အသက် ၆၀ အရွယ် အမျိုးသမီးကို တပ်သားက အဓမ္မပြုရန်ကြိုးစား

ဆီဆိုင်၊ မေလ ၃၀၊ ၂၀၁၂ ၊ (YPI)

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ပါတ်ကျေးရွာမှ အသက်(၆၀)နှစ် အမျိုးသမီး တစ်ဦးကို မေလ ၂၂ရက်နေ့တွင် ဆီဆိုင်မြို့ မြေခံတပ်ရင်း ခမရ ၄၂၄ တပ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။

ယခုလလ ၂၂ ရက်နေ့ ညနေ ၄း၃၀ နာရီက အသက် ၆၀ အရွယ်ရှိအမျိုးသမီးသည် ရွာနဘေး  ခြံကွက်တွင် အလုပ်လုပ်နေချိန် ခမရ ၄၂၄ မှ တပ်သား ထန်မြတ်ခိုင် အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်ဟု ပြုကျင့်ခံရသူက YPI သို့ပြောသည်။

၎င်းက “အဖွားကိုရေချိုးလို့ရတဲ့ နေရာကို မေးတယ် ပြီးတော့ စစ်သားက ဆင်းသွားလိုက်တယ်၊  အဖွားကသူသွားပြီထင်တာ၊  ထင်လဲမထင်ထားဘူး အလုပ်ပဲဆက်လုပ်တယ် ခဏတော့ ဆတ်ခနဲ အဖွားအနောက်ဘက်ကနေ ဖက်ပြီး တွန်းလှဲတယ်” ဟု ၎င်းက အဖြစ်အပျက်ကို ပြန်ပြောပြသည်။

“အဖွားက အရမ်းကြောက်တော့ နပန်းလုံးတာ ဘယ်လောက်ကြာတာတောင်မသိတော့ဘူး အဖွားက မှောက်လျက် စစ်သားက အပေါ်က၊ သူ့ရဲ့ငယ်ပါကို အဖွားက ဆွဲပြီးညှစ်တယ် ပြီးတော့ သူက လွယ်အိတ်ထဲကနေ ဓါးထုတ်ပြီး  အပေါ်ကနေ အဖွားကိုထိုးချတယ်” ဟု၎င်းအမျိုးသမီးက ဆက်လက်ပြောပြသည်။

ယင်း တပ်သားမှာ အမျိုးသမီး၏ နဖူးမှ သွေးထွက်သွားခါမှ ထွက်ပြေးသွားသည် ဟု ၎င်းကပြောပြသည်။   ခေါင်းတွင်သွေးထွက်လျှက်အိမ်ပြန်ပြီး ဖြစ်စဉ်ကို သားသမီးများအား ပြောပြသည့်အခါတွင် ရွာသူကြီးနှင့် တခြားတပ်သားများက ထန်မြတ်ခိုင်ကို လိုက်လံဖမ်းဆီးရာ ၎င်းက ဓါးဖြင့်ပြန်လည်ခုခံခဲ့သည်ဟု သိရသည်။

ကျူးလွန်သူဟု ယူဆသူ ထန်မြတ်ခိုင်မှာ မလွတ်မြောက်နိုင်တော့မှန်းသိသဖြင့် မိမိကိုယ်ကိုဓားဖြင့် ဟန်ဆောင်ထိုးပြီး ပစ်လဲသည့်နောက်တွင် ဖမ်းဆီးနိုင်ခဲ့သည် ဟုရွာသားများကပြောသည်။

အနိုင်ကျင့်ခံရသူအမျိုးသမီးအား ရွာသားများကဆီဆိုင်မြို့ပြည့်သူ့ဆေးရုံသို့ ညနေ ၇း၀၀ နာရီခန့်တွင် ပို့ဆောင်ပေးခဲ့သည်။ တပ်သား ထန်မြတ်ခိုင်ကိုလည်း ရွာသားများက ဆီဆိုင်မြို့ပြည်သူ့ဆေးရုံကိုပို့ရာ နောက်နေ့နက်တွင် တပ်ရင်းက ပြန်လည်ခေါ်ဆောင်သွားပြီး  ယခုအောင်ပန်း ကုတင် ခုနှစ်ရာ ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည်ဟု သိရသည်။

ကာယကံရှင်အမျိုးသမီးက ယခုအဖြစ်အပျက်ကို ဆီဆိုင်မြို့နယ် ပြည်နယ်လွတ်တော်အမတ် ဦးခွန်လှသိန်းတို့ကိုတိုင်ကြားထားသည်ဟု YPI သို့ပြောသည်။ စစ်တပ်မှ ဆေးကုသစရိတ် ကျပ်ငွေတစ်သိန်းခွဲပေးသည်ဟုသိရသည်။

“ အဖွားလည်း တရားမရင်ဆိုင်တော့ပါဘူး ရင်ဆိုင်ရင် ငွေလည်းမရှိဘူး အလုပ်လည်းပျက်အုံးမယ် အဲတော့ရှေ့ရေးအတွက်တွေးပြီး ဒီလိုပဲကျေအေးပေးရတယ်” ဟု၎င်းက ပြောသည်။

နောင်ပတ်ကျေးရွာသည် ဆီဆိုင်မြို့မှ ငါးမိုင်ခန့်တွင်ကွာဝေးသည်။ အမဲရောင် နယ်မြေဖြစ်၍ စစ်တပ် သွားလာလှုပ်ရှားမှု အမြဲရှိသည့် ကျေးရွာတရွာဖြစ်သည်။       ။
by Yangon Press International

အသက် ၆၀ အရွယ် အမျိုးသမီးကို တပ်သားက အဓမ္မပြုရန်ကြိုးစား အသက် ၆၀ အရွယ် အမျိုးသမီးကို တပ်သားက အဓမ္မပြုရန်ကြိုးစား Reviewed by သစ်ထူးလွင် on 15:10 Rating: 5

12 comments:

Yipnoe said...

တိုင်းရင်းသားတွေ ဒီလိုဇတ်လမ်းမျိုး၊ ဒီထက်ဆိုးတဲ့ ဇါတ်လမ်းမျိုး ကြုံလာခဲ့တာ နှစ်ပေါင်း 60 ကျော်ပါပြီ။ ဒီသတင်းတင်ပေးတဲ့ YPI နဲ့ သစ်ထူးလွင်ကို အထူးကျေးဇူးတင်ရှိပါတယ်။

အောင်သက်ဦး said...

အဖွားအိုတောင်မချန်ပါလားတော်တော်ငတ်နေလားမသိဘူး။

koko said...

ဟဲဟဲ တပ်မတော်သားတွေ ဇွတ်ကြီး အင်အားပြနေပါလား အားကိုးထိုက်တယ်နော် ဒါကြောင့် သီချင်းရှိတာကို တပ်မတော်ကြီးကို အင်အားရှိဖို့အရာရာမှာ ကူညီဆိုတာ ဒါအတွက်လားမသိ

Anonymous said...

ဟာာားးးးးးးး....ဒိလောက်အသက်ကြီးနေတဲ့အမျိုးသမီးကို တောင်မရှောင်
နိုင်တော့လောက်အောင် ရွစိထိုးရလားဟ.....( တစ်ကယ်အဲ့အကြံအစည်ရှိခဲ့ရင် ပြောပါတယ်) ... ဖြစ်လိုက်ရင် တပ်ကဟာတွေချည်းပဲ.......

babyguy said...

ဘယ်လိုတွေဖြစ်ကုန်ကြပီလဲ...လူမှဟုတ်ဟုတ်ပါ့မလားကွာ...
မင်းတို့ကတော့ကိုယ့်အဖွားအရွယ်ကို...

စိုင်းမြတ်ဦး said...

ထန်မြတ်ခိုင် မင်းစိတ်ရောရှိသေးရလား....စစ်တပ်မှလူကြီးမင်းတို့ရေ ဒီကောင်ရဲ့ငယ်ပါကိုသာဖြတ်ပြီး အပြစ်ပေးလိုက်ပါဗျာ...သတ်မပြစ်နဲ သတ်လိုက်ရင် တခါပဲနာပါ ဖြတ်တာပြစ်လိုက်ပါ...

ပြည်သား said...

တော်တော်မိုက်၇ိုင်းတဲ့ကောင်။

Anonymous said...

သေဒါဏ်ပါပဲ

Unknown said...

ဒိဖြစ်ရပ်တွေ ကိုကြည့်ရင် စစ်အသုံးစရိတ် ဘတ်ဂျက်ထဲမှာ လက်နှက်ဝယ်
ယုံနဲ့တင်မလုံလောက်ဘူး။ အောက်ခြေတပ်ရင်းတပ်ဖွဲ့(အခြားအဆင့်တွေ)အတွက် ဆောင်ရွက်ပေးမှုမရှိတော့လို့လေ။စီမံခန့်ခွဲမှုနဲ့ပတ်သက်တယ် .ဟိုတချိန်တုန်းကတပ်တွင်းမှာစိတ်အပန်းဖြေမှုအတွက်အစီအစဉ်တွေရှိ
တယ် ။စီစဉ်ပေးတယ် ။မိဘနဲ့သားသမီးသဖွယ် မျှမျှတတ အုပ်ချုပ်တယ် ။အောက်ခြေလိုအပ်ချက်အတွက် အဆင့်လိုက်တာဝန်ပေးပြီး အခြားလူမှုရေး
လုပ်ငန်းတွေကိုဘာကြည့်ရှုတယ် ။၈၈ နောက်ပိုင်းအထက်ဖားအောက်ဖိ ၂၄ နာရီဂျူတီချ ၊ထင်သလိုခိုင်း စားဖို့မလုံလောက် မိသားစုက မသေယုံတ
မယ်စားနေရတယ်။အပေါ်ကလူတွေကဖွဲ့စည်းပုံတွေတိုးချဲ့ အောက်မှာကလူမရှိ တပ်အသစ်တွေချဲပ လယ်တွေသိမ်း ၊ပြည်သူကချဉ် ၊တပ်မတော်သားကို လင်လုပ်လိုသူနဲရွာတွေမှာလည်းပျိုတိုင်းကြိုက်တဲ့နှင်းဆီးခိုင်ဖြစ်ဘို့နေနေသာသာ စစ်သားဆိုရင်ကိုဂဂုမစိုက်ချင်တော့တာ။ တပ်သားသစ်တွေ အတွက် ထွက်ပေါက်မရှိ မိန်းမဆိုတာသူတို့အတွက်ဝေး။အဲ့တော့အရိုင်းစိတ်တွေဝင် ဘာကိုမှမရှောင်နိုင်တော့ဘူး၊ဥပဒေ ကိုချိုးဖောက် ။ဒီဖြစ်ရပ်ကိုကြည့်ရင် အသိစိတ်ပြန်ဝင်ချိန်မှာ နောင်တဆိုတာ၇ှိလို့ သူကိုယ်သူပြန်လုပ်တာ။ တပ်မတော်ကြီးပြန်လည်ပြီးကောင်းမွန်အောင်ဘာလုပ်မှာလဲ။စဉ်းစားပြီးပြီုးပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေချတော့၊တပ်မတော်ကထုတ် ထောင်ချတယ်ဆိုတာလွယ်တယ်။တရုတ်နဲ့ကုလားကြားနေရတဲ့ဗမာနိုင်ငံတပ်မတော်မှာ
တပ်သားတွေပျော်အောင်လုပ်ပေးရမှာ။ကလေးတွေမှာအပြစ်မဖြစ်အောင်စီစဉ်ရမယ်ဗခမင်းအောင်လှိုင်ရေကျဉ်တွေမဖြုန်းဘဲတပ်မတော်ပြုပြင်ပြောင်းလဲရေး၊ စိတ်ဓာတ်တွေကောင်းမွန်ရေး လုပ်ပေးပါ။

ဦးစားကြီး said...

မဟုတ်တာလုပ်တဲ့ကောင်ကို အပြစ်ပေးသင့်တယ်။

Anonymous said...

မောင်မောင်ထန်၊ မောင်မောင်ထန် ရောက်တဲ.နေရာမှာ ပြည်သူလူထုကို
စည်းရုံးရေးဆင်းတာလား? မျက်စေ.ကလဲမွဲသကိုး။

ကိုကို said...

အဘွားတရားပေါက်သွားမှာသေချာ တယ် ဘယ်နှယ့်လုပ်တဲ့လူက တော်တော် ရူးတဲ့လူဘဲ

Powered by Blogger.