ပုဇွန်တောင်မြို.နယ်အတွင်းရှိ လောင်းကစားလုပ်ငန်းများ

ရန်ကုန်မြို့ ပုဇွန်တောင်မြို.နယ်အတွင်းရှိ အောက်ပါနေရာများတွင် အခန်းများ
ငှားရမ်းကာ လောင်းကစားလုပ်ငန်းများကို ပေါ်ပေါ်ထင်ထင်နီးပါး ဖွင့်လှစ်လုပ်
ကိုင်နေကြောင်းသိရပါတယ်။

 ရပ်ကွက်အတွင်းရှိ လူငယ်များ၊ ကျောင်းသားအရွယ်များ၊ ၀န်ထမ်းများ စသည်ဖြင့်
လူမျိုးစုံ ၀င်ရာက်ကစားလျက်ရှိကြပါတယ်။

 ကစားနည်းများမှာ ဂျက်ပေါက်၊ ငါးမန်း ဖဲချပ် စသည်ဖြင့် အမျိုးမျိုး ကစားကြပါတယ်။
 အလျော်အစားမှာ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ရှိပါတယ်။

ယခုကဲ့သို.တိုင်းပြည်ကို ၀ိုင်းဝန်းတည်ဆောက်ရမည့်အချိန်၊ တရားဥပဒေစိုးမိုးရေးကို
 ပြုလုပ်ရမည်.အချိန်တွင် တာဝန်ရှိသော ပြည်သူ.ရဲ နှင့် ရပ်ကွက်အုပ်ချုပ်ရေးဖက်မှ
 ပုဂ္ဂိုလ်များမှလောင်းကစားဝိုင်းများကို  မသိကျိုးကျွန်ပြုနေတဲ့ ကိစ္စ အထက်အာဏာပိုင်များ
 သိရှိစေလိုကြောင်း ပုဇွန်တောင်မြို့ ခံတဦးက Myanmar News Now ကိုပြောပါတယ်။

အောက်တွင်ဖော်ပြထားသော လောင်းကစားခန်းများကို သွားရောက် လေ့လာကြည့်နိုင်ပါ
တယ်လို့ ဆိုပါတယ်။
1.    အမှတ် ၁၂၃၊ အနော်ရထာလမ်း၊ မြေညီထပ် (၄၉ လမ်းနှင်. ဗိုလ်မြတ်ထွန်းလမ်းကြား)

2.    အမှတ် ၂၁၊ေ၇ကျော်လမ်း၊ မြေညီထပ် (ရေကျော်ဈေးရှေ.)

3.    အမှတ် ၅၃၊ အခန်း ၀၀၁ ၊ ရေကျော်လမ်း၊ မြေညီထပ် (ရေကျော်လမ်းနှင့် မဟာဘောဂလမ်းထောင့်)

4.    အမှတ် ၈၆၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မြေညီထပ် (ရေကျော်လမ်းမကြီးနှင့် တီပုံလမ်းဆုံနေရာ)

5.    အမှတ် ၁၄၆၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မြေညီထပ် (KBZ ဘဏ်ရှေ့ ၊ ရတနာမြိုင်တိုက်)

6.    အမှတ် ၅၁၃၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မြေညီထပ် (ရွှေသမင်စတိုးဆိုင်ဘေး)

7.    ပုဇွန်တောင်ပန်းခြံရှေ့၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မြေညီထပ် (Shine ရေပိုက်ဆိုင်ခန်း ဘေး)

အခြားကျန်ခဲ့သော နေရာများလည်းရှိနိုင်ပါသည်။

ပုဇွန်တောင်မြို.နယ်အတွင်းရှိ လောင်းကစားလုပ်ငန်းများ ပုဇွန်တောင်မြို.နယ်အတွင်းရှိ လောင်းကစားလုပ်ငန်းများ Reviewed by သစ်ထူးလွင် on 15:57 Rating: 5

14 comments:

tharnyi said...

အော်..ရဲတွေလည်း ဒါလေးနဲ့ စားသောက်နေ ရတာ မာဆက်တို့ ကေတီဗွီတို့ 
ကာစီနိုတို့ ...ဒါလေးတွေ ကရတဲ့  အောက်ဆိုဒ်လေးတွေ နဲ့ စားသောက်နေရတာ
မသိချင်ယောင်ဆောင်နေပါတယ် ဆိုမှ ....အတင်း ဖမ်းခိုင်းနေတယ်..စီမံချက်
ဆိုတာ ကြိုပြော ပြီးပေါ့ အဲ့အခန်းတွေ ခဏပိတ်ခိုင်းထားတယ်...ဖုန်းတွေ ကပေါနေ တာဘဲ ခလုတ်လေး တစ်ချက်နိပ်ပြီး ပြောလိုက်ယုံဘဲ..

မြန်မာပြည်သား said...

ကဲသိကြပြီ အများ
ငြိမ်ပြီးစားနေတဲ့
ကိုကိုရဲတို့ ဦးဦးရဲတို့ပါ တစ်ခါတည်း ဖမ်းကြဗျာ
တိုင်းပြည် သနတယ်

Myo1 said...

ရန်ကုန်တိုင်း ၀န်ကြီးချုပ် နှင့် ရဲချုပ် တို့  ရှယ်ယာပါတယ်လို့ ထင်တယ်...ဖမ်းလို့ မဖြစ်ဘူးနော်...

tralfic.burger said...

ပြည်သူရဲတွေဘာလုပ်နေတာလဲ သူများတွေ တိုးတက်အောင်ကြိုးစားနေတဲ့ အချိန်မှာ အဲဒါတွေ ကို လက်စားပြီး မသိချင်ယောင်ဆောင်နေတာတော့ မကောင်းပါဘူးနော်..........

mamamay said...

တိတိကျကျတင်ပြတာကျေးဇူးနော်...
ကြော်ငြာပေးသလိုဘဲ...
လောင်းကစားဝိုင်းတွေမရှိသင့်ပါဘူး
လူငယ်တွေရဲ.ပညာရေးနဲ.
စာရိတ္တကိုထိခိုက်နိုင်ပါသည်၊

True Angel said...

ကောင်းလိုက်တာ...ကျွန်မက ရေကျော်မှာနေတာပါ...အဲဒီနေရာတွေကို သိပေမဲ့ လောင်းကစားလုပ်မှန်းတော့ မသိပါဘူး...ဘောပွဲဒိုင်တွေကိုလည်း ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်

252525 said...

မိုက်တယ်ကွာ.မဆော့ရတာကြာပြီ..ခုလိုပြန်လုပ်နေကျတော့အပျင်းပြေလေသွားဆော့အုံးမှ..

shein said...

ရဲတွေက ဒီလောက်တောင်မှ လဘ်စားနေကြာတာလား။
မြန်မာနိုင်ငံမှာ အာဆီယံရဲအစည်းအဝေးကျင်းမှာတောင် ရှက်လိုက်တာ။

mayhtat said...

ရဲအတွက်ဂွင်တွေ့တာပေါ့..
ဒါကြောင့်မသိဟန်ပြုနေတာ....
ရပ်ကွက်လူကြီးနဲ့ရဲပေါင်းပီးစားနေတာနေရာတိုင်းမြို့တိုင်းပါဘဲ..
လက်တွေ့ပါ.....

minsoeaung said...

ဒီမိုကရေစီ ဆိုရင်တော့အကုန်ပါလာမှာဘဲလေ။
နားလည်ပေးကြပါ။
မိမိကိုယ်မိမိတာဝန်ယူရမှာ ဥပဒေဘောင်ထဲကနေလုပ်ရ
မှာ အခုလိုနိုင်ငံတော်အတွက်ဘဏ္ဋ္ဌာငွေ အခွန်ငွေမပေး
ဆောင်တဲ့ သူဆွေတော့ အရေးယူသင့်တယ်။
မြန်မာ့ဥပဒေများ အမြန်ဆုံးရေးဆွဲပြဌာန်းနိုင်ပါစေ။

Bravo said...

ထလော့ ရဲများ။ သင့်တာဝန်ကျေပါစေ

Myanmar man said...

ကဲသူငယ်ချင်းတို့ရေဘာလုပ်မှာလည်း။လိပ်စာတွေအတိအကျနဲ့ဗျာဒါပေမယ့်ပြောရဲပါတယ်။မမိပါဘူး။ဒို့အမျိုးအကြောင်းဒို့သိတယ်။ဖုန်းကြိုဆက်မှာပေါ့

U Chit said...

ကူညီပါ၇စေဆိုတဲ့ စာသားက ဒုစိ၇ုက်သမားတွေ အတွက် ၇ဲတွေကေ၇းထားတာ.. ပြည်သူတွေ အတွက် မပါဘူး အပြစ်မဲ့  ပြည်သူ ပြည်သားတွေ ကို ဖမ်းဖို့ နှိပ်စက်ဖို့  ၇ာတွင် ကူညီပါ၇စေဆိုပြီး အာဏာ၇ှင် အစိုး၇တွေ အတွက် အချက်ပြထားတာလေ ကူညီပါ၇စေဆိုတာ လူတွေ ကို နှိပ်စက်မယ့် မည်သူမဆို ကူညီမယ်လို့ေ၇းထားတာ

ကဝေမင်းသား said...

အစက မသိဘူး ခုမှသိတယ် အဲနေရာတွေကို ငါလဲသွားအုံးမှ ဟိဟိ ဖမ်းမယ်ဆိုကြိုပြောနော် ဥဥ ရဲ တို့ရေ

Powered by Blogger.