှူး ဒုရဲအုပ် စိုးမိုးအေးက အဆိုပါ ကျေးရွာတွင် ရိုးရိုးသားသား လုပ်ကိုင် စားသောက် နေသူ ဦးတင်မောင်၏ သား မောင်တင်ဝင်းဆိုသူကို သူတို့အားလှောင်ပြောင် ပြောဆိုသည်ဟု ဆိုကာ မတရား ဖမ်းဆီး ရိုက်နှက်ခဲ့သ ဖြင့် ဆေးရုံတင်ခဲ့ရသည်။

ပြည်သူ့များအား ကူညီပါရေစေ - ဟူသော ဆိုင်းဘုတ်ကို ရဲစခန်းရုံးရှေ့တွင် ထောင်ထားပြီး ငွေကြေးချမ်းသာသူများထံမှ တန်စိုး လက်ဆောင်များယူကာ ဆင်းရဲသား ပြည်သူများအား ကိုယ်ထိ လက်ရောက် ညှဉ်းပမ်းနှိပ်စက်မူ ပြုလုပ်နေသော တောင်ကုတ်မြို့နယ်မှ အကျင့်ပျက် ရဲများကို အရေးယူ အပြစ်ပေးရန် ပြည်သူများက အထူးလိုလားနေကြောင်း သတင်းများ ရရှိသည်။ 

 မောင်ရမ္မာ-နိရဉ္စရာ
ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ Reviewed by သစ်ထူးလွင် on 09:33 Rating: 5

20 comments:

apexmyanmar said...

အရမ်းတော့ရိုင်းသွားပြီ..ရဲဆိုရင်ဘယ်ရဲမှမကောင်းတော့ဘူးကြားလိုက်ရတဲ့သတင်းကရဲမကောင်းတာကပိုများနေတယ်...အရေးယူပေးပါ..ရာထူးရှိတယ်ဆို ပြီးလက်ပေးလက်ယူလုပ်တာတော့မကောင်းပါဘူး...ဖြုတ်ပစ်သင့်ပါတယ်

Shwe Mg said...

နိုင်ငံမှာ...တပ်မတော်သားက စည်းကမ်းရှိတယ်..အမိန့်လိုက်နာတယ်...အထက်ကအမိန့်ပေးတဲ့လူသာ..မှန်ကန်ရင်...တိုင်းပြည်အတွက်အကျိုးရှိတယ်...ရဲဆိုတဲံ့သတ္တ၀ါက ပြည်သူတွေနဲ့အနီးဆုံးနေပြီး ပြည်သူတွေဆီကဘယ်လို ဂုတ်သွေးစုတ်လိုက်ရင်..ဘယ်လိုရမယ်ဆိုတာကောင်းကောင်းသိနေတဲ့..အကျင့်ပျက်ဆုံး...နိုင့်ငံဝန်ထမ်းပဲ...အရင်ကလည်းပျက်တယ်..အခုလည်းပျက်တယ်..မပြင်နိုင်ရင်...နောက်လည်းပျက်မယ့်သဘောရှိတယ်...ရဲလောကကို...အသစ်ပြန်ဖွဲ့စည်းနိုင်ရင်တော့ အကောင်းဆုံးပဲ....

kyaw said...

အော်....တယ် ဇ ပျင်းတဲ့ မြန်မာ့ရဲပဲ။..အသိတရား မဲ့လိုက်ပုံကတော့....ယူနီဖောင်း ၀တ်ထားရင်...အဲ့လို အနိုင်ကျင့်လို့..ရလား?...အော်...ဟုတ်တော့ဟုတ်ပါတယ်လေ.....ဒီရဲတပ်ဖွဲ့မှာ...လူမိုက်ရယ်..ဂျပိုးသူခိုးရယ်ပဲရှိတာ..မဟုတ်လား....ကိုလိုနီခေတ်လက်ကျန်..အမွေဆိုးတစ်ခုပေါ့...ပိုက်ဆံသာပေးလိုက်..ရဲဆိုတဲ့ကောင်တွေကို..ကြိုက်တာလုပ်ခိုင်းလို့ရတယ်...........ရဲကျင့်ရဲကြံ...မကြံနဲ့လို့တောင်ဆိုရိုးစကားရှိတယ်..မဟုတ်လား။

nagarashok said...

ပြည်သူ့ ရဲစခန်းရှေ့က ကူညီပါရစေ ဆိုတဲ့ဆောင်ပုဒ်ကိုဖြုတ်ပြီး ရိုက်ပါရစေပြည်သူတို့ဆိုတဲ့ဆောင်ပုဒ်ကို ပြောင်းကပ်ပေးဖို့ကောင်းပါပြီ။

သာလှ said...

ရဲတွေဘာဖြစ်နေကြလဲမသိတော့ဘူး

luck said...

အခုတလောရဲတပ်ဖွဲ့တွေရဲ့ ပြည်သူအပေါ်ထားတဲ့စေတနာတွေကို တော်တော် တွေ့နေရပါတယ်... နှိပ်စက်ပြန်ပြီ ၊ ရပ်ကွက်ထဲဝင်ရိုက်ပြန်ပြီ၊ ဘယ်မှာဘာလုပ်လိုက်ပြန်ပြီနဲ့... အစိုးရသစ်ယန္တရားမှာ ပါဝင်လှုပ်ရှားနေကြတဲ့လူကြီးမင်းများကလည်းဘာသတင်းကိုမှ ပြည်သူလူထုကိုသေချာရှင်းမပြကြဘူးအဲဒီလိုသာဆိုတော့ တော်တော်ရင်လေးစရာကောင်းနေပြီ... အမှန်တကယ်ဖြစ် သင့်တာက ပြည်သူလူထုက တိုင်တာဘဲဖြစ်ဖြစ် ၊ မကျေနပ်တာတစ်ခုခုဖြစ်လာပြီ ဆိုရင် နိုင်ငံတော်အဆင့်လူကြီးမင်းများက ရှင်းပြစရာမလိုသေးပါဘူး..ဖြစ်ပွားတဲ့မြို့နယ်က အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆိုင်ရာ လူကြီးမင်းများက အရင်အားလုံးသိအောင် ထုတ်ပြန်ရှင်းပြသင့်ပါတယ်.. ပွင့်လင်းမြင်သာမှုရဲ့ ပထမအဆင့်ပေါ့.. အဲဒါမှ မရှင်းနိုင်ခဲ့ဘူးဆိုရင် တစ်ဆင့်ပြီးတစ်ဆင့်တာဝန်ယူရှင်းပြရပါလိမ့်မယ်.. ဒါမှ သာ အမှန်တရားကို ပြည်သူအားလုံးသိရှိပြီး မှားတယ်မှန်တယ် ခွဲခြားနိုင်ပြီး ကောင်းမွန်သောအုပ်ချုပ်မှုဖြစ်ပါလိမ့်မယ်..အခုက ဖြစ်ပွားတယ်.. နောက်ဆက်တွဲ ဘာဖြစ်မှန်းလည်းမသိဘူး.. ဘယ်လိုအရေးယူသလဲမသိရဘူး.. အမှန်တကယ်ဖြစ်ပွားတာလားဆိုတာလဲ မသိကြရဘူး. အင်တာနက်မှာပါတဲ့ သတင်းဘဲဆိုပြီး ဒီအတိုင်းနေကြတာလားမသိဘူး..
ပွင့်လင်းတဲ့အစိုးရဖြစ်အောင်လုပ်ဆောင်နိုင်ကြပါစေလို့ ဘဲဆု တောင်းပါတယ်...မြန်မာပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါးအားလုံး ချမ်းသာကြပါစေ

yuya mon said...

ပြည်သူ.ကိုကာကွယ်စောက်ရှောက်ဖို.ခန်.ထားတဲ.ပြည်သူ.ရဲ ဆိုရင်ပြည်သူ.ကိုကာကွယ်ရမှာပါ။ ဘာလို.ပြည်သူ.ကိုအနိုင်ကျင်.ရတာလဲ။ရဲလဲပြည်သူ၊ပြည်သူလဲရဲပါ၊ vip လဲလူ ပြည်သူလဲလူပါ၊နေပြည်တော်လဲမြို. ၊ငါတို.နေတာလဲမြို.ပါဘဲ

zay said...

ဆိုင်းဘုတ် ပြောင်းလိုက်ပြီ ‘ရိုက်နက်ပါရစေ' လို့။

Unknown said...

ရဲကို ရဲကပြန်ဖမ်းသင့်ပြီနော်

thida said...

ကြားရတာစိတ်ပျတ်စရာပါလားးးးမြန်မာနိုင်ငံရယ်....

chitthu said...

ကူညီပါရစေ (ဒုတ်ခရောက်ဖို့) မဖြစ်စေရန် အရေးကြီးပါသည်။ သို့သော်လည်း ကျဆင်းလာသော အရည်အသွေးများ (၀န်ကြီးမှ အောက်ဆုံးအဆင့်အထိ) ကြောင့် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှု၊ အကျင့်စာရိတကောင်းမွန်မှု၊ အရည်အချင်းပြည့်ဝမှုများနှင့် ကိုက်ညီသော ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးဆောင်မည့် နိုင်ငံဝန်ထမ်းများ ခန့်ထားရန်မှာ လွန်စွာခက်ခဲနေသည်ကို ခွင့်လွှတ်နားလည်ပေးပါ။ ဥပမာ အသက် ၁၆ နှစ် ဆယ်တန်းအောင်၊ ၁၇ နှစ် စစ်တကသိုလ်တက်၊ ၂၀ အရာရှိဖြစ်၊ ဘယ်မှာ ရင့်ကျက်မှုရှိနိုင်မလဲ။ နိုင်ငံတကာက အပြင် ပြည်တွင်းမှာလည်း ပြောနေသည်မှာ ကလေးဗိုလ်များတည်း။

myomin said...

တာဝန်ချိန်တွင်အရက်သေစာသောက်စားပြီးဆောင်ရွက်လျင်မှန်ကန်မူမရှိနိုင်သဖြင့်လူကြီးများအထူးကြပ်မတ်ထားသည်။ရာထူးမှရပ်ဆိုင်းထားသင့်ပါတယ်၊

Han Thar Wa Di Tharr said...

ကိုသစ်ထူးရေ ပြည်သူ့ ငရဲ၊ ယောင်လို့ ပြည်သူ့  ရဲတွေရဲ့ ကောင်းကွက် လေးတွေ ရှိရင်တင်ပေးပါ ခင်ဗျာ၊ ကြံဖန် လေးစားကြည့် မလို့  ပါ။

ဖိုးဖိုးကြီး said...

တယ်-လက်သံပြောင်ပါလား။ မတရားနှိပ်စက်ရင်တော့ နှိပ်စက်တဲ့ ဒီ ရဲဘော်
ကို ထိထိရောက်ရောက်အရေးယူသင့်ပါတယ်။

TUNTUN said...

မင်းတို့ မိုက်မဲမှုတွေ ပေးဆပ်ရတော့ မယ်...အတုံအလှည့် ...ဆိုတာ...တစ်ဖန်ပြန်လိုက်မယ်..police တို့ရယ်...မင်းတို့ကိုပြည်သူတွေက ထမင်းကျွှေးထားတယ်ဆိုတာ..မေ့နေပြီလား..

Phatty Lay said...

ကြိုးတုပ်ပြီး အရိုက်ခံရတယ်။ ပြီးတော့ ဦးခေါင်းကွဲသွားပြီး သွေးတွေ စီးကျလာတဲ့ အတွက် ခေါင်းမူးပြီး သတိမေ့လု မတတ် ဖြစ်နေတဲ့လူတယောက်က စခန်းအပြင်ဘက်ရောက်အောင် ပြေးနိုင်သေးတယ်ဆိုတော့ နည်းနည်းလေးတော့လွဲနေသလိုပဲနော်။

Unknown said...

ကူညီပ၇စေဆိုင်းဘုတ်ကြီးတပ်ပြီပြည်သူတွေနှိပ်တာ၇ိုင်းပြလွန်းတွှံစော်ကာမှူ့ပါဘဲ

Aung Soe Oo said...

ရဲဆိုတဲ့သူတောင်းစားတွေဘယ်ကောင်မှမကောင်းဘူး ခွေသူတောင်းစားတွေ..

mayhtat said...

အဲ့ဒီလိုရဲမျိုးမြန်မာတပြည်လုံးမှာရှိပါတယ်..
သူတို့ကိုသင်တန်းတက်ကတည်းကနိုင်ငံတော်ကအဲ့လိုမကောင်းတဲ့
အကျင့်တွေသင်ပေးလိုက်သလားထင်ရတယ်..
ရဲဆိုတာနဲ့တင်အဲ့လိုအတန်းစား(အောက်တန်းစား)ကြီးဖြစ်ဖြစ်နေတယ်..
မြန်မာတပြည်လုံးမှာပါဘဲ....

mayhtat said...

ရဲဆိုတာမြန်မာပြည်တပြည်လုံးဒီလိုအကျင့်တွေကြီးပါဘဲ..
သူတို့သင်တန်းတက်ကတည်းကနိုင်ငံတော်ကဒီလိုအကျင့်မွေးပေးခဲ့တာဖြစ်မှာ.
ဘာလို့လည်းဆိုတော့အဲ့လိုအကျင့်ဆိုးရှိမှနိုင်ငံတော်ကလည်းခုတုံးလုပ်လို့ရ
မှာလေ

Powered by Blogger.