ဆန္ဒပြ တောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပန်ကြား

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီး ဆန္ဒပြတောင်းဆိုမှုတွေနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရာမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ၀ိုင်းဝန်း ကူညီပါဝင်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပန်ကြားလိုက်ပါတယ်။

RFA
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လျှပ်စစ်မီးရရှိရေးနှင့် အလုပ်သမားအခွင့်အရေး တောင်းဆိုမှုကိစ္စအား ဆွေးနွေးနေစဉ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နဲ့ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဋ္ဌက ပြောကြားတာဖြစ်ကြောင်း NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။
" ကော်မရှင်ဥက္ကဋ္ဌက အစည်းအဝေး ခေါ်ယူရခြင်းနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားတယ်။ မန္တလေးမှာ အခု လျှပ်စစ်မီးရရှိရေးနဲ့ ပတ်သက်လို့ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြနေတဲ့ကိစ္စတွေ၊ နောက်ရန်ကုန်မှာက စက်မှုဇုန်မှာ အလုပ်သမားများက လုပ်ခ ပိုတောင်းဆိုရင်း အလုပ်ရှင်ဘက်က မဖြေရှင်းပေးနိုင်လို့ ဆန္ဒပြမှုတွေ ဖြစ်နေတဲ့ကိစ္စ၊ အဲတာတွေကို ပြေပြေလည်လည်ဖြစ်အောင် သူတို့လည်း ဆောင်ရွက်နေတဲ့အကြောင်း၊ အဲတော့ ဒါတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းပြေလည်သွားအောင်ပေါ့၊ နိုင်ငံရေးပါတီတွေဘက်ကလည်း ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးပါလို့ သူကအဲဒီလိုပြောတယ်"
ရွေးကောက်ပွဲကော်မရှင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အပါအ၀င် နိုငံရေးပါတီ ၆ ခုက ဒုတိယဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တို့ကို ဖိတ်ကြားပြီး လက်ရှိပြဿနာရပ်တွေအပေါ် ဆွေးနွေးကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲမှာ အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးနဲ့ အမှတ် ၂ စက်မှု စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးက လက်ရှိအဖြစ်အပျက်တွေအပေါ် ဌာနအသီးသီးက ဆောင်ရွက်နေမှုတွေကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းလည်း ဦးအုန်းကြိုင်က ပြောပါတယ်။
"အလုပ်သမားဝန်ကြီးဌာနကတော့ သူတိုလည်းပဲ ကြားထဲဝင်ပြီး ညှိပေးနေတယ်ဆိုတဲ့ အကြောင်းလောက်ပဲ ပြောပါတယ်။ လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောတာကတော့ ဒီလျှပ်စစ်စွမ်းအင်တွေ ဘယ်လောက်ထုတ်လုပ်နေတယ်၊ ဘယ်လောက် သုံးစွဲနေတယ်။ ဒီနှစ်ထဲမှာ မိုးဦးက နောက်ကျတဲ့ အခါကျတော့ ရေအားလျှပ်စစ် စက်ရုံတွေက ရေမဖူလုံဖြစ်ပြီးတော့ အပြည့်မလည်ပတ်နိုင်တာတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အတွက်ကြောင့် ဂက်စ်နဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်တွေနဲ့ ဖြည့်ပြီးပေးသော်လည်းပဲ ဓာတ်အားမလုံလောက်မှု ပြဿနာတွေက ရှိနေတယ်။ အဲဒီတုန်းမှာ တာဝါတိုင်တွေ ချိုးခံရတဲ့ကိစ္စကလည်း တမှောင့်ဖြစ်လာတယ်ပေါ့။ အဲတာကြောင့်မို့လို့ သူတို့ဒီအခက်အခဲကို ကြိုးစားပြီး ဖြေရှင်းနေပါတယ်လို့ ပြောတာ"
ဆွေးနွေးပွဲ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကလည်း လက်ရှိပြဿနာရပ်တွေအပေါ် သဘောထားအမြင်တွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက နိုင်ငံရေးပါတီ (၆) ခုက ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
RFA-Burmese
ဆန္ဒပြ တောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပန်ကြား ဆန္ဒပြ တောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပန်ကြား Reviewed by သစ်ထူးလွင် on 05:08 Rating: 5

13 comments:

ပြည်သူ said...

ဓါတ်အားမလုံလောက်တာလက်ခံပါတယ် ဒါပေမဲ့ တိုင်းတစ်တိုင်းထဲမှာပေးဝေမှု မျှတအောင်ပေးဘို့လိုပါတယ် မြင်းခြံမြို့ လျှပ်စစ်မီးဖြန့်ဝေရာမှာ ၂၃-၅-၂၀၁၂နေ့ တိုင်းဝန်ကြီး(လျှပ်စစ်)၊ တိုင်းမန်နေဂျာ ဒေါ်အေးအေးမင်းတို့လာရောက်တဲ့နေ့က ရပ်ကွက်ရုံး(အုပ်ချုပ်ရေးမှူး)တွေမှာ လျှပ်စစ်အလှည့်ကျဇယား ကပ်ထားတာ ၁၂နာရီလာ ၂ခါပါပါတယ် မနေ့က လျှပ်စစ်(မြင်းခြံမြို့နယ်)မှ တာဝန်ရှိသူတွေ ရပ်ကွက်ရုံး(အုပ်ချုပ်ရေးမှူး)များသို့စာထွက်ပြီး အလှည့်ကျဇယားပြန်ပြောင်းပါတယ် ၆နာင်္ရီလာ ၁၂နာရီပျက်နဲ့ အလှည့်ကျသွားတဲ့ဇယားထပ်ထွက်လာတဲ့အတွက် မြင်းခြံမြို့ရဲ့ပူပြင်းတဲ့ရာသီနဲ့ မီးကပျက်ရင် တညလုံး၊ တနေကုန်ပျက်တွေပါနေတာတွေ့ရတဲ့အတွက် လူထုမှာတော်တော်သီးခံနေရတဲ့ကြား ယခုလို မီးထပ်လျှော့ချတဲ့အတွက် အပူဒါဏ်(ရေမလာ၊ မီးမလာ)ခံနိုင် ပါ့မလားလို့ နားလည်သူတစ်ယောက်ကသုံးသပ်ပြပါတယ်။ မျှမျှတတပေးစေလိုသည်။

ကိုကို(မန္တလေး) said...

ဒါပေါ့ကိုယ်ချင်းစာတယ်ဗျာ မီးပျက်တော့ စိတ်တွေအလိုလိုတိုနေမှာပဲ ပူတော့ပိုဆိုးမှာပေါ့မန္တလေးလည်းမထူးပါဘူး ပြည်သူတို့ မြင်းခြံထက်တော့သာတယ်ထင်တယ်

Simple&Honest said...

နိုင်ငံရေးပါတီတွေတင်မကဘူး၊ဒို့ပြည်သူတွေပါ ပါမယ်။အရင်ဆုံး မင်းတို့အပါအ၀င် ဘောင်းဘီဝတ်/ချွတ်တွေအကုန်လုံး ထွက်ကြ။
ဒါနဲ့ကိုဘဲ လေးပုံသုံးပုံဖြေရှင်းပြီးသားဖြစ်သွားပြီ။ကျန်တာကို မင်းတို့ထွက်မှ ဆက်လုပ်ပြမယ်။ဒါလျှိ့ဝှက်ချက်ဘဲ။(အိုဗာတင်းမဟုတ်)

Unknown said...

ပြည်သူပြောသည်မှာအမှန်ဖြစ်ပါသည်။ မြင်းခြံ ၏နွေအပူကို ရောက်ဖူးသူတိုင်းသိကြပါသည်။ ရာသီဥတုက ပူပြင်းသည့်အထဲ မီးလာချိန်ကနဲ လာပြန်တော့မီးအားကနဲ ဒီတော့ဘယ်လိုနေကြမလဲ?

mi lann said...

ပြသနာတွေကို နိုင်ငံရေးပါ တီတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ၀ိုင်းဝန်းဖြေရှင်းသင်.ပါတယ်။

66koaungaungtun@gmail.com said...

နိုင်ငံရေးပါတီများပြည်သူဘက်ကနေအမှန်တရားအတိုင်းလိုက်ပါဆောင်ရွက်ပေးစေခြင်းပါတယ်ခင်ဗျာ

aristhteinwin said...

ဒါက ရွေးကောက်ပွဲ ကော်မရှင်က လုပ်ရမည့်အလုပ်မဟုတ်ဘူးထင်တယ်။ အဓိက တာဝန်ရှိတာက လျှပ်စစ် စွမ်းအင်ဌာန မှ တာဝန်ယူဖြေရှင်းရမယ်။ ပြည်သူကို မထီလေးစား ပြုမူပြောဆိုတတ်တဲ့ လျှပ်စစ်ဝန်ကြီး နဲ့  သမတ အကြံပေးတို့  ပြောစာကားတွေကြောင့် လူထုက ပိုမို ခံပြင်းကြတာဖြစ်တယ်။ ကိုယ့်စကားကို တာဝန်ယူ မဖြေရှင်းရဲလျှင် တာဝန်မှ သိက္ခာ ရှိရှိ ထွက်ပေးသင့်တယ်။

minsoeaung said...

NLD နဲ့ ကြံ့ခိုင်ရေးကမြို့နယ်တွေမသြဇာရှိတော့သူတို့
အဖွဲ့ကမြို့နယ်မှာတာဝန်ရှိသူတွေကိုတာဝန်ပေးသင့်ပါတယ်။ NDF ကဦးသိန်းညွန့်တစ်ဦးတည်းအော်နေတာပါ။
တစည ပါလားတော့မသိပါ။သူတို့လည်းမထိမ်းနိင်ပါဘူး။
NLD နဲ့ ကြံ့ ကိုသာတာဝန်ပေးသင့်ပါသည်။
စီမံချက်အောင်မြင်ပါစေ။

Min Min said...

VOA နဲ့RFA တင်ပြ ပုံနှင့် ခေါင်းစဉ် အနစ်သာရ မတူဘူး ဖြစ် နေတယ်။ အဲဒါ ကြောင့် မြန်မာလို ပြောတာ ကိုတောင် နားလည် မှုလွှဲ နေရင် ဘယ်လို များ သတင်း ယူကြလဲ၊

kta said...

တရုတ်ကို ဓါတ်အားရောင်းတယ် ၊တရုတ်ပြည်ကနေ အင်ဂျင်စက်တွေ ဒိုင်နမိုတွေ အပိုပစ္စည်းတွေ ပြန်ဝယ်တယ် ၊တစ်အိမ်မှာမီးစက်တစ်လုံး နဲ့ တစ်နိုင်ငံလုံးမှာ မီးစက်ဘယ်နှစ်လုံးရှိနေမလဲ ၊မီးကမလာတော့ ကုန်လိုက်မဲ့ ဒီဇယ်တွေ ဓါတ်ဆီတွေ အင်ဂင်ဝိုင်တွေ အင်းစဉ်စားကြပါဦး ဥာဏ်ကြီးရှင်များတို့ရယ်........

ကိုပေါက်စ said...

အဲဒီ အစည်းအဝေးလုပ်နေတုန်းက နေပြည်တော်မှာ ကိုကိုလှိုင် အကြံပေးခဲ့ သလိုဖယောင်းတိုင်တွေ ထွန်းပြီး မီးတွေပိတ်ထားပါသလား...?
မြန်မာနိုင်ငံမှာမအော်ရင် ဘာမှမရဘူး...ယုံကြစမ်းပါ...
မအော်လို့ကတော့ တနွေလုံး ဖယောင်းတိုင်ပဲနော်...
“အကျယ်ကြီးသာအော်လိုက်ပါ”
နိုင်ငံရေး ပါတီတွေကလည်းပြည်သူ တွေက မဲပေးထားလို့
ပြည်သူ့မျက်နှာပဲကြည့်ကြပါ၊
ဆန္ဒပြတာနဲ့ အကြမ်းဖက်တာ ကိုကွဲကွဲပြားပြား နားမလည်ကြဘူး ထင်တယ်....၊

aung naing said...

နိင်ငံရေးပါတီတွေကပြည်သူတွေအခက်အခဲမဇြေရှင်းပေးရင်အဲဒါပြည်သူ့အရေးဦးစားပေးတဲ့ပါတီမဟုတ်လို့ဘဲ၊ပြည်သူတွေအခက်အခဲတွေဖြေရှင်းပေးဘို့ကနိင်ငံေ၇းပါတီအလုပ်ဘဲ။ဲ

aung naing said...

မင်းတို့စစ်ဗိုလ်တွေလုပ်တာခေါင်းငုံခံနေရမှာလား၊နောက်ပြန်လှည့်လည်းစောက်ဂရုမစိုက်ဘူး၊အခုလဲဘာထူးလို့လဲ၊အရင်အတိုင်းဘဲဟာ။

Powered by Blogger.