မြန်အောင်မြို့ ကြံ့ခိုင်ရေးရုံးနှင့် ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲသည့် တရားခံအား ဖမ်းမိ

မေလ(၁၃)ရက်နေ့ က တရားခံ သန်းကိုဦး မြန်အောင်မြို့ ကြံ့ခိုင်ရေး ရုံးသို့
ဝင်ရောက် ဆောင်ရွက်ခဲ့ပုံများကို သရုပ်ပြ လိုက်လံပြသနေပုံ (ဓါတ်ပုံ-Myanmar News Now)
မြန်အောင်မြို့နယ် ကြံ့ခိုင်ရေး ရုံး တွင် ၂၀-၁၁-၂၀၁၁ ရက်နေ့ ပေါက်ကွဲမှု
ဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ရာ တရားခံအား မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ နှင့်
ပြည်သူများပူးပေါင်းကာ လိုက်လံစုံစမ်းဖော်ထုတ်ခဲ့ရာ တရားခံ သန်းကိုဦး 

အသက် ၂၂နှစ် အား ဖမ်းမိခဲ့ပါသည်။
 
မြန်အောင်မြို့ ကြံ့ခိုင်ရေးရုံး ဗုံးခွဲ ခဲ့သူမှာ ဟသာင်္တခရိုင်အုပ်ချုပ်ရေးမှုး ရုံး

 ဗုံးခွဲခဲ့သူနှင့်အတူတူပင်ဖြစ်ကြောင်း တရားခံ ကိုယ်တိုင် ဖော်ထုတ်ပြောကြား
ခဲ့ပါသည်။

ဟင်္သာတမြို့ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး မေလ(၁၃)ရက်နေ့ မှာ ဖမ်းဆီးခေါ်ဆောင်
လာတဲ့ တရားခံကို ဖောက်ခွဲရေးပစ္စည်းများ၊ သိမ်းဆည်းထားရာ နေရာတွေကို
 လိုက်လံပြသခိုင်းတယ်လို့သိရပါတယ်။

 
အပေါ်ပုံမှာ တရားခံ သန်းကိုဦး မြန်အောင်မြို့ ကြံ့ခိုင်ရေး ရုံးသို့
ဝင်ရောက် ဆောင်ရွက်ခဲ့ပုံများကို သရုပ်ပြ လိုက်လံပြသနေပုံဖြစ်ပါသည်။

Myanmar News Now
မြန်အောင်မြို့ ကြံ့ခိုင်ရေးရုံးနှင့် ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲသည့် တရားခံအား ဖမ်းမိ မြန်အောင်မြို့ ကြံ့ခိုင်ရေးရုံးနှင့် ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲသည့် တရားခံအား ဖမ်းမိ Reviewed by သစ်ထူးလွင် on 16:54 Rating: 5

22 comments:

Myanmar man said...

ဗုံးခွဲသူအစစ်အမှန်ဆိုရင်မေးကြည့်လိုက်ပါ။ဘယ်သူကိုမကျေနပ်တာလည်းလို့။ ဘာလို့မကျေနပ်တဲ့သူကိုမလုပ်တာလည်းလို့။ပြည်သူထိတ်လန့်အောင်ထိခိုက်အောင်မလုပ်သင့်ပါ။ဖြစ်နိုင်လျှင်သေဒဏ်ပေးလိုက်ပါ။နောက်တစ်ခါထပ်ပြီး မလုပ်ရဲအောင်သေဒဏ်ပေးသင့်ပါသည်။

Dr Tin Win Aung said...

တရားခံဘယ်သူလဲ၊ဘယ်ကလဲ၊ဆက်လက်ဖော်ပြပေးပါ

zaw hlaing oo said...

တရားခံအစစ်ဆိုရင်တော့အိုကေပေါ့ မဟုတ်ခဲ့ရင်သာ

Toe Toe said...

မြန်မာရဲတွေမညံ့ပါဘူး၊မလုပ်ချင်လို့သာနေမယ်။လစာစားလောက်အောင်ပေးထား လို့ကတော့ ဒုစရိုက်သမားတွေပြေးစရာတောင်မြေမရှိလို့ ကျူးလွန်တဲ့သူမရှိဖြစ်ပြီး တရားသူကြီးနဲ့အကျဉ်းထောင်တချို့တောင်အလုပ်မရှိဖြစ်သွားအုံးမယ်။အဲ..မပေါ် ပေါ်အောင်တွေ့တဲ့သူရိုက်စစ်ပြီးဝန်ခံခိုင်းတာမျိုးတော့မလုပ်ကြဘို့လိုပါတယ်။ခု တော့မစားလောက်တာအကြောင်းပြပြီး ချမ်းသာချင်တဲ့စိတ်နဲ့မဟုတ်တာပေါင်းစား နေကြတာတော့ခက်တာပေါ့လေ။

taungpaigyi said...

အဲဒါဆို ဟသှတ မှာ ဗုံးခွဲတယ် ဆိုတဲ့ သံသယ နဲ့ ဖမ်းဆီးစစ်​​ဆေး​နေတဲ့ ဆက်သွယ်​ရေး ဝန်ထမ်း က သက်သက် အနာခံ ရတာ​ပေါ့၊​တော်လိုက်ကြတာ

Thurein said...

ကျနော် ကြံ့ခိုင်ရေးဘက်တော်သားမပာုတ်ပါဘူး။ ဒါပေမယ့် အဲလို အကြမ်းဖက်တာမျိုးကိုတော့ ဆန့်ကျင်ပါတယ်။ ဒီမိုကရေစီနည်းလမ်းနဲ့ပဲ သွားသင့်ပါတယ်။

ဆေးပညာနှင့်ပတ်သက်ပြီး သိလိုရာမေးမြန်းနိုင်ပါသည်။ www.academicmedicines.blogspot.com အကူအညီလိုသူများကို မျှဝေပေးပါခင်ဗျာ။

sanwai said...

အရမ်းငယ်သေးတယ်နော် ဘယ်အဖွဲ့အစည်းနဲ့ပတ်သက်လဲဆိုတာ
သိချင်ပါတယ်။ အသေးစိတ်သိရရင်တင်ပေးပါဦးနော်...။

Unknown said...

ကဲသမ္မတကြီး ဟင်္သာတမှာဗုံးခွဲတဲ့တရားခံကိုတော့ မိပြီ၊ ဗုံးခွဲတရားခံဆိုပြီး ဖမ်းထားတဲ့ ဟင်္သာတဆက်သွယ်ရေးက ၀န်ထမ်းကိုဘယ်တော့လွှတ်ပေးမှာလဲ၊ အဲဒီဝန်ထမ်းကို ဖမ်းထားစဉ် နှိပ်စက်ခဲ့တာတွေ၊ မိသားစုကို စိတ်ဆင်းရဲအောင်လုပ်ခဲ့တာတွေ၊ အဲဒိဝန်ထမ်းကို အလုပ်မှထုတ်ပယ်ခဲ့တာတွေကို ဘယ်လို လုပ်ပေးမှာလဲ။ ဘယ်လိုတာဝန်ယူမှာလဲ၊ အားလုံးစိတ်ဝင်စားနေကြတယ်၊
တရားခံမဟုတ်ဘဲနဲ့တရားခံပါဆိုပြီးဖမ်းခဲ့တဲ့ စောက်သုံးမကျတဲ့ရဲဝန်ထမ်းတွေ၊ အချုပ်ထဲမှာနှိပ်စက်ခဲ့တဲ့သူတွေကို ဘယ်လိုအပြစ်တွေပေးမှာလဲ၊ မသင်္ကာမှုနဲ့ဖမ်းထားတဲ့သူကို နှိပ်စက်ခွင့်မရှိဘူးဆိုတာ အားလုံးသိပါတယ်။ တရားခံမဟုတ်ဘဲနဲ့ နှစ်လနီးပါးဖမ်းထားတဲ့ ဆက်သွယ်ရေးက၀န်ထမ်းအတွက်နစ်နာခဲ့တာတွေအများကြီးပါ။ စောက်သုံးမကျတဲ့ အဲ့ဒိဟင်္သာတက ရဲ၊ “စ”သုံးလုံ၊ ရဲသတင်းတပ်ဖွဲ့က ၀န်ထမ်းတွေအကုန်လုံး မရှိသင့်တော့ပါ။ကဲသမ္မတကြီး ဘာဆက်လုပ်မှာလဲ။

minsoeaung said...

ရုံးကလူတွေကိုဒုက္ခပေးတာမဟုတ်ဘူးခလေးရ။
လက်သင့်ရာနေရာရပြီး ဘုမသိဘမသိနဲ့ကောင်ဆွေက
သာဒက္ခပေးတာပါ။မင်းအမှားကြီးမှားသွားဘီ။
ပေးတဲ့အပြစ်ရဲရဲကြီးခံလိုက်ပါတော့။

maungmin said...

သေဒဏ်ပေးသင့်တယ်... အလကားနေရင်း ငွေအတွက်နဲ့ ပြည်သူတွေကို အထိတ်တလန့် လုပ်တဲ့ကောင်တွေ..

koko said...

နဲနဲတော့ ရိုးသလိုပဲ....

ချစ်ဖူး said...

ဟုတ်ရဲ့လားဗျာ။

Papa said...

အတင်းနှိပ်စက်ပြီး ၀န်ခံခိုင်းတာတွေတော့ မဖြစ်ပါစေနဲ့။ ဒါမျိုးတွေက အတော်များခဲ့ပြီ။

မင်းရဲကျော်စွာ said...

ဒါနိုင်ငံရေးလုပ်တာလို့ပြောဦးမှာလား

ဘကျော်(မကွေးသား) said...

မှတ်ချက်၊၊ ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို အထက်ကစေခိုင်းရာမှာ အမှုမှန်ပေါ်ပေါက်ဖို့ထက် တရာယးခံတစ်ယောက်အပြစ်ဒဏ်ကျခံနိုင်အောင် အမှုစွဲတင် တရားစွနိုင်မှ တာဝန်ကျေတယ်လို့ယူဆတယ်၊ တရားခံ တရားရုံးမှာအမှုမှလွတ်သွားရင် အမှုကိုင်ရဲဝန်ထမ်းမှာ အနဲဆုံး ထုချေလွာတင်ရပါတယ်။ ဒါကြောင့်တရားခံဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မိထားသူတစ်ယောက်ကိုတော့ မရရတဲ့နည်းနဲ့ တရားစွဲဆို ထောင်ချပစ်လေ့ရှိတယ်၊
ဒီတော့တရားခံကိုဝန်မခံရင်ဝန်ခံအောင်နည်းမျိုးစုံသုံးပြီး နှိပ်စက်ညှင်းပမ်းတာမျိုးတွေရှိလာတာပါ။ ။


ဘကျော်

Myo1 said...

အတင်းကြီး ဝန်ခံခိုင်းရင်တော့ မကောင်းဘူးနော်..တကယ်မှန်ရင်ပြသာနာမဟုတ်ဘူး..

honey said...

မယုံပါလုံးဝကိုဒါဟာအကြံစည်တခုခုကြောင့်လား။
လိုက်မမှီနိုင်တဲ့ညစ်ပတ်မှုကိုပြည်သူတွေသိထားတယ်ဆိုရင်
ရပ်တန့်လိုက်ပါ။ဗုံးကိုဘယ်လိုပိုင်ဆိုင်မလဲ...
ဘာတွေဝန်ခံခိုင်းမှာလဲ..တခုခုသိနေသလိုပဲ...

မန်းကိုကို said...

အပေါ်က မှတ်ချက်အချို့မှာ ပြည်သူတွေထိတ်လန့်အောင် ထိခိုက်အောင်လုပ်သူမို့ သေဒဏ်ပေးဖို့ ပြောတာတွေ တွေ့ရပါတယ် ။ မြင်တာကတော့ ဒီလို သူတစ်ပါးအကြောင်း ဂဃနဏမသိပဲ ဒုက္ခရောက် စေချင်သူတွေနဲ့ အာဏာလက်ဝယ်ရှိသူတွေရဲ့ လူတွေအပေါ် ဒုက္ခပေးချင်တဲ့ စိတ်အခြေခံတွေဟာ မတိမ်းမယိမ်းပါပဲ ။ စနစ်မကောင်းလို့ လူမကောင်း ၊ လူမကောင်းလို့ စနစ်မကောင်းဆိုသလို ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်စဉ်ကြီးမှာ ကျနော်တို့တွေ မျောပါနေကြရတာပါ ။ ဒါတွေကို ပြန်မမြင်နိုင်ကြရင် ဒုံရင်းဒုံရင်း ဘဝကနေ တက်ဖို့မလွယ်ပါဘူး ။ ခုကိစ္စမှာ “တရားရေး”ဟာ “တရာရေး”ဆိုသလိုတောင် ဖြစ်သွားနိုင်ပါတယ် ။

“တရာရေး” ဆိုတာက တင်စားတာပါ ၊ အမှုအခင်းဖြစ်ရင် သက်သာဖို့ လွတ်ဖို့မှာ ဒေါ်လာတစ်ရာလောက် အနည်းဆုံးရှိမှ အဆင်ပြေပြီး ၊ ပြစ်ဒဏ်ကျဖို့ရာလည်း လူ ၁၀၀ လောက်ရဲ့အမြင်နဲ့ ပြီးပြတ်သွားရတာမျိုး ဖြစ်သွားနိုင်တယ်လို့ တင်စားတာပါ ။ တစ်နည်းအားဖြင့် ငွေများတရားနိုင် ၊ ဓါးစာခံရှာတဲ့အကျင့် ၊ မတရား စွပ်စွဲပြီး အပြစ်ပုံချတတ်တဲ့ အလေ့တွေ ရှေ့တန်းရောက်လာနိုင်တာကို ပြောတာပါ ။ အမှန်တော့ ဖြစ်လည်း ဖြစ်နေတာပါပဲ ။

ဥပဒေပညာရှင်မဟုတ်လို့ အသေးစိတ် မပြောနိုင်ပေမယ့် ၊ သေချာတာကတော့ ဥပဒေနဲ့ တရားစီရင်ရေး ကဏ္ဍတွေမှာ အခြေခံကျတဲ့ အယူအဆ(concept)တွေ ရှိကြပါတယ် ။ သံသယ အရှိခံရသူတစ်ယောက်ကို အပြစ်ရှိတယ်လို့ သက်သေမပြနိုင်မချင်း အပြစ်မဲ့သူလို သဘောထားရမယ် ဆိုတာမျိုး ၊ လူတိုင်းရဲ့ မွေးရာပါ အခွင့်ရေးတွေကို တရားရုံးနဲ့ အစိုးရကနေ အကြောင်းမဲ့ တားဆီးဖယ်ရှားတာမျိုး မလုပ်ရဘူး စသည်ဖြင့်ပေါ့လေ ။

ဒါပေမယ့် အနည်းဆုံး မြန်မာပြည်အပါဝင် အိမ်နီးချင်းတွေမှာတော့ “သံသယ အရှိခံရသူဟာ ၊ တရားခံ အလိုအလျောက် ဖြစ်သွားပြီး ၊ သူ့မှာ အပြစ်မရှိကြောင်း သက်သေပြနိုင်မှ သက်သာမယ့် သဘော” ဖြစ်နေတာကြောင့် ရှေ့ခရီး အဝေးကြီး လျှောက်ကြရဖို့ ရှိနေတုန်းပါ ။ တလောက စိုင်းနော်ခမ်းကို လာအိုက တရုတ်လက်ထဲ လွဲပေးတဲ့ ဓါတ်ပုံတွေကိုကြည့်ပါ ၊ အပြစ် မစီရင်ရသေးတဲ့လူကို ဒူးထောက်ခိုင်းထားပြီး လူတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ သိက္ခာတွေကို ရိုက်ချိုးတဲ့ အပြုအမူမျိုးလုပ်နေတာ တွေ့နိုင်ပါတယ် ။

ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေက အတုယူစရာ အများကြီးရှိပါတယ် ။ ဥပမာ တရားသူကြီးဆိုရင် ဝါရင့် ရှေ့နေကြီးတွေထဲက သိက္ခာသမာဓိ ရှိသူတွေကို တရားရေးဌာနက လခကောင်းကောင်းနဲ့ တရားသူကြီးလုပ်ဖို့ ဖိတ်ခေါ်တာမျိုးပါ ။ မြန်မာပြည်မှာတော့ အရည်သွေးမြှင့်ဖို့ရော ၊ သိက္ခာသမာဓိ မြင့်လာဖို့ရော ၊ စားလောက်သောက်လောက်ဖို့ အခွင့်လမ်းတွေရော ဖန်တီးပေးစရာတွေရော အများကြီး လိုနေပါသေးတယ် ။ အရေးကြီးတာ တစ်ခုကလည်း လွတ်လွတ်လပ်လပ် တရားစီရင်နိုင်ဖို့နဲ့ ၊ ရဲတွေလို လုံခြုံရေး ဝန်ထမ်းတွေက သူတို့ဘောင်အတွင်း သူတို့အလုပ်ကို မျှမျှတတ လုပ်နိုင်ဖို့တွေပါပဲ ။

ဒါပေမယ့် အချုပ်က ဥပဒေနဲ့ တရားရေးကဏ္ဍဟာ လူတွေကို အကျိုးပြုဖို့ ၊ ကာကွယ်ဖို့တွေအတွက် ရှိနေရတာပါ ။ လက်နက်စင်္ကြာလို သုံးရတာမျိုးမဟုတ်ပါဘူး ။ လူတွေကို မုန်းလို့ အပြစ်ရှာ စီရင်နေတာ မဟုတ်တာကြောင့် အသက်သတ်ဖို့ဆိုတာ ရွေးစရာလမ်း မရှိတော့မှ သုံးရတာပါ ။ ဒါတောင် “လူတစ်ယောက်ရဲ့ အသက်ကို ဘယ်သူ ဘယ်အစိုးရက ဘာအကြောင်းကြောင့် အဆုံးသတ်ဖို့ ဆုံးဖြတ်ခွင့်ရှိရမှာလဲ”လို့ မေးခွန်းတွေ ထုတ်နေကြပါပြီ ။ လူ့ကျင့်ဝတ်နဲ့ ဆိုင်တယ်ဆိုပါစို့ ။ ဒီနေရာမှာ ဟနေတာတစ်ခုက - မြန်မာ ပြည်မှာ လူ့ကျင့်ဝတ်လို့ပြောရင် လောကနီတိလောက်ပဲ ပြေးမြင်နိုင်ကြပါတယ် ။ နိုင်ငံတကာမှာတော့ ဘာသာရပ်တစ်ခုအနေနဲ့တောင် သင်နေကြတာမို့ ဘယ်လောက်ကျယ်ပြန့်နေပြီလဲဆိုတာ ခန့်မှန်းကြည့်လို့ ရမှာပါ ။ (တွေ့ခဲ့တဲ့ ကျင့်ဝတ်ဆိုင်ရာ စာအုပ်တစ်အုပ်တင် တစ်ထွာလောက် ထူပါတယ်) ။

နောက်တစ်ခုက မင်းမဲ့စရိုက် ဆိုတဲ့စကားပါ ။ မြန်မာပြည်မှာ အများစုကတော့ ဒါကို ခွေးချေးတုံးလို ရွံကြပါတယ် ။ ဒါပေမယ့် ကမ္ဘာပေါ်မှာ မင်းမဲ့ဝါဒီဆိုတာ ခိုင်ခိုင်မာမာကို အတွေးအခေါ်နဲ့ ယုံကြည်သူတွေ ရှိနေကြပါတယ် ။ အချို့ဆိုရင် တကယ့် ပညာတတ်ကြီးတွေပါ ။ ပြောချင်တာက ဒါကို လက်ခံယုံကြည်ဖို့ မဟုတ်ပေမယ့် မြန်မာပြည်မှာ တစ်သက်လုံး တစ်ဖက်သတ် ခေါင်းထဲရိုက်သွင်းလာတဲ့ အတွေးအမြင်အချို့ဟာ အကန့်အသတ်တွေ ရှိနေပြီး ၊ လေ့လာဖြည့်စွက်ဖို့ လိုနေသေးတယ် ဆိုတာကိုပါ ။ ဒါက လူမှုသိပ္ပံ ပညာပိုင်းတွေဖြစ်ပြီး ခုထိတော့ အာဏာပိုင်တွေက လူတွေသိမှာစိုးနေတဲ့ ကဏ္ဍဖြစ်ပါတယ် ။ ကျနော့် တစ်ယောက်ထဲ သဘောကတော့ မသိသေးသူတွေအနေနဲ့ ပိုသိလာအောင် ပညာနယ်ပယ် ချဲ့သင့်ကြပါတယ် ။ အားလုံးအကျိုးအတွက်ပါ ။

sai sai said...

ဆက်သွယ်ရေးဝန်ထမ်းကိုမသင်္ကာလို့ ဖမ်းပြီးစစ်တာတော့ထားပါတော့လေ။ရိုက်နှက်စစ်ဆေးချုပ်နှောင်ထားတဲ့ပုံကို သူ့ရဲ့ဇနီးကိုခေါ်ပြတာလဲထားတော့။ ဘာဆိုဘာမှမသိသေးတဲံ့သားသမီးတွေကိုပါလာရောက်ပြီးကြည့်ခိုင်းတာတောခင်များတို့မသေခင်ထူးခြားဖြစ်စဉ်တွေတွေ့ရအုံးမှာတော့ဗေဒင်မေးမနေနဲ့ဗျို့ ။
ဒီလိုမျိုးတရားခံဖေါ်ထုတ်နည်းကိုဘယ်ပထွေးကသင်ပေးခဲ့တာလဲကွ

Unknown said...

ကျနော်ပြောချင်တာကတော့ ဗုံးခွဲတာတို့ဘာတို့ကိုတော့ အရပ်သားတော်တော်များများမလုပ်တတ်လောက်ဘူးလို့တော့ထင်ပါတယ်...
လက်နက်ကိုင်ဖူးတဲ့သူတွေကသာလုပ်တတ်မှာပါ...အဖွဲ့အစည်းတော့ရှိမှာပါ...

poe poe said...

မဖြစ်နိုင်ပါဘူး

ငါသိငါတတ် said...

ဗုံးခွဲတရားခံက မော်လမြိုင်ကျွန်း ဇာတိကလို့ ကြားပါတယ်
ရဲတော်လို့ ဖမ်းမိတာ မဟုတ်ပါဘူး
အလင်းဝင်တဲ့ သူနှစ်ယောက်က သတင်းပေးလို့ တရားခံကို ဖမ်းမိတာပါ။ သူ့ဖာသာ ၀န်ခံသွားတာပါ ။ ရိုက်စစ်စရာတောင် မလိုပါဘူး ဗုံးနဲ့ဆက်စစ်ပစ္စည်းတွေကိုလည်း ဟင်္သာတမြို့ဘုရားကြီးကျောင်းတိုက်အတွင်းမှာ သိမ်းဆည်းထားတဲ့နေရာကိုလိုက်ပြလို့ သွားသိမ်းပြီးပါပီ။
သိချင်တာများဆက်လက်မေးမြန်းနိုင်ပါသည်။
ဖုန်း 04421504/04421081/04421660/04421003

Powered by Blogger.