ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည်

သျှမ်းပြည်သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ အတွင်း တောင်ပိုင်း ဝ ထိန်းချုပ်နယ်မြေ နောင်ဝဲန်းကျေးရွာ အား မြို့အဆင့် တိုးမြင့်ရန် တောင်ပိုင်း ဝ ပြင်ဆင်နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောပါသည်။
ဝ တပ်ဖွဲ့စစ်သမီးများ
ဝ တပ်ဖွဲ့စစ်သမီးများ

“မေလဆန်းကတည်းက မြို့ဧရိယာအတွက်မြေစညှိလာတယ်။ ဖို့တဲ့နေရာကဖို့၊ ရှင်းတဲ့နေရာကရှင်းပေါ့။ မြေထိုးစက်  ၁၀ ဂဏန်းနဲ့ လမ်းဖေါက်တယ်။ မြေညှိတယ်။ ပြီးရင် မြေကွက်ရိုက်တယ်။ လမ်းလဲ နှစ်လမ်းသွားပုံစံကိုလုပ် ထားတာ” - ဟု ပုံပါကျင် မြို့ခံတဦး က ပြောပါသည်။

သျှမ်းပြည်အရှေ့တောင်ပိုင်း သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ ထိုင်းနယ်ခြားဂိတ် BP.1 တောင် ဘက် နောင်ဝဲန်းကျေးရွာအား မြို့အဆင့် အိမ်ခြေနှင့် ဆိုင်ခန်းများတိုးချဲ့ရန် တောင်ပိုင်း ဝ တပ်ဖွဲ့ အာဏာပိုင်တို့က မေလ ဆန်းပိုင်းမှစ၍ စတင်အကောင်အထည်ဖေါ်လာကြောင်း၊ ထိုင်းနယ်စပ်အနီး၌ နှစ်ထပ်တိုက်ခန်းများ ဆောက် လုပ်ပြီး အပေါ်ထပ်၌ခရီးသွားများတည်းခိုနိုင်ရန်၊ အောက်ထပ်မှာမူ ထိုင်းကုန်စည်များသိုလှောင်ရောင်းချရန် ဆိုင်ခန်း များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဝ တပ်ဖွဲ့ နှင့် နီးစပ်သူတဦးက ပြောပါသည်။

“မြို့အဆင့်တိုးချဲ့နေတာက ကျနော်ကြားသိရသလောက်ဆို ဝ က သူတို့အစီအစဉ်နဲ့ပဲလုပ်သွားတာ၊ ပြည်ထောင်စု အစိုး ရ၊ သျှမ်းပြည်အစိုးရ နဲ့ ပတ်သက်တယ်လို့မကြားဘူး၊ အခုအခြေအနေရအဆို နယ်ခြားဂိတ်လဲ သူတို့ဟာ သူတို့ ဘဲ ဖွင့်မယ်ထင်တာဘဲ” - ဟု အမည်မဖေါ်လိုသည့် နိုင်ငံရေးပါတီ အသိုင်းအဝိုင်းတဦးကပြောပါသည်။

ဝ အရာရှိတဦးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ထိုင်းနယ်စပ် ချင်းမိုင်ခရိုင် ချင်းဒေါဝ်းမြို့နယ် မိုင်းန ကျေးရွာအုပ်စု မျက်နှာချင်းဆိုင် နောင်ဝဲန်းမြို့ တိုးချဲ့ရေးစီမံကိန်းအား လာမည့် ၂၀၁၅ ၌ မြို့အဆင့်နှင့်ညီမျှသည့်လူဦးရေ နှင့် အိုးအိမ်များ နေရာအပြီး ချသွားမည်ဟုလည်း ဆိုသည်။

အဆိုပါ တောင်ပိုင်း ဝ တပ်ဖွဲ့ မြို့ပြ စီမံကိန်းအား ၀ တပ်ဖွဲ့၏  ရပ်ရွာအုပ်ချုပ်ရေးမှူး ဦးယန်ချောဝ်ချင်မှ ဦးဆောင်၍ နောင်ဝဲန်း နည်းတူ ဟွေ့အော့်ကျေးရွာ (ဟွေ့အော့်ကျေးရွာအုပ်စု၊ ပုံပါကျင်မြို့နယ်ခွဲ၊ မိုင်းတုံမြို့နယ်) အားလည်း မတ်ခ်ျလမှစ၍ မြို့ပြ စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖေါ်လာပါသည်ဟု ဆိုသည်။ (ဆက်စပ်သတင်းဟောင်း http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3088--bp-1-uwsa-.html)

တောင်ပိုင်း ဝ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ တပ်မဟာ ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်တွင် (တောင်ပိုင်း ဝ နယ် ၅ ခု တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၄၈ တို့ ဖြစ်၏။ တပ်မဟာတခုလျှင်  စစ်သည် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိ    ရှိ၏။  ထို့အပြင် လက်နက်ကိုင် ပြည်သူစစ်တပ်ဖွဲ့အားလည်း ၀ ရပ်ရွာတိုင်း၌ ဖွဲ့စည်း ထား ၏။

သျှမ်းသံတော်ဆင့်
ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည် ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည် Reviewed by သစ်ထူးလွင် on 06:06 Rating: 5

22 comments:

Anonymous said...

UWSA ထိန်းချုပ်ဒေသမှာနှစ်အတန်ကြာနေခဲ့ဖူးလို့ အားလုံးသိတာပေါ့ ဓါတ်ပုံထဲမှာသေချာကြည့်ကြပါ တိုင်းရင်းသား ဝ တိုင်းရင်းသားလား တယုတ် တွေလားဆိုတာ အသားညိုညို အကောင်သေးသေးတွေဟာ ဝ တိုင်းရင်းသားတွေပါ အထက်ပိုင်းခေါင်းဆောင်သူတွေအားလုံးဟာ တယုတ်တွေသာဖြစ်ပါတယ် ဒေသခံတိုင်းရင်းသားတွေကို ခုတုံးလုပ်ပြီး ခေတ်သစ် နယ်ချဲ့နည်းတွေလုပ်နေပါတယ် နယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးလုပ်ငန်းတွေလုပ် ရတဲ့ငွေနဲ့ ခေတ်မှီလက်နက်တွေဝယ် လူအင်အား နယ်မြေတိုးချဲ့မှု့တွေဆက်တိုက်လုပ်နေကြတယ် အချိန်တန်ရင် အကြောင်းရှာပြီး ပြည်ထောင်စုမှ နယ်မြေခွဲထွက်ဖို့ နောက်တဆင့်လုပ်လာတော့မယ်
မြန်မာပြည်သန်းခေါင်းစာရင်း ပြန်လည်ကောက်ယူချိန်နဲ့ အချိန်ကိုက် တယုတ်တို့မြန်မာပြည်ထဲ တရားဝင် နေထိုင်အခြေချနိင်ဖို့ပြင်ဆင်နေကြပါပြီ တလောကပဲ သူတို့တွေလူဦးရေအမြန်တိုးပွါးအောင် စုံတွဲပေါင်းရာနဲ့ချီပြီး လက်ထပ်ပွဲတွေကျင်းပခဲ့ပါတယ် ဒါကြောင့် မြန်မာပြည်ထဲမွေးတိုင်း မြန်မာနိုင်ငံသားဖြစ်ခွင့်ပေးလို့မရတော့ပါဘူး

မနေနိုင်သူ said...

ဝ အမျိုးသမီးတွေတောင် စစ်မှုထမ်းနေကြပြီ။
ဒို့ဗမာအမျိုးသမီးတွေလည်း စစ်မှုထမ်းကြဖို့ အချိန်တန်ပြီနော်။

မနေနိုင်သူ said...

ဝတိုင်းရင်းသူ အမျိုးသမီးတွေတောင် စစ်မှုထမ်းနေကြပြီနော်။
ဒို့ဗမာအမျိုးသမီးတွေလည်း အားလုံးစစ်မှုထမ်းကြဖို့အချိန်တန်ကြပြီနော်။

pyaponthu said...

ဝအမည်ခံထားတဲ့တရုတ်တွေဖြစ်မယ်။တရုတ်တွေ၂ပေါက်တပေါက်ရိုက်ပြီးပေါ်တင်နယ်ချဲ့တယ်လို့ထင်တယ်။ဦးထုပ်တွေကတရုတ်စစ်တပ်ကအတိုင်းဘဲ။အစိုးရကသေချာလေ့လာစီစစ်သင့်တယ်

Anonymous said...

တိုင်းရင်းသားပြည်သူစစ်စစ်ကျတော. သဟောက်သဟန်းနဲ.။
ဒါကိုကျတော.ဘာပြောမလဲ။ ဘောင်းဘီဝတ်တွေရေ.။

Youth said...

မြန်မာပြည်မှာရှိတဲ့သယံဇာတတွေလည်းတရုတ်ယူလို့ ကုန်ပြီ။ ဒါတင်အားမရသေးဘူး မြန်မာပြည်ကိုပါသိမ်းဖို့ ကြံနေပြီထင်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီ ၀ဒေသကိုသတိကြီးကြီးထားသင့်ပါသည်။

kopar said...

ဘယ်တော့မှတရုတ်တွေကိုနေရာမပေးရဘူး၊ဗမာတွေရဲ့အမျုီူးသားရေးစိတ်ဓါတ်နှင့်တော်လှန်ရမယ်

aungkotun said...

ကိုဖိုးထောင် ပြောတာ သိပ်မှန် ပါတယ် ။ ၁၉၆၈ ခုနှစ် ဗကပ တွေ ပဲခူး ရိုးမ ကနေ ဆုတ်လာ ခဲ့ပြီး ရှမ်း/မြောက် ကိုခြေကုတ်ယူခဲ့စဉ် က ၀ပြည်နယ် စစ်စစ်ပါ ။ တရုတ် ကွန်မြူနစ် အကူအညီ ယူရင်း ၀ လူမျိုးတွေ ကို ကိုးကန်.လူမျိုးတွေ က အပိုင်သိမ်း လိုက်သလို ဖြစ်သွားတာပါပဲ ။ အခုတော့ တောင်ပိုင်း အထိ နယ်ချဲ.လာပြီ လို.ပြောရမှာပေါ့ ဗျာ --။ ၁၉၈၈ ခုနှစ် မတိုင်ခင်အထိ မြန်မာနိုင်ငံ မှာ ၃၁၄ မြို.နယ်ရှိ ပြီး ဗကပ သိမ်းထားတဲ့ ၆ မြို.နယ် ( မန်မန်.ဆန်၊ မန်ဖန်.။ကုန်ုကန် ၊ နားဖန် ၊ပန်.ယန်း ၊ ပန်ဝိုင် ) တွေမှာ အစိုးရရုံး ဖွင့်လှစ် နိုင်ခြင်း မရှိခဲ့ပါဘူး ။

no said...

ု အေးေ ကာင်းတာပေါ့

Unknown said...

ဝ လား တယုတ်လား ဆိုတာ ကွဲကွဲပြားပြားမသိပါ..ဒါပေမဲ့ ကိုဖိုးထောင်ရဲ့ အမြင်ကိုထောက်ကို ထောက်ခံပါတယ်..

Myo Aung said...

အော်ဒို့ဗမာ လူမျိုးကြီးစိတ်မွေးတဲ့သူတွေ၊ အတိတ်ကာလကတော့ အယုဒ္ဒယမြို့ကို ၀ါးရင်းတုတ်နဲ့ တက်ရိုက်ခဲ့တယ်ဆိုပါလား။ အခုတော့လည်း ကိုယ့်မြေကိုကျူးကျော်လာတဲ့ ၀ တွေကို သိသိနဲ့ လက်ပိုက်ကြည့်နေကြပါလား။ ရဲစွမ်းသတ္တိ ပြည့်စုံတဲ့ ကိုရွှေစစ်သားတွေ အရက်သောက်ပြီးဘုန်းကြီးဘဲ ရိုက်တတ်လား၊ ဒီလိုမျိုးဘိန်းမှောင်ခိုလုပ်စားတဲ့သူတွေကို တိုက်ပါလား။ လိုအပ်ရင် စစ်ထဲ့ဝင်အုံးမယ်။ ကိုယ့်တိုင်းရင်းသားတွေကိုကျတော့ အသေအလဲတိုက်နေတယ်။ ဘယ်ကောင်းပါ့မလည်း။ ကချင်ရှိနေလို့ အဲဒီဒေသကမြေကို တရုတ်မပိုင်တာ၊ ရခိုင်ရှိနေလို့ ကလားအ၀င်သက်သာတာ။ တိုင်းရင်းသားတွေက ဗမာပြည်မနဲ့စာရင် ဖွံ့ဖြိုးမှု့နည်းတဲ့အတွက် အမြင်ကျည်းတာ တော့ရှိပါတယ်၊ ဒါပေမဲ့ တိုင်းရင်းသားတွေက မြန်မာပြည်ရဲ့ ပထမတံတိုင်းပါ။ ၀ ၀င်လာနိုင်တာ ပထမတံတိုင်းကျိုးလို့ ဖြစ်တာ။ နိုင်ငံသားအချင်းချင်း သွေးမကွဲသင့်ပါဘူး။ သွေးကွဲနေရင် ကြားလူဝင်လာမယ်။

sirimingala said...

တရုတ်တွေကို သတိထားဖို့ မီးမောင်းထိုးပြလိုက်တာပဲ။

july said...

မှန်ပါတယ်။အခုခေတ်ကအမျိုးသားမှအမျိုးသမီးမှလို.ခွဲခြားဘို.မလိုအပ်တော.တဲ.အထဲမှာစစ်ပညာကိုအခြခံအဆင်.လောက်ဘဲဖြစ်ဖြစ်မဖြစ်မနေသင်ထားသင်.တယ်။ဖွဲ.ထားသင်.တယ်။ဥပဒေရဲ.အကာအကွယ်ပေးမှု.အောက်မှာမနေထိုင်ရတဲ.ကျေးရွာနဲ.နယ်စပ်ဒေသတွေမှာမိမိရဲ.ကိုယ်ခံပညာလောက်ကိုတော.အနည်းဆုံးသင်ယူထားသင်.တယ်။ရွာတွေမှာလပြည်.လကွယ်ဝတ်အသင်းလေးတွေထူထောင်ထားသလိုစစ်ပညာသင်တန်း ကိုယ်ခံပညာ မြန်မာ.ရိုးရာသိုင်းသင်တန်းလေးတွေပါတွဲပြီးသင်ပေးထားနိင်ရင်ရခိုင်ပြည်နယ် ရမ်းဗြဲရွာကမသီတာထွေးလိုအဖြစ်မျိုးလဲနည်းပါးသွားနိင်ပါတယ်။

youthmedia said...

ကိုယ့်တိုင်းပြည်ထဲ ၀င်ေ၇ာက်ကျူးကျော်တပ်စွဲထားတဲ့  တ၇ုပ်တပ်တွေပါ အ
အဲဒီတပ်တွေ တိုးချဲ့ လာတာ မြန်မာပြည်နောင်ေ၇းအတွက် လုံးဝ မကောင်းပါဘူး တ၇ုပ်လက်ကိုင်တုတ် ၀ တပ်ဖွဲ့ တွေပါ ပြောတော့  အမိမြေ
ကို တစ်လက်မ မှ အကျူးကျော်မခံဘူးဆိုပဲ တစ်လက်မ အကျူးကျော်မခံ
ပေမယ့် ၁ မိုင်လောက် ကျူးကျော်၇င် ခံ တဲ့ မြန်မာ တပ်မတော်လား

Anonymous said...

တရုတ် ယူနီဖောင်းချွတ်တွေ...

Anonymous said...

ဝ ဆိုတိုင်းလူပါးမ၀ကြနဲ့ပေါ့။
ခုမှတိုင်းပြည်ကပွင့်လင်းလာတာ တိုင်းပြည်တိုးတက်အောင်ပူးပေါင်းဆောင်ရွက်ပါအုန်း။

Anonymous said...

ဝ ဆိုတိုင်းလူပါးမ၀ကြနဲ့ပေါ့။
ခုမှတိုင်းပြည်ကပွင့်လင်းလာတာ တိုင်းပြည်တိုးတက်အောင်ပူးပေါင်းဆောင်ရွက်ပါအုန်း။

Maunglusoe said...

တကယ် ၀ လူမျိုးတွေဟာ ရိုးသားပြိးဆင်းရဲကြပါတယ်
အထက်ပိုင်းကလူတွေက တရုတ်တွေပါ
ဝတွေက တရုတ်ပြည်က လူတွေလာစိုက်ထားတဲရာဘာစိုက်ခင်းတွေကိုကြည့်၇ှုစောင့်ေ၇ှာင့်ရပြိးတလလျှင်တရုတ်ငွေ၇၅ကျပ်ခန့် သာရ၇ှိပါတယ်
တကယ်တော့ဝ ဆို ပြိးတော့နာမ်မည်အတတ်ခံရတာပါ
ပန်ဆန်း မြို့ ကိုသွားကြည့်ပါ
မြို့ ပေါ်မှာတရုတ်တွေ ချည်းပါဘဲ

pyaponthu said...

တ၇ုတ်တွေဝအမည်ခံပြီးလုပ်နေတာ ထင်ရှားနေတာဘဲ

Anonymous said...

ဒါ ၀ တိုင်း ၀ပြည် ၀ ကာကွယ်မည် ............( ၀ = ငါ )

( ၀ လူမျိုးများ အသားညိုပါသည်။)( ငါတို.လူမျိုးဝ ကိုမဆိုလိုပါ။)
တိုင်းပြည်ချစ်ရင် ကိုယ်.လူမျိုးကိုယ် စောင်.ရှောက်ရမှာပါ။

ကောင်းစေချင်သူ said...

ငါတို့မြန်မာပြည်သူပြည်သားတွေစည်းကမ်းရှိပြီး အရည်အချင်းတွေရှိလာအောင်
သူများနိုင်ငံတွေလို စစ်မှုထမ်းသင့်တယ်ထင်တာပဲ ..

တန`င်္လာကိုကို said...

ဝစစ်စစ်လဲမဟုတ်ပါဘူး။ တယုတ်လိုရေးကြဖတ်ကြနဲ.ပါ။ ငါတို.နိုင်ငံလဲ
တိုင်းပြည်ကာကွယ်မည်.တပ်မတော်ကြီးရှိတာတောင်ချော.ပြီးပညာပေးတာ
ချည်းလှည်.ခံနေရတယ်။ တပ်မတော်သားတွေမှာလည်းမွဲလိုက်တာ
တချို.ကတော.သနားစရာပါ။ စံစရာရှိတော.တိုင်းရင်းသားအတုဘိန်း၊
မူးယစ်မှောင်ခိုတွေကစံစားချမ်းသာနေကြတာ။ တာဝန်ရှိတဲ.သူတွေကလဲ
ငယ်ငယ်တုန်းကငတ်တလည်.ပြတ်တလှည်.နဲ.နေခဲ.ရပြီးခုမှမစားဖူး
တော.တိုင်းပြည်၊တပ်သားနဲ.ပြည်သူတွက်ကိုမကြည်.တော.ဘူး။
စစ်မှုထမ်းခိုင်းလျှင်ခေါ်လိုက်ကျွန်တော်လိုက်မယ်။
ဒီကောင်တွေကစီမံကိန်းနဲ.ရည်ရွယ်ချက်ရှိရှိလုပ်နေတာ။
စစ်တပ်ကကြောင်တောင်တောင်လုပ်နေတယုတ်ကတစ်ဖက်လှည်.နဲ.
ဆော်တာခံချင်လို.။
တိုင်းရင်းသားဝစစ်စစ်ကိုကျွန်တော်တို.တန်းတူအခွင်.အရေးပေးရမှာပါ။
သူတို.ကလဲတိုင်းရင်းသားစစ်စစ်တာဝန်ကိုယူရမှာပါ။

Powered by Blogger.